Skip to main content

အစြဲကင္းသူမ်ားသာ ဖတ္ပါ !

zawgyi -

အစြဲကင္းသူမ်ားသာ ဖတ္ပါ ။
-----
လူေသ လူျဖစ္ ဆိုတဲ႕ အသံုးက ျမန္မာနိုင္ငံမွာ အေတာ္ေလး ထင္ရွားသြားခဲ႕ဖူးပါတယ္ ။ အခုဆိုရင္ တစ္ဖန္ျပန္ျပီး ေခတ္စားဖို႕ ရွိေသးတယ္ ။ ဘာေႀကာင့္လဲဆိုေတာ့ ေနာက္ပိုင္းမွာ စာေပစီစစ္ျပီးမွ ဘာသာသာသနာေရး စာအုပ္ေတြ ထုတ္ခြင့္ျပဳေတာ့မွာျဖစ္တဲ႕အတြက္ ဒီလို လူေသလူျဖစ္စာအုပ္မ်ိဳးေတြကို ထပ္မံျပီး ျမင္ေတြ႕နိုင္စရာ အလြန္မွ ခက္ခဲသြားပါျပီ ။ သို႕ေသာ္ - အဲ႕လိုခက္ခဲတဲ႕ စာအုပ္စာေပမ်ိဳးေတြမွ လူေတြက ပိုျပီးစိတ္ဝင္စားႀကတဲ႕အတြက္ လူေသလူျဖစ္ဆိုတာ ဘာေႀကာင့္ခြင့္မျပဳနိုင္တာလဲဆိုျပီး စူးစူးစမ္းစမ္း ရွာေဖြႀကလိမ့္အုန္းမယ္ထင္ပါတယ္ ။ အခုခ်ိန္မွာေတာ့ လူေသ လူျဖစ္စာအုပ္ေတြဟာ ဆိုင္ေတြကေန ျပန္လည္သိမ္းယူေနျပီလို႕ ႀကားသိရပါတယ္ ။

လူေသလူျဖစ္ကို ကြ်န္ေတာ္တို႕ေတြက ဘာေတြ ေရးထားလိမ့္မလဲလို႕ ဆင္ျခင္ႀကည့္မယ္ဆိုရင္ သင္ဟာ လူကေန ေသျပီး ေရွ႔ဘဝ ေနာက္ဘဝ ေရွ႕ အေႀကာင္း ေနာက္အေႀကာင္းေတြမွာ ဘာပါရမီေတြျဖည့္လို႕ျဖစ္ေစ - ေသေႀကပ်က္ဆီးတာနဲ႕ လူပဲ ျပန္ျဖစ္လိမ့္မယ္လို႕ အဲ႕လိုအေႀကာင္းအရာေတြ ေရးထားေႀကာင္း ထင္ေကာင္းထင္ပါလိမ့္မယ္ ။ တစ္ခ်ိဳ႕ဆို ဘယ္ေလာက္ထိေတာင္ ေျပာလဲဆိုရင္ လူေသလူျဖစ္ဆိုတဲ႕စာအုပ္က သွ်င္ဥကၠဌ ကိုပဲ ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ေရးခိုင္းသေယာင္ေယာင္ေတာင္ ဆိုေလရဲ႕ ။

သူတို႕အထင္က တိုက္ပြဲဝင္တဲ႕အခါ ရဲရင့္လာမယ္ ။ ငရဲမက်ဘူး ။ လူကေသရင္ လူပဲျပန္ျဖစ္မွာ ။ ႀကီးႀကီးေသ ငယ္ငယ္ျဖစ္ဆိုျပီး ထင္ေနႀကတယ္ ။ ဒါက ေရွ႕ေခတ္ဆန္တဲ႕ အသံုးအႏႈန္းေတြပါ ။ ရဲေဘာ္ေသ ေသေသာ္ငရဲမလား ဆိုသလိုပဲ ။

တကယ္ေတာ့ လူေသလူျဖစ္ဆိုတဲ႕ စာအုပ္မွာ ဘံုေတြကို လံုးဝ ပယ္ထားပါတယ္ ။ အဲ႕ဒါအျပင္ ေရွ႕ဘဝ ေနာက္ဘဝကို ေဟာႀကားတ႔ဲဘုန္းႀကီးေတြကိုလဲ ေကာင္းေကာင္းႀကီး ေဝဖန္ျပထားတယ္ ။ ဗုဒၶရဲ႕ ကမၼဝါဒ အဖြင့္ကို ႀကည့္မယ္ဆိုရင္ ( ထိုအမွားတို႕ကား ႏွယ္ႏွယ္ရရ မဟုတ္ႀကကုန္ ။ စင္စစ္မွာ အစစ္အမွန္ျဖစ္ေသာ ဗုဒၶဝါဒမွတစ္ပါး အျခားအျခားေသာ ဘာသာမွန္သမွ်တို႕၏ ပဓါန လက္ကတံုး ေတာင္ေဝွးမ်ား ျဖစ္ခဲ႕ႀကျပီ ) လို႕ ဆိုထားပါတယ္ ။

ေဇာေတြနဲ႕ ပတ္သတ္လို႕လဲ ဒီလိုဆိုထားတာေတြ႕ရတယ္ ။ ( တို႕ေတြက အဲ႕ဒီ႕ ကံနိမိတ္ ကမၼနိမိတ္ ဂတိနိမိတ္ ဆိုတဲ႕ အဲ႔ဒီ႕ သျဂၤိဳလ္ဘံုပိုင္းဟာနဲ႕ အလွည့္အပတ္ အလိမ္အညာ ခံေနရတာ ႀကာျပီ ။ အဲ႕နိမိတ္ေတြက ငါ အလကားေျပာတာမဟုတ္ဘူး ။ အဘိဓမၼာ ၇ က်မ္းစလံုးကို ရွာခ်င္တိုင္းရွာ ။ ဘယ္ေနရာမွာမွ ပါတာမဟုတ္ဘူး ။ ဒီ သျဂၤိဳလ္ေလးက်ခါမွ စုတိကာလ မုစၧာကာလဆိုျပီး နာမည္ေတြ ဘာေတြတပ္လာတာ  ။ အဲ႕ဒီစာကို ေရးတဲ႕ ရွင္အနုရုဒၶါက ဘယ္ေသခါနီးကို ႀကည့္ျပီးေရးတယ္လို႕ေကာ အေထာက္အထားရွိသလား။ သက္ေသရွိတယ္ထားအုံုးေတာ့ ဟိုလူ႕အာရံုကို သူ႕အာရံုအျဖစ္ ဝင္ယူလို႕ ရစေကာင္းလား ။ သူကိုယ္တိုင္ ေသခါနီးေမ်ာေန - ေမ့ေနတုန္းအခါမွာ ကိုယ္တိုင္ခံစားျပီး ေရးရေအာင္ကလဲ မျဖစ္နိုင္ ။ အဲ႕ဒီ႕ေတာ့ တို႕ ဗုဒၶဘုရားေတာင္ မေဟာတဲ႕ တရားကို ဒီ သၿဂၤိဳလ္ဆရာက ေျဖေနေတာ့ ဒီေလာကတခုလံုးက ပုပုရြရြေတြရဲ႕ ကံႀကမၼာတစ္ခုလံုးက ငါ့အမိန္႕ ငါ့တာဝန္ခ်ည္း ျဖစ္တယ္ဆိုတဲ႕ ထာဝရဘုရား ဝါဒတစ္ခုခုကို ဒို႕ဗုဒၶရဲ႕ အနတၱဝါဒထဲ ထည့္သြင္းတာမဟုတ္ရင္ ဘာျဖစ္မလဲ ။ )

အဲ႕ဒါနဲ႕ ပတ္သတ္လို႕ ေဖၚျပတာမွာ ( သွ်င္အနုရုဒၶါသည္ ခရစ္သကၠရာဇ္ ၁၂  ရာစုေနာက္ပိုင္း၌ ေပၚလာေသာ သီဟိုဠ္ ဗုဒၶရဟန္းေတာ္ စာေပပညာရွင္အျဖစ္မွစ၍ ၄င္း အသွ်င္ေရးခဲ႕ေသာ အဘိဓမၼတၴသဂၤဟ - ပရမတၳဝိနိစၧယ နာမရူပ ပရိေစၧဒ က်မ္းမ်ားႏွင့္ ထိုအသွ်င္၏ သီတင္းသံုးရာ မူလ ေသာမ ဝိဟာရစသည္ . . . ။ ဗမာအေခၚ လက္သန္းေခၚ သၿဂၤိဳလ္ ၉ ပိုင္းကို သွ်င္အနုရုဒၶါသည္ အိႏၵိယျပည္ေတာင္ပိုင္း ေကစိပူရ ရွိ တမၺာရတၳေက်ာင္းတြင္ ပညာသြားေရာက္ ေလ့လာရာတြင္ ေရးသည္ဟု ပါရွိ၏ ။ ေရးသားတဲ႕အခ်ိန္ကို ျပန္ျပီးႀကည့္မယ္ဆိုရင္ႏွစ္ေပါင္း ၁၆၀၀ ကြာလွမ္းေနရံုတာမက အိႏၵိယနိုင္ငံ ကြန္ဂ်ီဗာရမ္မွာ ဗုဒၶဝါဒပ်က္ျပီးျဗဟၼဏဝါဒ အႀကီးအက်ယ္ လႊမ္းမိုးေနခ်ိန္ကို ျပသည္ ။ )

ဒါဆို ေခါင္းစီးမွာ ဘာလို႕ လူေသလူျဖစ္လို႕ ဆိုထားသလဲ ။ ဆရာေတာ္ ဆိုထားတာလဲ လူေသလူပဲျဖစ္မွာလို႕ အတိအလင္းေျပာျပန္တယ္ ။ နည္းနည္းေတာ့ ရႈပ္တယ္ေနာ္ ။ အမွန္ေတာ့ ေရးသားမႈေတြမွာ အဲ႕အပိုင္းကိုႀကည့္ရင္ ဆရာေတာ္က ဥပါဒါန္ကို ေလးေလးနက္နက္ သံုးထားပါတယ္ ။

အဝိဇၨာပစၥယာ သခၤါရာ သခၤါရပစၥယာ ဝိညာဏံ ဝိညာဏ ပစၥယာ နာမရူပံ နာမရူပံ ပစၥယာ သဠာယတနာ သဠယတန ပစၥယာ ဖေႆာ ဖႆပစၥယာ ဘေဝါ ဘဝပစၥယာ ဇာတိ ဇာတိပစၥယာ ဇရာ မရဏ . . . ဆိုတာမွာ ဥပါဒါနပစၥယာ ဘေဝါဆိုတာကိုေသေသခ်ာခ်ာ ျပထားပါတယ္ ။

လူဆိုတာ မိမိကိုယ္ကိုပဲ စြဲလမ္းတယ္ ။ မိမိရဲ႕ စြဲလမ္းမႈဟာ ဘယ္ေလာက္ေတာင္ ျပင္းျပလဲဆိုရင္ တစ္ရက္ကေလး - တစ္စကၠန္႕ကေလးမွ လြတ္တယ္ဆိုတာ မရွိဘူးလို႕ ဆိုတယ္ ။ နတ္သားေတြ နတ္သမီးေတြဆိုတာလဲ ပန္ခ်ီဆရာ ပန္းပုဆရာေတြရဲ႕ လက္ခ်က္လို႕ ဆိုတယ္ ။ အဲ႕မွာလဲ လူရုပ္ကိုပဲ အခြ်န္အတပ္ေတြ တပ္ေပးျပီး ဒါက နတ္သား ဒါက နတ္သမီးဆိုျပီးျပေႀကာင္းဆိုပါတယ္ ။ မိမိကိုယ္ကို ဘယ္ေတာ့မွ ေခြးလို႔ျဖစ္ေစ ေႀကာင္လို႕ျဖစ္ေစ စတဲ႕ တိရိစၦာန္အေနနဲ႕လဲ မစြဲလမ္းဘူးတဲ႕ ။ အိမ္မက္ထဲမွာေတာင္
ကိုယ့္ကိုကိုယ္ လူအေနနဲ႕ပဲ ထင္တယ္လို႕ ျပတယ္ ။ အဲ႕လို ငါလို႕ စြဲလမ္းမႈက အႀကီးမားဆံုး စြဲလမ္းမႈလို႕ ဆိုေႀကာင္း သံုးသပ္ျပသျပီး အဲ႔ ဥပါဒါန္ေႀကာင့္ လူေသရင္ လူပဲျပန္ျဖစ္ရတယ္လို႕ ဆိုတယ္ ။ အဲ႕ေနရာမွာ နားလည္ရမွာက ေရွ႕ဘဝ ေနာက္ဘဝကို ဆိုလိုတာမဟုတ္ပဲ ဥပါဒါန္ေႀကာင့္ မိမိကိုယ္ကို စြဲလမ္းမႈဟာ ငါ မပ်က္ခ်င္တဲ႕အတြက္ ငါ့ ခႏၶာလဲ ရွိမွာပဲ - ငါ့ အသက္လဲ ရွိမွာပဲ စတဲ႕ - စတဲ႕ အရာေတြဟာ ဒီခႏၶာလိုပဲ ရွိလာမွာပဲလို႕ ျပျပီး အဲ႕ ဥပါဒါန္ေႀကာင့္ သံသရာႀကီး လည္ေနတာလို႕ ဆိုပါတယ္ ။ လည္ေႀကာင္းကိုလဲ ပဋိစၥသမုပၸါဒ္ အတိုင္း ျပပါတယ္ ။

ျခံဳျပီးႀကည့္မယ္ဆိုရင္ သွ်င္ဥကၠဌ ဟာ ေရွ႕ဘဝေတြ ေနာက္ဘဝေတြကို လက္မခံဘူး ။ ဘံုေတြကို ပ်က္ပ်က္သားသား ပယ္သတ္တယ္ ။ ဒီခႏၶာရဲ႕ သံသရာကလဲ ဆီမီးသေဘာလိုပဲ - မီးျငိမ္းတာနဲ႕ အားလံုး ျပာျဖစ္သြားေႀကာင္း ဆိုတယ္ ။ အဲ႕ျပာကေနမွ မီးမကူးနိုင္ဘူးလို႕ သံုးသပ္ျပတယ္ ။ ကူးတယ္ဆိုရင္ အိႏၵိယအယူပဲဆိုတာ ေထာက္ျပတယ္ ။ ေသခါနီးလူဟာ ေဇာေတြ ဘာေတြ ေလွ်ာက္မထင္နိုင္ဘူးလို႕ ယူတယ္ ။ သတိေမ့ေနတဲ႔ သူဟာ သူ႕ကိုယ္သူေတာင္ အနိုင္နိုင္ နိမိတ္ကိုျမင္ဖို႕ဆိုတာ ရယ္စရာပဲလို႕ ေထာက္ျပတယ္ ။ အမွန္ေတာ့ လူဆိုတာ အင္မတန္ အစြဲအလမ္းႀကီးမားတဲ႔အတြက္ ေနာက္ဘဝဆိုတာ ဒီလိုခႏၶာစဥ္ေတြ ျဖစ္လာအုန္းမွာပဲလို႕ ထင္ႀကေႀကာင္း ဆိုထားပါတယ္ ။ အဲ႕ဒါမွာ ဒီ အပိုဒ္ကို ထုတ္ျပထားပါတယ္ ။

အဝိဇၨာပစၥယာ သခၤါရာ သခၤါရပစၥယာ ဝိညာဏံ ဝိညာဏ ပစၥယာ နာမရူပံ နာမရူပံ ပစၥယာ သဠာယတနာ သဠယတန ပစၥယာ ဖေႆာ ဖႆပစၥယာ ဘေဝါ ဘဝပစၥယာ ဇာတိ ဇာတိပစၥယာ ဇရာ မရဏ . . . ဆိုတာမွာ ဥပါဒါနပစၥယာ ဘေဝါဆိုတာကိုေသေသခ်ာခ်ာ ျပထားပါတယ္ ။

( မွတ္ခ်က္ - သွ်င္ဥကၠဌ ဟာ က်မ္းတတ္ပုဂၢိဳလ္ႀကီးတစ္ပါးပါ )

#htoohtoolay



unicode -

အစွဲကင်းသူများသာ ဖတ်ပါ ။
-----
လူသေ လူဖြစ် ဆိုတဲ့ အသုံးက မြန်မာနိုင်ငံမှာ အတော်လေး ထင်ရှားသွားခဲ့ဖူးပါတယ် ။ အခုဆိုရင် တစ်ဖန်ပြန်ပြီး ခေတ်စားဖို့ ရှိသေးတယ် ။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ စာပေစီစစ်ပြီးမှ ဘာသာသာသနာရေး စာအုပ်တွေ ထုတ်ခွင့်ပြုတော့မှာဖြစ်တဲ့အတွက် ဒီလို လူသေလူဖြစ်စာအုပ်မျိုးတွေကို ထပ်မံပြီး မြင်တွေ့နိုင်စရာ အလွန်မှ ခက်ခဲသွားပါပြီ ။ သို့သော် - အဲ့လိုခက်ခဲတဲ့ စာအုပ်စာပေမျိုးတွေမှ လူတွေက ပိုပြီးစိတ်ဝင်စားကြတဲ့အတွက် လူသေလူဖြစ်ဆိုတာ ဘာကြောင့်ခွင့်မပြုနိုင်တာလဲဆိုပြီး စူးစူးစမ်းစမ်း ရှာဖွေကြလိမ့်အုန်းမယ်ထင်ပါတယ် ။ အခုချိန်မှာတော့ လူသေ လူဖြစ်စာအုပ်တွေဟာ ဆိုင်တွေကနေ ပြန်လည်သိမ်းယူနေပြီလို့ ကြားသိရပါတယ် ။

လူသေလူဖြစ်ကို ကျွန်တော်တို့တွေက ဘာတွေ ရေးထားလိမ့်မလဲလို့ ဆင်ခြင်ကြည့်မယ်ဆိုရင် သင်ဟာ လူကနေ သေပြီး ရှေ့ဘဝ နောက်ဘဝ ရှေ့ အကြောင်း နောက်အကြောင်းတွေမှာ ဘာပါရမီတွေဖြည့်လို့ဖြစ်စေ - သေကြေပျက်ဆီးတာနဲ့ လူပဲ ပြန်ဖြစ်လိမ့်မယ်လို့ အဲ့လိုအကြောင်းအရာတွေ ရေးထားကြောင်း ထင်ကောင်းထင်ပါလိမ့်မယ် ။ တစ်ချို့ဆို ဘယ်လောက်ထိတောင် ပြောလဲဆိုရင် လူသေလူဖြစ်ဆိုတဲ့စာအုပ်က သျှင်ဥက္ကဌ ကိုပဲ ဗိုလ်ချုပ်အောင်ဆန်းက ရေးခိုင်းသယောင်ယောင်တောင် ဆိုလေရဲ့ ။

သူတို့အထင်က တိုက်ပွဲဝင်တဲ့အခါ ရဲရင့်လာမယ် ။ ငရဲမကျဘူး ။ လူကသေရင် လူပဲပြန်ဖြစ်မှာ ။ ကြီးကြီးသေ ငယ်ငယ်ဖြစ်ဆိုပြီး ထင်နေကြတယ် ။ ဒါက ရှေ့ခေတ်ဆန်တဲ့ အသုံးအနှုန်းတွေပါ ။ ရဲဘော်သေ သေသော်ငရဲမလား ဆိုသလိုပဲ ။

တကယ်တော့ လူသေလူဖြစ်ဆိုတဲ့ စာအုပ်မှာ ဘုံတွေကို လုံးဝ ပယ်ထားပါတယ် ။ အဲ့ဒါအပြင် ရှေ့ဘဝ နောက်ဘဝကို ဟောကြားတဲ့ဘုန်းကြီးတွေကိုလဲ ကောင်းကောင်းကြီး ဝေဖန်ပြထားတယ် ။ ဗုဒ္ဓရဲ့ ကမ္မဝါဒ အဖွင့်ကို ကြည့်မယ်ဆိုရင် ( ထိုအမှားတို့ကား နှယ်နှယ်ရရ မဟုတ်ကြကုန် ။ စင်စစ်မှာ အစစ်အမှန်ဖြစ်သော ဗုဒ္ဓဝါဒမှတစ်ပါး အခြားအခြားသော ဘာသာမှန်သမျှတို့၏ ပဓါန လက်ကတုံး တောင်ဝှေးများ ဖြစ်ခဲ့ကြပြီ ) လို့ ဆိုထားပါတယ် ။

ဇောတွေနဲ့ ပတ်သတ်လို့လဲ ဒီလိုဆိုထားတာတွေ့ရတယ် ။ ( တို့တွေက အဲ့ဒီ့ ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ် ဆိုတဲ့ အဲ့ဒီ့ သင်္ဂြိုလ်ဘုံပိုင်းဟာနဲ့ အလှည့်အပတ် အလိမ်အညာ ခံနေရတာ ကြာပြီ ။ အဲ့နိမိတ်တွေက ငါ အလကားပြောတာမဟုတ်ဘူး ။ အဘိဓမ္မာ ၇ ကျမ်းစလုံးကို ရှာချင်တိုင်းရှာ ။ ဘယ်နေရာမှာမှ ပါတာမဟုတ်ဘူး ။ ဒီ သင်္ဂြိုလ်လေးကျခါမှ စုတိကာလ မုစ္ဆာကာလဆိုပြီး နာမည်တွေ ဘာတွေတပ်လာတာ  ။ အဲ့ဒီစာကို ရေးတဲ့ ရှင်အနုရုဒ္ဓါက ဘယ်သေခါနီးကို ကြည့်ပြီးရေးတယ်လို့ကော အထောက်အထားရှိသလား။ သက်သေရှိတယ်ထားအုံးတော့ ဟိုလူ့အာရုံကို သူ့အာရုံအဖြစ် ဝင်ယူလို့ ရစကောင်းလား ။ သူကိုယ်တိုင် သေခါနီးမျောနေ - မေ့နေတုန်းအခါမှာ ကိုယ်တိုင်ခံစားပြီး ရေးရအောင်ကလဲ မဖြစ်နိုင် ။ အဲ့ဒီ့တော့ တို့ ဗုဒ္ဓဘုရားတောင် မဟောတဲ့ တရားကို ဒီ သင်္ဂြိုလ်ဆရာက ဖြေနေတော့ ဒီလောကတခုလုံးက ပုပုရွရွတွေရဲ့ ကံကြမ္မာတစ်ခုလုံးက ငါ့အမိန့် ငါ့တာဝန်ချည်း ဖြစ်တယ်ဆိုတဲ့ ထာဝရဘုရား ဝါဒတစ်ခုခုကို ဒို့ဗုဒ္ဓရဲ့ အနတ္တဝါဒထဲ ထည့်သွင်းတာမဟုတ်ရင် ဘာဖြစ်မလဲ ။ )

အဲ့ဒါနဲ့ ပတ်သတ်လို့ ဖေါ်ပြတာမှာ ( သျှင်အနုရုဒ္ဓါသည် ခရစ်သက္ကရာဇ် ၁၂  ရာစုနောက်ပိုင်း၌ ပေါ်လာသော သီဟိုဠ် ဗုဒ္ဓရဟန်းတော် စာပေပညာရှင်အဖြစ်မှစ၍ ၎င်း အသျှင်ရေးခဲ့သော အဘိဓမ္မတ္ထသင်္ဂဟ - ပရမတ္ထဝိနိစ္ဆယ နာမရူပ ပရိစ္ဆေဒ ကျမ်းများနှင့် ထိုအသျှင်၏ သီတင်းသုံးရာ မူလ သောမ ဝိဟာရစသည် . . . ။ ဗမာအခေါ် လက်သန်းခေါ် သင်္ဂြိုလ် ၉ ပိုင်းကို သျှင်အနုရုဒ္ဓါသည် အိန္ဒိယပြည်တောင်ပိုင်း ကေစိပူရ ရှိ တမ္ဗာရတ္ထကျောင်းတွင် ပညာသွားရောက် လေ့လာရာတွင် ရေးသည်ဟု ပါရှိ၏ ။ ရေးသားတဲ့အချိန်ကို ပြန်ပြီးကြည့်မယ်ဆိုရင်နှစ်ပေါင်း ၁၆၀၀ ကွာလှမ်းနေရုံတာမက အိန္ဒိယနိုင်ငံ ကွန်ဂျီဗာရမ်မှာ ဗုဒ္ဓဝါဒပျက်ပြီးဗြဟ္မဏဝါဒ အကြီးအကျယ် လွှမ်းမိုးနေချိန်ကို ပြသည် ။ )

ဒါဆို ခေါင်းစီးမှာ ဘာလို့ လူသေလူဖြစ်လို့ ဆိုထားသလဲ ။ ဆရာတော် ဆိုထားတာလဲ လူသေလူပဲဖြစ်မှာလို့ အတိအလင်းပြောပြန်တယ် ။ နည်းနည်းတော့ ရှုပ်တယ်နော် ။ အမှန်တော့ ရေးသားမှုတွေမှာ အဲ့အပိုင်းကိုကြည့်ရင် ဆရာတော်က ဥပါဒါန်ကို လေးလေးနက်နက် သုံးထားပါတယ် ။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ သင်္ခါရပစ္စယာ ဝိညာဏံ ဝိညာဏ ပစ္စယာ နာမရူပံ နာမရူပံ ပစ္စယာ သဠာယတနာ သဠယတန ပစ္စယာ ဖေဿာ ဖဿပစ္စယာ ဘဝေါ ဘဝပစ္စယာ ဇာတိ ဇာတိပစ္စယာ ဇရာ မရဏ . . . ဆိုတာမှာ ဥပါဒါနပစ္စယာ ဘဝေါဆိုတာကိုသေသေချာချာ ပြထားပါတယ် ။

လူဆိုတာ မိမိကိုယ်ကိုပဲ စွဲလမ်းတယ် ။ မိမိရဲ့ စွဲလမ်းမှုဟာ ဘယ်လောက်တောင် ပြင်းပြလဲဆိုရင် တစ်ရက်ကလေး - တစ်စက္ကန့်ကလေးမှ လွတ်တယ်ဆိုတာ မရှိဘူးလို့ ဆိုတယ် ။ နတ်သားတွေ နတ်သမီးတွေဆိုတာလဲ ပန်ချီဆရာ ပန်းပုဆရာတွေရဲ့ လက်ချက်လို့ ဆိုတယ် ။ အဲ့မှာလဲ လူရုပ်ကိုပဲ အချွန်အတပ်တွေ တပ်ပေးပြီး ဒါက နတ်သား ဒါက နတ်သမီးဆိုပြီးပြကြောင်းဆိုပါတယ် ။ မိမိကိုယ်ကို ဘယ်တော့မှ ခွေးလို့ဖြစ်စေ ကြောင်လို့ဖြစ်စေ စတဲ့ တိရိစ္ဆာန်အနေနဲ့လဲ မစွဲလမ်းဘူးတဲ့ ။ အိမ်မက်ထဲမှာတောင်
ကိုယ့်ကိုကိုယ် လူအနေနဲ့ပဲ ထင်တယ်လို့ ပြတယ် ။ အဲ့လို ငါလို့ စွဲလမ်းမှုက အကြီးမားဆုံး စွဲလမ်းမှုလို့ ဆိုကြောင်း သုံးသပ်ပြသပြီး အဲ့ ဥပါဒါန်ကြောင့် လူသေရင် လူပဲပြန်ဖြစ်ရတယ်လို့ ဆိုတယ် ။ အဲ့နေရာမှာ နားလည်ရမှာက ရှေ့ဘဝ နောက်ဘဝကို ဆိုလိုတာမဟုတ်ပဲ ဥပါဒါန်ကြောင့် မိမိကိုယ်ကို စွဲလမ်းမှုဟာ ငါ မပျက်ချင်တဲ့အတွက် ငါ့ ခန္ဓာလဲ ရှိမှာပဲ - ငါ့ အသက်လဲ ရှိမှာပဲ စတဲ့ - စတဲ့ အရာတွေဟာ ဒီခန္ဓာလိုပဲ ရှိလာမှာပဲလို့ ပြပြီး အဲ့ ဥပါဒါန်ကြောင့် သံသရာကြီး လည်နေတာလို့ ဆိုပါတယ် ။ လည်ကြောင်းကိုလဲ ပဋိစ္စသမုပ္ပါဒ် အတိုင်း ပြပါတယ် ။

ခြုံပြီးကြည့်မယ်ဆိုရင် သျှင်ဥက္ကဌ ဟာ ရှေ့ဘဝတွေ နောက်ဘဝတွေကို လက်မခံဘူး ။ ဘုံတွေကို ပျက်ပျက်သားသား ပယ်သတ်တယ် ။ ဒီခန္ဓာရဲ့ သံသရာကလဲ ဆီမီးသဘောလိုပဲ - မီးငြိမ်းတာနဲ့ အားလုံး ပြာဖြစ်သွားကြောင်း ဆိုတယ် ။ အဲ့ပြာကနေမှ မီးမကူးနိုင်ဘူးလို့ သုံးသပ်ပြတယ် ။ ကူးတယ်ဆိုရင် အိန္ဒိယအယူပဲဆိုတာ ထောက်ပြတယ် ။ သေခါနီးလူဟာ ဇောတွေ ဘာတွေ လျှောက်မထင်နိုင်ဘူးလို့ ယူတယ် ။ သတိမေ့နေတဲ့ သူဟာ သူ့ကိုယ်သူတောင် အနိုင်နိုင် နိမိတ်ကိုမြင်ဖို့ဆိုတာ ရယ်စရာပဲလို့ ထောက်ပြတယ် ။ အမှန်တော့ လူဆိုတာ အင်မတန် အစွဲအလမ်းကြီးမားတဲ့အတွက် နောက်ဘဝဆိုတာ ဒီလိုခန္ဓာစဉ်တွေ ဖြစ်လာအုန်းမှာပဲလို့ ထင်ကြကြောင်း ဆိုထားပါတယ် ။ အဲ့ဒါမှာ ဒီ အပိုဒ်ကို ထုတ်ပြထားပါတယ် ။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ သင်္ခါရပစ္စယာ ဝိညာဏံ ဝိညာဏ ပစ္စယာ နာမရူပံ နာမရူပံ ပစ္စယာ သဠာယတနာ သဠယတန ပစ္စယာ ဖေဿာ ဖဿပစ္စယာ ဘဝေါ ဘဝပစ္စယာ ဇာတိ ဇာတိပစ္စယာ ဇရာ မရဏ . . . ဆိုတာမှာ ဥပါဒါနပစ္စယာ ဘဝေါဆိုတာကိုသေသေချာချာ ပြထားပါတယ် ။

( မှတ်ချက် - သျှင်ဥက္ကဌ ဟာ ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတစ်ပါးပါ )

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...