Skip to main content

လူတိုင္း နတ္ဝင္ပူးတာ ခံေနႀကရတယ္ !

zawgyi -

လူတိုင္း နတ္ဝင္ပူးတာ ခံေနရတယ္ !
-----
တစ္ေန႕က နတ္ပြဲတစ္ပြဲမွာ နတ္ကေတာ္က နတ္ဝင္တယ္ဆိုျပီး ကခုန္ေနတာ ေတြ႕လိုက္တယ္ ။ လူေတြကလဲ အမ်ားခ်ည္းပဲ ။ နတ္ဒိုးဆိုတာ အင္မတန္ ျမဴႀကြတဲ႕ အေနအထားမဟုတ္လား ။ ကခုန္တာနဲ႕ စည္းခ်က္နဲ႕က အန္ကိုက္တဲ႕အခါကိုက္တယ္ ။ မကိုက္နဲ႕အခါမကိုက္ဘူးရယ္ ။ ေတာ္ေတာ္ေတာ့ စိတ္ဝင္စားဖို႕ ေကာင္းပါတယ္ ။

ေနာက္ေတာ့ ကခုန္တာကေနရပ္ျပီး မူလ ပံုစံမ်ိဳးမဟုတ္ေတာ့ပဲ အမူအယာက ခ်က္ခ်င္းေျပာင္းသြားတယ္ ။ ေနထိုင္ပံုေကာ , လႈပ္ရွားပံုေကာ , ေနာက္ျပီး ေျပာဆိုပံုေတြကအစ တစ္ျခားသူတစ္ေယာက္ ျဖစ္သြားသလိုပဲ ။

ကိုယ္ေတြလဲ စိတ္ဝင္တစားနဲ႕ ႀကည့္ေနမိေတာ့ ေဘးက သူငယ္ခ်င္းက ေျပာတယ္ ။ မင္းအခု ထူးဆန္းေနတာလားတဲ႕ ။ ကြ်န္ေတာ္သူ႕ကို ဘာမွ မေျပာဘူး ။ အဲ႕နတ္ပြဲကိုပဲ ႀကည့္ေနတဲ႕အခါ ဘာေတြ႕ရလဲဆိုေတာ့ နတ္ကေတာ္က နတ္ဝင္လာတဲ႕အတြက္ အခု ေရွ႕မွာေတြ႕ေနရတဲ႕ လူက နတ္ကတဲ႕သူ ရိုးရိုးမဟုတ္ေတာ့ပဲ နတ္ကိုႀကီးေက်ာ္ ျဖစ္ေနတယ္တဲ႔ ။ အံ႕ႀသစရာပဲ . . .

ကြ်န္ေတာ္က အဲ႕အရာကို စိတ္ဝင္စားေလ ေဘးကသူငယ္ခ်င္းက ေလွာင္သလို ေျပာင္သလိုနဲ႕ ကြ်န္ေတာ့္ကို ႀကည့္ေလဆိုေတာ့ ဒီေကာင္ ငါ့ကို အထင္လႊဲေနျပီထင္တယ္ဆိုျပီး အဲ႕နတ္ပြဲထဲကေန ႏွစ္ေယာက္သား ထြက္လာခဲ႕တယ္ ။  

လမ္းေလွ်ာက္ရင္း နတ္ကနားနဲ႕ပတ္သတ္လို႕ စကားစျမည္းေျပာႀကတဲ႕အခါ ကြ်န္ေတာ္ အရင္က ဖတ္ဖူးတဲ႕ ေဆာ့ခရတၱိအယူအဆေလး သြားသတိရမိတယ္ ။

ေဆာ့ခရတၱိက ကဗ်ာနဲ႕ပတ္သတ္လို႕ သူ႕ရဲ႕ အယူအဆကို ပေလတိုဆီ ျပန္လည္ မွ်ေဝဖူးတယ္ထင္ပါတယ္ ။ ပေလတိုေရးတဲ႕ စာအုပ္ထဲမွာလဲ ပါတယ္ ။

ဆိုေတာ့ကာ ေဆာ့ခရတၱိက လူတစ္ေယာက္ဟာ ပံုမွန္ရွိေနတဲ႔ အေျခအေနကေန ကဗ်ာေတြ စပ္မယ္ လကၤာေတြ စပ္မယ္ဆိုရင္ သူဟာ မူလ လူတစ္ေယာက္မဟုတ္ေတာ့ပဲ အသြင္ျခားနားတဲ႕ သူတစ္ေယာက္ ျဖစ္သြားတယ္တဲ႔ ။ သူက ဘယ္ေလာက္ပဲ ညံ႕လြန္းတဲ႕ သူတစ္ေယာက္ျဖစ္ပါေစ သူ႕ရဲ႕ မူလဇာစ္ျမစ္က အာပိုလိုနတ္သားကို ဂုဏ္တင္တဲ႕စိတ္ကူးျဖစ္ေနမယ္ဆိုရင္ သူ႕ရဲ႕ကိုယ္ဟာ အဲ႕အခ်ိန္မွာ မွာ အာပိုလိုနတ္က ဝင္ေရာက္စီးနင္းသလို အာပိုလိုနဲ႕ပတ္သတ္တဲ႕ ကဗ်ာေတြကို တစ္သီးတစ္တန္းႀကီး လကၤာေက်ာ္ေလာက္ေအာင္ စပ္ဆိုသြားနိုင္တယ္ ။ အာပိုလိုနတ္သားကိုလဲ သူထင္ထားတဲ႕ပံုစံမ်ိဳးနဲ႕ ေတြ႕ျမင္နိုင္တယ္တဲ႕ ။

စကားေျပာရင္း အဲ႕အေႀကာင္းအရာကို သြားသတိရေတာ့ ငါတို႔ဟာ နတ္ကေတာ္ေတြလိုပဲ ခဏခဏ နတ္ဝင္ပူးတာကို ခံေနရပါလားလို႕ သေဘာေပါက္မိတယ္ ။

လူတစ္ေယာက္ဟာ ပံုမွန္ရွိေနတဲ႔ အေျခအေနတစ္ခုမွာ သူ႕ရဲ႕ မူလစိတ္က ပစၥဳပၸန္ တည့္တည့္မွာ ေရာက္ေနလိမ့္မယ္ ။ ဒါေပမယ့္ ခဏမႀကာပဲ အဲ႕စိတ္ဟာ လြန္ခဲ႕တဲ႕ မိနစ္ပိုင္းကိုျဖစ္ေစ , ရက္ပိုင္းကို ျဖစ္ေစ , လပိုင္း ႏွစ္ပိုင္းကိုျဖစ္ေစ , မေရာက္ေသးတဲ႕ အနာဂတ္ကို ပံုေဖၚလို႕ျဖစ္ေစ , အဲ႕လို လက္ရွိအေနအထားကေန ခြါခြါသြားတဲ႕အခါ ကြ်န္ေတာ္တို႕ ခႏၶာႀကီးက တစ္ျခားေသာ သူတစ္ေယာက္ ျဖစ္ျဖစ္ သြားေတာ့တယ္ ။

အခုေခတ္ ရုပ္ရွင္ႀကည့္တဲ႕အခါ ပိတ္ကားေပၚမွာ ေပ်ာ္စရာအခန္းေတြ႕ရင္ ကိုယ္လဲ လိုက္ေပ်ာ္ေနတယ္ ။ လြမ္းစရာ ေဆြးစရာဆိုရင္ မ်က္ရည္ေတြ ရႊဲလာမယ္ ။ ဒုန္းဒုန္းဒိုင္းဒိုင္းနဲ႕ ေႀကာက္စရာ လန္႕စရာေတြ ေတြ႕ရင္လဲ ကိုယ္ေတြမွာ ရင္ေတြ ႏွလံုးေတြ ခုန္လာျပန္ေကာ ။

စာဖတ္တဲ႕အခါ သီခ်င္းနားေထာင္တဲ႕အခါ စသျဖင့္ေသာ အခ်ိန္အခါေတြမွာ ကြ်န္ေတာ္တို႕ရဲ႔စိတ္ကို တစ္ျခားသူတစ္ေယာက္က ပိုင္စီးသြားႀကေတာ့တယ္ ။ ဘယ္သူေတြလဲဆို အဲ႕ဒီ႕ ကိုယ္ႀကည့္ေနတဲ႔ ကိုယ္ေတြးေနတဲ႔ ကိုယ္ နားေထာင္ေနတဲ႕ အရာေတြက ဝင္ေရာက္စီးပူးျပီး သူ႕ရဲ႕ ပင္ကိုယ္ သံလိုက္သဖြယ္ ဓါတ္သေဘာက ကြ်န္ေတာ္တို႕ကို ေခၚေဆာင္သြားႀကတယ္ ။ အဲ႕အခါ ခႏၶာကိုယ္ႀကီးက မူလ ပံုစံမ်ိဳးမဟုတ္ေတာ့ပဲ နတ္တစ္ပါးက ဝင္ေရာက္ပူးသြားသလို အျခားပံုစံျဖစ္သြားေတာ့တာပါပဲ ။

ဒီပံုစံအတိုင္းဆို ကြ်န္ေတာ္တို႕ဟာ စကၠန္႔မလက္ နတ္ဝင္ပူးတာေတြ ခံေနႀကရတာသာ ျဖစ္တယ္ ။

စာဖတ္တဲ႕အခ်ိန္ဆို စာေစာင့္နတ္က ဝင္ပူးေနေကာ ။ အဲ႕မွာမွ အမ်ိဳးအစားက ကြဲအုန္းမယ္ ။ ဟာသစာေစာင့္နတ္တို႕ , ရသ စာေစာင့္နတ္တို႔ , ဝတၳဳစာေစာင့္နတ္တို႕ ဆိုတာမ်ိဳး ။

အခုေခတ္ ျမန္မာေတြ သံုးစြဲႀကသလို ေညာင္ပင္ေစာင့္နတ္တို႕ ကုကၠဳိပင္ေစာင့္နတ္တို႕ ဆိုတာေတြေပါ့ ။

အဲ႕ကေန ကိုယ့္ကို ဝင္စီးတဲ႕ နတ္ေလာက က ေပၚထြက္လာတဲ႕အခါ နတ္ေတြက မ်ားျပားလိုက္တာဆိုျပီးျဖစ္လာတယ္ ။ အခုပဲ ကိုယ့္ေဘးမွာ အျခားတစ္ေယာက္ရွိေနသလို စိတ္ထဲ နိုးနိုးေႏွာက္ေႏွာက္ျဖစ္လာတဲ႕အခါ အဲ႕စိတ္နတ္က ကိုယ့္ကိုဝင္ပူးျပီး သူ႕အလိုတိုင္း ဆြဲေခၚသြားေလေရာ ။

ခဏခဏ ဝင္ပူးတာေတြ မ်ားေတာ့ ကိုယ္ေတြရဲ႕ မူလခႏၶာကိုပင္ ျပန္ျပီး မေဖၚျပနိုင္ေတာ့ဘူး ။ မူလခႏၶာဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတဲ႕ ပံုစံေတြျဖစ္လာေကာ ။

အမွန္ေတာ့ ကြ်န္ေတာ္တို႕ရဲ႕မူလခႏၶာဟာ ရိုးရွင္းပါတယ္ ။ အဲ႔ဒီ႕ ရိုးရွင္းတာကိုပဲ ျပန္ရွာတဲ႕အခါ ခက္ခက္ခဲခဲေတြျဖစ္လာႀကေအာင္ ကိုယ့္ရဲ႕နတ္ေတြက ဝင္ဝင္ျပီး ေႏွာက္ယွက္ေနႀကတာျဖစ္တယ္ ။ အဲ႔အခါ နတ္ဆိုးဆိုတာ ေပၚလာျပန္ေကာ ။

နတ္ဆိုးက ကိုယ့္ခႏၶာကို ဝင္ခြင့္ေပးမယ္ဆိုရင္ အဲ႕နတ္ဆိုးရဲ႕ ပင္ကိုယ္သံလိုက္သေဘာအတိုင္း ကိုယ္ေတြက သူ႕အေနာက္ ပါသြားမွာပဲ ။ ဝင္ခြင့္မေပးမိဖို႕ေတာ့ လိုပါလိမ့္မယ္ ။

ဒါေႀကာင့္ ကိုယ္ေတြရဲ႕ ခႏၶာကို နတ္ေတြ မဝင္ပူးနိုင္ေအာင္ ပကတိ ပစၥဳပၸန္တည့္တည့္မွာ ရွိေနဖို႕ေတာ့ လိုတယ္ ။

နတ္ကနားက အျပန္ သေဘာေပါက္မိတာက ငါလဲ နတ္ကေတာ္နဲ႕မျခား နတ္ဝင္ပူးတာေတြ ခံေနရပါလားလို႕ပါ . . .

#htoohtoolay



unicode -

လူတိုင်း နတ်ဝင်ပူးတာ ခံနေရတယ် !
-----
တစ်နေ့က နတ်ပွဲတစ်ပွဲမှာ နတ်ကတော်က နတ်ဝင်တယ်ဆိုပြီး ကခုန်နေတာ တွေ့လိုက်တယ် ။ လူတွေကလဲ အများချည်းပဲ ။ နတ်ဒိုးဆိုတာ အင်မတန် မြူကြွတဲ့ အနေအထားမဟုတ်လား ။ ကခုန်တာနဲ့ စည်းချက်နဲ့က အန်ကိုက်တဲ့အခါကိုက်တယ် ။ မကိုက်နဲ့အခါမကိုက်ဘူးရယ် ။ တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။

နောက်တော့ ကခုန်တာကနေရပ်ပြီး မူလ ပုံစံမျိုးမဟုတ်တော့ပဲ အမူအယာက ချက်ချင်းပြောင်းသွားတယ် ။ နေထိုင်ပုံကော , လှုပ်ရှားပုံကော , နောက်ပြီး ပြောဆိုပုံတွေကအစ တစ်ခြားသူတစ်ယောက် ဖြစ်သွားသလိုပဲ ။

ကိုယ်တွေလဲ စိတ်ဝင်တစားနဲ့ ကြည့်နေမိတော့ ဘေးက သူငယ်ချင်းက ပြောတယ် ။ မင်းအခု ထူးဆန်းနေတာလားတဲ့ ။ ကျွန်တော်သူ့ကို ဘာမှ မပြောဘူး ။ အဲ့နတ်ပွဲကိုပဲ ကြည့်နေတဲ့အခါ ဘာတွေ့ရလဲဆိုတော့ နတ်ကတော်က နတ်ဝင်လာတဲ့အတွက် အခု ရှေ့မှာတွေ့နေရတဲ့ လူက နတ်ကတဲ့သူ ရိုးရိုးမဟုတ်တော့ပဲ နတ်ကိုကြီးကျော် ဖြစ်နေတယ်တဲ့ ။ အံ့သြစရာပဲ . . .

ကျွန်တော်က အဲ့အရာကို စိတ်ဝင်စားလေ ဘေးကသူငယ်ချင်းက လှောင်သလို ပြောင်သလိုနဲ့ ကျွန်တော့်ကို ကြည့်လေဆိုတော့ ဒီကောင် ငါ့ကို အထင်လွှဲနေပြီထင်တယ်ဆိုပြီး အဲ့နတ်ပွဲထဲကနေ နှစ်ယောက်သား ထွက်လာခဲ့တယ် ။  

လမ်းလျှောက်ရင်း နတ်ကနားနဲ့ပတ်သတ်လို့ စကားစမြည်းပြောကြတဲ့အခါ ကျွန်တော် အရင်က ဖတ်ဖူးတဲ့ ဆော့ခရတ္တိအယူအဆလေး သွားသတိရမိတယ် ။

ဆော့ခရတ္တိက ကဗျာနဲ့ပတ်သတ်လို့ သူ့ရဲ့ အယူအဆကို ပလေတိုဆီ ပြန်လည် မျှဝေဖူးတယ်ထင်ပါတယ် ။ ပလေတိုရေးတဲ့ စာအုပ်ထဲမှာလဲ ပါတယ် ။

ဆိုတော့ကာ ဆော့ခရတ္တိက လူတစ်ယောက်ဟာ ပုံမှန်ရှိနေတဲ့ အခြေအနေကနေ ကဗျာတွေ စပ်မယ် လင်္ကာတွေ စပ်မယ်ဆိုရင် သူဟာ မူလ လူတစ်ယောက်မဟုတ်တော့ပဲ အသွင်ခြားနားတဲ့ သူတစ်ယောက် ဖြစ်သွားတယ်တဲ့ ။ သူက ဘယ်လောက်ပဲ ညံ့လွန်းတဲ့ သူတစ်ယောက်ဖြစ်ပါစေ သူ့ရဲ့ မူလဇာစ်မြစ်က အာပိုလိုနတ်သားကို ဂုဏ်တင်တဲ့စိတ်ကူးဖြစ်နေမယ်ဆိုရင် သူ့ရဲ့ကိုယ်ဟာ အဲ့အချိန်မှာ မှာ အာပိုလိုနတ်က ဝင်ရောက်စီးနင်းသလို အာပိုလိုနဲ့ပတ်သတ်တဲ့ ကဗျာတွေကို တစ်သီးတစ်တန်းကြီး လင်္ကာကျော်လောက်အောင် စပ်ဆိုသွားနိုင်တယ် ။ အာပိုလိုနတ်သားကိုလဲ သူထင်ထားတဲ့ပုံစံမျိုးနဲ့ တွေ့မြင်နိုင်တယ်တဲ့ ။

စကားပြောရင်း အဲ့အကြောင်းအရာကို သွားသတိရတော့ ငါတို့ဟာ နတ်ကတော်တွေလိုပဲ ခဏခဏ နတ်ဝင်ပူးတာကို ခံနေရပါလားလို့ သဘောပေါက်မိတယ် ။

လူတစ်ယောက်ဟာ ပုံမှန်ရှိနေတဲ့ အခြေအနေတစ်ခုမှာ သူ့ရဲ့ မူလစိတ်က ပစ္စုပ္ပန် တည့်တည့်မှာ ရောက်နေလိမ့်မယ် ။ ဒါပေမယ့် ခဏမကြာပဲ အဲ့စိတ်ဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကိုဖြစ်စေ , ရက်ပိုင်းကို ဖြစ်စေ , လပိုင်း နှစ်ပိုင်းကိုဖြစ်စေ , မရောက်သေးတဲ့ အနာဂတ်ကို ပုံဖေါ်လို့ဖြစ်စေ , အဲ့လို လက်ရှိအနေအထားကနေ ခွါခွါသွားတဲ့အခါ ကျွန်တော်တို့ ခန္ဓာကြီးက တစ်ခြားသော သူတစ်ယောက် ဖြစ်ဖြစ် သွားတော့တယ် ။

အခုခေတ် ရုပ်ရှင်ကြည့်တဲ့အခါ ပိတ်ကားပေါ်မှာ ပျော်စရာအခန်းတွေ့ရင် ကိုယ်လဲ လိုက်ပျော်နေတယ် ။ လွမ်းစရာ ဆွေးစရာဆိုရင် မျက်ရည်တွေ ရွှဲလာမယ် ။ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ကြောက်စရာ လန့်စရာတွေ တွေ့ရင်လဲ ကိုယ်တွေမှာ ရင်တွေ နှလုံးတွေ ခုန်လာပြန်ကော ။

စာဖတ်တဲ့အခါ သီချင်းနားထောင်တဲ့အခါ စသဖြင့်သော အချိန်အခါတွေမှာ ကျွန်တော်တို့ရဲ့စိတ်ကို တစ်ခြားသူတစ်ယောက်က ပိုင်စီးသွားကြတော့တယ် ။ ဘယ်သူတွေလဲဆို အဲ့ဒီ့ ကိုယ်ကြည့်နေတဲ့ ကိုယ်တွေးနေတဲ့ ကိုယ် နားထောင်နေတဲ့ အရာတွေက ဝင်ရောက်စီးပူးပြီး သူ့ရဲ့ ပင်ကိုယ် သံလိုက်သဖွယ် ဓါတ်သဘောက ကျွန်တော်တို့ကို ခေါ်ဆောင်သွားကြတယ် ။ အဲ့အခါ ခန္ဓာကိုယ်ကြီးက မူလ ပုံစံမျိုးမဟုတ်တော့ပဲ နတ်တစ်ပါးက ဝင်ရောက်ပူးသွားသလို အခြားပုံစံဖြစ်သွားတော့တာပါပဲ ။

ဒီပုံစံအတိုင်းဆို ကျွန်တော်တို့ဟာ စက္ကန့်မလက် နတ်ဝင်ပူးတာတွေ ခံနေကြရတာသာ ဖြစ်တယ် ။

စာဖတ်တဲ့အချိန်ဆို စာစောင့်နတ်က ဝင်ပူးနေကော ။ အဲ့မှာမှ အမျိုးအစားက ကွဲအုန်းမယ် ။ ဟာသစာစောင့်နတ်တို့ , ရသ စာစောင့်နတ်တို့ , ဝတ္ထုစာစောင့်နတ်တို့ ဆိုတာမျိုး ။

အခုခေတ် မြန်မာတွေ သုံးစွဲကြသလို ညောင်ပင်စောင့်နတ်တို့ ကုက္ကိုပင်စောင့်နတ်တို့ ဆိုတာတွေပေါ့ ။

အဲ့ကနေ ကိုယ့်ကို ဝင်စီးတဲ့ နတ်လောက က ပေါ်ထွက်လာတဲ့အခါ နတ်တွေက များပြားလိုက်တာဆိုပြီးဖြစ်လာတယ် ။ အခုပဲ ကိုယ့်ဘေးမှာ အခြားတစ်ယောက်ရှိနေသလို စိတ်ထဲ နိုးနိုးနှောက်နှောက်ဖြစ်လာတဲ့အခါ အဲ့စိတ်နတ်က ကိုယ့်ကိုဝင်ပူးပြီး သူ့အလိုတိုင်း ဆွဲခေါ်သွားလေရော ။

ခဏခဏ ဝင်ပူးတာတွေ များတော့ ကိုယ်တွေရဲ့ မူလခန္ဓာကိုပင် ပြန်ပြီး မဖေါ်ပြနိုင်တော့ဘူး ။ မူလခန္ဓာဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ ပုံစံတွေဖြစ်လာကော ။

အမှန်တော့ ကျွန်တော်တို့ရဲ့မူလခန္ဓာဟာ ရိုးရှင်းပါတယ် ။ အဲ့ဒီ့ ရိုးရှင်းတာကိုပဲ ပြန်ရှာတဲ့အခါ ခက်ခက်ခဲခဲတွေဖြစ်လာကြအောင် ကိုယ့်ရဲ့နတ်တွေက ဝင်ဝင်ပြီး နှောက်ယှက်နေကြတာဖြစ်တယ် ။ အဲ့အခါ နတ်ဆိုးဆိုတာ ပေါ်လာပြန်ကော ။

နတ်ဆိုးက ကိုယ့်ခန္ဓာကို ဝင်ခွင့်ပေးမယ်ဆိုရင် အဲ့နတ်ဆိုးရဲ့ ပင်ကိုယ်သံလိုက်သဘောအတိုင်း ကိုယ်တွေက သူ့အနောက် ပါသွားမှာပဲ ။ ဝင်ခွင့်မပေးမိဖို့တော့ လိုပါလိမ့်မယ် ။

ဒါကြောင့် ကိုယ်တွေရဲ့ ခန္ဓာကို နတ်တွေ မဝင်ပူးနိုင်အောင် ပကတိ ပစ္စုပ္ပန်တည့်တည့်မှာ ရှိနေဖို့တော့ လိုတယ် ။

နတ်ကနားက အပြန် သဘောပေါက်မိတာက ငါလဲ နတ်ကတော်နဲ့မခြား နတ်ဝင်ပူးတာတွေ ခံနေရပါလားလို့ပါ . . .

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...