Skip to main content

ဘာမွန္းမသိတဲ႕အရာကို ရွာေဖြျခင္း တဲ႕ !

zawgyi -

ဘာမွန္းမသိတဲ႕အရာကို ရွာေဖြျခင္းတဲ႕ !
------
ကိုယ္မသိတဲဲ့အရာကို ရွာေဖြမယ္ဆိုရင္ ကိုယ္တကယ္မသိတဲ႕အရာျဖစ္ေနတဲ႕အတြက္ ဘာကိုရွာေဖြတာလဲဆိုတာေတာင္ ေျပာနိုင္ဖို႕ ေတာ္ေတာ္ခက္ပါလိမ့္မယ္ ။

ကိုယ္ရွာေဖြတာက ဘာကိုရွာေဖြမွန္းကို မသိတဲဲ့အတြက္ စိတၱဇတစ္ေယာက္လိုပဲ အထင္အျမင္ခံသြားရနိုင္တယ္ ။

အဲ႕အယူအဆကို ကုိယ့္ရဲ႕ သူငယ္ခ်င္းေတြဆီ မွ်ေဝေျပာျပဖို႕ႀကေတာ့လဲ အေလွာင္အေျပာင္က ခံႀကရအုန္းမယ္ ။

ဆိုေတာ့ကာ ဒီိလို " ဘာမွန္းမသိတဲ႕အရာကို ရွာေဖြျခင္း " ဆိုတဲ႕ ေခါင္းစီးမ်ိဳး တက္လာခဲ႕ရင္ သင္ဘယ္လို တုန္႕ျပန္မိမလဲ ?

ဒီေဆြးေႏြးမႈတစ္ခုအတြက္ေတာ့ မိတ္ေဆြကို ေခါင္းမေျခာက္ေစခ်င္ပါဘူး ။ ကိုယ္တိုင္လဲ မေျပာျပတက္ေတာ့ ဖတ္ဖူး မွတ္ဖူးတဲ႕ စာေတြကိုပဲ ခ်ေရးျပရေတာ့မယ္ေပါ့ ။ အဲ႕အခါမွာ မိတ္ေဆြရဲ႕ အျမင္ဟာ ဘယ္လိုတုန္႕ျပန္မလဲဆိုျပီး သိခ်င္မိပါရဲ႕ ။

ပေလတို ေရးသားတဲ႕ စာအုပ္တစ္အုပ္မွာ ပါရွိတယ္ ။ အဲ႕ဒါနဲ႕ ပတ္သတ္္လို႕ သူ႕အလိုသေဘာက -

" ေဆာ့ခရတၱိ . . . ျဖစ္နိုင္ပါမည္ေလာ ။ အသင္မသိေသာအရာကို အသင္မည္သို႕ ရွာမည္နည္း ။ အသင္မသိေသာ အရာမ်ားအနက္ မည္သည့္အရာကိုရွာ၍ အသင္ တင္ျပမည္နည္း ။ ကံေကာင္းေထာင္းမသျဖင့္ အသင္သည္ အသင္မသိေသာအရာႏွင့္ ဝင္တိုးမိသည္ ဆိုပါအုန္း ထိုအရာသည္ အသင္မသိေသာအရာျဖစ္၏ဟု အသင္မည္သုိ႕ သိမည္နည္း "

ထိုအခါ ေဆာ့ခရတၱိ က -

" ကြ်န္ပ္ျပန္၍ ေျပာျပပါမည္ ။ ထိုပုဂၢိဳလ္တို႕က ဆိုႀကသည္မွာ လူသတၱဝါ၏ နာမ္ဓါတ္သည္ အမတသေဘာျဖစ္သည္ ။ ထိုနာမ္ဓါတ္သည္ ပ်က္ဆီးျခင္း ဘဂၤသို႕ ေရာက္တက္သည္ ။ ထိုအခါ ေသသည္ စုေတသည္ဟု အရပ္စကား ဆုိတက္ႀကသည္ ။ ထိုနာမ္ဓါတ္သည္ပင္ တစ္ဖန္ျပန္၍ ပဋိသေႏၶယူတက္သည္ ။ အျပီးအျငိမ္းခ်ဳပ္ျငိမ္းျခင္းတို႕အ စင္စစ္မေရာက္ ။ ထို႕ေႀကာင့္ အကြ်န္ပ္တို႕သည္ ဤဘဝတြင္ သူေတာ္ သူျမတ္တို႕၏ အက်င့္အာစာရႏွင့္ ျပည့္စံုေအာင္ အစြမ္းကုန္အားထုတ္ႀကရမည္ ။ ဤသို႕လွ်င္ ထိုပုဂၢိဳလ္တို႕က ဆိုႀကပါသည္ ။

မီနို . . . ထိုစကား - ထိုစကားတို႕ကိုေထာက္၍ သိနိုင္သည္မွာ ဤသို႕ျဖစ္သည္ ။ နာမ္ဓါတ္သည္ အမတသေဘာျဖစ္၍ ႀကိမ္ဖန္မ်ားစြာ ပဋိသေႏၶယူတက္ျခင္း ရွိသည္ျဖစ္ရာ ထိုနာမ္ဓါတ္သည္ လူ႕ဘံု၌လည္းေကာင္း ေအာက္အပၸါယ္ဘံု၌ လည္းေကာင္း က်င္လည္၍ အျမင္မ်ိဳးစံု အႀကားမ်ိဳးစံု အေတြ႕မ်ိဳးစံုတို႕ကို ျမင္ခဲ႕ ႀကားခဲ႕ ေတြ႕ခဲ႕ရသည္ ။ ထိုအခါ နာမ္ဓါတ္မသိေသာ အရာဟု ေလာက၌ မရွိသေလာက္ျဖစ္သည္ ။ ထိုေႀကာင့္ နာမ္ဓါတ္သည္ ဘဝမ်ားစြာ သံသရာက သိခဲ႕ေသာ ဂုဏ္သိကၡာတရားတို႕ကိုလည္းေကာင္း ထိုသို႕ေသာ အျခားေသာ အရာတို႕ကိုလည္းေကာင္း မွတ္မိသတိရနိုင္ျခင္းရွိမည္မွာ မုခ်ျဖစ္သည္ ။ နာမ္ဓါတ္ ျမင္ခဲ႕ ႀကားခဲ႕ေတြ႕ခဲ႕ သိခဲ႕ေသာ အရာအလံုးစံုသည္ သဘာဝအျဖင့္ ဆက္စပ္ျခင္း နီးစပ္ျခင္းရွိ၍ ထိုအရာအလံုးစံုကိုပင္ နာမ္ဓါတ္သည္ သိခဲ႕သည္ ။

ထို႕ေႀကာင့္ ကြ်န္ပ္တို႕ကသာ မတြန္႕ေသာ သတၱိျဖင့္လည္းေကာင္း မေလွ်ာ့ေသာ လံု႕လျဖင့္ လည္းေကာင္း မသိသည္ကို စူးစမ္းျခင္း , ရွာေဖြျခင္း ျပဳနိုင္ႀကသည္ျဖစ္လွ်င္ တစ္ခုတည္းေသာ အရာကိုသာမက အလံုးစံုေသာ အရာတို႕ကိုပါ ျပန္၍ မွတ္မိသတိရလာနိုင္စရာ အေႀကာင္းရွိသည္ ။

အရပ္စကားျဖင့္ ဆိုရေသာ္ သိလာသည္ ပညာတက္လာသည္ဟု ဆိုနိုင္သည္ ။ အဘယ္ေႀကာင့္ဆိုေသာ္ သိျခင္း ပညာတက္ျခင္းတို႕သည္ ျပန္လည္မွတ္မိသတိရျခင္း အနုႆတိသေဘာ ျဖစ္ေသာေႀကာင့္ပင္ ။

ထို႕ေႀကာင့္ မီနို . . . သိသည္ကိုလဲ သိေသာအေႀကာင္းေႀကာင့္ ရွာရန္အထုတ္မည္မဟုတ္ , မသိသည္ကိုလဲ မသိေသာအေႀကာင္းေႀကာင့္ ရွာရန္ အားထုတ္မည္မဟုတ္ ဆိုေသာ သင္၏ ဆင္ျခင္သည္ စကားနိုင္လု၍ ေျပာေသာ စကားမွ်သာ ျဖစ္သည္ " တဲ႕ ။

#မွတ္ခ်က္ ။   ။ အဲ႔ဒီ႕ ေဆာ့ခရတၱိလို႕ ေခါင္းစီးတပ္ျပီး ပေလတိုေရးသားတဲ႕ စကားေတြထဲမွာ ေတာ္ေတာ္မ်ားမ်ားက ေဂါတမျမတ္စြာဘုရားရဲ႕ အဆိုကို ယႈိမ္းထိုးေနတာ ေတြ႕ရပါလိမ့္မယ္ ။ ထူးျခားတာက ပေလတို တို႕ ေဆာ့ခရတၱိ တို႕က ျမတ္စြာဘုရားနဲ႕ ႏွစ္ေပါင္း ၄၀ ေလာက္တာ ကြာလွမ္းႀကတာျဖစ္တယ္ ။ ျမတ္စြာဘုရား ပိရိနိဗၺာန္စံျပီး ႏွစ္ေပါင္း ၄၀ ေက်ာ္ေလာက္မွာ ဘီစီ ၄၆၉ အခ်ိန္က ေဆာ့ခရတၱိကို ေမြးျပီး ဘီစီ ၄၂၇ ေလာက္မွာေတာ့ ပေလတိုကို ေမြးဖြားခဲ႕တာလို႕ ဆိုတယ္ ။ ဒါဆို ျမတ္စြာဘုရားရဲ႕ တရားေတြဟာ ဂရိကိုေတာင္ အနည္းအက်ဥ္း ပ်ံ႕ႏွံ႕ေနသေယာင္ ထင္မွတ္ရပါတယ္ ။

ဆက္လက္ေတြးေတာနိုင္ပါေစ . . .

#htoohtoolay




unicode -

ဘာမှန်းမသိတဲ့အရာကို ရှာဖွေခြင်းတဲ့ !
------
ကိုယ်မသိတဲ့အရာကို ရှာဖွေမယ်ဆိုရင် ကိုယ်တကယ်မသိတဲ့အရာဖြစ်နေတဲ့အတွက် ဘာကိုရှာဖွေတာလဲဆိုတာတောင် ပြောနိုင်ဖို့ တော်တော်ခက်ပါလိမ့်မယ် ။

ကိုယ်ရှာဖွေတာက ဘာကိုရှာဖွေမှန်းကို မသိတဲ့အတွက် စိတ္တဇတစ်ယောက်လိုပဲ အထင်အမြင်ခံသွားရနိုင်တယ် ။

အဲ့အယူအဆကို ကိုယ့်ရဲ့ သူငယ်ချင်းတွေဆီ မျှဝေပြောပြဖို့ကြတော့လဲ အလှောင်အပြောင်က ခံကြရအုန်းမယ် ။

ဆိုတော့ကာ ဒီလို " ဘာမှန်းမသိတဲ့အရာကို ရှာဖွေခြင်း " ဆိုတဲ့ ခေါင်းစီးမျိုး တက်လာခဲ့ရင် သင်ဘယ်လို တုန့်ပြန်မိမလဲ ?

ဒီဆွေးနွေးမှုတစ်ခုအတွက်တော့ မိတ်ဆွေကို ခေါင်းမခြောက်စေချင်ပါဘူး ။ ကိုယ်တိုင်လဲ မပြောပြတက်တော့ ဖတ်ဖူး မှတ်ဖူးတဲ့ စာတွေကိုပဲ ချရေးပြရတော့မယ်ပေါ့ ။ အဲ့အခါမှာ မိတ်ဆွေရဲ့ အမြင်ဟာ ဘယ်လိုတုန့်ပြန်မလဲဆိုပြီး သိချင်မိပါရဲ့ ။

ပလေတို ရေးသားတဲ့ စာအုပ်တစ်အုပ်မှာ ပါရှိတယ် ။ အဲ့ဒါနဲ့ ပတ်သတ်လို့ သူ့အလိုသဘောက -

" ဆော့ခရတ္တိ . . . ဖြစ်နိုင်ပါမည်လော ။ အသင်မသိသောအရာကို အသင်မည်သို့ ရှာမည်နည်း ။ အသင်မသိသော အရာများအနက် မည်သည့်အရာကိုရှာ၍ အသင် တင်ပြမည်နည်း ။ ကံကောင်းထောင်းမသဖြင့် အသင်သည် အသင်မသိသောအရာနှင့် ဝင်တိုးမိသည် ဆိုပါအုန်း ထိုအရာသည် အသင်မသိသောအရာဖြစ်၏ဟု အသင်မည်သို့ သိမည်နည်း "

ထိုအခါ ဆော့ခရတ္တိ က -

" ကျွန်ပ်ပြန်၍ ပြောပြပါမည် ။ ထိုပုဂ္ဂိုလ်တို့က ဆိုကြသည်မှာ လူသတ္တဝါ၏ နာမ်ဓါတ်သည် အမတသဘောဖြစ်သည် ။ ထိုနာမ်ဓါတ်သည် ပျက်ဆီးခြင်း ဘင်္ဂသို့ ရောက်တက်သည် ။ ထိုအခါ သေသည် စုတေသည်ဟု အရပ်စကား ဆိုတက်ကြသည် ။ ထိုနာမ်ဓါတ်သည်ပင် တစ်ဖန်ပြန်၍ ပဋိသန္ဓေယူတက်သည် ။ အပြီးအငြိမ်းချုပ်ငြိမ်းခြင်းတို့အ စင်စစ်မရောက် ။ ထို့ကြောင့် အကျွန်ပ်တို့သည် ဤဘဝတွင် သူတော် သူမြတ်တို့၏ အကျင့်အာစာရနှင့် ပြည့်စုံအောင် အစွမ်းကုန်အားထုတ်ကြရမည် ။ ဤသို့လျှင် ထိုပုဂ္ဂိုလ်တို့က ဆိုကြပါသည် ။

မီနို . . . ထိုစကား - ထိုစကားတို့ကိုထောက်၍ သိနိုင်သည်မှာ ဤသို့ဖြစ်သည် ။ နာမ်ဓါတ်သည် အမတသဘောဖြစ်၍ ကြိမ်ဖန်များစွာ ပဋိသန္ဓေယူတက်ခြင်း ရှိသည်ဖြစ်ရာ ထိုနာမ်ဓါတ်သည် လူ့ဘုံ၌လည်းကောင်း အောက်အပ္ပါယ်ဘုံ၌ လည်းကောင်း ကျင်လည်၍ အမြင်မျိုးစုံ အကြားမျိုးစုံ အတွေ့မျိုးစုံတို့ကို မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့ရသည် ။ ထိုအခါ နာမ်ဓါတ်မသိသော အရာဟု လောက၌ မရှိသလောက်ဖြစ်သည် ။ ထိုကြောင့် နာမ်ဓါတ်သည် ဘဝများစွာ သံသရာက သိခဲ့သော ဂုဏ်သိက္ခာတရားတို့ကိုလည်းကောင်း ထိုသို့သော အခြားသော အရာတို့ကိုလည်းကောင်း မှတ်မိသတိရနိုင်ခြင်းရှိမည်မှာ မုချဖြစ်သည် ။ နာမ်ဓါတ် မြင်ခဲ့ ကြားခဲ့တွေ့ခဲ့ သိခဲ့သော အရာအလုံးစုံသည် သဘာဝအဖြင့် ဆက်စပ်ခြင်း နီးစပ်ခြင်းရှိ၍ ထိုအရာအလုံးစုံကိုပင် နာမ်ဓါတ်သည် သိခဲ့သည် ။

ထို့ကြောင့် ကျွန်ပ်တို့ကသာ မတွန့်သော သတ္တိဖြင့်လည်းကောင်း မလျှော့သော လုံ့လဖြင့် လည်းကောင်း မသိသည်ကို စူးစမ်းခြင်း , ရှာဖွေခြင်း ပြုနိုင်ကြသည်ဖြစ်လျှင် တစ်ခုတည်းသော အရာကိုသာမက အလုံးစုံသော အရာတို့ကိုပါ ပြန်၍ မှတ်မိသတိရလာနိုင်စရာ အကြောင်းရှိသည် ။

အရပ်စကားဖြင့် ဆိုရသော် သိလာသည် ပညာတက်လာသည်ဟု ဆိုနိုင်သည် ။ အဘယ်ကြောင့်ဆိုသော် သိခြင်း ပညာတက်ခြင်းတို့သည် ပြန်လည်မှတ်မိသတိရခြင်း အနုဿတိသဘော ဖြစ်သောကြောင့်ပင် ။

ထို့ကြောင့် မီနို . . . သိသည်ကိုလဲ သိသောအကြောင်းကြောင့် ရှာရန်အထုတ်မည်မဟုတ် , မသိသည်ကိုလဲ မသိသောအကြောင်းကြောင့် ရှာရန် အားထုတ်မည်မဟုတ် ဆိုသော သင်၏ ဆင်ခြင်သည် စကားနိုင်လု၍ ပြောသော စကားမျှသာ ဖြစ်သည် " တဲ့ ။

#မှတ်ချက် ။   ။ အဲ့ဒီ့ ဆော့ခရတ္တိလို့ ခေါင်းစီးတပ်ပြီး ပလေတိုရေးသားတဲ့ စကားတွေထဲမှာ တော်တော်များများက ဂေါတမမြတ်စွာဘုရားရဲ့ အဆိုကို ယှိုမ်းထိုးနေတာ တွေ့ရပါလိမ့်မယ် ။ ထူးခြားတာက ပလေတို တို့ ဆော့ခရတ္တိ တို့က မြတ်စွာဘုရားနဲ့ နှစ်ပေါင်း ၄၀ လောက်တာ ကွာလှမ်းကြတာဖြစ်တယ် ။ မြတ်စွာဘုရား ပိရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၄၀ ကျော်လောက်မှာ ဘီစီ ၄၆၉ အချိန်က ဆော့ခရတ္တိကို မွေးပြီး ဘီစီ ၄၂၇ လောက်မှာတော့ ပလေတိုကို မွေးဖွားခဲ့တာလို့ ဆိုတယ် ။ ဒါဆို မြတ်စွာဘုရားရဲ့ တရားတွေဟာ ဂရိကိုတောင် အနည်းအကျဉ်း ပျံ့နှံ့နေသယောင် ထင်မှတ်ရပါတယ် ။

ဆက်လက်တွေးတောနိုင်ပါစေ . . .

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...