Skip to main content

ဆိတ္က ေခြးျဖစ္ျခင္း !

zawgyi -

ဆိတ္က ေခြးျဖစ္ျခင္း
----
ျဗဟၼာဏ ဆရာျကီးတစ္ေယာက္ဟာ ယဇ္ပူေဇာ္ဖို႕ ဆိတ္တစ္ေကာင္ကို ဝယ္ျပီး ထမ္းေဆာင္လာပါသတဲ႕ ။ အဲ႕ဒါကို လူေပလူေတတစ္စုက ျမင္ေတာ့ အဲ႕ဒီ႕ဆိတ္ကို အေခ်ာင္ရေအာင္ အျကံထုတ္ျကတယ္ ။ ျဗဟၼာဏဆရာျကီး လာမဲ႕လမ္းကေစာင့္ျပီး ဆိတ္ကို ေခြးျဖစ္အာင္ ေျပာဖို႕ အခ်င္းခ်င္း တိုင္ပင္ညႊန္ျကားျပီး အသီးသီး ေနရာယူထားျကတယ္ ။ ပထမဆံုးေနရာမွာ ေစာင့္ေနတဲ႕ လူက ျဗဟၼဏဆရာျကီးေရာက္လာေတာ့ ((( ဗ်ိဳ႕ ဆရာျကီး ။ ေခြးကို ဘာလို႕ ထမ္းလာတာလဲဗ် ))) လို႕ ေျပာသတဲ႕ ။ ဒီေတာ့ ဆရာျကီးက ((( ေဟ့အေကာင္ ။ ငါထမ္းလာတာ ေခြးမဟုတ္ဘူး ။ ဆိတ္ကြ ။ ယဇ္ပူေဇာ္ဖို႕ ဝယ္လာတာ ။ ဆိတ္ပဲ ။ ဘယ္က ေခြးဟုတ္ရမွာလဲ ))) လို႕ ခတ္ဆတ္ဆတ္ ခတ္တင္းတင္း ေငါက္ျပီး ေျပာလိုက္သတဲ႕ ။

ေတာ္ေတာ္ကေလးသြားမိလို႕ ေတာစပ္တစ္ခုေရာက္ျပန္ေတာ့ လူတစ္စုက ထြက္လာျပီး ေျပာျကျပန္တယ္ ။ ((( ဟာ ! ဆရာျကီးႏွယ္ အံ႕စရာပါပဲ ။ အင္မတန္အမ်ိဳးဇာတ္ျမင့္တဲ႕ ျဗဟၼဏဆရာျကီး ျဖစ္ပါလ်က္နဲ႕ ယုတ္ညံ႕တဲ႕ေခြးကို ထမ္းလာတာဟာ သိပ့္အံ႕စရာ ေကာင္းတာပါပဲ ။ အဲ ဟုတ္သားပဲ ။ ေခြးကို ဘာလို႕ ထမ္းလာပါလိမ့္မလဲ ))) တစ္ေယာက္တစ္ခြန္း ဝိုင္းေျပာျကျပန္တယ္ ။ ဒီေတာ့ ျဗဟၼဏဆရာျကီးမွာ ဇေဝဇဝါျဖစ္သြားတယ္ ။ ခုနက လူတစ္ေယာက္ျကလဲ ငါ့ကို ေခြးလို႕ေျပာတယ္ ။ ငါထမ္းလာတာ ေခြးမ်ားျဖစ္ေနမလား ျကည့္အုန္းမွဆိုျပီး ဆိတ္ကို ေျမျကီးေပၚ ခ်ျကည့္တယ္ ။ ဆိတ္ရဲ႕ နားရြက္ကေလးကို ပြတ္သပ္ျကည့္ျပီး ((( ဟင္ ! ငါ့ဥစၥာ ေခြးမဟုတ္ပါဘူး ။ ဆိတ္ပါပဲ ))) ဆိုကာ ထမ္းသြားျပန္သတဲ့ ။

ေနာက္တစ္ခါ ေတာစပ္တစ္ခုေရာက္ျပန္ေတာ့ လူတစ္စုက ျဗဟၼဏဆရာျကီးကို လက္ခုတ္လက္ဝါးတီးျပီး ေျပာင္ေလွာင္ရယ္ေမာျကတယ္ ။ ((( ေဟ့ ! ျကည့္ျကစမ္း ။ အံ႕ျသစရာ သိပ့္ေကာင္းတာပဲ ။ အမ်ိဳးဇာတ္ျမင့္တဲ႕ ျဗဟၼဏဆရာျကီး ျဖစ္ပါလ်က္နဲ႕ အလြန္ယုတ္ညံ႕တဲ႕ ေခြးျကီး ထမ္းလာလိုက္တာ သိပ့္ျပီး အံ႕ျသစရာေကာင္းတာပဲ ))) ဆိုျပီး လက္ခုတ္လက္ဝါးတီး ေျပာင္ေလွာင္ျကသတဲ႕ ။ ဒီေတာ့ ျဗဟၼဏ ဆရာျကီးမွာ -

((( ဟုတ္ပံုရပါျပီ ။ ပထမလူကလဲ ငါထမ္းလာတာကို ေခြးလို႕ ေျပာတယ္ ။ ဒုတိယ လူတစ္စုကလဲ ေခြးလို႕ပဲ ေျပာျကတယ္ ။ ဒီလူစုကလဲ ေခြးလို႕ ေျပာျကျပန္ျပီ ။ ငါ့ဥစၥာဟာ ဆိတ္ဟုတ္ပံုမရပါဘူး ။ ေခြးပဲ ဟုတ္ပံုရပါတယ္ ။ ကဲ ! သြားေရာကြယ္ ေခြးျကီး )))

- ဆိုျပီး ဆိတ္ကို လႊတ္ပစ္ထားခဲ႕ပါသတဲ႕ ။ အဲ႕ဒီ႕ဆိတ္ကို ဝိုင္းလိမ္ျကတဲ႕ လူေပလူေတတစ္စုက သတ္ျပီး ခ်က္စားလိုက္ျကပါသတဲ႕ ။ ဒါဟာ ပညာရွိေပမယ့္ လူအမ်ားက ဝိုင္းေျပာရင္ ဇေဝဇဝါ ျဖစ္တက္ပံုကို ဟိေတာပေဒသက်မ္းက ဆံုးမထားတဲ႕ ဒ႑ာရီ ပံုျပင္ကေလးပါပဲ ။

#htoohtoolay


unicode -

ဆိတ်က ခွေးဖြစ်ခြင်း
----
ဗြဟ္မာဏ ဆရာကြီးတစ်ယောက်ဟာ ယဇ်ပူဇော်ဖို့ ဆိတ်တစ်ကောင်ကို ဝယ်ပြီး ထမ်းဆောင်လာပါသတဲ့ ။ အဲ့ဒါကို လူပေလူတေတစ်စုက မြင်တော့ အဲ့ဒီ့ဆိတ်ကို အချောင်ရအောင် အကြံထုတ်ကြတယ် ။ ဗြဟ္မာဏဆရာကြီး လာမဲ့လမ်းကစောင့်ပြီး ဆိတ်ကို ခွေးဖြစ်အာင် ပြောဖို့ အချင်းချင်း တိုင်ပင်ညွှန်ကြားပြီး အသီးသီး နေရာယူထားကြတယ် ။ ပထမဆုံးနေရာမှာ စောင့်နေတဲ့ လူက ဗြဟ္မဏဆရာကြီးရောက်လာတော့ ((( ဗျို့ ဆရာကြီး ။ ခွေးကို ဘာလို့ ထမ်းလာတာလဲဗျ ))) လို့ ပြောသတဲ့ ။ ဒီတော့ ဆရာကြီးက ((( ဟေ့အကောင် ။ ငါထမ်းလာတာ ခွေးမဟုတ်ဘူး ။ ဆိတ်ကွ ။ ယဇ်ပူဇော်ဖို့ ဝယ်လာတာ ။ ဆိတ်ပဲ ။ ဘယ်က ခွေးဟုတ်ရမှာလဲ ))) လို့ ခတ်ဆတ်ဆတ် ခတ်တင်းတင်း ငေါက်ပြီး ပြောလိုက်သတဲ့ ။

တော်တော်ကလေးသွားမိလို့ တောစပ်တစ်ခုရောက်ပြန်တော့ လူတစ်စုက ထွက်လာပြီး ပြောကြပြန်တယ် ။ ((( ဟာ ! ဆရာကြီးနှယ် အံ့စရာပါပဲ ။ အင်မတန်အမျိုးဇာတ်မြင့်တဲ့ ဗြဟ္မဏဆရာကြီး ဖြစ်ပါလျက်နဲ့ ယုတ်ညံ့တဲ့ခွေးကို ထမ်းလာတာဟာ သိပ့်အံ့စရာ ကောင်းတာပါပဲ ။ အဲ ဟုတ်သားပဲ ။ ခွေးကို ဘာလို့ ထမ်းလာပါလိမ့်မလဲ ))) တစ်ယောက်တစ်ခွန်း ဝိုင်းပြောကြပြန်တယ် ။ ဒီတော့ ဗြဟ္မဏဆရာကြီးမှာ ဇဝေဇဝါဖြစ်သွားတယ် ။ ခုနက လူတစ်ယောက်ကြလဲ ငါ့ကို ခွေးလို့ပြောတယ် ။ ငါထမ်းလာတာ ခွေးများဖြစ်နေမလား ကြည့်အုန်းမှဆိုပြီး ဆိတ်ကို မြေကြီးပေါ် ချကြည့်တယ် ။ ဆိတ်ရဲ့ နားရွက်ကလေးကို ပွတ်သပ်ကြည့်ပြီး ((( ဟင် ! ငါ့ဥစ္စာ ခွေးမဟုတ်ပါဘူး ။ ဆိတ်ပါပဲ ))) ဆိုကာ ထမ်းသွားပြန်သတဲ့ ။

နောက်တစ်ခါ တောစပ်တစ်ခုရောက်ပြန်တော့ လူတစ်စုက ဗြဟ္မဏဆရာကြီးကို လက်ခုတ်လက်ဝါးတီးပြီး ပြောင်လှောင်ရယ်မောကြတယ် ။ ((( ဟေ့ ! ကြည့်ကြစမ်း ။ အံ့သြစရာ သိပ့်ကောင်းတာပဲ ။ အမျိုးဇာတ်မြင့်တဲ့ ဗြဟ္မဏဆရာကြီး ဖြစ်ပါလျက်နဲ့ အလွန်ယုတ်ညံ့တဲ့ ခွေးကြီး ထမ်းလာလိုက်တာ သိပ့်ပြီး အံ့သြစရာကောင်းတာပဲ ))) ဆိုပြီး လက်ခုတ်လက်ဝါးတီး ပြောင်လှောင်ကြသတဲ့ ။ ဒီတော့ ဗြဟ္မဏ ဆရာကြီးမှာ -

((( ဟုတ်ပုံရပါပြီ ။ ပထမလူကလဲ ငါထမ်းလာတာကို ခွေးလို့ ပြောတယ် ။ ဒုတိယ လူတစ်စုကလဲ ခွေးလို့ပဲ ပြောကြတယ် ။ ဒီလူစုကလဲ ခွေးလို့ ပြောကြပြန်ပြီ ။ ငါ့ဥစ္စာဟာ ဆိတ်ဟုတ်ပုံမရပါဘူး ။ ခွေးပဲ ဟုတ်ပုံရပါတယ် ။ ကဲ ! သွားရောကွယ် ခွေးကြီး )))

- ဆိုပြီး ဆိတ်ကို လွှတ်ပစ်ထားခဲ့ပါသတဲ့ ။ အဲ့ဒီ့ဆိတ်ကို ဝိုင်းလိမ်ကြတဲ့ လူပေလူတေတစ်စုက သတ်ပြီး ချက်စားလိုက်ကြပါသတဲ့ ။ ဒါဟာ ပညာရှိပေမယ့် လူအများက ဝိုင်းပြောရင် ဇဝေဇဝါ ဖြစ်တက်ပုံကို ဟိတောပဒေသကျမ်းက ဆုံးမထားတဲ့ ဒဏ္ဍာရီ ပုံပြင်ကလေးပါပဲ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...