Skip to main content

ေရလိုက္မလႊဲ မိႀကဖို႕ !

zawgyi -

ေရလိုက္ မလႊဲမိႀကဖို႕ !
------
တစ္ခ်ိဳ႕ အေရးအသားေတြကို အမွတ္မထင္ေတြ႕ရတဲ႕အခါ ေက်းဇူးတင္လြန္းလို႕ ဘာေျပာရမွန္းမသိပဲ ျဖစ္ခဲ႕တာေတြ ႀကံဳဖူးတယ္ ။

တစ္ခါတစ္ေလ ကိုယ္မထင္ထားတဲ႕ ရႈေထာက္ကေန သံုးသပ္ျပသြားတဲ႕အပိုင္းေတြက မခ်ီးက်ဴးပဲ မေနနိုင္ေလာက္ေအာင္ ေတာ္လြန္းလွတယ္ ။

အဲ႕ဒီ႕ စကားေလးတစ္ခြန္း , အေရးအသား စာပိုဒ္ေလး တစ္ခ်ိဳ႕နဲ႕ အေျပာအေဟာေလး တစ္စ တစ္ပိုင္းေလာက္ဟာ ကုိယ္ေတြရဲ႕ ဆင္ျခင္တံုတရားကို ေျပာင္ေျပာင္ေျမာက္ေျမာက္ႀကီး ထုေထာင္းသြားသလို ခံစားမိဖူးတယ္ ။

တစ္ခ်ိဳ႕ကေတာ့ Facebook ဆိုတာ လူေပါင္းစံုလြန္းလို႕ အေပၚယံ အေရျပားေလးေလာက္ေတာင္ မွတ္သားစရာ မေကာင္းဘူးလို႕ ေျပာႀကတယ္ ။ အခ်ိန္ကုန္တယ္ ။ လူပင္ပန္းတယ္ ။ ျပီးေတာ့ ေရေရရာရာ တန္ဖိုးျမင့္ျမင့္ရတနာေတြ မရွိဘူးတဲ႕ ။

ဒါေပမယ့္ အဲ႕အဆိုဟာ မျပည့္စံုပါဘူး ။

စီးပြားေရးနဲ႕ ပတ္သတ္လို႕ ဟိုတစ္ေန႕က စာတိုေလးတစ္ခု ေတြ႕လိုက္ရတယ္ ။ ေရးထားတာ စာသားေလး သံုးေႀကာင္းေလာက္ရယ္ပါ ။ စာတိုသေလာက္ အေတာ္ေလး ေကာင္းတဲ႕ ပညာေပး သရုပ္သ႑ာန္ေလး ။ သူေရးထားတာက . . .

သံုးသိန္းတန္ အေကာင္းစား ပိုက္ဆံအိတ္ကိုကိုင္ျပီး အထဲမွာ ဘာမွ မရွိတာမ်ိဳးကို မလုပ္ပါနဲ႕ ။

တစ္ေသာင္းတန္ ပိုက္ဆံအိတ္ကိုကိုင္ျပီး အထဲမွာ ႏွစ္သိန္းကိုးေသာင္း ထည့္ထားနိုင္တာကို ဂုဏ္ယူပါ ။

လူေတြဟာ အေပၚယံ ပကာသဏကို ႀကည့္ျပီး ေရလိုက္လႊဲႀကတဲ႕အခါ ဒုကၡဆိုတဲ႕ သူငယ္ခ်င္းနဲ႕ မိတ္ဖြဲ႕ႀကေလရဲ႕ တဲ႕ ။

#htoohtoolay



unicode -

ရေလိုက် မလွှဲမိကြဖို့ !
------
တစ်ချို့ အရေးအသားတွေကို အမှတ်မထင်တွေ့ရတဲ့အခါ ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းမသိပဲ ဖြစ်ခဲ့တာတွေ ကြုံဖူးတယ် ။

တစ်ခါတစ်လေ ကိုယ်မထင်ထားတဲ့ ရှုထောက်ကနေ သုံးသပ်ပြသွားတဲ့အပိုင်းတွေက မချီးကျူးပဲ မနေနိုင်လောက်အောင် တော်လွန်းလှတယ် ။

အဲ့ဒီ့ စကားလေးတစ်ခွန်း , အရေးအသား စာပိုဒ်လေး တစ်ချို့နဲ့ အပြောအဟောလေး တစ်စ တစ်ပိုင်းလောက်ဟာ ကိုယ်တွေရဲ့ ဆင်ခြင်တုံတရားကို ပြောင်ပြောင်မြောက်မြောက်ကြီး ထုထောင်းသွားသလို ခံစားမိဖူးတယ် ။

တစ်ချို့ကတော့ Facebook ဆိုတာ လူပေါင်းစုံလွန်းလို့ အပေါ်ယံ အရေပြားလေးလောက်တောင် မှတ်သားစရာ မကောင်းဘူးလို့ ပြောကြတယ် ။ အချိန်ကုန်တယ် ။ လူပင်ပန်းတယ် ။ ပြီးတော့ ရေရေရာရာ တန်ဖိုးမြင့်မြင့်ရတနာတွေ မရှိဘူးတဲ့ ။

ဒါပေမယ့် အဲ့အဆိုဟာ မပြည့်စုံပါဘူး ။

စီးပွားရေးနဲ့ ပတ်သတ်လို့ ဟိုတစ်နေ့က စာတိုလေးတစ်ခု တွေ့လိုက်ရတယ် ။ ရေးထားတာ စာသားလေး သုံးကြောင်းလောက်ရယ်ပါ ။ စာတိုသလောက် အတော်လေး ကောင်းတဲ့ ပညာပေး သရုပ်သဏ္ဍာန်လေး ။ သူရေးထားတာက . . .

သုံးသိန်းတန် အကောင်းစား ပိုက်ဆံအိတ်ကိုကိုင်ပြီး အထဲမှာ ဘာမှ မရှိတာမျိုးကို မလုပ်ပါနဲ့ ။

တစ်သောင်းတန် ပိုက်ဆံအိတ်ကိုကိုင်ပြီး အထဲမှာ နှစ်သိန်းကိုးသောင်း ထည့်ထားနိုင်တာကို ဂုဏ်ယူပါ ။

လူတွေဟာ အပေါ်ယံ ပကာသဏကို ကြည့်ပြီး ရေလိုက်လွှဲကြတဲ့အခါ ဒုက္ခဆိုတဲ့ သူငယ်ချင်းနဲ့ မိတ်ဖွဲ့ကြလေရဲ့ တဲ့ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...