Skip to main content

ႏွစ္သန္းေပါင္း ၁၅၀ ေက်ာ္မွ ရွားပါးအဏၰဝါ ေက်ာက္ျဖစ္႐ုပ္ႂကြင္း အိႏၵိယတြင္ေတြ႔ရွိ

zawgyi -

ႏွစ္သန္းေပါင္း ၁၅၀ ေက်ာ္မွ ရွားပါးအဏၰဝါ ေက်ာက္ျဖစ္႐ုပ္ႂကြင္း အိႏၵိယတြင္ေတြ႔ရွိ
------
ႏွစ္ေပါင္း ၁၅၂ သန္း သက္တမ္းရွိတဲ့ ရွားပါး အဏၰဝါ ေက်ာက္ျဖစ္႐ုပ္ႂကြင္းတခုကို အိႏၵိယႏိုင္ငံမွာ သိပၸံပညာရွင္ေတြက ရွာေဖြေတြ႔ရွိခဲ့ၾကတယ္လို႔ ဘီဘီစီသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

အစ္ခ်္သ႐ုိေဆာရ္စ္ (Ichthyosaurs) လို႔ အမည္ရတဲ့ ဒီသတၱဝါ႐ုပ္ႂကြင္းကို အိႏၵိယႏိုင္ငံအေနာက္ပိုင္း၊ ဂူဂ်ာရတ္တ္ျပည္နယ္၊ ခပ္ခ်္ေဒသတြင္းမွာ ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။

ခုေတြ႔ရွိရတဲ့ ႐ုပ္ႂကြင္းဟာ ႏွစ္ေပါင္း ၆၆ သန္းနဲ႔ ၂၅၂ သန္းၾကားကာလ မက္ဆိုဇိုးရစ္ေခတ္မွာ အသက္ရွင္ေနထိုင္ခဲ့တဲ့ တြားသြားသတၱဝါ အမ်ိဳးအစားျဖစ္တယ္လို႔ ဆိုပါတယ္။

ခႏၶာကိုယ္ပံုသဏၭာန္တခုလံုးနီးပါး ပါဝင္တဲ့ ဒီ႐ုပ္ႂကြင္းကို အေမရိက၊ ဥေရာပနဲ႔ ၾသစေၾတးလ် ေဒသေတြမွာ ေတြ႔ရွိရေပမယ့္ အိႏၵိယမွာ ခုလိုေတြ႔ရွိတာကေတာ့ အာရွေဒသအတြက္ ပထမဆံုး ျဖစ္လာခဲ့တာပါ။

ဒီသုေတသနအဖြဲ႔မွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ ပါေမာကၡ ဂန္တူပါလီ ဗာပရာဆက္ဒ္က ခုေတြ႔ရွိရတဲ့ ႐ုပ္ႂကြင္းနမူနာဟာ အလ်ား ၁၈ ေပရွိၿပီး ခႏၶာကိုယ္တခုလံုးနီးပါးပါပဲလို႔ ေျပာပါတယ္။

အဲဒီေဒသတြင္း ေလ့လာသုေတသနျပဳမႈကိုေတာ့ အိႏၵိယနဲ႔ ဂ်ာမနီႏုိင္ငံေတြက သိပၸံပညာရွင္ေတြ ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကၿပီး ဒီေတြ႔ရွိမႈကို Plos One သိပၸံသုေတသန ဂ်ာနယ္မွာ ေဖာ္ျပထားခဲ့ၿပီးျဖစ္တယ္လို႔႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဒီေတြ႔ရွိမႈေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၁၅၀ ေက်ာ္ကာလက ေတာင္အေမရိကနဲ႔ အိႏၵိယၾကား အဏၰဝါေဗဒဆိုင္ရာ ဆက္ႏြယ္မႈရွိမရွိ ဆိုတာကို ေလ့လာစူးစမ္းႏုိင္မယ့္ အလင္းေရာင္တစ ျဖစ္လာခဲ့ၿပီလို႔ ဆိုပါတယ္။

DVB

#htoohtoolay



unicode -


နှစ်သန်းပေါင်း ၁၅၀ ကျော်မှ ရှားပါးအဏ္ဏဝါ ကျောက်ဖြစ်ရုပ်ကြွင်း အိန္ဒိယတွင်တွေ့ရှိ
------
နှစ်ပေါင်း ၁၅၂ သန်း သက်တမ်းရှိတဲ့ ရှားပါး အဏ္ဏဝါ ကျောက်ဖြစ်ရုပ်ကြွင်းတခုကို အိန္ဒိယနိုင်ငံမှာ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

အစ်ချ်သရိုဆောရ်စ် (Ichthyosaurs) လို့ အမည်ရတဲ့ ဒီသတ္တဝါရုပ်ကြွင်းကို အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ဂူဂျာရတ်တ်ပြည်နယ်၊ ခပ်ချ်ဒေသတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

ခုတွေ့ရှိရတဲ့ ရုပ်ကြွင်းဟာ နှစ်ပေါင်း ၆၆ သန်းနဲ့ ၂၅၂ သန်းကြားကာလ မက်ဆိုဇိုးရစ်ခေတ်မှာ အသက်ရှင်နေထိုင်ခဲ့တဲ့ တွားသွားသတ္တဝါ အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်ပုံသဏ္ဌာန်တခုလုံးနီးပါး ပါဝင်တဲ့ ဒီရုပ်ကြွင်းကို အမေရိက၊ ဥရောပနဲ့ သြစတြေးလျ ဒေသတွေမှာ တွေ့ရှိရပေမယ့် အိန္ဒိယမှာ ခုလိုတွေ့ရှိတာကတော့ အာရှဒေသအတွက် ပထမဆုံး ဖြစ်လာခဲ့တာပါ။

ဒီသုတေသနအဖွဲ့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပါမောက္ခ ဂန်တူပါလီ ဗာပရာဆက်ဒ်က ခုတွေ့ရှိရတဲ့ ရုပ်ကြွင်းနမူနာဟာ အလျား ၁၈ ပေရှိပြီး ခန္ဓာကိုယ်တခုလုံးနီးပါးပါပဲလို့ ပြောပါတယ်။

အဲဒီဒေသတွင်း လေ့လာသုတေသနပြုမှုကိုတော့ အိန္ဒိယနဲ့ ဂျာမနီနိုင်ငံတွေက သိပ္ပံပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ဒီတွေ့ရှိမှုကို Plos One သိပ္ပံသုတေသန ဂျာနယ်မှာ ဖော်ပြထားခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီတွေ့ရှိမှုကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ကျော်ကာလက တောင်အမေရိကနဲ့ အိန္ဒိယကြား အဏ္ဏဝါဗေဒဆိုင်ရာ ဆက်နွယ်မှုရှိမရှိ ဆိုတာကို လေ့လာစူးစမ်းနိုင်မယ့် အလင်းရောင်တစ ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

DVB

#htoohtoolay


Comments