Skip to main content

အေနာက္တိုင္းသားေတြေရးတဲ႕ နိုင္ငံေရးေတြကို သံုးသပ္ႀကည့္ျခင္း !

zawgyi -

အေနာက္တိုင္းသားေတြေရးတဲ႕ နိုင္ငံေရးေတြကို သံုးသပ္ႀကည့္ျခင္း !
-----

နိုင္ငံေရးေတြက ေျပာရင္ နည္းနည္းရႈပ္တယ္ ။ အႀကမ္းဖ်င္း သံုးသပ္ရရင္ေတာ့ အေမရိကန္ရဲ႕ တစ္ကမၻာလံုး မူထဲကို ပါဝင္ေရးလို႕ေတာင္ ဆိုရမလိုပါပဲ ။ ဘာသာေရးစစ္ပြဲဆိုျပီး ခရုဆိတ္ ႀကီး ႏွစ္ေပါင္းမ်ားစြာ ျဖစ္ခဲ႕ေတာ့ အစၥလာမ္ လြန္သလား ခရစ္ယာန္ လြန္သလား မသဲကြဲေတာ့ဘူး ။ ဒါေပမယ့္ စစ္ပြဲႀကီးရပ္တန္႕သြားတာကေတာ့ ခရစ္ယာန္ေတြဘက္က ရပ္တန္႕လိုက္တာကေန စတာပါပဲ ။

ဆိုေတာ့ကာ အခု ကမၻာ႕အျမင္အရမွာ နာမည္ဆိုးနဲ႕ ေက်ာ္ႀကားတာကို ဂုဏ္ယူေနတဲ႕ IsIs ဆိုတာမ်ိဳးက ျဖစ္လာတယ္ ။ သူတို႕ကေတာ့ ကမၻာ့ခ်ဥ္ဘက္ျဖစ္သြားျပီ ။ သူတို႕ကို ဘာသာေရး စစ္ပြဲေတြ ျပန္လည္သက္သြင္းေနသူအျဖစ္ေတာင္ သတ္မွတ္ထားႀကျပီ ။ သူတို႕ရဲ႕ လုပ္ပံုေတြကလဲ အဲ႕သေဘာကို နားလည္ေအာင္ လက္ေတြ႕ လုပ္ေဆာင္ျပီး ရွင္းျပေနသလိုျဖစ္ေနတာကိုး ။

ဆိုေတာ့ကာ အႀကမ္းအားျဖစ္ ေျပာရရင္ေတာ့ မူဝါဒေတြကို ျခံဳလိုက္ရင္ ႏွစ္ပိုင္းထြက္လာလိမ့္မယ္ ။ တစ္ပိုင္းက အေနာက္တိုင္းနဲ႕ တစ္ပိုင္းက အေရွ႕ပိုင္းဆိုတဲ႕ ဧရိယာပဲ ။

စာေတြ ဖတ္ႀကည့္တယ္ ။ နိုင္ငံေရးေတြကို ဘာသာျပန္တဲ႕ စာအုပ္ေတြ အမ်ားႀကီး ထြက္တယ္ ။ အေနာက္တိုင္းသားေတြ မ်ားေသာအားျဖင့္ ေရးသားတာေတြ ပိုမ်ားပါတယ္ ။ အဲ႕ဒါေတြကို ဖတ္ႀကည့္ရင္ အဓိပၸါယ္တစ္ခု ထြက္ေပၚလာတာ ေတြ႕ရလိမ့္မယ္ ။

အဲ႕ဒါက ဘာလဲဆိုရင္ အေရွ႕တိုင္းသားေတြမွာ မူဝါဒေတြ အလြန္ကို ကြဲျပားႀကတယ္ ။ အဲ႕လို ကြဲျပားေနတာကလဲ ကိုယ့္မင္း ကိုယ့္ခ်င္း ဆိုတဲ႕ အတၱစိတ္ေတြကို အျခခံလို႕ျဖစ္ျပီး ဘုရား အမ်ားႀကီးက ဦးေဆာင္ကာ အသြင္မတူသူေတြက တစ္ဖက္နဲ႕ တစ္ဖက္ တိုက္ခိုက္ေနႀကလို႕ပဲတဲ႕ ။ အားလံုး ျခံဳလိုက္ရင္ကို ေျပာတာပါ ။

သူတို႕ ဆိုလိုခ်င္တာက ဥေရာပ ကို ႀကည့္မယ္ဆိုရင္ (အေနာက္တိုင္းသားတိုင္း ) က ခရစ္ယာန္ဆိုတဲ႕ ဘာသာတစ္ခုကိုပဲ ကိုးကြယ္ႀကတယ္ ။ အဲ႔လို ျဖစ္ေတာ့ အဆံုးအမကို ယံုႀကည္ျပီး ေပါင္းစည္းရတာ လြယ္ကူတယ္ ။ ဘုရားတစ္ဆူပဲရွိတဲ႕အတြက္ ဘာမွ ဘာသာေရး သေဘာတရားကြဲျပားစရာမရွိဘူး ။ အရာရာတိုင္းက ေပါင္စည္းရတာ လြယ္တယ္တဲ႕ ။ အဲ႕လို သူတို႕က ဆိုလိုႀကတယ္ ။

အေရွ႕တိုင္းသားေတြကေတာ့ အဲ႕လို မဟုတ္ဘူး ။ အေရွ႕တိုင္းမွာ ဘာသာေရး ဒႆနေတြ အယူဝါဒေတြ ဘာသာတရားေတြဆိုတာ အမ်ားခ်ည္း ကြဲျပားတယ္ ။ ခရစ္ယာန္ရွိသလို အစၥလာမ္လဲရွိတယ္ ။ ဗုဒၶဘာသာရွိသလို ဟိႏၵဴလဲ ရွိတယ္ ။ ကြန္ျဖဴရွပ္လို ဒႆနေတြကလဲ ပ်ံ႕ႏွံ႕တယ္ ။ အဲ႕လို အသြင္မတူသူေတြ အမ်ားခ်ည္း ေပါင္းစပ္ထားလို႕ တစ္ဖက္နဲ႕ တစ္ဖက္က တိုက္ခိုက္ေနႀကတယ္လို႕ သူတို႕က ျမင္ပံုရတယ္ ။

ဆိုေတာ့ကာ အေရးအသားေတြကိုႀကည့္ရင္ အေရွ႕တိုင္းသားေတြရဲ႕ အခက္အခဲေတြကို အတြင္းက်က် ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ေပၚေပၚတင္တင္ သံုးသပ္ျပတယ္ ။ ေဝဖန္ျပတယ္ ။ ဒီလိုရွိလို႕ ဒီလိုျဖစ္တာဆိုျပီး ရည္ညႊန္းသေယာင္ေယာင္ ေဖၚေဆာင္ျပတယ္ ။

ဘယ္အရာမဆို တန္းညွိတဲ႕အခါ ဗဟိုဆိုတဲ႕ အခ်က္တစ္ခု ထားရတာခ်ည္းပါပဲ ။ အဲ႕ဗဟိုက အမွန္တရား ျဖစ္ရမယ္ ။ သူက စံျပျဖစ္ရမယ္ ။ သူ႕ကို မူတည္ျပီး ေပတံတစ္ခုက မ်ဥ္းခ်ရပါတယ္ ။

ဒါေႀကာင့္ ဗဟိုစံျပကို အေနာက္တိုင္းသားေတြက အေနာက္တိုင္းသားေတြအျဖစ္ ပံုေဖၚတယ္ ။ ဒါဟာ အေရွ႕တိုင္းသားေတြအတြက္ လက္မခံခ်င္စရာပါပဲ ။

အေနာက္တိုင္းသားေတြနဲ႕ ဆက္ဆံမွ အေရွ႕တိုင္းသားေတြက တိုးတက္မယ္ ။ ယဥ္ေက်းမယ္ ။ ညာဏ္အလင္းေတာင္ ပြင့္လိမ့္မယ္ဆိုတာမ်ိဳးကို ရည္ညႊန္းႀကတယ္ ။ ဒါေႀကာင့္ အေနာက္တိုင္းသားေတြနဲ႕ ေပါင္းေဖၚတာဟာ အေရွ႕တိုင္းသားေတြအတြက္ အက်ိဳးမယုတ္ဘူးတဲ႔ ။

အဲ႕အဆိုကို တရုတ္က ျပင္းျပင္းထန္ထန္ ျငင္းဆန္တယ္ ။ ဒါေႀကာင့္လဲ အခုထိ တရုတ္နဲ႕ အေမရိကန္က အဆင္သိပ့္ေျပလွတယ္မရွိဘူးရယ္ ။ သူတို႕က ဘာသာေရး စည္းရုန္းမႈ မရွိဘူးလို႕လဲေျပာေသးတယ္ ။

သို႕ေသာ္ အခုခ်ိန္မွာ ဘာေႀကာင့္ အေနာက္တိုင္း တစ္ခုလံုးက ခရစ္ယာန္တစ္ဘာသာပဲ ကိုးကြယ္ႀကတာလဲ ။ အဲ႕အခ်က္က စိတ္ဝင္စားဖို႕ေကာင္းသလို တစ္ကမၻာလံုးကို နူလက္နက္ မေဆာက္ဖို႕အျပင္ နူလက္နက္ရဲ႕ အႏၱရာယ္ႀကီးပံုေတြကို ေရးစြဲျပသေသးတယ္ ။

ဒါေပမယ့္ အဲ႕ဒီ႕ နူကလီးယားလက္နက္မရွိခင္ အနုျမဴဗံုးဆိုတာ ေပၚဖူးတယ္ ။ ကမၻာေပၚကစစ္ပြဲတိုင္းမွာ ေပါက္ကြဲျပင္းအား အႀကီးမားဆံုး ဗံုးတစ္ခုပဲ ။ အဲ႔ဗံုးကို သူတို႕ အေနာက္တိုင္းသားေတြပဲ သံုးစြဲခဲ႕ႀကတာပါ ။ ဘယ္နိုင္ငံမွ မသံုးခဲ႕ဘူးေနာ္ ။ မရွိလို႕ လို႕ ေျပာရင္ ေျပာပါ ရတယ္ ။

ဒါေပမယ့္ သိရမွာက အဲ႕ဒုတိယစစ္ပြဲႀကီးျပီးေတာ့ ကမၻာ့ကုလသမၼဂၢဆိုတဲ႕ ျငိမ္းခ်မ္းေရး အဖြဲ႕ႀကီး ေပၚေပါက္လာတယ္ ။ အဲ႕အဆိုမွာ အခ်က္ေတြ အမ်ားခ်ည္းနဲ႔ ေပါင္းထားတာ ။ အဓိကကေတာ့ ေနာက္ထပ္ အပ်က္အဆီးမ်ားျပားမဲ႕ အေျခအေနေတြ မျဖစ္ေပၚေအာင္ ဖ်က္အားျပင္း အနုျမဴဗံုးေတြ မထုတ္လုပ္ဖို႕ သေဘာတူညီႀကတယ္ ။ ပါဝင္တဲ႕ နိုင္ငံေတြကလဲ လက္မွတ္ေတြ ေရးထိုးႀကတယ္ ။ အဲ႕အထိ ရွင္းပါတယ္ ။

မရွင္းတာက အနူျမဴဗံုးေတြ ထက္မထုတ္ဖို႕ဆိုျပီး သေဘာတူညီျပီးမွ အနူျမဴထက္ ဖ်က္အား တစ္ေသာင္းေလာက္ျပင္းတဲ႕ နူကလီးယားဗံုးႀကီးက ဘယ္လိုျဖစ္ျပီး အေနာက္တိုင္းသားေတြ ပိုင္ဆိုင္သြားတာလဲဆိုတာပါပဲ ။ ထက္မထုတ္လုပ္ဖို႕ေျပာျပီး သူတို႕ကပဲ အဲ႕သေဘာတူညီမႈႀကီးကို ေပၚေပၚတင္တင္ က်ဴးလြန္လိုက္တာမဟုတ္ဘူးလားလို႕ေတာင္ ေမးခြန္းထုတ္စရာရွိတယ္ ။ အဲ႕အရာအတြက္ အံ႕ႀသခ်က္က 9+  ပါပဲ ။

ႀကာလာေတာ့ အေရွ႕တိုင္းသားေတြလဲ မခံနိုင္ေတာ့ဘူး ။ ေျမာက္ကိုရီးယားက နူလက္နက္ပိုင္ဆိုင္ဖို႕ အလုအယက္ အငတ္အပ်က္ကို လိုလားလာေရာ ။ ေနာက္ျပီး တရုတ္ကလဲ ခပ္တည္တည္နဲ႕ နိုင္ငံေတာ္ လံုျခံဳေရးဆိုျပီး စစ္တပ္ေတြ ေပၚတင္ႀကီး တိုးခ်ဲ႕လိုက္တာ ျမင္လို႕ေတာင္ မေကာင္းေတာ့ဘူး ။

ဒါနဲ႕ အခု မဟာမိတ္ေတြကို ႀကည့္ရင္ သေဘာထားတူညီျပီး လက္တြဲႀကတဲ႕ နိိင္ငံေတြက ထူးထူးျခားျခားပဲ ဘာသာတူေတြ မ်ားေနတာ ေတြ႕ရတယ္ေနာ္ ။ အေနာက္တိုင္းကေတာ့ ေျပာစရာေတာင္ မလိုေလာက္ေအာင္ ခရစ္ယာန္ေတြ မ်ားျပီး ျမန္မာဗုဒၶဘာသာေတြကလဲ ရုရွား တရုတ္ အိႏၵိယ ကိုရီးယား(ေတာင္ , ေနာက္ပိုင္းေတာ့ ေျမာက္ ပါ ပါေကာ ) ဂ်ပန္ကလဲ ပါဝင္လာတယ္ ။ ထူးထူးျခားျခား ဘာသာေရးေတြက ဆက္ႏြယ္ေနႀကပါလား ။ ဘာပဲ ျဖစ္ျဖစ္ အစၥလာမ္က ေတာ့ တစ္သီးတစ္ျခားဆိုသေလာက္ပဲ ။ သေဘာထားေတြ ထူးထူးျခားျခား ထပ္တူႀကတာကို ေျပာပါတယ္ ။

#htoohtoolay




unicode -

အနောက်တိုင်းသားတွေရေးတဲ့ နိုင်ငံရေးတွေကို သုံးသပ်ကြည့်ခြင်း !
-----

နိုင်ငံရေးတွေက ပြောရင် နည်းနည်းရှုပ်တယ် ။ အကြမ်းဖျင်း သုံးသပ်ရရင်တော့ အမေရိကန်ရဲ့ တစ်ကမ္ဘာလုံး မူထဲကို ပါဝင်ရေးလို့တောင် ဆိုရမလိုပါပဲ ။ ဘာသာရေးစစ်ပွဲဆိုပြီး ခရုဆိတ် ကြီး နှစ်ပေါင်းများစွာ ဖြစ်ခဲ့တော့ အစ္စလာမ် လွန်သလား ခရစ်ယာန် လွန်သလား မသဲကွဲတော့ဘူး ။ ဒါပေမယ့် စစ်ပွဲကြီးရပ်တန့်သွားတာကတော့ ခရစ်ယာန်တွေဘက်က ရပ်တန့်လိုက်တာကနေ စတာပါပဲ ။

ဆိုတော့ကာ အခု ကမ္ဘာ့အမြင်အရမှာ နာမည်ဆိုးနဲ့ ကျော်ကြားတာကို ဂုဏ်ယူနေတဲ့ IsIs ဆိုတာမျိုးက ဖြစ်လာတယ် ။ သူတို့ကတော့ ကမ္ဘာ့ချဉ်ဘက်ဖြစ်သွားပြီ ။ သူတို့ကို ဘာသာရေး စစ်ပွဲတွေ ပြန်လည်သက်သွင်းနေသူအဖြစ်တောင် သတ်မှတ်ထားကြပြီ ။ သူတို့ရဲ့ လုပ်ပုံတွေကလဲ အဲ့သဘောကို နားလည်အောင် လက်တွေ့ လုပ်ဆောင်ပြီး ရှင်းပြနေသလိုဖြစ်နေတာကိုး ။

ဆိုတော့ကာ အကြမ်းအားဖြစ် ပြောရရင်တော့ မူဝါဒတွေကို ခြုံလိုက်ရင် နှစ်ပိုင်းထွက်လာလိမ့်မယ် ။ တစ်ပိုင်းက အနောက်တိုင်းနဲ့ တစ်ပိုင်းက အရှေ့ပိုင်းဆိုတဲ့ ဧရိယာပဲ ။

စာတွေ ဖတ်ကြည့်တယ် ။ နိုင်ငံရေးတွေကို ဘာသာပြန်တဲ့ စာအုပ်တွေ အများကြီး ထွက်တယ် ။ အနောက်တိုင်းသားတွေ များသောအားဖြင့် ရေးသားတာတွေ ပိုများပါတယ် ။ အဲ့ဒါတွေကို ဖတ်ကြည့်ရင် အဓိပ္ပါယ်တစ်ခု ထွက်ပေါ်လာတာ တွေ့ရလိမ့်မယ် ။

အဲ့ဒါက ဘာလဲဆိုရင် အရှေ့တိုင်းသားတွေမှာ မူဝါဒတွေ အလွန်ကို ကွဲပြားကြတယ် ။ အဲ့လို ကွဲပြားနေတာကလဲ ကိုယ့်မင်း ကိုယ့်ချင်း ဆိုတဲ့ အတ္တစိတ်တွေကို အခြခံလို့ဖြစ်ပြီး ဘုရား အများကြီးက ဦးဆောင်ကာ အသွင်မတူသူတွေက တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေကြလို့ပဲတဲ့ ။ အားလုံး ခြုံလိုက်ရင်ကို ပြောတာပါ ။

သူတို့ ဆိုလိုချင်တာက ဥရောပ ကို ကြည့်မယ်ဆိုရင် (အနောက်တိုင်းသားတိုင်း ) က ခရစ်ယာန်ဆိုတဲ့ ဘာသာတစ်ခုကိုပဲ ကိုးကွယ်ကြတယ် ။ အဲ့လို ဖြစ်တော့ အဆုံးအမကို ယုံကြည်ပြီး ပေါင်းစည်းရတာ လွယ်ကူတယ် ။ ဘုရားတစ်ဆူပဲရှိတဲ့အတွက် ဘာမှ ဘာသာရေး သဘောတရားကွဲပြားစရာမရှိဘူး ။ အရာရာတိုင်းက ပေါင်စည်းရတာ လွယ်တယ်တဲ့ ။ အဲ့လို သူတို့က ဆိုလိုကြတယ် ။

အရှေ့တိုင်းသားတွေကတော့ အဲ့လို မဟုတ်ဘူး ။ အရှေ့တိုင်းမှာ ဘာသာရေး ဒဿနတွေ အယူဝါဒတွေ ဘာသာတရားတွေဆိုတာ အများချည်း ကွဲပြားတယ် ။ ခရစ်ယာန်ရှိသလို အစ္စလာမ်လဲရှိတယ် ။ ဗုဒ္ဓဘာသာရှိသလို ဟိန္ဒူလဲ ရှိတယ် ။ ကွန်ဖြူရှပ်လို ဒဿနတွေကလဲ ပျံ့နှံ့တယ် ။ အဲ့လို အသွင်မတူသူတွေ အများချည်း ပေါင်းစပ်ထားလို့ တစ်ဖက်နဲ့ တစ်ဖက်က တိုက်ခိုက်နေကြတယ်လို့ သူတို့က မြင်ပုံရတယ် ။

ဆိုတော့ကာ အရေးအသားတွေကိုကြည့်ရင် အရှေ့တိုင်းသားတွေရဲ့ အခက်အခဲတွေကို အတွင်းကျကျ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပေါ်ပေါ်တင်တင် သုံးသပ်ပြတယ် ။ ဝေဖန်ပြတယ် ။ ဒီလိုရှိလို့ ဒီလိုဖြစ်တာဆိုပြီး ရည်ညွှန်းသယောင်ယောင် ဖေါ်ဆောင်ပြတယ် ။

ဘယ်အရာမဆို တန်းညှိတဲ့အခါ ဗဟိုဆိုတဲ့ အချက်တစ်ခု ထားရတာချည်းပါပဲ ။ အဲ့ဗဟိုက အမှန်တရား ဖြစ်ရမယ် ။ သူက စံပြဖြစ်ရမယ် ။ သူ့ကို မူတည်ပြီး ပေတံတစ်ခုက မျဉ်းချရပါတယ် ။

ဒါကြောင့် ဗဟိုစံပြကို အနောက်တိုင်းသားတွေက အနောက်တိုင်းသားတွေအဖြစ် ပုံဖေါ်တယ် ။ ဒါဟာ အရှေ့တိုင်းသားတွေအတွက် လက်မခံချင်စရာပါပဲ ။

အနောက်တိုင်းသားတွေနဲ့ ဆက်ဆံမှ အရှေ့တိုင်းသားတွေက တိုးတက်မယ် ။ ယဉ်ကျေးမယ် ။ ညာဏ်အလင်းတောင် ပွင့်လိမ့်မယ်ဆိုတာမျိုးကို ရည်ညွှန်းကြတယ် ။ ဒါကြောင့် အနောက်တိုင်းသားတွေနဲ့ ပေါင်းဖေါ်တာဟာ အရှေ့တိုင်းသားတွေအတွက် အကျိုးမယုတ်ဘူးတဲ့ ။

အဲ့အဆိုကို တရုတ်က ပြင်းပြင်းထန်ထန် ငြင်းဆန်တယ် ။ ဒါကြောင့်လဲ အခုထိ တရုတ်နဲ့ အမေရိကန်က အဆင်သိပ့်ပြေလှတယ်မရှိဘူးရယ် ။ သူတို့က ဘာသာရေး စည်းရုန်းမှု မရှိဘူးလို့လဲပြောသေးတယ် ။

သို့သော် အခုချိန်မှာ ဘာကြောင့် အနောက်တိုင်း တစ်ခုလုံးက ခရစ်ယာန်တစ်ဘာသာပဲ ကိုးကွယ်ကြတာလဲ ။ အဲ့အချက်က စိတ်ဝင်စားဖို့ကောင်းသလို တစ်ကမ္ဘာလုံးကို နူလက်နက် မဆောက်ဖို့အပြင် နူလက်နက်ရဲ့ အန္တရာယ်ကြီးပုံတွေကို ရေးစွဲပြသသေးတယ် ။

ဒါပေမယ့် အဲ့ဒီ့ နူကလီးယားလက်နက်မရှိခင် အနုမြူဗုံးဆိုတာ ပေါ်ဖူးတယ် ။ ကမ္ဘာပေါ်ကစစ်ပွဲတိုင်းမှာ ပေါက်ကွဲပြင်းအား အကြီးမားဆုံး ဗုံးတစ်ခုပဲ ။ အဲ့ဗုံးကို သူတို့ အနောက်တိုင်းသားတွေပဲ သုံးစွဲခဲ့ကြတာပါ ။ ဘယ်နိုင်ငံမှ မသုံးခဲ့ဘူးနော် ။ မရှိလို့ လို့ ပြောရင် ပြောပါ ရတယ် ။

ဒါပေမယ့် သိရမှာက အဲ့ဒုတိယစစ်ပွဲကြီးပြီးတော့ ကမ္ဘာ့ကုလသမ္မဂ္ဂဆိုတဲ့ ငြိမ်းချမ်းရေး အဖွဲ့ကြီး ပေါ်ပေါက်လာတယ် ။ အဲ့အဆိုမှာ အချက်တွေ အများချည်းနဲ့ ပေါင်းထားတာ ။ အဓိကကတော့ နောက်ထပ် အပျက်အဆီးများပြားမဲ့ အခြေအနေတွေ မဖြစ်ပေါ်အောင် ဖျက်အားပြင်း အနုမြူဗုံးတွေ မထုတ်လုပ်ဖို့ သဘောတူညီကြတယ် ။ ပါဝင်တဲ့ နိုင်ငံတွေကလဲ လက်မှတ်တွေ ရေးထိုးကြတယ် ။ အဲ့အထိ ရှင်းပါတယ် ။

မရှင်းတာက အနူမြူဗုံးတွေ ထက်မထုတ်ဖို့ဆိုပြီး သဘောတူညီပြီးမှ အနူမြူထက် ဖျက်အား တစ်သောင်းလောက်ပြင်းတဲ့ နူကလီးယားဗုံးကြီးက ဘယ်လိုဖြစ်ပြီး အနောက်တိုင်းသားတွေ ပိုင်ဆိုင်သွားတာလဲဆိုတာပါပဲ ။ ထက်မထုတ်လုပ်ဖို့ပြောပြီး သူတို့ကပဲ အဲ့သဘောတူညီမှုကြီးကို ပေါ်ပေါ်တင်တင် ကျူးလွန်လိုက်တာမဟုတ်ဘူးလားလို့တောင် မေးခွန်းထုတ်စရာရှိတယ် ။ အဲ့အရာအတွက် အံ့သြချက်က 9+  ပါပဲ ။

ကြာလာတော့ အရှေ့တိုင်းသားတွေလဲ မခံနိုင်တော့ဘူး ။ မြောက်ကိုရီးယားက နူလက်နက်ပိုင်ဆိုင်ဖို့ အလုအယက် အငတ်အပျက်ကို လိုလားလာရော ။ နောက်ပြီး တရုတ်ကလဲ ခပ်တည်တည်နဲ့ နိုင်ငံတော် လုံခြုံရေးဆိုပြီး စစ်တပ်တွေ ပေါ်တင်ကြီး တိုးချဲ့လိုက်တာ မြင်လို့တောင် မကောင်းတော့ဘူး ။

ဒါနဲ့ အခု မဟာမိတ်တွေကို ကြည့်ရင် သဘောထားတူညီပြီး လက်တွဲကြတဲ့ နိင်ငံတွေက ထူးထူးခြားခြားပဲ ဘာသာတူတွေ များနေတာ တွေ့ရတယ်နော် ။ အနောက်တိုင်းကတော့ ပြောစရာတောင် မလိုလောက်အောင် ခရစ်ယာန်တွေ များပြီး မြန်မာဗုဒ္ဓဘာသာတွေကလဲ ရုရှား တရုတ် အိန္ဒိယ ကိုရီးယား(တောင် , နောက်ပိုင်းတော့ မြောက် ပါ ပါကော ) ဂျပန်ကလဲ ပါဝင်လာတယ် ။ ထူးထူးခြားခြား ဘာသာရေးတွေက ဆက်နွယ်နေကြပါလား ။ ဘာပဲ ဖြစ်ဖြစ် အစ္စလာမ်က တော့ တစ်သီးတစ်ခြားဆိုသလောက်ပဲ ။ သဘောထားတွေ ထူးထူးခြားခြား ထပ်တူကြတာကို ပြောပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...