zawgyi -
ေသလွ်င္ျပတ္၏ ျပႆနာ !
-----
" ငါ့ရွင္ ယမက ! အာသေဝါ ကုန္ျပီးေသာ ရဟန္းသည္ ေသလွ်င္ ျပတ္သြား၏ ။ ေသျပီးသည့္ေနာက္ ဘာမွ် မရွိေတာ့ ။ ဘုရားရွင္ကိုယ္ေတာ္တိုင္က ဤသို႕ ေဟာႀကားထားေသာ ငါကိုယ္တိုင္ ႀကားနာခဲ႕ရ၏ ။ ဤသို႕အားျဖင့္ ယုတ္ညံ႕ေသာ မွားယြင္းေသာ အျမင္ရွိေနသည္ မွန္ပါသေလာ "
" မွန္ပါသည္ အရွင္ဘုရား ။ အာသေဝါကုန္ျပီးေသာရဟန္းသည္ ေသလွ်င္ ျပတ္သြား၏ ။ ေသျပီးသည့္ေနာက္ ဘာမွ် မရွိေတာ့ ။ ဘုရားရွင္ကိုယ္ေတာ္တိုင္က ဤသို႕ ေဟာႀကားထားေသာတရားကို တပည့္ေတာ္ကိုယ္တိုင္ ႀကားနာခဲ႕ရပါသည္ဘုရား "
အရွင္မဟာသာရိပုတၱရာ၏အေမးကို အရွင္ယမက က ရိုေသစြာ ေျဖႀကား၏ ။ အရွင္ယမက၏ အေျဖစကားတြင္ သူျမင္ထားသည္ကို ဝန္ခံျခင္းသာ ပါ၏ ။ ထိုအေျဖကို ယုတ္ညံ႕ပါသည္ မွားယြင္းပါသည္ဟူ၍ မျမင္ေသးသ၍ ဤသို႕ပင္ အခိုင္အမာ ရပ္တည္ေနအုန္းမည္ ျဖစ္ေပသည္ ။
ထို႕ေႀကာင့္ သူ႕အျမင္ကို ယုတ္ညံ႕ေႀကာင္း မွားယြင္းေႀကာင္း မိန္႕ဆိုမေနေတာ့ပဲ ခႏၶာငါးပါးတရားတို႕ျဖင့္ တစ္ခုခ်င္း တစ္ခုခ်င္း ေမးခြန္းထုတ္ရေပေတာ့သည္ ။
" ငါ့ရွင္ ! ရုပ္သည္ ျမဲသလား မျမဲဘူးလား "
' မျမဲပါ ဘုရား '
" ေဝဒနာေကာ "
' မျမဲပါဘုရား '
" သညာေကာ "
' မျမဲပါ ဘုရား '
" သခၤါရေကာ "
' မျမဲပါ ဘုရား '
" ဝိညာဏ္ေကာ "
' မျမဲပါ ဘုရား '
သခၤါရတရားဟူသမွ်ကို ခႏၶာဖြဲ႕လွ်င္ ဤရုပ္ ငါးမ်ိဳးသာ ရေလရာ ျမဲျမံခိုင္မာေသာ ခႏၶာဟူ၍ တစ္ခုတေလမွ် မရွိပံုကို ကိုယ္တိုင္အေျဖခိုင္းကာ အတၲဒိ႒ိ အစိုင္အခဲကို အက္ေႀကာင္း ေပးလိုက္ျပီးေနာက္ -
" ယခုေမးမည့္ေမးခြန္းကို သင္ျမင္သလို ေျဖစမ္းပါ ။ မျမဲေသာ ထိုခႏၶာငါးပါးကို သတၱဝါဟူ၍ သင္ရႈပါသလား "
' သတၲဝါဟူ၍ မရႈပါဘုရား '
" ခႏၶာငါးပါးထဲမွာေကာ ရႈစရာ ရွာေတြ႕ပါသလား "
' ခႏၶာငါးပါးထဲမွာလည္း ရႈစရာ ရွာမေတြ႔ပါဘုရား '
" ခႏၶာငါးပါးထဲမွာ ရွာမေတြ႕လွ်င္ ခႏၶာငါးပါးကို ဖယ္ႀကဥ္ထား၍ တျခားမွာေကာ ရွာေတြ႕ပါသလား "
' တျခားမွာလဲ ရွာမေတြ႕ပါဘုရား '
" သို႕ျဖစ္လွ်င္ ခႏၶာငါးပါမဟုတ္ေသာ သတၱဝါကိုေကာ သင္ရွာေတြ႕ပါသလား "
' ခႏၶာငါးပါးမဟုတ္ေသာ သတၱဝါကို ရွာမေတြ႔ပါ ဘုရား '
" ငါ့ရွင္ ယမက ။ သင့္ကို အမ်ိဳးမ်ိဳး အဖံုဖံု လွည့္၍ ေမးလာခဲ႕ျပီ ။ ေမးတိုင္း ေမးတိုင္းေသာ ပုစၦာတို႔တြင္ ေသစရာသတၱဝါ , မေသခင္က အသက္ရွင္ေနေသာ သတၲဝါကို သင္မျပနိုင္ ။ လက္ငင္း လက္ေတြ႕ဘဝမွာပင္ ေသစရာ ရွင္စရာ သတၱဝါဟူ၍ လက္ဆုပ္လက္ကိုင္ မျပနိိင္ပါပဲလ်က္ ေသလွ်င္ျပတ္၏ဟူေသာ စကားကို သင္ဆိုထိုက္ပါသလား "
ပစ္ကြင္းတည့္တည့္ကို ခ်ိန္၍ ပစ္လႊတ္လိုက္ေသာ အေျမာက္ဆန္ႀကီးပင္ ျဖစ္ေလ၏။ ဤ အေျမာက္ဆန္ႀကီးႏွင့္ အမွန္ခံရျပီးသည့္ေနာက္ ရွင္ယမက၏ စိတ္သႏၱန္တြင္ အတၱဒိ႒ိ အယူအစြဲတို႕ ေနာက္ထပ္တစ္ဖန္ တပ္စြဲလာစရာမရွိေတာ့ပါ ။ မိမိအျမင္ကို ဟုတ္တိုင္းမွန္စြာ ျမင္လာျပီးခ်ိန္တြင္ ဆက္လက္၍ ဖုံးကြယ္စရာမလိုေတာ့ပါ ။
' အရွင္သာရိပုတၱရာဘုရား ။ ဘုရားတပည့္ေတာ္တြင္ အသိအျမင္ မစင္ႀကယ္ေသးခင္က ယုတ္ညံ႕ေသာ မွားယြင္းေသာအျမင္ ျဖစ္ေပၚခဲ႕ဖူးပါသည္ ။ ယခု အရွင္ဘုရား၏ တရားေတာ္ကို ႀကားနာရသျဖင့္ ထိုယုတ္ညံ႕လွေသာ ထိုအျမင္မွားကို ပယ္စြန္႕ခဲ႔ပါျပီ ။ တရားကို တရားအတိုင္း ထိုးထြင္း သိျမင္ခဲ႔ပါျပီဘုရား '
( ညီေတာ္အာနႏၵာ၏ တစ္သက္တာမွတ္တမ္း (ပထမတြဲ ) စာ - ၁၄၆ မွ ၁၄၇ )
#htoohtoolay
unicode -
သေလျှင်ပြတ်၏ ပြဿနာ !
-----
" ငါ့ရှင် ယမက ! အာသဝေါ ကုန်ပြီးသော ရဟန်းသည် သေလျှင် ပြတ်သွား၏ ။ သေပြီးသည့်နောက် ဘာမျှ မရှိတော့ ။ ဘုရားရှင်ကိုယ်တော်တိုင်က ဤသို့ ဟောကြားထားသော ငါကိုယ်တိုင် ကြားနာခဲ့ရ၏ ။ ဤသို့အားဖြင့် ယုတ်ညံ့သော မှားယွင်းသော အမြင်ရှိနေသည် မှန်ပါသလော "
" မှန်ပါသည် အရှင်ဘုရား ။ အာသဝေါကုန်ပြီးသောရဟန်းသည် သေလျှင် ပြတ်သွား၏ ။ သေပြီးသည့်နောက် ဘာမျှ မရှိတော့ ။ ဘုရားရှင်ကိုယ်တော်တိုင်က ဤသို့ ဟောကြားထားသောတရားကို တပည့်တော်ကိုယ်တိုင် ကြားနာခဲ့ရပါသည်ဘုရား "
အရှင်မဟာသာရိပုတ္တရာ၏အမေးကို အရှင်ယမက က ရိုသေစွာ ဖြေကြား၏ ။ အရှင်ယမက၏ အဖြေစကားတွင် သူမြင်ထားသည်ကို ဝန်ခံခြင်းသာ ပါ၏ ။ ထိုအဖြေကို ယုတ်ညံ့ပါသည် မှားယွင်းပါသည်ဟူ၍ မမြင်သေးသ၍ ဤသို့ပင် အခိုင်အမာ ရပ်တည်နေအုန်းမည် ဖြစ်ပေသည် ။
ထို့ကြောင့် သူ့အမြင်ကို ယုတ်ညံ့ကြောင်း မှားယွင်းကြောင်း မိန့်ဆိုမနေတော့ပဲ ခန္ဓာငါးပါးတရားတို့ဖြင့် တစ်ခုချင်း တစ်ခုချင်း မေးခွန်းထုတ်ရပေတော့သည် ။
" ငါ့ရှင် ! ရုပ်သည် မြဲသလား မမြဲဘူးလား "
' မမြဲပါ ဘုရား '
" ဝေဒနာကော "
' မမြဲပါဘုရား '
" သညာကော "
' မမြဲပါ ဘုရား '
" သင်္ခါရကော "
' မမြဲပါ ဘုရား '
" ဝိညာဏ်ကော "
' မမြဲပါ ဘုရား '
သင်္ခါရတရားဟူသမျှကို ခန္ဓာဖွဲ့လျှင် ဤရုပ် ငါးမျိုးသာ ရလေရာ မြဲမြံခိုင်မာသော ခန္ဓာဟူ၍ တစ်ခုတလေမျှ မရှိပုံကို ကိုယ်တိုင်အဖြေခိုင်းကာ အတ္တဒိဋ္ဌိ အစိုင်အခဲကို အက်ကြောင်း ပေးလိုက်ပြီးနောက် -
" ယခုမေးမည့်မေးခွန်းကို သင်မြင်သလို ဖြေစမ်းပါ ။ မမြဲသော ထိုခန္ဓာငါးပါးကို သတ္တဝါဟူ၍ သင်ရှုပါသလား "
' သတ္တဝါဟူ၍ မရှုပါဘုရား '
" ခန္ဓာငါးပါးထဲမှာကော ရှုစရာ ရှာတွေ့ပါသလား "
' ခန္ဓာငါးပါးထဲမှာလည်း ရှုစရာ ရှာမတွေ့ပါဘုရား '
" ခန္ဓာငါးပါးထဲမှာ ရှာမတွေ့လျှင် ခန္ဓာငါးပါးကို ဖယ်ကြဉ်ထား၍ တခြားမှာကော ရှာတွေ့ပါသလား "
' တခြားမှာလဲ ရှာမတွေ့ပါဘုရား '
" သို့ဖြစ်လျှင် ခန္ဓာငါးပါမဟုတ်သော သတ္တဝါကိုကော သင်ရှာတွေ့ပါသလား "
' ခန္ဓာငါးပါးမဟုတ်သော သတ္တဝါကို ရှာမတွေ့ပါ ဘုရား '
" ငါ့ရှင် ယမက ။ သင့်ကို အမျိုးမျိုး အဖုံဖုံ လှည့်၍ မေးလာခဲ့ပြီ ။ မေးတိုင်း မေးတိုင်းသော ပုစ္ဆာတို့တွင် သေစရာသတ္တဝါ , မသေခင်က အသက်ရှင်နေသော သတ္တဝါကို သင်မပြနိုင် ။ လက်ငင်း လက်တွေ့ဘဝမှာပင် သေစရာ ရှင်စရာ သတ္တဝါဟူ၍ လက်ဆုပ်လက်ကိုင် မပြနိင်ပါပဲလျက် သေလျှင်ပြတ်၏ဟူသော စကားကို သင်ဆိုထိုက်ပါသလား "
ပစ်ကွင်းတည့်တည့်ကို ချိန်၍ ပစ်လွှတ်လိုက်သော အမြောက်ဆန်ကြီးပင် ဖြစ်လေ၏။ ဤ အမြောက်ဆန်ကြီးနှင့် အမှန်ခံရပြီးသည့်နောက် ရှင်ယမက၏ စိတ်သန္တန်တွင် အတ္တဒိဋ္ဌိ အယူအစွဲတို့ နောက်ထပ်တစ်ဖန် တပ်စွဲလာစရာမရှိတော့ပါ ။ မိမိအမြင်ကို ဟုတ်တိုင်းမှန်စွာ မြင်လာပြီးချိန်တွင် ဆက်လက်၍ ဖုံးကွယ်စရာမလိုတော့ပါ ။
' အရှင်သာရိပုတ္တရာဘုရား ။ ဘုရားတပည့်တော်တွင် အသိအမြင် မစင်ကြယ်သေးခင်က ယုတ်ညံ့သော မှားယွင်းသောအမြင် ဖြစ်ပေါ်ခဲ့ဖူးပါသည် ။ ယခု အရှင်ဘုရား၏ တရားတော်ကို ကြားနာရသဖြင့် ထိုယုတ်ညံ့လှသော ထိုအမြင်မှားကို ပယ်စွန့်ခဲ့ပါပြီ ။ တရားကို တရားအတိုင်း ထိုးထွင်း သိမြင်ခဲ့ပါပြီဘုရား '
( ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း (ပထမတွဲ ) စာ - ၁၄၆ မှ ၁၄၇ )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment