zawgyi -
ပေလတို၏ ငယ္တုန္းတာ ရွာနိုင္မည့္ ေက်းဇူးတရား !
------
ထိုအခါ ကြ်န္ပ္က ဆိဖလအား အလြန္မွန္ပါသည္ ဆိဖလ ။ ေမးခ်င္ပါေသးသည္ ။ ပစၥည္းဥစၥာမွ ရအပ္ေသာ စည္းစိမ္အေပါင္းတြင္ မည္သို႕ေသာ ေက်းဇူးသည္ အႀကီးဆံုး ျဖစ္ပါသလဲဟု ေမးလိုက္ပါသည္ ။
ထိုအခါ ဆိဖလ က ကြ်န္ပ္အား ဆိုခရတၱိ ! အကယ္၍ ဤမည္ေသာ ေက်းဇူးသည္ အႀကီးဆံုးျဖစ္၏ဟု ကြ်န္ပ္က ဆိုအံ့ ။ ကြ်န္ပ္ဆိုေသာ အဆိုကို လက္ခံႀကမည္မဟုတ္ဟု ကြ်န္ပ္ထင္သည္ ။ ကြ်န္ပ္ေျပာခ်င္သည္မွာ ဤသို႕ျဖစ္သည္ ။
အႀကင္သူသည္ ေသဘက္သို႕ နီးလာေသာ အရြယ္သို႕ေရာက္၏ ။ ေသဘက္သို႕ နီးလာျပီဟု သတိရ၏ ။ ေသေရးကို ေတြးဆျပဳလာ၏ ။ ထိုအခါ မည္သည့္အခါကမွ မျဖစ္ဖူးခဲ႕ေသာ ထိတ္လန္႕တုန္လႈပ္ျခင္းသည္ ထိုသူ၏ စိတ္၌ ျဖစ္လာတက္သည္ ။ ေအာက္အဝီစိ ေဟဒိဘံုသည္ ရွိ၏ ။ ဤဘဝ၌ မေကာင္းမႈ ဒုစရိုက္ ျပဳခဲ႕သည္ျဖစ္လွ်င္ ( ဝါ ) တရားမဲ႕ျခင္း အဓမၼအမႈကို ျပဳခဲ႕သည္ ျဖစ္လွ်င္ ေဟဒိဘံု၌ ငရဲခံႀကရ၏ဟူေသာ စကားတို႕သည္ ထိုသူ႕အဖို႕မွာ ယခင္အခါကေသာ္ ရယ္စရာ ေမာစရာ ေပါ့ေပါ့တန္တန္စကားမွ်သာျဖစ္ေသာ္လည္း ေသရမွာကို ေႀကာက္ေသာ ေႀကာက္စိတ္ ျဖစ္ေပၚလာေသာအခါ၌ကား ေဟဒိဘံုသည္ အကယ္ပင္ ရွိေလသေလာဟူေသာ သံသရ ကုကၠဳစၥသည္ ညွဥ္းပန္းႏွိပ့္စက္ျခင္းကို ျပဳလာသည္ ။
ထိုအခါ ထိုသူသည္ ေစာင့္တည္ရာမရ ျဖစ္လာတက္သည္ ။ ထိုသို႕ျဖစ္လာတက္သည္မွာ အိုမင္း၍ မစြမ္းမသန္ျဖစ္လာေသာေႀကာင့္ေသာ္လည္း ျဖစ္ရာသည္ ။ ေသဘက္သို႕နီးလာ၍ အသိအျမင္ ရွင္းလာသျဖင့္ စိုးရိမ္စိတ္ ေႀကာင္းႀကစိတ္တို႕သည္ အစုလိုက္ အျပံဳလိုက္ ဝင္လာေသာေႀကာင့္ေသာ္လည္း ျဖစ္ရာသည္ ။ ထိုအခါ ထိုသူသည္ မိမိ၏ အတိတ္ကို ျပန္လည္ေအာက္ေမ့၍ မိမိ၏ အတိတ္ကို ျပန္၍ ႀကည့္လာတက္သည္ ။
သူတစ္ပါးကို ငါ မတရား ျပဳခဲ႕မိသေလာဟု သူ႕ကိုယ္သူ ျပန္ေမးလာတက္သည္ ။ မတရားေသာ အမႈတို႕ကို ႀကိမ္ဖန္မ်ားစြာ ငါျပဳခဲ႕သည္ဟု အမွတ္ရလာ၍ စိတ္မသန္႕ ျဖစ္လာလွ်င္ ထိုသူသည္ အိပ့္ေနခိုက္၌ပင္ လန္႕ဖ်ပ္လူးလြန္႕တက္ေသာ ကေလးကဲ႕သို႕ အထိတ္တလန္႕ ျဖစ္လာတက္သည္ ။ ေရွ႕ေျပးနိမိတ္ဆိုးတို႕ကို ျမင္လာတက္သည္ ။
မတရားေသာအမႈတို႕ကို ငါမျပဳခဲ႕ဟု သိ၍ စိတ္သန္႕ေသာ သူအဖို႕မွာ ကဗ်ာစာဆို ပင္ဒါ ဆိုဖူးသည့္အတိုင္း ေကာင္းေသာလားရာသုဂတိသို႕ ငါေရာက္နိုင္၏ ဟူေသာ ေမွ်ာ္လင့္စရာ အာရံုတစ္ခုခုသည္ သူ၏ အိုမင္းမစြမ္းအရြယ္တြင္ စိတ္ေျဖစရာ ျဖစ္သည္ ။ လက္ကသံုး ေတာင္ေဝွးကဲ႕သို႕ သူ႕ကို ေဖးေဖးမမ ျပဳရာသည္ ။ ပင္ဒါက ဆိုခဲ႕သည္မွာ -
" အႀကင္သူသည္ တရားကိုေစာင့္၍ တရားႏွင့္အညီ က်င့္၏ ။ ထိုသူသည္ တရား၏ အေစာင့္ေရွာက္ကို ရအံ႕ဟု ေမွ်ာ္လင့္နိုင္၍ စိတ္သက္သာယာ ရနိုင္သည္ ။ ဤသို႕ျဖစ္ေမွ်ာ္လင့္စရာအာရံုသည္ သူ၏ အိုမင္းမစြမ္းအရြယ္တြင္ သူ႕အဖို႕ မိတ္ေကာင္း ေဆြေကာင္း ျဖစ္သည္ ။ မ , စ မည့္သူ ျဖစ္သည္ ။ ထိတ္လန္႕ တုန္လႈပ္ျခင္းမီးကို ျငိမ္းမည့္သူ ျဖစ္သည္ "
စာဆိုပင္ဒါသည္ ထိုသို႕ ဆိုခဲ႕သည္ မဟုတ္ပါေလာ ။ ထူးျခားလွေသာ အဆိုအမိတ္ မဟုတ္ပါေလာ ။ ဤတြင္ ပစၥည္းဥစၥာမွ ရအပ္ေသာ ေက်းဇူးႀကီးမားပံုသည္ ထင္ရွားလာပါျပီ ။ ထိုေက်းဇူးသည္ လူတိုင္းအဖို႕ကား မဟုတ္ ။ တရားေစာင့္သူ အဖို႕သာျဖစ္သည္ ။
ထိုေက်းဇူးကား အျခားမဟုတ္ ။ ပစၥည္းဥစၥာရွိေသာ အေႀကာင္းေႀကာင့္ ပစၥည္းရွာရာတြင္ ေကာက္က်စ္စဥ္းလဲျခင္း လိမ္လည္မိျခင္းတို႕ကို ျပဳဖို႕ မလိုလားေတာ့ျခင္းျဖစ္သည္ ။ ေကာက္က်စ္စဥ္းလဲမည္ လိမ္လည္မည္ဟု ႀကံရြယ္ျခင္း မရွိပါပဲလ်က္ ေကာက္က်စ္စဥ္းလဲျခင္း လိမ္လည္ျခင္းတို႕ကိုပင္ ျပဳဖို႕ မလိုေတာ့ျခင္း ျဖစ္သည္ ။
ထိုအျပင္ ဘဝ တစ္ပါးသို႕ ကူးေသာအခါ နတ္ေဒဝါတို႔ကို ပူေဇာ္စရာ ရွိပါလ်က္ ေငြမရွိ၍ ပူေဇာ္ျခင္း မျပဳခဲ႕ရဟုေသာ္ လည္းေကာင္း ။ ေႀကြးျမီး ေပးဆပ္စရာ ရွိပါလ်က္ ေငြမရွိ၍ ေပးဆပ္ျခင္း မျပဳခဲ႔ရဟုေသာ္ လည္းေကာင္း ပူပန္ရန္ မလိုေတာ့ျခင္းလည္း ျဖစ္သည္ ။
ဤသို႕ျဖစ္ အေသေျဖာင့္မည္ဟူေသာ ႏွလံုးသြင္း ရွိနိုင္ျခင္းေႀကာင့္ စိတ္ေအးရျခင္း ေက်းဇူးကို ခံစားနိုင္သည္ ။ တစ္ျခား တစ္ပါးေသာ ေက်းဇူးမ်ားလည္း ရွိႀကပါ၏ ။ သို႕ရာတြင္ ခ်ိန္စက္၍ ႀကည့္ေသာအခါ အေသေျဖာင့္မည္ဟူေသာ ႏွလံုးသြင္းေႀကာင့္ စိတ္ေအးရျခင္းေက်းဇူးသည္ စဥ္းစားတက္ေသာသူအဖို႕မွာ အႀကီးဆံုး အျမတ္ဆံုးျဖစ္သည္ဟု ကြ်န္ပ္ ယူပါသည္ ။
ထိုအခါ ကြ်န္ပ္က ဆိဖလအား ေကာင္းေလစြ ေကာင္းေလစြဟု ဆို၍ သာဓုေခၚလိုက္ပါသည္ ။
( ပေလးတို နိဒါန္း - စာ - ၂၈၁ , ၂၈၂ )
#htoohtoolay
unicode -
ပလေတို၏ ငယ်တုန်းတာ ရှာနိုင်မည့် ကျေးဇူးတရား !
------
ထိုအခါ ကျွန်ပ်က ဆိဖလအား အလွန်မှန်ပါသည် ဆိဖလ ။ မေးချင်ပါသေးသည် ။ ပစ္စည်းဥစ္စာမှ ရအပ်သော စည်းစိမ်အပေါင်းတွင် မည်သို့သော ကျေးဇူးသည် အကြီးဆုံး ဖြစ်ပါသလဲဟု မေးလိုက်ပါသည် ။
ထိုအခါ ဆိဖလ က ကျွန်ပ်အား ဆိုခရတ္တိ ! အကယ်၍ ဤမည်သော ကျေးဇူးသည် အကြီးဆုံးဖြစ်၏ဟု ကျွန်ပ်က ဆိုအံ့ ။ ကျွန်ပ်ဆိုသော အဆိုကို လက်ခံကြမည်မဟုတ်ဟု ကျွန်ပ်ထင်သည် ။ ကျွန်ပ်ပြောချင်သည်မှာ ဤသို့ဖြစ်သည် ။
အကြင်သူသည် သေဘက်သို့ နီးလာသော အရွယ်သို့ရောက်၏ ။ သေဘက်သို့ နီးလာပြီဟု သတိရ၏ ။ သေရေးကို တွေးဆပြုလာ၏ ။ ထိုအခါ မည်သည့်အခါကမှ မဖြစ်ဖူးခဲ့သော ထိတ်လန့်တုန်လှုပ်ခြင်းသည် ထိုသူ၏ စိတ်၌ ဖြစ်လာတက်သည် ။ အောက်အဝီစိ ဟေဒိဘုံသည် ရှိ၏ ။ ဤဘဝ၌ မကောင်းမှု ဒုစရိုက် ပြုခဲ့သည်ဖြစ်လျှင် ( ဝါ ) တရားမဲ့ခြင်း အဓမ္မအမှုကို ပြုခဲ့သည် ဖြစ်လျှင် ဟေဒိဘုံ၌ ငရဲခံကြရ၏ဟူသော စကားတို့သည် ထိုသူ့အဖို့မှာ ယခင်အခါကသော် ရယ်စရာ မောစရာ ပေါ့ပေါ့တန်တန်စကားမျှသာဖြစ်သော်လည်း သေရမှာကို ကြောက်သော ကြောက်စိတ် ဖြစ်ပေါ်လာသောအခါ၌ကား ဟေဒိဘုံသည် အကယ်ပင် ရှိလေသလောဟူသော သံသရ ကုက္ကုစ္စသည် ညှဉ်းပန်းနှိပ့်စက်ခြင်းကို ပြုလာသည် ။
ထိုအခါ ထိုသူသည် စောင့်တည်ရာမရ ဖြစ်လာတက်သည် ။ ထိုသို့ဖြစ်လာတက်သည်မှာ အိုမင်း၍ မစွမ်းမသန်ဖြစ်လာသောကြောင့်သော်လည်း ဖြစ်ရာသည် ။ သေဘက်သို့နီးလာ၍ အသိအမြင် ရှင်းလာသဖြင့် စိုးရိမ်စိတ် ကြောင်းကြစိတ်တို့သည် အစုလိုက် အပြုံလိုက် ဝင်လာသောကြောင့်သော်လည်း ဖြစ်ရာသည် ။ ထိုအခါ ထိုသူသည် မိမိ၏ အတိတ်ကို ပြန်လည်အောက်မေ့၍ မိမိ၏ အတိတ်ကို ပြန်၍ ကြည့်လာတက်သည် ။
သူတစ်ပါးကို ငါ မတရား ပြုခဲ့မိသလောဟု သူ့ကိုယ်သူ ပြန်မေးလာတက်သည် ။ မတရားသော အမှုတို့ကို ကြိမ်ဖန်များစွာ ငါပြုခဲ့သည်ဟု အမှတ်ရလာ၍ စိတ်မသန့် ဖြစ်လာလျှင် ထိုသူသည် အိပ့်နေခိုက်၌ပင် လန့်ဖျပ်လူးလွန့်တက်သော ကလေးကဲ့သို့ အထိတ်တလန့် ဖြစ်လာတက်သည် ။ ရှေ့ပြေးနိမိတ်ဆိုးတို့ကို မြင်လာတက်သည် ။
မတရားသောအမှုတို့ကို ငါမပြုခဲ့ဟု သိ၍ စိတ်သန့်သော သူအဖို့မှာ ကဗျာစာဆို ပင်ဒါ ဆိုဖူးသည့်အတိုင်း ကောင်းသောလားရာသုဂတိသို့ ငါရောက်နိုင်၏ ဟူသော မျှော်လင့်စရာ အာရုံတစ်ခုခုသည် သူ၏ အိုမင်းမစွမ်းအရွယ်တွင် စိတ်ဖြေစရာ ဖြစ်သည် ။ လက်ကသုံး တောင်ဝှေးကဲ့သို့ သူ့ကို ဖေးဖေးမမ ပြုရာသည် ။ ပင်ဒါက ဆိုခဲ့သည်မှာ -
" အကြင်သူသည် တရားကိုစောင့်၍ တရားနှင့်အညီ ကျင့်၏ ။ ထိုသူသည် တရား၏ အစောင့်ရှောက်ကို ရအံ့ဟု မျှော်လင့်နိုင်၍ စိတ်သက်သာယာ ရနိုင်သည် ။ ဤသို့ဖြစ်မျှော်လင့်စရာအာရုံသည် သူ၏ အိုမင်းမစွမ်းအရွယ်တွင် သူ့အဖို့ မိတ်ကောင်း ဆွေကောင်း ဖြစ်သည် ။ မ , စ မည့်သူ ဖြစ်သည် ။ ထိတ်လန့် တုန်လှုပ်ခြင်းမီးကို ငြိမ်းမည့်သူ ဖြစ်သည် "
စာဆိုပင်ဒါသည် ထိုသို့ ဆိုခဲ့သည် မဟုတ်ပါလော ။ ထူးခြားလှသော အဆိုအမိတ် မဟုတ်ပါလော ။ ဤတွင် ပစ္စည်းဥစ္စာမှ ရအပ်သော ကျေးဇူးကြီးမားပုံသည် ထင်ရှားလာပါပြီ ။ ထိုကျေးဇူးသည် လူတိုင်းအဖို့ကား မဟုတ် ။ တရားစောင့်သူ အဖို့သာဖြစ်သည် ။
ထိုကျေးဇူးကား အခြားမဟုတ် ။ ပစ္စည်းဥစ္စာရှိသော အကြောင်းကြောင့် ပစ္စည်းရှာရာတွင် ကောက်ကျစ်စဉ်းလဲခြင်း လိမ်လည်မိခြင်းတို့ကို ပြုဖို့ မလိုလားတော့ခြင်းဖြစ်သည် ။ ကောက်ကျစ်စဉ်းလဲမည် လိမ်လည်မည်ဟု ကြံရွယ်ခြင်း မရှိပါပဲလျက် ကောက်ကျစ်စဉ်းလဲခြင်း လိမ်လည်ခြင်းတို့ကိုပင် ပြုဖို့ မလိုတော့ခြင်း ဖြစ်သည် ။
ထိုအပြင် ဘဝ တစ်ပါးသို့ ကူးသောအခါ နတ်ဒေဝါတို့ကို ပူဇော်စရာ ရှိပါလျက် ငွေမရှိ၍ ပူဇော်ခြင်း မပြုခဲ့ရဟုသော် လည်းကောင်း ။ ကြွေးမြီး ပေးဆပ်စရာ ရှိပါလျက် ငွေမရှိ၍ ပေးဆပ်ခြင်း မပြုခဲ့ရဟုသော် လည်းကောင်း ပူပန်ရန် မလိုတော့ခြင်းလည်း ဖြစ်သည် ။
ဤသို့ဖြစ် အသေဖြောင့်မည်ဟူသော နှလုံးသွင်း ရှိနိုင်ခြင်းကြောင့် စိတ်အေးရခြင်း ကျေးဇူးကို ခံစားနိုင်သည် ။ တစ်ခြား တစ်ပါးသော ကျေးဇူးများလည်း ရှိကြပါ၏ ။ သို့ရာတွင် ချိန်စက်၍ ကြည့်သောအခါ အသေဖြောင့်မည်ဟူသော နှလုံးသွင်းကြောင့် စိတ်အေးရခြင်းကျေးဇူးသည် စဉ်းစားတက်သောသူအဖို့မှာ အကြီးဆုံး အမြတ်ဆုံးဖြစ်သည်ဟု ကျွန်ပ် ယူပါသည် ။
ထိုအခါ ကျွန်ပ်က ဆိဖလအား ကောင်းလေစွ ကောင်းလေစွဟု ဆို၍ သာဓုခေါ်လိုက်ပါသည် ။
( ပလေးတို နိဒါန်း - စာ - ၂၈၁ , ၂၈၂ )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment