Skip to main content

အေကာင္း အဆိုး !

zawgyi -

အေကာင္း အဆိုး !
------
လူတစ္ေယာက္အတြက္ ေကာင္းတာနဲ႕ ဆိုးတာကို ပံုေဖၚတဲ႕အခါ အားလံုးေသာ ပုဂၢိဳလ္တိုင္းက အေကာင္းပဲ လိုခ်င္ႀကတာ မ်ားပါလိမ့္မယ္ ။ ဒါေႀကာင့္လဲ အဆိုးနဲ႕ ႀကံဳေတြ႕ရတဲ႕အခါ ျငီးညဴတက္ႀကတယ္မဟုတ္လား ။

အဲ႕အရာကို ေသေသျခာျခာ ကြ်န္ေတာ္တို႕ စီစစ္ႀကည့္မယ္ဆိုရင္ ထူးထူးျခားျခားပဲ နက္နဲတဲ႕ သေဘာတရားေတြ နစ္ျမွပ္ေနတာ ေတြ႕ရလိမ့္မယ္ ။

လူတစ္ေယာက္အတြက္ျဖစ္ေစ တိရိစၦာန္တစ္ေကာင္အတြက္ျဖစ္ေစ အစစ အရာရာမွာ ေကာင္းတာနဲ႕ ဆိုးတာက စီးခ်င္းထိုးေနသလို သာတဲ႕သူက ေနရာဝင္ယူေနတာ ေတြ႕ရပါလိမ့္မယ္ ။ ႏွစ္သက္စရာေတြ႕တဲ႕အခါ ေပ်ာ္ရႊင္ေနတက္ျပီး မႏွစ္သက္စရာနဲ႕ ႀကံဳေတြ႕လာရခ်ိန္မွာေတာ့ တုန္႕ျပန္နိုင္မႈစြမ္းအင္ဟာ ခက္ထန္မာေႀကာေနတက္ပါတယ္ ။

အဲ႕အရာနဲ႕ ပတ္သတ္လို႕လဲ လြန္ခဲ႕တဲ႕ ႏွစ္ေပါင္းမ်ားစြာက အေတြးအေခၚပညာရွင္ေတြဟာ နည္းအမ်ိဳးမ်ိဳးနဲ႕ ေကာက္ခ်က္ခ်မႈေတြ လုပ္ခဲ႕ႀကတယ္ ။

တစ္ခ်ိဳ႕က အေကာင္းဆိုတာဟာ လူေကာင္းတစ္ဦးမွာတာ တည္ျမဲတယ္လို႕ လက္ခံႀကသလို တစ္ခ်ိဳ႕ကေတာ့ အေကာင္းအဆိုးေတြရဲ႕သေဘာက မိုက္ေသာသူနဲ႕ သရဲေဘာေႀကာင္သူေတြမွာ အဆိုးဆိုတဲ႕အရာက ကိန္းဝွပ္ေနျပီး ရဲရင့္သူနဲ႕ သူေတာ္သူေကာင္းေတြမွာ ေကာင္းျခင္းမဂၤလာေတြဟာ ျဖစ္တည္ႀကပါသတဲ႕ ။

ဒါက ေရွးေခတ္က ပညာရွင္ေတြ လက္ခံထားႀကပံုပါ။

ဆိုေတာ့ကာ ကြ်န္ေတာ္တို႕ေတြ လိုအပ္ေနတာက ေကာင္းျခင္းမဂၤလာေတြ ျဖစ္တယ္ ။ ကိုယ္ႏွစ္သက္တဲ႕အရာေတြျဖစ္တယ္ ။ ကိုယ့္ရဲ႕ အက်ိဳးအတြက္ပဲ လိုလားႀကတယ္ ။ ဒါေႀကာင့္ အဆိုးေတြ ဝင္လာတဲ႕အခါ စိတ္ေတြ ရႈပ္ေထြးႀကရတယ္ ။ စိတ္ညစ္ႀကရတယ္္ ။ ကိုယ့္သေဘာအတိုင္းမျဖစ္တဲ႕အခါ ခက္ထန္တဲ႕ အျပဳအမူေတြကိုလဲ ပံုေဖၚလာတက္ႀကတယ္ ။

ဒါဆို ကြ်န္ေတာ္တို႕ေတြအတြက္ ေကာင္ျခင္းနဲ႕ ဆိုးျခင္းဟာ တစ္ျခားစီးျဖစ္ႀကသလို အက်ိဳးျပဳပံု စရိုက္လကၡဏာေတြဟာလဲ ထူးျခားစြာ ကြဲလြဲဆန္႕က်င္ေနႀကတယ္လို႕ နားလည္ထားႀကပါတယ္ ။

ေကာင္းျခင္းခ်ည္းပဲ ကြ်န္ေတာ္တို႕ လိုခ်င္တယ္ ။ ဆိုးျခင္းဆိုတာနဲ႕ လံုးဝကို မေတြ႕ခ်င္ႀကဘူး ။ မလိုခ်င္ႀကဘူး ။ လက္လဲ မခံနိုင္ႀကဘူး ။

သို႕ေသာ္ အဲ႕လို ရယူလိုခ်က္က တစ္ကယ္ေကာ မွန္ကန္ပါရဲ႕လား ? . . . .  ဒါက စဥ္းစားစရာပါ ။

အဲ႕အရာအတြက္ ဥပမာေလးေတြနဲ႕ ကြ်န္ေတာ္တို႕ စဥ္းစားအေျဖရွာႀကည့္ဖို႕ လိုမယ္ထင္ပါတယ္ ။

လူတစ္ေယာက္ဟာ ေရငပ္ေနတယ္ဆိုပါစို႕ ။ အဲ႕အခါ ေရကို လိုအပ္ေနတဲ႕အခ်ိန္မွာ သူ႕အတြက္ အဲ႕ အေျခေနတစ္ခုက ေကာင္းျခင္းျဖစ္မလား (ဝါ) ဆိုးျခင္း ျဖစ္မလား ။ ဒါကေတာ့ ရွင္းပါတယ္ ။ ဆိုးျခင္းျဖစ္ေနမွာေပါ့ ။

အဲ႕ဒီ႕ေနာက္ သူက ေရကို ေသာက္သံုးခြင့္ရတယ္ ။ အဝ ေသာက္တယ္ ။ ေရဆာေျပတဲ႕အထိ ေသာက္သံုးလိုက္ရတဲ႕အခါ သူ႔အတြက္ အဲ႕ဒီ႕ ေရေသာက္ေနခ်ိန္က ေကာင္းျခင္းျဖစ္မလား (ဝါ) ဆိုးျခင္းျဖစ္မလား ။ ဒါလဲ ရွင္းတာပဲ ။ ေရဆာေနတဲ႕အခ်ိန္ ေရေသာက္ရတဲ႕ အရသာဟာ ေကာင္းျခင္းပဲမဟုတ္လား ။

ေျပာခ်င္တဲ႕ အဓိက အခ်က္က အဲ႕မွာ ပါလာပါျပီ ။ အဲ႕ဒီ႕ လူဟာ ေရဆာေနတဲ႕အခ်ိန္ ဆိုးျခင္းျဖစ္ေနျပီး , ေရေသာက္ေနတဲ႕အခ်ိန္ ေကာင္းျခင္းျဖစ္ေနတယ္ ။

ဒါဆို အဲ့ဒီ႕ လူဟာ ေကာင္းျခင္းႀကီးပဲ သူက လိုခ်င္ေနမယ္ဆိုရင္ သူက ဘယ္လို အေျခအေနနဲ႕ ဆက္ျပီး ရင္ဆိုင္ရနိုင္လဲ ။ ဆိုးျခင္းခ်ည္းပဲ ျဖစ္ေနတယ္ဆိုရင္ေကာ သူဟာ ဘယ္လိုအခက္အခဲနဲ႕ ရင္ဆိုင္ေတြ႕ႀကံဳမလဲ ။

ေသေသျခာျခာ စဥ္းစားေနာ္ ။ ကြ်န္ေတာ္တို႕ လက္ခံထားတာေလးကိုလဲ တစ္ခ်က္ ျပန္စဥ္းစား ။ ကြ်န္ေတာ္တို႕ လိုခ်င္တာက ေကာင္ျခင္းပဲ လိုခ်င္တာ ။ ပိုေကာင္းေလ ပိုျပီး ေကာင္းေလပဲလို႕ နားလည္ထားႀကတာ ။

ေရဆာေနတဲ႕အခ်ိန္ ေရေသာက္ရတဲ႕သူဟာ သူ႕အတြက္ ေကာင္းျခင္းနဲ႕ ဆိုးျခင္းဟာ ေရွ႕ဆင့္ ေနာက္ဆင့္ ပါလာတဲ႕အတြက္ သူ႔ဆီမွာ တရားမွ်တတဲ႕ အေျခေနတစ္ခု ရွိေနတယ္ ။ အဲ႕ဒီ႕ အေျခအေနေလးကိုမွ လက္မခံပဲ သူဟာ ေကာင္းျခင္းကို လိုလားတဲ႕အခါ ေရကို ဆက္ျပီးေတာ့ ေသာက္သံုးေနမယ္ဆိုရင္ သူ႕အတြက္ ဗိုက္ျပႆနာျဖစ္လာနိုင္ပါတယ္ ။ ရင္ျပည့္လာမယ္ ။ မအီမသာျဖစ္လာမယ္ ။ ဗိုက္ကာယ္လာမယ္ ။ အစရွိသလို မလိုလားအပ္တာေတြ ဆက္တိုက္ျဖစ္လာမယ္ ။

အဲ႕လိုမွမဟုတ္ပဲ ဆိုးျခင္းဆိုတဲ႕ ေရဆာေနတဲ႕အေျခအေနမွာပဲ ဆက္လက္ရွိေနမယ္ ဆိုရင္ ဆာေလာင္ႏွိမ့္စက္မႈဒဏ္ကို အျပင္းအထန္ ခံစားရမယ္ ။ ငရဲသမွ် စိတ္ေတြ ေျခာက္ျခားလာေစမယ္ ။ ဘာနဲ႕မွ မႏွိဳင္းစာေလာက္တဲ႕ ေဝဒနာေတြ ျဖစ္ေပၚလာလိမ့္မယ္ ။

ဒါဆို ဒီလူတစ္ေယာက္အတြက္ ဘယ္လိုအေျခအေနေလးက အသင့္ေလွ်ာ္ဆံုးလဲ ။ ရွင္းပါတယ္ ။ ေရဆာတယ္ ။ ေရေသာက္တယ္ ။ ဆာသေလာက္ပဲ ေသာက္တယ္ ။ ဒါပဲ လိုတယ္ ။

ဒါဆို ေရဆာတာကို ဆိုးျခင္းလို႕ မွတ္ရင္ ေရေသာက္တာကို ေကာင္းျခင္းလို႕ ဆိုမယ္ ။ အဆိုးလာတယ္ ။ ဆိုးတာကို ဖ်က္ဖို႕ ေကာင္းတာလာတယ္ ။ ဆိုးသေလာက္ပဲ ေကာင္းတာကို လိုတယ္ ။ ဒါပဲ ျဖစ္တယ္ ။

သို႕ေသာ္ ကြ်န္ေတာ္တို႕ေတြက အဲ႕ေလာက္နဲ႕ မရပ္တန္႔ႀကပါဘူး ။ ေကာင္းတာလာရင္ ေကာင္းတာခ်ည္းပဲ လိုခ်င္ႀကတဲ႕အတြက္ ကိုယ္ေတြမွာ ဘာနဲ႔ သြားတူညီေနလဲဆိုရင္ ေရဆာလို႕ ေရေသာက္ျပီးတာေတာင္ ေရမဆာလဲ ေရကို ထပ္ေသာက္ေနသလိုျဖစ္ေနပါတယ္ ။ အဲ႔အခါမွာေတာ့ ဗိုက္ျပည့္ ဗိုက္ကာယ္ တဲ႕ ဆိုးတာေတြ ခံစားလာရေကာ ။ ဒါက သေဘာဝလို႕အမ်ားေခၚႀကတဲ႕  ကိုယ္တိုင္ ျပဳမူစီမံရာ ကမၼတရားႀကီးပါ ။

လူတစ္ေယာက္အတြက္ ေကာင္းတာခ်ည္းပဲ လိုခ်င္ေနတယ္ဆိုတာဟာ သေဘာဝမက်ပါဘူး ။ သဘာဝက်တယ္ဆိုရင္ေတာ့ အဲ႕ဒီ႕ လူဟာ ဆိုးျခင္းေတြနဲ႔ ရင္ဆိုင္ရေတာ့မယ္လို႕ ေဗဒင္ေမးစရာမလိုေလာက္ေအာင္ ေရွ႕ျဖစ္ေဟာစတမ္း ထုတ္လိုက္ခ်င္မိပါေတာ့တယ္ ။

#htoohtoolay



unicode -


အကောင်း အဆိုး !
------
လူတစ်ယောက်အတွက် ကောင်းတာနဲ့ ဆိုးတာကို ပုံဖေါ်တဲ့အခါ အားလုံးသော ပုဂ္ဂိုလ်တိုင်းက အကောင်းပဲ လိုချင်ကြတာ များပါလိမ့်မယ် ။ ဒါကြောင့်လဲ အဆိုးနဲ့ ကြုံတွေ့ရတဲ့အခါ ငြီးညူတက်ကြတယ်မဟုတ်လား ။

အဲ့အရာကို သေသေခြာခြာ ကျွန်တော်တို့ စီစစ်ကြည့်မယ်ဆိုရင် ထူးထူးခြားခြားပဲ နက်နဲတဲ့ သဘောတရားတွေ နစ်မြှပ်နေတာ တွေ့ရလိမ့်မယ် ။

လူတစ်ယောက်အတွက်ဖြစ်စေ တိရိစ္ဆာန်တစ်ကောင်အတွက်ဖြစ်စေ အစစ အရာရာမှာ ကောင်းတာနဲ့ ဆိုးတာက စီးချင်းထိုးနေသလို သာတဲ့သူက နေရာဝင်ယူနေတာ တွေ့ရပါလိမ့်မယ် ။ နှစ်သက်စရာတွေ့တဲ့အခါ ပျော်ရွှင်နေတက်ပြီး မနှစ်သက်စရာနဲ့ ကြုံတွေ့လာရချိန်မှာတော့ တုန့်ပြန်နိုင်မှုစွမ်းအင်ဟာ ခက်ထန်မာကြောနေတက်ပါတယ် ။

အဲ့အရာနဲ့ ပတ်သတ်လို့လဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတွေးအခေါ်ပညာရှင်တွေဟာ နည်းအမျိုးမျိုးနဲ့ ကောက်ချက်ချမှုတွေ လုပ်ခဲ့ကြတယ် ။

တစ်ချို့က အကောင်းဆိုတာဟာ လူကောင်းတစ်ဦးမှာတာ တည်မြဲတယ်လို့ လက်ခံကြသလို တစ်ချို့ကတော့ အကောင်းအဆိုးတွေရဲ့သဘောက မိုက်သောသူနဲ့ သရဲဘောကြောင်သူတွေမှာ အဆိုးဆိုတဲ့အရာက ကိန်းဝှပ်နေပြီး ရဲရင့်သူနဲ့ သူတော်သူကောင်းတွေမှာ ကောင်းခြင်းမင်္ဂလာတွေဟာ ဖြစ်တည်ကြပါသတဲ့ ။

ဒါက ရှေးခေတ်က ပညာရှင်တွေ လက်ခံထားကြပုံပါ။

ဆိုတော့ကာ ကျွန်တော်တို့တွေ လိုအပ်နေတာက ကောင်းခြင်းမင်္ဂလာတွေ ဖြစ်တယ် ။ ကိုယ်နှစ်သက်တဲ့အရာတွေဖြစ်တယ် ။ ကိုယ့်ရဲ့ အကျိုးအတွက်ပဲ လိုလားကြတယ် ။ ဒါကြောင့် အဆိုးတွေ ဝင်လာတဲ့အခါ စိတ်တွေ ရှုပ်ထွေးကြရတယ် ။ စိတ်ညစ်ကြရတယ် ။ ကိုယ့်သဘောအတိုင်းမဖြစ်တဲ့အခါ ခက်ထန်တဲ့ အပြုအမူတွေကိုလဲ ပုံဖေါ်လာတက်ကြတယ် ။

ဒါဆို ကျွန်တော်တို့တွေအတွက် ကောင်ခြင်းနဲ့ ဆိုးခြင်းဟာ တစ်ခြားစီးဖြစ်ကြသလို အကျိုးပြုပုံ စရိုက်လက္ခဏာတွေဟာလဲ ထူးခြားစွာ ကွဲလွဲဆန့်ကျင်နေကြတယ်လို့ နားလည်ထားကြပါတယ် ။

ကောင်းခြင်းချည်းပဲ ကျွန်တော်တို့ လိုချင်တယ် ။ ဆိုးခြင်းဆိုတာနဲ့ လုံးဝကို မတွေ့ချင်ကြဘူး ။ မလိုချင်ကြဘူး ။ လက်လဲ မခံနိုင်ကြဘူး ။

သို့သော် အဲ့လို ရယူလိုချက်က တစ်ကယ်ကော မှန်ကန်ပါရဲ့လား ? . . . .  ဒါက စဉ်းစားစရာပါ ။

အဲ့အရာအတွက် ဥပမာလေးတွေနဲ့ ကျွန်တော်တို့ စဉ်းစားအဖြေရှာကြည့်ဖို့ လိုမယ်ထင်ပါတယ် ။

လူတစ်ယောက်ဟာ ရေငပ်နေတယ်ဆိုပါစို့ ။ အဲ့အခါ ရေကို လိုအပ်နေတဲ့အချိန်မှာ သူ့အတွက် အဲ့ အခြေနေတစ်ခုက ကောင်းခြင်းဖြစ်မလား (ဝါ) ဆိုးခြင်း ဖြစ်မလား ။ ဒါကတော့ ရှင်းပါတယ် ။ ဆိုးခြင်းဖြစ်နေမှာပေါ့ ။

အဲ့ဒီ့နောက် သူက ရေကို သောက်သုံးခွင့်ရတယ် ။ အဝ သောက်တယ် ။ ရေဆာပြေတဲ့အထိ သောက်သုံးလိုက်ရတဲ့အခါ သူ့အတွက် အဲ့ဒီ့ ရေသောက်နေချိန်က ကောင်းခြင်းဖြစ်မလား (ဝါ) ဆိုးခြင်းဖြစ်မလား ။ ဒါလဲ ရှင်းတာပဲ ။ ရေဆာနေတဲ့အချိန် ရေသောက်ရတဲ့ အရသာဟာ ကောင်းခြင်းပဲမဟုတ်လား ။

ပြောချင်တဲ့ အဓိက အချက်က အဲ့မှာ ပါလာပါပြီ ။ အဲ့ဒီ့ လူဟာ ရေဆာနေတဲ့အချိန် ဆိုးခြင်းဖြစ်နေပြီး , ရေသောက်နေတဲ့အချိန် ကောင်းခြင်းဖြစ်နေတယ် ။

ဒါဆို အဲ့ဒီ့ လူဟာ ကောင်းခြင်းကြီးပဲ သူက လိုချင်နေမယ်ဆိုရင် သူက ဘယ်လို အခြေအနေနဲ့ ဆက်ပြီး ရင်ဆိုင်ရနိုင်လဲ ။ ဆိုးခြင်းချည်းပဲ ဖြစ်နေတယ်ဆိုရင်ကော သူဟာ ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်တွေ့ကြုံမလဲ ။

သေသေခြာခြာ စဉ်းစားနော် ။ ကျွန်တော်တို့ လက်ခံထားတာလေးကိုလဲ တစ်ချက် ပြန်စဉ်းစား ။ ကျွန်တော်တို့ လိုချင်တာက ကောင်ခြင်းပဲ လိုချင်တာ ။ ပိုကောင်းလေ ပိုပြီး ကောင်းလေပဲလို့ နားလည်ထားကြတာ ။

ရေဆာနေတဲ့အချိန် ရေသောက်ရတဲ့သူဟာ သူ့အတွက် ကောင်းခြင်းနဲ့ ဆိုးခြင်းဟာ ရှေ့ဆင့် နောက်ဆင့် ပါလာတဲ့အတွက် သူ့ဆီမှာ တရားမျှတတဲ့ အခြေနေတစ်ခု ရှိနေတယ် ။ အဲ့ဒီ့ အခြေအနေလေးကိုမှ လက်မခံပဲ သူဟာ ကောင်းခြင်းကို လိုလားတဲ့အခါ ရေကို ဆက်ပြီးတော့ သောက်သုံးနေမယ်ဆိုရင် သူ့အတွက် ဗိုက်ပြဿနာဖြစ်လာနိုင်ပါတယ် ။ ရင်ပြည့်လာမယ် ။ မအီမသာဖြစ်လာမယ် ။ ဗိုက်ကာယ်လာမယ် ။ အစရှိသလို မလိုလားအပ်တာတွေ ဆက်တိုက်ဖြစ်လာမယ် ။

အဲ့လိုမှမဟုတ်ပဲ ဆိုးခြင်းဆိုတဲ့ ရေဆာနေတဲ့အခြေအနေမှာပဲ ဆက်လက်ရှိနေမယ် ဆိုရင် ဆာလောင်နှိမ့်စက်မှုဒဏ်ကို အပြင်းအထန် ခံစားရမယ် ။ ငရဲသမျှ စိတ်တွေ ခြောက်ခြားလာစေမယ် ။ ဘာနဲ့မှ မနှိုင်းစာလောက်တဲ့ ဝေဒနာတွေ ဖြစ်ပေါ်လာလိမ့်မယ် ။

ဒါဆို ဒီလူတစ်ယောက်အတွက် ဘယ်လိုအခြေအနေလေးက အသင့်လျှော်ဆုံးလဲ ။ ရှင်းပါတယ် ။ ရေဆာတယ် ။ ရေသောက်တယ် ။ ဆာသလောက်ပဲ သောက်တယ် ။ ဒါပဲ လိုတယ် ။

ဒါဆို ရေဆာတာကို ဆိုးခြင်းလို့ မှတ်ရင် ရေသောက်တာကို ကောင်းခြင်းလို့ ဆိုမယ် ။ အဆိုးလာတယ် ။ ဆိုးတာကို ဖျက်ဖို့ ကောင်းတာလာတယ် ။ ဆိုးသလောက်ပဲ ကောင်းတာကို လိုတယ် ။ ဒါပဲ ဖြစ်တယ် ။

သို့သော် ကျွန်တော်တို့တွေက အဲ့လောက်နဲ့ မရပ်တန့်ကြပါဘူး ။ ကောင်းတာလာရင် ကောင်းတာချည်းပဲ လိုချင်ကြတဲ့အတွက် ကိုယ်တွေမှာ ဘာနဲ့ သွားတူညီနေလဲဆိုရင် ရေဆာလို့ ရေသောက်ပြီးတာတောင် ရေမဆာလဲ ရေကို ထပ်သောက်နေသလိုဖြစ်နေပါတယ် ။ အဲ့အခါမှာတော့ ဗိုက်ပြည့် ဗိုက်ကာယ် တဲ့ ဆိုးတာတွေ ခံစားလာရကော ။ ဒါက သဘောဝလို့အများခေါ်ကြတဲ့  ကိုယ်တိုင် ပြုမူစီမံရာ ကမ္မတရားကြီးပါ ။

လူတစ်ယောက်အတွက် ကောင်းတာချည်းပဲ လိုချင်နေတယ်ဆိုတာဟာ သဘောဝမကျပါဘူး ။ သဘာဝကျတယ်ဆိုရင်တော့ အဲ့ဒီ့ လူဟာ ဆိုးခြင်းတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဗေဒင်မေးစရာမလိုလောက်အောင် ရှေ့ဖြစ်ဟောစတမ်း ထုတ်လိုက်ချင်မိပါတော့တယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...