ဒီဖား မျိုးစိတ်ဖြစ်တဲ့ အမွှေးရှည်ဖား (Hairy Frog) သို့မဟုတ် သိပ္ပံအမည် Trichobatrachus robustus ဟာ လက်ရှိအချိန်ထိ ရှင်သန်နေဆဲ မျိုးစိတ်ဖြစ်ပါတယ်။ သူတို့က မျိုးသုဉ်းသွားတဲ့ ရှေးကဖားတွေ မဟုတ်ပါဘူး။ လက်ရှိတွေ့ရှိနေဆဲ နေရာတွေကတော့ ကင်မရွန်း၊ ဂါဘွန်၊ နိုင်ဂျီးရီးယား၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ စတဲ့ အလယ်ပိုင်း အာဖရိက မိုးသစ်တောတွေထဲမှာ ရှင်သန်နေပါတယ်။
ပထမဆုံး သိပ္ပံပညာရှင်တွေ တွေ့ရှိပြီး အမည်ပေးခဲ့တာက ၁၉၀၀ ခုနှစ်မှာ ဘယ်လ်ဂျီယံ ဇီဝဗေဒပညာရှင် George Albert Boulenger က ပထမဆုံး ဖော်ပြခဲ့တာပါ။
ဒါပေမဲ့ သူတို့ရဲ့ မျိုးရိုးဗီဇ လေ့လာမှုတွေအရ ဒီဖားမျိုးစိတ်ဟာ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်သန်း ၂၀-၃၀ ဝန်းကျင်လောက်ကတည်းက သီးခြား ဆင့်ကဲပြောင်းလဲလာတဲ့ မျိုးစိတ်တစ်ခုဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ သူတို့က အရမ်းကိုရှားပါးပါတယ်၊ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့အန္တရာယ်မျိုး ကြုံတွေ့နေပါပြီ ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများ apk
.jpeg)
.jpeg)
.jpeg)
Comments
Post a Comment