Skip to main content

လူသားအစရဲ့ သုညစက္ကန့်မှာ ဖြစ်ပေါ်တဲ့ ထူးခြားသောအလင်းများ




Zinc Spark (ဇင့်မီးပွား) ဆိုတာဟာ လူသားအပါအဝင် နို့တိုက်သတ္တဝါတွေမှာ သုက်ပိုး (Sperm) ဟာ မမျိုးဥ (Egg) ထဲကို စတင်ဝင်ရောက်ပြီး မျိုးအောင်တဲ့ (Fertilization) အချိန်မှာ မမျိုးဥရဲ့ မျက်နှာပြင်ကနေ ဘီလီယံနဲ့ချီတဲ့ ဇင့် (Zinc) အက်တမ်တွေ ရုတ်တရက် ပွင့်ထွက်လာပါတယ်။ အဲဒီလို ထွက်လာတဲ့အချိန်မှာ အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ရင် အလင်းတောက်ကလေးတွေအဖြစ် မြင်ရတာကို "Zinc Sparks" လို့ ခေါ်ပါတယ်။


 မမျိုးဥဟာ မျိုးအောင်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ ဓာတုပြောင်းလဲမှုတွေကို ပြုလုပ်တဲ့အခါ ဇင့်ဓာတ်ကို အသုံးပြုပါတယ်။

 ဇင့်မီးပွားတွေ ထွက်လာတာနဲ့အမျှ မမျိုးဥရဲ့ အပြင်လွှာဟာ မာကျောသွားပြီး တခြားသုက်ပိုးတွေ ထပ်မံဝင်ရောက်လို့မရအောင် တားဆီးပေးပါတယ်။ ဒါဟာ အသက်ဓာတ်တစ်ခု စတင်ဖို့အတွက် ပထမဆုံးသော ကာကွယ်ရေးစနစ်ဖြစ်ပါတယ်။


 နော့ဝက်စတန်တက္ကသိုလ် (Northwestern University) က သုတေသီတွေရဲ့ အဆိုအရ ဒီအလင်းတောက်မှုဟာ အလွန်အရေးကြီးပါတယ်။ အလင်းတောက်မှု ပိုမိုပြင်းထန်လေ၊ ထိုမမျိုးဥဟာ ပိုမိုကျန်းမာပြီး သန္ဓေသားအဖြစ် ကောင်းမွန်စွာ ကြီးထွားနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ ဒီတွေ့ရှိမှုကြောင့် ဆရာဝန်တွေဟာ ဖန်ပြွန်သန္ဓေသား နည်းပညာမှာ ဘယ်မျိုးဥက အကျန်းမာဆုံးလဲဆိုတာကို ဒီအလင်းတောက်မှုကို ကြည့်ပြီး ရွေးချယ်နိုင်လာပါတယ် ။ ဘာသာရေးအယူအဆအနေနဲ့ပြောမယ်ဆိုရင်တော့ ဝိညာဉ်က တစ်ဖက်ကို ကူးပြောင်းချိန် အလင်းဖြစ်ပေါ်တာမျိုး သို့မဟုတ် စုတိစိတ်လေးဖြစ်ပြီးနောက် တစ်ဖက်မှာ ပဋိသန္ဓေစိတ်ဖြစ်ပေါ်ချိန်မှာ အလင်းဖြစ်ပေါ်လာချိန်ဖြစ်ပါတယ် ။


#htoohtoolay


ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

‎download ဆွဲရန် ‎

Facebook

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...