ဒီဓာတ်ပုံက ၁၈၇၇ ခုနှစ်မှာ ဗြိတိသျှ စစ်အရာရှိရဲ့ ဓာတ်ပုံဆရာ Willoughby Wallace Hooper က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ် ။ ဓာတ်ပုံထဲမှာက အိန္ဒိယနိုင်ငံ Madhya Pradesh မှာ ငတ်မွတ်ခေါင်းပါးနေတဲ့ မိသားစုတစ်စုကို ရိုက်ကူးထားတာပါ ။ အချို့ သမိုင်းမှတ်တမ်းတွေမှာ ငတ်မွတ်မှုကြောင့် လူသားစားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီ့ကာလဟာ ဗြိတိသျှ အုပ်ချုပ်ရေးအောက်က ၁၈၇၆-၁၈၇၈ ခုနှစ် မဟာငတ်မွတ်ခေါင်းပါးမှု (Great Famine of 1876–1878 ) ကာလဖြစ်တယ် ။
အဓိက အကြောင်းရင်းကတော့ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု နဲ့ သီးနှံပျက်စီးမှုပါ ။ ဒါပေမဲ့ သေဆုံးမှုကို ပိုဆိုးရွားစေခဲ့တာက ဗြိတိသျှ ကိုလိုနီအစိုးရရဲ့ မူဝါဒတွေကြောင့်ပဲ ဖြစ်ပါတယ် ။ ငတ်မွတ်နေချိန်မှာပဲ ဆန်စပါး တင်ပို့မှုကို ဆက်လုပ်ခဲ့ကြပြီး (၁၈၇၇ မှာတင် ဗြိတိန်ကို သန်းပေါင်းများစွာ တင်ပို့ခဲ့ကြပါတယ်) ၊ ကယ်ဆယ်ရေးကို တင်းကြပ်စွာ ကန့်သတ်ခဲ့ကာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကို အတင်းအကြပ် ချုပ်ကိုင်လိုက်နာစေခဲ့ပါတယ်။
သေဆုံးသူ အရေအတွက်က ခန့်မှန်းချက်အရ ၅.၅ သန်းကနေ ၉.၆ သန်း အထိ ရှိခဲ့ပြီး (အများဆုံး ယုံကြည်ရဆုံး ခန့်မှန်းချက်က ၈.၂ သန်း) ဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ကို အချို့ သမိုင်းပညာရှင်တွေ (ဥပမာ Mike Davis ရဲ့ "Late Victorian Holocausts" စာအုပ်မှာ) က ကိုလိုနီစနစ်ရဲ့ ရလဒ်အနေနဲ့ "colonial genocide" လို့ ခေါ်ဆိုကြပါတယ် ။ ဒါပေမဲ့ အချို့ကတော့ သဘာဝဘေးအန္တရာယ်ကို အဓိက အကြောင်းရင်းလို့ မြင်ကြပါတယ်။
ဒီဓာတ်ပုံတွေက အဲ့ကာလက လူသားချင်း စာနာမှု မရှိတဲ့ ဓာတ်ပုံရိုက်နည်းတွေကြောင့်လည်း ဝေဖန်ခံရတာဖြစ်တယ် ။ Hooper က ငတ်မွတ်နေသူတွေကို ပို့စ်ချခိုင်းပြီး ရိုက်ခဲ့တယ်လို့ ဆိုပါတယ် ။ ဒီပုံတွေက ကြည့်ရတာ အရမ်းကို စိတ်မကောင်းစရာ ဖြစ်ပါတယ် ။ သမိုင်းကနေ သင်ခန်းစာယူဖို့ အရေးကြီးတယ်ဆိုတာ ဒီပုံတွေက သက်သေပဲဖြစ်တယ် ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ် apk

Comments
Post a Comment