Skip to main content

နူကလီးယားစစ်ပွဲကြီး တကယ်ဖြစ်တော့မလား



Facebook (Meta) ရဲ့ CEO ဖြစ်သူ Mark Zuckerberg ဟာ ဟာဝိုင်ရီကျွန်းစုထဲက Kauai (ကာဝါအီ) ကျွန်းမှာ အလွန်ကြီးမားပြီး လျှို့ဝှက်ချက်တွေများတဲ့ အိမ်ရာဝင်းကြီးတစ်ခုကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ​ဒီအိမ်ရာဝင်းကို "Koolau Ranch" လို့ အမည်ပေးထားပြီး မြေနေရာဝယ်ယူခနဲ့ ဆောက်လုပ်စရိတ် စုစုပေါင်းဟာ ဒေါ်လာ သန်း ၂၇၀ (၂၇၀,၀၀၀,၀၀၀) ကျော် ကုန်ကျမယ်လို့ ခန့်မှန်းကြပါတယ်။ 


​သတင်းတွေအရ ဒီအိမ်ရာရဲ့ မြေအောက်မှာ စတုရန်းပေ ၅,၀၀၀ ကျော်ကျယ်ဝန်းတဲ့ မြေအောက်ဘန်ကာတစ်ခု ပါဝင်ပါတယ်။ နောက်ပြီး ဘန်ကာတံခါးကို သံမဏိနဲ့ ပြုလုပ်ထားကာ ကွန်ကရစ်နဲ့ အသေအချာ လောင်းထားပါတယ်။ နူကလီးယားစစ်ပွဲဒဏ်ကိုပင် ခံရရင်တောင် ခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲထားတာပါ။

​Zuckerberg ဟာ ဒီပရောဂျက်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတိုင်းကို NDA (လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက်) လက်မှတ်ထိုးခိုင်းထားပါတယ်။ ဘယ်သူမဆို ဒီအိမ်အကြောင်း ဓာတ်ပုံရိုက်တာ၊ အပြင်ကို ပြောပြတာမျိုး လုပ်ရင် အလုပ်ထုတ်ခံရတဲ့အပြင် တရားစွဲခံရနိုင်ပါတယ်။ (ဒါပေမဲ့ Wired မဂ္ဂဇင်းက စုံစမ်းထောက်လှမ်းပြီး သတင်းဖော်ပြခဲ့ရာကနေ လူသိများသွားတာပါ)။


​လူတော်တော်များများကတော့ "Zuckerberg လို ဘီလီယံနာကြီးတွေဟာ ရှေ့လျှောက် ကမ္ဘာမှာ တစ်ခုခုဖြစ်တော့မယ်ဆိုတာကို ကြိုသိနေလို့လား" ဆိုပြီး စိုးရိမ်တကြီးနဲ့ ဝေဖန်ပြောဆိုနေကြပါတယ်။ 


#htoohtoolay


ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Download ဆွဲရန်

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...