အပြင်ဘက်က ဘာအသံမှ မကြားရတဲ့အခါ "အလွန်တိတ်ဆိတ်တဲ့ အခန်း" (Anechoic Chamber) ထဲမှာ လူတစ်ယောက်ဟာ အချိန်အတိုင်းအတာတစ်ခုထိ နေထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းအသံတွေကို ထင်ထင်ရှားရှား စတင်ကြားလာရပါတယ်။
ဒါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ခန္ဓာကိုယ်ရဲ့ သဘာဝအသံတွေဟာ ပုံမှန်အားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဆူညံသံတွေ ရှိနေတာကြောင့် ခန္ဓာကိုယ်က ထွက်တဲ့အသံတွေကို ဦးနှောက်က ဖယ်ထုတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ အပြင်ဘက်က အသံလုံးဝမရှိတော့တဲ့အခါ အောက်ပါအသံတွေကို ကြားလာရတတ်ပါတယ် ။
အဲ့ဒါတွေကတော့ ကိုယ့်ရဲ့ နှလုံးခုန်နေတဲ့ တုန်ခါသံကို နားထဲမှာ အတိုင်းသား ကြားရတာမျိုး ၊ နားထဲက သွေးကြောတွေထဲမှာ သွေးစီးဆင်းနေတဲ့ အသံ (Whooshing sound)မျိုးတွေ နောက်ပြီး အလွန်ကျယ်လောင်တဲ့ လေတိုးသံလိုမျိုး ကြားရတာဖြစ်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းထဲက လှုပ်ရှားမှုတွေကို ကြားရမယ် ထို့နောက် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်လိုက်တာနဲ့ အရိုးချင်း ပွတ်တိုက်သံတွေကို ကြားရတာမျိုးတွေ ဖြစ်တယ်။
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အသံတွေကို အမြဲတမ်း စောင့်ကြည့်နားထောင်နေတတ်ပါတယ်။ ပတ်ဝန်းကျင်က အသံလုံးဝမရှိတော့တဲ့အခါ (0 Decibels နီးပါး ဖြစ်သွားတဲ့အခါ) ဦးနှောက်က "Gain" လို့ခေါ်တဲ့ အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးထိ တင်လိုက်ပါတယ်။ အဲဒီအခါမှာ အရင်က မကြားရတဲ့ အလွန်သေးငယ်တဲ့ အသံတွေကိုတောင် ကျယ်ကျယ်လောင်လောင် ကြားလာရတာဖြစ်ပါတယ်။
ကမ္ဘာ့အတိတ်ဆိတ်ဆုံး အခန်းတွေထဲမှာ ၄၅ မိနစ်ထက်ပိုပြီး ဘယ်သူမှ မနေနိုင်ကြတာ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသံလုံးဝမရှိတဲ့အခါ လူဟာ မျှခြေ (Balance) ပျက်လာတတ်ပါတယ်။ (နားထဲက အရည်ကြည်တွေက မျှခြေအတွက် အရေးကြီးလို့ပါ)။ တချို့လူတွေမှာ ဦးနှောက်က အသံအတုတွေကို ဖန်တီးပြီး ကြားယောင်တာ (Auditory Hallucinations) မျိုးတောင် ဖြစ်နိုင်ပါတယ်။
မိုက်ခရိုဆော့ဖ် (Microsoft) ရုံးချုပ်မှာရှိတဲ့ Anechoic Chamber ဟာ ကမ္ဘာ့အတိတ်ဆိတ်ဆုံးနေရာအဖြစ် စံချိန်တင်ထားပြီး အသံပမာဏက -20.35 dB အထိ ရှိပါတယ်။ အဲဒီအခါမှာ ကိုယ့်မျက်တောင်ခတ်တဲ့အသံကိုတောင် ကိုယ်တိုင်ပြန်ကြားနိုင်တယ်လို့ ဆိုပါတယ်။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment