Skip to main content

“ကမ္ဘာကို ကယ်တင်ခဲ့တဲ့လူ”


၁၉၆၂ ခုနှစ်အတွင်းက နျူကလီးယားစစ်ပွဲဖြစ်ဖို့ ၃၅ မိနစ်အလိုဖြစ်တယ် ။ ဒီဓာတ်ပုံနဲ့ ဇာတ်လမ်းက ကမ္ဘာ့သမိုင်းမှာ အတော်လေးကို ကြောက်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခုပါ။ 


၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံအကျပ်အတည်း (Cuban Missile Crisis) အတွင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆိုဗီယက် B-59 ရေငုပ်သင်္ဘော (nuclear submarine) ဟာ အမေရိကန်ရေတပ်ရဲ့ ကာရေဘီယံပင်လယ်ထဲမှာ ပိတ်ဆို့မှုကို ဖြတ်ကျော်ဖို့ ကြိုးစားနေခဲ့ပါတယ်။


အမေရိကန်ရေတပ်က အဲ့ဒီရေငုပ်သင်္ဘောကို ရှာတွေ့ပြီး အသံဗုံးတွေ (depth charges) နဲ့ ဖိအားပေးခဲ့တယ်။ ရေငုပ်သင်္ဘောထဲမှာ ဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်၊ အပူချိန်က ၃၈-၄၅ ဒီဂရီအထိ တက်နေပြီး လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ များလွန်းလို့ အရာရှိတချို့ သတိလစ်သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။


အဲ့ဒီရေငုပ်သင်္ဘောထဲမှာ နျူကလီးယားဒုံးပျံပါတဲ့ တိုပီဒို (15 kiloton nuclear torpedo) တစ်လက် တင်ဆောင်ထားတယ်။ အဲ့ဒီတိုပီဒိုကို ပစ်လိုက်ရင် ဟီရိုရှီးမားဗုံးလောက်ကို ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ 


သင်္ဘောခေါင်း (Captain Valentin Savitsky) နဲ့ နိုင်ငံရေးအရာရှိ (Political Officer Ivan Maslennikov) တို့ နှစ်ယောက်လုံး စစ်ပွဲ စတင်ပြီးပြီလို့ ထင်ပြီး နျူကလီးယား တိုပီဒိုနဲ့ အမေရိကန်ရေတပ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် ဆိုဗီယက်ရေတပ်ရဲ့ ရေငုပ်သင်္ဘောတပ်စုရဲ့ ဒုတိယအကြီးအကဲ ဖြစ်တဲ့ Vasily Arkhipov (ဓာတ်ပုံထဲကလူ) က အဲ့ဒီသင်္ဘောပေါ်မှာ ရှိနေခဲ့တယ်။ 


နျူကလီးယားလက်နက်နဲ့ ပစ်ဖို့ဆိုရင် အရာရှိ ၃ ယောက်စလုံး သဘောတူရမယ်ဆိုတဲ့ စည်းကမ်းအရ Arkhipov တစ်ယောက်တည်း ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ သူသာမကန့်ကွက်ရင် အဲ့ဒီတိုပီဒိုကို ပစ်လွှတ်တော့မှာဖြစ်ပြီး အမေရိကန်ရေတပ်သင်္ဘော အနည်းဆုံး ၁၁ စီးကို ခဏအတွင်း ဖျက်စီးပစ်ပြီး လူထောင်ချီ သေဆုံးရတော့မှာ ဖြစ်ပါတယ် ။


အမေရိကန်က လက်တုံ့ပြန်မှုအနေနဲ့ ဆိုဗီယက်ပိုင်နက်ကို နျူကလီးယားတိုက်ခိုက်လာမည်ဖြစ်ကာ အဲ့ဒီနောက် ကမ္ဘာတစ်ဝှမ်း နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ခြေ အလွန်များနေခဲ့ရပါတယ်။ သိပ္ပံပညာရှင်တွေ တွက်ချက်ချက်အရ အဲ့လိုဖြစ်လာရင် လူသန်းပေါင်း ရာချီ ချက်ချင်းသေဆုံးပြီး နျူကလီးယားဆောင်းရာသီ (nuclear winter) ကြောင့် ကမ္ဘာ့လူဦးရေ အများစုသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။


ဒါကြောင့် Vasily Arkhipov ကို “ကမ္ဘာကို ကယ်တင်ခဲ့တဲ့လူ” (the man who saved the world) လို့ သမိုင်းပညာရှင်တွေနဲ့ စစ်ဘက်သမိုင်းဆရာတွေက ခေါ်ယူခဲ့ကြတယ်။ သူမရှိရင် ဒီနေ့ ကျွန်တော်တို့ မရှိနိုင်တော့ဘူးလို့ ဆိုရဲတဲ့အထိပါပဲ။


အဲ့ဒီဖြစ်ရပ်က ၂၀၀၂ ခုနှစ် မှာ လျှို့ဝှက်ဖိုင်တွေ ဖွင့်လိုက်တဲ့အခါမှ ကမ္ဘာက သိရတာဖြစ်တယ်။ Arkhipov ကိုယ်တိုင်ကလည်း ၁၉၉၈ မှာ ဆုံးပါးသွားပြီဖြစ်ပြီး သူ့ရဲ့ အမှန်တကယ် အရေးပါမှုကို သူသေဆုံးပြီးမှသာ ကမ္ဘာက သိခဲ့ရတာပါ။ တကယ်ကို ကမ္ဘာ့သမိုင်းရဲ့ အန္တရာယ်အရှိဆုံး အခိုက်အတန့်တွေထဲက တစ်ခုဖြစ်ပါတယ် ။


#htoohtoolay


ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk 

Download ဆွဲရန်

Facebook Page

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...