၁၀၀ ရာခိုင်နှုန်း နမူနာတင်ပြချက်ပါ ၊ တစ်ချို့မဟုတ်ဘူး ၊ လူသားအားလုံးကို ဆိုလိုတာဖြစ်တယ် ။ အဲ့ဒါက လူသားခန္ဓာကိုယ်ရဲ့ ဝှေးစေ့တစ်ရှုးထဲမှာ micro plastic လို့ခေါ်တဲ့ ပလပ်စတစ် တွေ ရောက်ရှိနေတာကို ၂၀၂၄ ခုနှစ်က ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ် ။ တွေ့ရှိချက်က အချိန်မကြာသေးတဲ့အတွက် သူ့ရဲ့ ဆိုးကျိုးကိုတော့ အတိအကျ မပြောနိုင်ကြသေးပါဘူး ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒါဟာ လူသားမျိုးပွားနှုန်းဖြစ်တဲ့ သုတ်ပိုးကို အလွန်ဆိုးရွားစွာ အကျိုးသက်ရောက်မှာဖြစ်ပြီး လူသားတိုးပွားနှုန်းကို ကျဆင်းစေတော့မှာဖြစ်ပါတယ်လို့ ဆိုထားပါတယ် ။ သူတို့က လေထု ၊ ရေ ၊ အစားအစာ တွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာဖြစ်ပါတယ် ။ ဒါဟာ ၁၀၀ % လူသားအကုန်လုံးမှာဖြစ်နေတာပါ ။ ပလပ်စတစ် အန္တာရာယ်ဟာ သမုဒ္ဒရာထဲမှာတင် မကတော့ပါဘူး လေထုထဲမှာပါ အလွန်အန္တရာယ်ဖြစ်နေပါပြီ။ ဒါကြောင့် အခုချိန်ဟာ ကလေး လိုချင်တဲ့သူတွေ အမြန်ရအောင် ကြိုးစားသင့်ပါတယ် ။ နောက်ပိုင်းဟာ လူသားတိုင်း သုတ်ပိုးအောင်ဖို့ ရာခိုင်နှုန်း ကျဆင်းလာတော့မှာဖြစ်ပါတယ် ။ လူသားတိုင်းဖြစ်တာမို့လို့ အခု ဒီစာဖတ်နေတဲ့ သင့်ခန္ဓာကိုယ်ထဲမှာလဲ ပလပ်စတစ် တွေ ရှိနေတယ်ဆိုတာ သတိရပါ ။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk

Comments
Post a Comment