ပဋ္ဌာန်းရဲ့ အဓိပ္ပါယ် ---- ဒီနေရာမှာ ( ပဋ္ဌာန) ကို အဓိပ္ပါယ်မပြန်ပဲ ပဋ္ဌာန ဆိုတဲ့ စကားလုံးအတိုင်းပဲ ( ပဋ္ဌာန်း) လို့ ခေါ်နေကြတယ် ။ အဲ့ဒီ့တော့ ပဋ္ဌာနရဲ့ အဓိပ္ပါယ်က ဘာလဲ ? ။ Literal meaning ကို သိဖို့ လိုတာပေါ့ ။ ပဋ္ဌာန မှာ ပ ရဲ့ အဓိပ္ပါယ်က အမျိုးမျိုးလို့ ဆိုလိုတာ ။ ဋ္ဌာန က အကြောင်းတရား ။ အမျိုးမျိုးသော အကြောင်းတရားကို ပဋ္ဌာနလို့ ခေါ်တယ် ။ အဲ့ဒီ့ အကြောင်း အမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာတော်ကြီးကိုလည်း ပဋ္ဌာန - (ပဋ္ဌာန်း) လို့ ခေါ်တယ် ။ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့ ဖွင့်ဆိုချက်ဖြစ်တယ် ။ နောက်တစ်မျိုးက ပဋ္ဌာန ဆိုတာ ဝိဘဇန - ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း ဆိုတဲ့ အဓိပ္ပါယ် ရတယ် ။ မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာပြီး ဟောကြာလေ့ရှိတယ် ။ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင် တစ်ခုလို့ပဲမြင်ကြတယ် ။ ဘာဖြစ်လို့လဲ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိလို့ ။ ကြည့်လေ သာမန်ပုဂ္ဂိုလ်တွေက ရေလို့ပဲသိတယ် ။ သိပ္ပံပညာရှင်ကျတော့ H2O လို့ ပြောကြတယ် ။ ဟော ! ရေထဲမှာ ဖွဲ့စည်းထားတဲ့ အရာ နှစ်ခုကို တွေ့တာ ။ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ပေါင်းထားတာ ။ ရေဆိုတာ h2o လို့ ပြောကြတယ် ။ ဒါ စမ်းကြည့်လို့ သိတာ ။ မြတ်စွာဘုရားက ရေ ဆိုတာကို ရုပ် ၈ ခုနဲ့ ခ...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။