Skip to main content

အိမ်မက်က စကားပြောခြင်း

အိမ်မက်က စကားပြောခြင်း
-----
ဒီတစ်ခေါက်ကတော့ လူတို့မှာထူးခြားတဲ့ အသိညာဏ်တစ်ခုအကြောင်းကို ရေးဖွဲ့မှာပဲဖြစ်ပါတယ် ။ ဒါဟာ ကြိုတင်သိမြင်ခြင်း အိမ်မက်အကြောင်းဖြစ်ပါတယ် ။ ကြိုတင်သိမြင်ခြင်းကို ပရိဂနစ်တစ်ပ် အိမ်မက်များလို့ခေါ်ကြတယ် ။ ပုံမှန်အဖြစ် တည်ရှိနေတဲ့အသိညာဏ်ဖြင့် လက်ခံနိုင်စရာမရှိတဲ့ အနာဂတ်ကာလနဲ့ ပတ်သတ်တဲ့ အသိညာဏ်ဆိုတာ တော်ရုံ ယုံချင်စရာမကောင်းတဲ့ အချက်တစ်ခုပါပဲ ။ အဲ့ဒီ့ အိမ်မက်မျိုးများဟာ လူတိုင်း လူတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ မက်လေ့ရှိပါတယ် ။ အချို့က ပြင်ပလောက က အတွေ့အကြုံအကြောင်းကို မက်ကြပြီး အချို့ရဲ့ မြင်မက်တဲ့ အိမ်မက်တွေကတော့ ရှင်းလင်းကြည်လင်သလို တစ်ချို့ကတော့ တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြီး မြင်မက်လေ့ ရှိကြပါတယ် ။ သို့သော် ရှင်းလင်းလှသော ကမ္ဘာကျော် ကြိုတင်သိ အိမ်မက်များမှာမူ အချိန်တိုင်း ပေါ်ထွက်လျက် ရှိနေပါတယ် ။

ထင်ရှားတာတစ်ခုကို ပြောရမယ်ဆိုရင် ကမ္ဘာကျော် တိုက်တန်းနစ်ခ် သင်္ဘောကြီးဟာ ၁၉၁၂ ခုနှစ်မှာ နစ်မြှပ်ခဲ့တာဖြစ်တယ် ။ အဲ့ဒီ့အချိန်က ကမ္ဘာတစ်လွှားမှာ အဲ့ဒီ့အဖြစ်အပျက်ကို ကြိုတင်အိမ်မက်တယ်လို့ ဖေါ်ပြသော ရာပေါင်းများစွာသော စာများ / သင်္ဘောကုမ္ပဏီသို့ ရောက်လာခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒီ့အထဲမှာ မူလက ခရီးစဉ်အား လိုက်ပါမည်ဟု လက်မှတ်များ ဝယ်ထားပြီးကာမှ ခရီးစဉ်မလိုက်ဖြစ်ကြောင်း ဖျက်သိမ်းလိုက်သည့်သူများလည်း ရှိနေပါတယ် ။ သူတို့က စာများမှာ သူတို့ရဲ့ ခရီးစဉ် ဖျက်သိမ်းရခြင်းအကြောင်းက သင်္ဘောကြီး နစ်မြှပ်ပျက်ဆီးသွားကြောင်း အိမ်မက်များ မက်ခဲ့ခြင်း ဖြစ်တယ်လို့ ဖေါ်ပြခဲ့ကြပါတယ် ။ အဲ့ဒီ့လို ဖေါ်ပြပြီး လိုက်ပါဖို့ ဖျက်သိမ်းလိုက်တဲ့ စာပေါင်း ၁၉ စောင် ရှိကြောင်း ဆိုတယ် ။ အထောက်အထားအနေနဲ့ ဖေါ်ပြချက်တွေကလည်း အလွန်ကို ပြည့်စုံနေတယ်လို့ ဆိုပါတယ် ။ ထိုအထဲမှာ စီးပွားရေး ပညာရှင်တစ်ဦးလည်း ပါဝင်နေပါတယ် ။ သူဟာလည် သင်္ဘောကြီး ပျက်ဆီးကြောင်း အိမ်မက်ကို ၃ ကြိမ်တိတိ မြင်မက်တယ်လို့ ဆိုတယ် ။ ဒါပေမယ့် သူက အယုံအကြည်ကင်းမဲ့သူဖြစ်တဲ့အတွက် ခရီးစဉ်ကို ဖျက်ဖို့ မရည်ရွယ်ခဲ့ပါဘူး ။ သို့သော် နောက်ဆုံးမှာ လုပ်လက်စအလုပ်များအား ဘယ်လိုမှ ဘေးဖယ်ကာ ခရီးထွက်ခွါရမည် မဟုတ်တဲ့အတွက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့်ပဲ အသေဆိုးက လွတ်မြောက်ခဲ့ရသလို သင်္ဘောကြီးရဲ့ ဆိုးရွားလှသော ကံကြမ္မာသတင်းကို ကြားလိုက်ရတဲ့အခါ သူဟာ အဖြစ်အပျက်အား ကြိုတင်သိနေသော အိမ်မက်များ မြင်မက်ခဲ့ခြင်းဖြစ်ကြောင်း အံ့သြဖွယ် သိလိုက်ရပါတော့တယ် ။

နောက်တစ်ခုက အထင်ရှားဆုံး ကမ္ဘာကျော် အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်းရဲ့ ကြိုတင်သိအိမ်မက်ဖြစ်ပါတယ် ။ အီဗရာဟင် လင်ကွန်းဟာ အမေရိကန်နိုင်ငံရဲ့ ၁၆ ဦးမြောက် သမ္မတကြီး ဖြစ်တယ် ။ သူ့ရဲ့ လက်ထက်မှာ လူဖြူ လူမဲ အသားရောင် ခွဲခြားခြင်းများကို အဆုံးသပ်စေပြီး ဥပဒေပြဋ္ဌာန်းကာ ကျွန်စနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့အတွက် ကမ္ဘာက လေးစားရတဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ် ။ အဲ့ဒီလို သူ့လုပ်ရပ်ကြောင့် ကမ္ဘာကျော်ခဲ့သလို တစ်ဖက်ကလည်း ဝိညာဉ်များနဲ့ ဆက်သွယ်ခြင်းအားလည်း ယုံကြည်သူဖြစ်ကာ ထူးခြားသော အတွေ့အကြုံများကြောင့် ကမ္ဘာကျော်ခဲ့ခြင်းလည်း ဖြစ်ပါတယ် ။ ထူးခြားဆုံးက သမ္မတကြီးဟာ သူ လုပ်ကြံခံရပြီး သေဆုံးမဲ့ အဖြစ်အပျက်များကို ကြိုတင်အိမ်မက် မက်ခဲ့ခြင်းဖြစ်တယ် ။သူဟာ လုပ်ကြံခြင်း မခံရမီ ၁၀ ရက်က သူမြင်မက်ခဲ့တဲ့ ကြိုတင်သိ အိမ်မက်ကို သူ့ရဲ့ ဒိုင်ယာရီမှာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ် ။

( ထိုညက ကျွန်ပ်သည် နောက်ကျမှ အိပ်ယာ ဝင်ခဲ့သည် ။ အိပ့်ပျော်ပြီး မကြာမီပင် ကျွန်ပ် အိမ်မက်တစ်ခုကို စတင်မက်တော့သည် ။ စတင် သတိပြုမိသည်က တစ်စုံတစ်ယောက်သည် အိမ်ဖြူတော်တွင် သေဆုံးနေပြီဟု သတိပြုမိလိုက်ခြင်းပင်ဖြစ်သည် ။ ကျွန်ပ်ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်သော်လည်း ယင်း ငြိမ်သပ်မှုကို ထိုးဖေါက်ကာ ထိန်းချုပ်ပြီး လူအများ ငိုရှိုက်သံများကို ကျွန်ပ် ကြားနေရသည် ။ ဘယ်သူ ဆုံးလို့များ ဒီလောက် ငိုရှိုက်နေရတာလည်း ။ ငါတော့ ဆင်ကြည့်လိုက်အုန်းမှပဲဟု ကျွန်ပ်တွေးလိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည် ။ အောက်ထပ်တွင်ကား သနားစရာ ငိုရှုက်သံများဖြစ် ဖုံးလွှမ်းနေလေသည် ။ သို့သော် ကြေကွဲစွာ ငိုရှိုက်သူတို့ကို မမြင်ရချေ ။ ကျွန်ပ်လည်း တစ်ခန်းပြီး တစ်ခန်း လျှောက်ကာ ကြည့်သော်လည်း ငိုသံများ ကြားရသည်မှလွှဲ၍ တစ်စုံတစ်ယောက်သော သက်ရှိကိုမှ မတွေ့ရပေ ။အခန်းတိုင်းတွင် မီးများ ထွန်းထားကြပြီး အခန်းတွင်းရှိ အရာအားလုံးသည် ကျွန်ပ်နှင့် ရင်းနှီးကျွမ်းဝင်လျက် ရှိနေကြသည် ။ သို့သော် အသည်းကွဲမတက် ငိုကြွေးနေကြသူများကို ကျွန်ပ် မတွေ့ရခြင်းက ကျွန်ပ်အတွက် ပဟေဠိ ဖြစ်နေခဲ့သည် ။ ဒါတွေဟာ ဘာတွေလဲ ။ ဘာဖြစ်နေတာလည်းဟု ကျွန်ပ် စဉ်းစားနေမိသည် ။ တစ်ချိန်တည်းမှာပင် ယင်းပဟေဠိအား အဖြေကို သိနိုင်ရန် တစ်ခန်းပြီး တစ်ခန်း လျောက်ကြည့်နေမိသည် ။ ကျွန်ပ်အတွက် ယင်းဖြစ်ရပ်သည် ပဟေဠိဖြစ်သကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုလည်း ဖြစ်လာခဲ့ရသည် ။ နောက်ဆုံးတွင် ပဟေဠိ များ စိုးထိတ်လန့်မှုများဖြင့် အရှေ့ဘက် ဆောင်သို့ ကျွန်ပ် ဝင်ရောက်လာခဲ့တော့သည် ။ ထိုအခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အလွန်ခမ်းနား ကြီးကျယ်စွာ ပြင်ဆင်ထားသော အလောင်းစင် တစ်ခုရှေ့သို့ ရောက်ရှိသွားတော့သည် ။ အလောင်းစင်ပေါ်တွင်လည်း အလောင်းကောင်ကို အသုဘဆိုင်ရာ အဝတ်များဖြင့် ရစ်ပတ်လျက် တွေ့မြင်နေရသည် ။ အလောင်းစင် ပတ်ပတ်လည်တွင် အစောင့်စစ်သားများကိုလည်း တွေ့မြင်နေရပြီး ယင်းတို့ အနီးအနားတွင် လူအုပ်ကြီး တစ်အုပ်ကိုလည်း တွေ့မြင်နေရသည် ။ လူအုပ်ကြီးထဲမှအချို့သည် မျက်နှာကို ဖုံးအုပ်ထားသော အလောင်းကောင်အား ကြည့်ကာ ပလုံးပထွေးဖြင့် ပြောနေကြပြီး အချို့မှာ သနားစဖွယ်ပင် ငိုကြွေးနေကြသည် ။ ( အိမ်ဖြူတော်မှာ ဘယ်သူသေတာလည်း ) ဟု ကျွန်ပ်က အစောင့်စစ်သား တစ်ယောက်ကိုမေးမြန်းလိုက်သည် ။ စစ်သားထဲမှ တစ်ယောက်က (သမ္မတကြီးပါခင်ဗျာ ။ သူ့ကို လူသတ်သမား တစ်ယောက်က သတ်သွားပါတယ် ) ဟု ပြန်ပြောခဲ့သည် ။ ထိုအချိန်တွင် လူအုပ်ထဲမှ စိတ်မကောင်းစဖွယ် ကျယ်လောင်သော ငိုညည်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည် ။ ထိုငိုသံသည်ပင်ကျွန်ပ်အား အိမ်မက်မှ လန့်နိုးလာစေတော့သည်။ ကျွန်ပ်လည်း အိမ်မပျော်တော့ ။ ထိုအကြောင်းအရာသည် အိမ်မက်တစ်ခုသာ ဖြစ်သော်လည်း ကျွန်ပ်အား ထူးခြားစွာပင် စဖြစ်သည်မှ တစ်ချိန်လုံး စိတ်အနှောက်အယှက် ဖြစ်ပေါ်နေစေခဲ့သည် ) ဟု ရေးသားထားခဲ့ပါတယ် ။

မသေခင် နောက်ဆုံးညမှာ အဲ့ဒီ့အိမ်မက်ကို သူ့ရဲ့ ကက်ဘိနက်အဖွဲ့ဝင် တို့အား လင်ကွန်းက ပြောကြားခဲ့ပြီး သူတော့ လုပ်ကြံခံရပြီး သေလိမ့်မယ်လို့ ထင်ကြောင်း ဆိုပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ကိုယ်ရံတော်ဖြစ်သူ ဒဘလျူ အိတ်ချခရွက် ကိုလည်း သူ လုပ်ကြံခံရတယ်လို့ အိမ်မက်တာမှာ ဆက်တိုက် သုံးရက် ဖြစ်နေတယ် ။ သူတော့ လုပ်ကြံခံရလိမ့်မယ်ထင်တယ်လို့ ဆိုကာ နောက်ဆုံးည နှုတ်ဆက်ခြင်းကိုလည်း Good Night လို့ နှုတ်ဆက်ရမဲ့အစား Good bye လို့ နှုတ်ဆက်ကာ ဇနီးနဲ့အတူ ဖို့ထ်ကပွဲရုံသို့ ထွက်ခွါလာခဲ့သည် ။ ကပွဲရုံတွင် နာမည်ကျော် ပြဇာတ်မင်းသား ဂျွန်ဝှစ်စ်ဘုသ် ပြောင်းတိုသေနပ်နဲ့ အနီးကပ် ပစ်သတ်ခံရကာ သေဆုံးခဲ့တယ်လို့ ဒီလိုဆိုပါတယ်ခင်ဗျာ ။

ဒါကြောင့် သင်လည်း !

သင်မက်တဲ့ အိမ်မက်တွေကို ပေါ့ပေါ့တန်တန် မေ့ မထားပါနဲ့ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...