ပျောက်ကွယ်သွားသော ခေတ်ဦးလူသားများနှင့် သတ္တဝါ
----
တစ်ချိန်တုန်းက ဒီကမ္ဘာပေါ်မှာ အခုလက်ရှိ လူသားတို့ထက် သုံးဆခန့် ပိုမိုကြီးထွားသော ( Giant ) လို့ ခေါ်တဲ့ လူ့ဘီလူး မျိုးနွယ်စုတစ်ခု ထွန်းကားခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီ့အချက်ကို အချို့သော ရှေးဟောင်း အရေးအသားများ ဒဏ္ဍာရီများမှာ ဖေါ်ပြထားသော်လည်း အခြားသော အထောက်အထားအဖြစ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိခဲ့တာတော့ မရှိပါဘူး ။ ဒါပေမယ့် ဟိန္ဒူ ဘာသာရေးဆိုင်ရာ အယူအဆများမှာတော့ အတိအကျကို ဖေါ်ပြထားတယ်လို့ ဆိုပါတယ် ။ ဟိန္ဒူဘာသာအရ ကမ္ဘာကြီးပေါ်မှာ အချိန် အပိုင်းအခြားကြီး ၄ ခုက အလှည့်ကျ ဖြစ်ပေါ်နေတယ် ။ အဲ့ဒီ့ အချိန်အပိုင်းအခြားကြီးများကို (ယဂ) လို့ ခေါ်ပြီး မြန်မာအခေါ်အရကတော (ယုဂ်) လို့ ဒီလို ဘာသာပြန်ဆိုကြပါတယ် ။ အဲ့ဒီ့ ကာလအပိုင်းအခြားကြီးတို့မှာ ကတယုတ် / တြေတာယုဂ် / ဒွါပရာယုဂ် / ကလိယုဂ်တို့ ဖြစ်တယ် ။ အဲ့ဒီ့ ကာလအပိုင်းအခြားကြီး လေးခုဟာ အလှည့်ကြ ဖြစ်ပေါ်နေတယ်လို့ ဒီလိုအဆိုရှိပါတယ် ။ ယင်းကာလ အပိုင်းအခြားကြီးမှ တစ်ခုဖြစ်တဲ့ ကတယုဂ် ကာလအပိုင်းအခြားမှာ လူတို့က တရားစောင့်တည်ကြပြီး အလွန်ကို သာယာဝပြောတဲ့ လောကကြီးဖြစ်တယ်လို့ ဆိုတယ် ။ အဲ့ဒီ့ကာလကြီးဟာ လူသားတို့အတွက် ရွှေခေတ်ဖြစ်ပြီး လူသားတို့ အရပ်အမာင်းမှာလည်း အလွန်ကို ကြီးမားလှတယ်လို့ ဒီလိုဆိုပါတယ် ။ အဲ့ဒီ့ ကာလအပိုင်းအခြားအရ လူသားတို့ရဲ့ အရပ်ဟာ ( ၂၁ ) ကျူဗစ် (21 cubits) ရှိပြီး လူ့ သက်တမ်းမှာ အနှစ်တစ်သိန်းရှိတယ်လို့ ဖေါ်ပြထားပါတယ် ။ ( မှတ်ချက် ။ ။ ကျူးဗစ်ဆိုတာ ရှေးခေတ်အတိုင်းအတာဖြစ်ပြီး မြန်မာအတိုင်းအတာအရဆိုရင် တစ်တောင်လို့ ယူရမှာဖြစ်ပါတယ် ။ အဲ့ဒီ့အတွက် လူသားအရပ်အမောင်းဟာ ထိုအချိန်က ၂၁ တောင် ရှိတယ်လို့ ဒီလို ဆိုရမှာဖြစ်တယ် )
ဒါ့အပြင် နှင်းလူဆိုတဲ့ ရေခဲတောင်တွေမှာ ကျက်စားလေ့ရှိတက်တဲ့ အမျိုးအနွယ်တစ်စုလည်း ရှိနေသေးတယ် ။ နောက်တစ်ခုက အခုထက်တိုင် ဟုတ်တယ်လို့ ဆိုသူကလည်း ဓါတ်ပုံအထောက်အထားနဲ့ ပြ / မဟုတ်လို့ ဆိုသူကလည်း သက်သေသာဓကနဲ့ ဆိုနေကြသော စကော့တလန် / လော့ခ်ျနက်စ် ရေကန်ကြီးမှ နက်ဆီအမည်ရှိတဲ့ သတ္တဝါကြီးဟာလည်း တိကျတဲ့ အဖြေမရသေးတဲ့ သတ္တဝါဆန်းတစ်မျိုး ဖြစ်နေပါတယ် ။ အထက်ဖေါ်ပြပါသတ္တဝါများ / လူသား မျိုးဆက်များတို့ဟာ သမိုင်းဆိုင်ရာ တိကျတဲ့ အထောက်အထား မတွေ့ရပဲ ဒဏ္ဍာရီဆန်ဆန် ဖြစ်တည်နေတဲ့ မျိုးနွယ်စုများ ဖြစ်လို့ နေကြပါတယ်ခင်ဗျာ ။
ဒါပေမယ့် အထက်က ဖေါ်ပြပါအခြေအနေနဲ့ ကွဲပြားစွာ ဖြစ်ပျက်နေသော ဖြစ်စဉ်တစ်ခုလည်း ရှိလို့နေသေးပါတယ် ။ အဲ့ဒါကတော့ တစ်ချိန်တုန်းက ယင်း သတ္တဝါ မျိုးနွယ်စုများဟာ အမှန်တကယ်ပဲ တည်ရှိနေခဲ့တယ် ။ တည်ရှိနေကြောင်းလည်း အထောက်အထားများအဖြစ် ကျောက်ဖြစ်ရုပ်ကြွင်းများ ပေါများစွာ တွေ့ရှိလာခဲ့ပါတယ် ။ တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတို့မှ အဲ့ဒီ့ သတ္တဝါတို့ရဲ့ မျိုးစိတ်တို့ကိုလည်း စာရင်း ပြုစုနိုင်တယ် ။ သတ္တဝါ မျိုးနွယ်စုတို့မှာ အသီးအရွက်စား သတ္တဝါတို့သာမက ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ ငှက်မျိုးနွယ်များလည်း ပါဝင်ခဲ့ပါတယ် ။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၁၂၀ က စတင်ကာ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာဖြစ်ပါတယ် ။ တစ်ချိန်က အမှန်တကယ် ရှိနေကြပေမယ့် အခုတော့ ဘာကြောင့် ပျောက်ကွယ်သွားကြသနည်း ? ( ဒါဟာ မေးခွန်းတစ်ခုအနေနဲ့ တည်ရှိနေပါတယ် ။ တစ်ချို့ကတော့ ကမ္ဘာကို ဂြိုလ်သိမ်တစ်ခုနဲ့စောင့်မိပြီး အဲ့ဒီ့သတ္တဝါတွေ သေကြေကြတယ်လို့ဆိုတယ် ။ ဒါပေမယ့်လည်း ဒီအချက်ကတော့ အများလက်ခံတဲ့ သီအိုရီတစ်ခုပါပဲ ။ )
ဒီသီအိုရီကို သိပ္ပံပညာရှင်အများစု လက်ခံထားကြတာဖြစ်ပါတယ် ။ စကြာဝဠာကြီးအတွင်းမှာ ဂြိုလ် တစ်ဂြိုလ်နဲ့ တစ်ဂြိုလ် တိုက်မိမှုဟာ မဆန်းတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ အခုခေတ်အခါမှာ တွေ့မြင်နေရပြီဖြစ်ပါတယ် ။ ဒါဆို ကျွန်တော်တို့ ဒီကမ္ဘာကြီးအတွက် ဂြိုလ်ပဲ့တစ်ခုနဲ့ တိုက်မိဖို့ဆိုတာ စကြာဝဠာ ကြိမ်နှုန်းတဲ့ တွက်ကြည့်လျှင် ရေမြှပ်လေးတစ်ခု ပေါက်သွားမဲ့ လောက်ကလေးပါပဲ ။ အင်မတန် မြန်ဆန်မှာပါ ။ အဲ့ဒီလို ဒုတိယအကြိမ် ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာနဲ့ ဂြိုလ်သိမ်ကြီး နောက်ထပ်တစ်ခါ ဝင်တိုက်မိခဲ့မယ်ဆိုလျှင် !
#htoohtoolay

Comments
Post a Comment