Skip to main content

မသိသေးသော ပျံသန်းမှု ကောက်ကြောင်းများ

မသိသေးသော ပျံသန်းမှု ကောက်ကြောင်းများ
----
ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တွေကိုကြည့်ပြီး လူတွေဟာ ပျံသန်းခြင်းစိတ်ကူးတွေကို စတင်ခဲ့ကြပါတယ် ။ အဲ့ဒါကြောင့် အတောင်ပံတွေ ရှိမယ်ဆိုရင် ပျံသန်းနိုင်ကြလိမ့်မယ်လို့ ယူဆကာ ဇကော ကို လက်နှစ်ဖက်မှာတပ်ပြီး အမြင့်တစ်နေရာကနေ စမ်းသပ် ခုန်ချခဲ့ကြပါတယ် ။ သို့သော် အောင်မြင်မှု မရှိနိုင်ကြပဲ အသက်အန္တရာယ်များနဲ့တာ ကြုံရတာကြောင့် အသက်ပေါင်းများစွာရင်းကာ ပျံသန်းမှုများကို လေ့လာခဲ့ကြတယ်။ အဲ့ဒီ့နောက်မှာတော့ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုများ စတင်ခဲ့ကြပါတယ် ။ အဲ့ဒီ့ အယူအဆကတော့ လေထုထဲကို ပျံတက်နိုင်ဖို့အတွက် လေထက်ပေါ့တဲ့ ပစ္စည်း ဖြစ်သင့်တယ်ဆိုတဲ့အယူအဆပါပဲ ။ ထိုအယူအဆကြောင့်ပင် ၁၇၈၀ ပြည့်နှစ်မှာ ပြင်သစ်လူမျိုး နှစ်ဦးမှ ပဲရစ်မြို့အနီးတွင် လေပူသွင်းထာတဲ့ ( မှိုင်းတိုက်ထားသည့် ) ဘောလုံး ( မီးပုံးပျံ ) ကို စီးပြခြင်းဖြစ် ပျံသန်းခြင်းကို အစပြုခဲ့တယ် ။

၁၃ ရာစုမှာ လေထက်လေးတဲ့ ပစ္စည်းများကို အသုံးပြုကာ ကောင်းကင်ပေါ်ကို ပျံတက်နိုင်ဖို့ စဉ်းစားလာကြပြန်တယ် ။ ဒါပေမယ့် သီအိုရီအဆင့်တာ ရှိခဲ့ပြီး လက်တွေ့ဖေါ်ဆောင်နိုင်မှုများ မရှိခဲ့ကြပါဘူး ။ အဲ့ဒီ့ကနေ ၁၆ ရာစုမှာ ယခုခေတ် ရဟတ်ယာဉ်နဲ့ နှိုင်းယှဉ် စဉ်းစားနိုင်တဲ့ ဒီဇိုင်းများကို လီယိုနာဒိုဒါဗင်ချီ က ဒီဇိုင်းများ ထုတ်ခဲ့ပါတော့တယ် ။ သို့သော် သီအိုရီကနေမှ လက်တွေ့အဖြစ်ကို ရောက်လာခဲ့သည်ကား ကစ်တီဟော့ မြို့အနီး ရိုက် ညီအကိုရဲ့ စမ်းသပ်ပျံသန်းမှု အောင်မြင်တာကနေ လေမှာ ပျံသန်းခြင်းအဓိပ္ပါယ်ကို ပြည့်ဝစေခဲ့တာပဲဖြစ်တယ် ။ အဲ့ဒီ့ကနေမှတစ်ဆင့် ဆက်လက်တီထွင်ကြကာ ယခုခေတ် ဂျက်အင်ဂျင် တပ်ဆင်ထားတဲ့ လေယာဉ်များအဖြစ် အဆင့်ဆင့် ရောက်လာခဲ့တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ ။

ဒါဟာ ကျွန်တော်တို့ သိထားကြတဲ့ ပျံသန်းခြင်း သမိုင်း အကြောင်းပါပဲ ။ ဒါပေမယ့် အလွန်မှ အံ့သြစရာကောင်းတဲ့ ပျံသန်းမှု သမိုင်းများလည်း ရှိနေပါသေးတယ် ။ အဲ့ဒါကတော့ ကျွန်တော်တို့ထက် အလွန် ရှေးကျတဲ့ လူမျိုးစုများကလည်း ထိုကဲ့သို့ပျံသန်းခြင်းများကို ပိုင်ဆိုင်ထားကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားများ ရှာဖွေတူးဖေါ် တွေ့ရှိလာကြလို့ပဲဖြစ်ပါတယ် ။ လူမျိုး တော်တော် များများမှာ တည်ရှိတဲ့ ဒဏ္ဍာရီများ ပုံပြင်များ ဟာ ကျွန်တော်တို့ရဲ့ သမိုင်းမှတ်တမ်းများမှာ မပါဝင်တဲ့ သမိုင်း ပုံစံမျိုးဖြင့် ပျံသန်းမှုများကို ပိုင်ဆိုင်ထားကြတယ် ။

သမိုင်းဆိုင်ရာ အချက်အလက်များရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်က အခု အာဖဂန်နစ္စတန်ဟာ တက္ကသီလလို့ အမည်ကျော်ကြားတဲ့ နေရာကြီးဖြစ်ခဲ့ပါတယ် ။ ဓါးခုတ် လှံထိုး စက်ကြိုးယန္တရားလို့ဆိုတဲ့ အဋ္ဌရဿ တစ်ဆယ့်ရှစ်ရပ်ကို သင်ကြားပို့ချတဲ့ ဌာနကြီး ဖြစ်ပါတယ် ။ သိပ္ပံပညာရှင်များဟာ ထိုစဉ်အခါကပင် ကောင်းကင်ပေါ်ကို ပျံသန်းခြင်း အတက်ပညာများ ရှိနေခဲ့ပြီလို့ ယူဆကြပါတယ် ။သို့သော် အဲ့ဒီ့ ပညာရပ်တွေကတော့ တိမ်မြှပ်ပျောက်ကွယ်သွားခဲ့ပါပြီ ။

 ကျွန်တော်တို့ဟာ အာသောကမင်းဆိုရင် မသိသူ အတော်ရှားကြမှာပါ ။ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင် လှူခဲ့တဲ့ သာသနာပြု မင်းတစ်ပါးဖြစ်တယ် ။ သမိုင်းပညာရှင်တို့က အထက် ဖေါ်ပြပါ အတက်ပညာများ တိမ်မြှပ်ပျောက်ကွယ်သွားရခြင်း အကြောင်းတစ်ချက်ဟာ အာသောကမင်းနဲ့ ဆက်စပ်လျက် ရှိနေတယ်လို့ ဒီလို လက်ခံထားကြပါတယ် ။ အာသောကမင်းဟာ စစ်ဘုရင်ဘဝနဲ့ ကျင်လည်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက် အောင်မြင်ခဲ့ပါတယ် ။ မြေပြင်ပေါ်မှာသွေးချောင်းစီးစေခဲ့တဲ့ မင်းတစ်ပါးဖြစ်တယ် ။ ဒါပေမယ့် နောက်မှာ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်လာတဲ့အခါမှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို အကုသိုလ်တွေအဖြစ် မြင်လာခဲ့လေတယ် ။ ဒါကြောင့် မကောင်းတဲ့ အမြင် ရှိသူများမှ သတ္တဝါများ သေကြေပျက်ဆီးဖို့ အသုံးပြုနိုင်တဲ့ ပညာရပ်များအားလုံး ကွယ်ဝှက်သိမ်းဆည်းခဲ့တယ်လို့ တစ်ချို့ မှတ်တမ်းများမှာ ဖေါ်ပြထားတယ်လို့ ဒီလိုဆိုပါတယ် ။

အဲ့ဒီ့ ဒဏ္ဍာရီများမှာ ( မကျော်ကြားသောသူ ၉ ယောက်တို့၏ လျှိုဝှက်ချက် ) ဆိုတဲ့ အဖွဲ့အစည်း တစ်ခုလည်း အပါအဝင်ဖြစ်တယ်လို့ ဒီလိုဆိုတယ် ။ သူတို့ဟာ တစ်ဦးကို ပညာ တစ်ခုစီ ရေးသားစီရီထားတဲ့ ပညာရပ်စာအုပ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ အာသောကမင်းဟာ နှောင်းလူတို့ တစ်လွှဲမသုံးစေဖို့ရန် သိမ်းဆည်းခဲ့တယ်လို့ ဆိုတယ် ။ ထိုစာအုပ်များထဲတွင် သမိုင်းပညာရှင်များ အများဆုံး ကြားသိကြရတဲ့ စာအုပ်မှာ ( ကမ္ဘာ့ဆွဲအား၏ လျှို့ဝှက်ချက်များ) ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ် ။ အမည်သာ ကြားရပေမယ့် စာအုပ်အနေနဲ့ တွေ့ရှိရတယ်ဆိုတာတော့ မရှိသေးပါဘူး ။ ဒါ့အပြင် အာသောကမင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ပေါင်းများစွာက အိန္ဒိယနိုင်ငံမှာ ရှိခဲ့တဲ့ ရာမအင်ပါယာကို တစ်စစီဖြစ်အောင် ချေမွဖျက်ဆီးခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ ပြုလုပ်ခြင်း အတက်ပညာများကိုလည်း လျှို့ဝှက်ခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီ့လက်နက်များ ပြုလုပ်ခြင်းအတက်နဲ့ ကမ္ဘာ့ဆွဲအား လျှို့ဝှက်ချက်များကို ဖေါ်ပြတဲ့စာအုပ် ကိုးအုပ်သည် အိန္ဒိယနိုင်ငံ အတွင်းတွင်သော်လည်းကောင်း ကမ္ဘာ့တစ်နေရာရာမှာသော် လည်းကောင်း တည်ရှိနေတယ်လို့ မှတ်တမ်းမှတ်ရာများအရ ယူဆကြတယ် ။

သို့သော် နှစ်များ မကြာမှီအချိန်က တရုတ်လူမျိုးတို့ဟာ ရှေးဟောင်း အိန္ဒိယစာပေဖြင့် ရေးသားထားတဲ့ ရှေးဟောင်း စာမူများကို တိဗက်နိုင်ငံမြို့တော် လာဆာမှာ တွေ့ရှိခဲ့ပါတယ် ။ အဲ့ဒီ့နောက် သူတို့ဟာ ဘာသာပြန်နိုင်ဖို့အတွက် ချန်ဒရီကာတက္ကသိုလ်ကို ပို့ခဲ့တယ် ။ ဒေါက်တာရုသ်ရေန က ဘာသာပြန်ဆိုတဲ့အခါမှာတော့ ကြယ်တာရာများအတွင်း သွားရောက်နိုင်တဲ့ ယာဉ်များ တည်ဆောက်ပုံ အကြောင်းအတွက်လမ်းညွှန်မှုများ ဖြစ်နေတာကို ထူးခြားအံ့သြစွာ တွေ့ရှိခဲ့ပါတော့တယ် ။ အဲ့ဒီ့ စာအုပ်ရဲ့ ဖေါ်ပြချက်များဟာ ကမ္ဘာ့ဆွဲအား ကင်းလွတ်ဖို့အတွက် တွန်းအားပေးမည့် အစီအစဉ်ဟာ လက်ဂ်ဟိမ(laghima)ခေါ် လူသားတို့ ခန္ဓာကိုယ် အဖွဲ့အစည်းအတွင်း လျှို့ဝှက်စွာ တည်ရှိနေတဲ့ စွမ်းအင်ကို အသုံးချခြင်းဖြစ်ပါတယ် ။ အဆိုအရကတော့ အဲ့ဒီ့အစွမ်းနဲ့ ခန္ဓာကိုယ်တွင်း ဗဟိုခွါအားတစ်ခု ဖြစ်ပေါ်လာကာ သူက မြေဆွဲအားကို ချေဖျက်နိုင်တဲ့အတွက် လူသားဟာ လေမှာ ပျံဝဲနိင်တယ်လို့ ဆိုတယ် ။

ဒေါက်တာရေနက တွေ့ရှိရတဲ့ မှတ်တမ်းများအရ လူသားများဟာ လေပေါ်မှာ ပျံဝဲနိုင်တဲ့ နည်းတူ စက်တပ်ယာဉ်တစ်မျိုး အက်ထရော့ကိုလည်း ပိုင်ဆိုင်ကြတယ်လို့ ဆိုတယ်။ ဒါကြောင့် အဲ့ဒီ့ခေတ်အခါက အိန္ဒိယ လူမျိုးတို့ဟာ စကြာဝဠာအတွင်းက မည်သည့်ဂြိုလ်ကိုမဆို သွားလာနိုင်နေပြီလို့ ဒီလိုဆိုပါတယ် ။ ပိုထူးခြားတာကတော့ တရုတ်သိပ္ပံပညာရှင်များက သူတို့ရဲ့ အာကာသ လေ့လာရေး အစီအစဉ်များမှာ ယင်းမှတ်တမ်းပါ အကြောင်းအရာတစ်ချို့ ထူးခြားစွာ ပါနေတယ်လို့ ဖေါ်ပြလာကြတာပဲဖြစ်ပါတယ် ။ တွေ့ရှိရတဲ့ မှတ်တမ်းများမှာ လကမ္ဘာကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်းကို အသေးစိတ်ဖေါ်ပြထားပြီး လကမ္ဘာပေါ်မှာ အက်စ်ဗင်(Asvin) ခေါ် အာကာသယာဉ်တစ်စင်းဖြစ် စစ်ခင်းခဲ့ကြောင်း ဖေါ်ပြချက်တွေ ပါဝင်နေပါတယ် ။

အဲ့ဒီ့နောက် ထပ်မံတွေ့ရှိရသည်ကား ၁၈၇၅ ခုနှစ်မှာ အိန္ဒိယပညာရှင်တစ်ဦးရေးသားခဲ့သော ဗိန်မနိကသျှတ္တရ အမည်ရှိတဲ့ အလွန်ရှေးကျသည့် လက်ရေးမူ တစ်ခုကို အိန္ဒိယ ဘုရားကျောင်း တစ်ခုအတွင်းမှာ တွေ့ရှိခဲ့ကြပါတယ် ။ အဲ့ဒီ့ လက်ရေးမူမှာတော့ ယာဉ်ပျံကို ဘယ်လို ပဲ့ထိန်းရမယ် / ခရီးရှည်ပျံသန်းမှုများအတွက် သတိထားရမဲ့ အချက်များ / ယာဉ်ပျံကို မုန်တိုင်းနဲ့ မိုးကြိုးများအကြားမှ ကာကွယ်နည်းများအပြင် နေရောင်ခြည်ကဲ့သို့သော အလွယ်တကူရနိုင်တဲ့ စွမ်းအင်အရင်းအမြစ်များ အသုံးပြု ပျံသန်းခြင်းများကို အသေးစိတ် ဖေါ်ပြခဲ့တဲ့ စာအုပ်ပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ပါပဲမိတ်ဆွေ ။

ကျွန်တော်တို့ သိထားတဲ့ ပျံသန်းခြင်းအစဟာ အလွန်မှ ရှေးကျနေခဲ့ပါပြီ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...