တွေးကြည့်တာဟာ ပြေးကြည့်တာထက် မှန်ကြောင်း သက်သေပြခဲ့သူ
-----
အဲဘတ်အိုင်စတိုင်း( 1879 - 1955 ) ဆိုတဲ့ အမည်ကို ကျွန်တော်တို့တွေ ကြားဖူးပေါင်း များပါပြီ ။ ဒါပေမယ့် သူ့ရဲ့ အကြောင်းကို သိကြတာတော့ များကြဟန်မတူပါဘူး ။ အပေါ်ရံ အသိအနေနဲ့ သိပ္ပံပညာရှင်အဖြစ်တာ ဒီလောက်လေး မှတ်သားကြပါတယ် ။ ဒါကြောင့် အခုအခါမှာ အိုင်စတိုင်းအကြောင်းအရာကို လေ့လာကြည့်မှာ ဖြစ်ပါတယ် ။ အဲဘတ်အိုင်စတိုင်းကတော့ ထူးခြားတဲ့ ပညာရှင်တစ်ယောက်ပါ ။ သူ့ရဲ့ ဖေါ်ထုတ်တွေ့ရှိမှုတွေဟာ ဘယ်သိပ္ပံပညာရှင်တွေနဲ့မှမတူပါဘူး ။ သူ့ရဲ့ ဖေါ်ထုတ်မှုက ဓါတ်ခွဲခန်းက ထွက်ပေါ်လာတာမဟုတ်ပဲ စိတ်ကူးရုံ သက်သက်နဲ့ ပုံဖေါ် တွေ့ရှိခဲ့တဲ့သဘာဝတရား သက်သက် ရူပဗေဒ ပညာရှင် တစ်ယောက်ဖြစ်ပါတယ် ။ သူ့သီအိုရီတွေကို သက်သေပြဖို့ လက်တွေ့ စမ်းသပ်မှုတွေ ဘယ်တော့မှ မလုပ်ခဲ့ဘူး ။ ပင်ကို ပါရမီကိုသာ လုံးလုံး အသုံးပြုပြီး စိတ်ကူးအမြင်တွေကို သူဟာ ပုံဖေါ်တည်ဆောက်ယူတယ် ။ အဲ့ဒီ့နောက် သူ့ စိတ်ကူး ပုံရိပ့်တွေကို ရေးမှတ်လို့ ရတဲ့ သင်္ချာပုံသေနည်းတွေအဖြစ် ပုံဖေါ်ခဲ့တာ ဖြစ်ပါတယ် ။
အိုင်စတိုင်းရဲ့ သီအိုရီ တစ်ချို့ဟာ သူ့ခေတ် သူ့အခါက ခေတ်ရှေ့ ရောက်လွန်းတာကြောင့် နောက်ပိုင်း နှစ်တွေကြာပြီး ပိုကောင်းမွန်တဲ့ သိပ္ပံပစ္စည်း ကိရိယာတွေ မတီထွင်နိုင်သေးခင် အချိန်အထိ လက်တွေ့စမ်းသပ်လို့ မရခဲ့ဘူး ။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ဘယ်သူမှ မမြင်ဖူးတဲ့ ကြယ်ကြီးတစ်စင်း တည်ရှိကြောင်း သူ့ သီအိုရီက ညွှန်းဆိုခဲ့တယ် ။ နောက်သီအိုရီက စကြာဝဠာထဲမှာ အသေးငယ်ဆုံးအမှုန့်လို့ သတ်မှတ်ခံထားရတဲ့ အက်တမ်ဟာ တကယ်တော့ ဒီ့ထက် ပိုသေးငယ်တဲ့အမှုန့်လေးတွေနဲ့ ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့ပါတယ် ။ နောက်ဆုံး တိုင်းတာစမ်းသပ်လို့ ရလာတဲ့အချိန်မှာ သီအိုရီ နှစ်ရပ်လုံး မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့တယ်မဟုတ်ပါလား ။
စကြာဝဠာကြီးရဲ့ နိယာမ တရားကြီးကို ရှင်းပြတဲ့ နေရာမှာ ကူညီဖြည့်တင်းနိုင်တဲ့ သင်္ချာပုံသေနည်းအသစ် အများအပြားကို ကမ္ဘာကြီးထံ အိုင်စတိုင်း ပေးအပ်ခဲ့တယ် ။လျှို့ဝှက်ဆန်းကျယ်လှတဲ့အလင်း / စွမ်းအင် / အရွေ့ / ဆွဲငင်အား / အာကာသနဲ့အချိန် / စတာတွေအကြောင်း ကျွန်တော်တို့ နားလည်နိုင်စွမ်းရှိအောင် ဖြည့်တင်းပေးခဲ့တယ် ။
အိုင်စတိုင်းကို ဂျာမနီနိုင်ငံ ယူးမ်မြို့မှာ မွေဖွါးခဲ့ပြီး ဖခင်ရဲ့ အသေးစား လျှပ်စစ် စက်ရုံရှိရာ မြူးနစ်မြို့ ဆင်ခြေဖုံးအရပ်မှာ ကြီးပြင်လူလားမြောက်ခဲ့တယ် ။ တစ်နေ့တစ်ချိန်မှာ သိပ္ပံပါရမီရှင် အကျော်အမော်တစ်ယောက်ဖြစ်လာမဲ့ အိုင်စတိုင်းဟာ ငယ်စဉ်က ထူးချွန်ထက်မြတ်တဲ့ အရိပ့်လက္ခဏာ မပြခဲ့ပါဘူး ။ သူဟာ စကားပြော သင်ယူတဲ့ နေရာမှာ အလွန်နှေးကွေးခဲ့ပါတယ် ။ ကျောင်းစာမှလည်း ညံ့လွန်းတာကြောင့် သူ့ကို ဆရာတွေက ထုံထိုင်းထိုင်း ဖွံ့ဖြိုးမှုမရှိတဲ့ ကလေးလို့ သတ်မှတ်ကြပါတယ် ။
တကယ်တော့ ဆရာတွေ မှားယွင်းခဲ့တယ်ဆိုတာ တစ်နေ့တော့ သက်သေပြပါလိမ့်မယ် ။ အိုင်စတိုင်းဟာ ညာဏ်ရည်အင်မတန်ထက်မြတ်သူတစ်ယောက်ပါ ။ အသက် ဆယ့်နှစ်နှစ်အရွယ်မှာ ဂျီသြမေတြီနဲ့ ကဲကုလပ်သင်္ချာပညာတွေကို သူ့ဘာသာသူ သင်ယူတက်မြောက်ခဲ့တယ် ။ ဒီ ခက်ခဲလှတဲ့ သင်္ချာဘာသာရပ်နှစ်ခုဟာ အထက်တန်းကျောင်းနဲ့ ကောလိပ်အဆင့်မှာတာ သင်ကြားလေ့ရှိတဲ့ ဘာသာရပ်တွေပါ ။ အိုင်စတိုင်း ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ မိသားစု လျှပ်စစ်လုပ်ငန်းမှာ ဝင်လုပ်ဖို့ သူ့ အဖေက တိုက်တွန်းခဲ့ပါတယ် ။ ဒါပေမယ့် ပညာဆက်လက်သင်ချင်သေးတဲ့ အထူးသဖြင့် သင်္ချာနဲ့ ရူပဗေဒကို လေ့လာချင်တဲ့ အိုင်စတိုင်းဟာ ရူပဗေဒ ဆရာတစ်ယောက်ဖြစ်လာဖို့ ရည်သန်နေခဲ့တယ် ။ ဒီလိုနဲ့ အိုင်စတိုင်းဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ကို ထွက်လာခဲ့ပြီး ပေါ်လီတက္ကနစ်သိပ္ပံကျောင်းမှာ အမည်စာရင်း ပေးသွင်းခဲ့ပါတယ် ။ နောက်ပိုင်း သူ့ရဲ့ ကြင်ယာဖြစ်လာမယ့် မီလက်ဗာမာရပ်ဆိုသူ ကျောင်းသူတစ်ဦးနဲ့ သိကျွမ်းခင်မင်ခဲ့ပါတော့တယ် ။
ဘွဲ့ရပြီးနောက် လူငယ်လေး အိုင်စတိုင်းဟာ ဆရာတစ်ယောက်အဖြစ် အလုပ်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ။ အလုပ်တစ်ချို့က လက်ခံခဲ့ပေမယ့် လစာ အနည်းငယ်သာ ပေးနိုင်ကြတယ် ။ လပေါင်း အတော်ကြာကြာ သူ့မှာ စားဖို့ အနိုင်နိုင် ရှုန်းကန်ခဲ့ရပါတယ် ။ နောက်ဆုံး ၁၉၀၂ ခုနှစ်မှာ ဆွမ်မှတ်ပုံတင် ရုံးတစ်ရုံးမှာ ရုံးစာရေးအလုပ်ကို ရရှိခဲ့တယ် ။ ဒီအလုပ်လည်း လစာအလွန်နည်းပါးပေမယ့် အိုင်စတိုင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုလို့ ဆိုရပါမယ် ။ ဘာကြောင့်လည်းဆိုတော့ ရုံးစာရေးအလုပ်ဟာ လွယ်ကူလှပြီး အိုင်စတိုင်းအတွက် တွေးတောစဉ်းစားဖို့ လေ့လာသင်ယူဖို့ အချိန်ပို များစွာ ရရှိခဲ့တယ် ။
သူဟာ အချိန်နဲ့ အာကာသအကြောင်း သင်္ချာနည်းအရ ရှင်းလင်းတင်ပြထားတဲ့ ပုံသေနည်း အသစ်တွေကို သုံးနှစ်တာ ကာလလုံး အားလပ်ချိန် မိနစ်ပိုင်းမျှလေးပါမကျန် ကြိုးပမ်းရှာဖွေခဲ့ပြီး ရှာဖွေ တွေ့ရှိမှု အသစ်တွေ ကမ္ဘာကြီးထံ ယူဆောင်လာခဲ့ပါတယ် ။ သူ့အသက် ၂၆ နှစ်အရွယ်တာရှိသေးတဲ့ ၁၉၀၅ ခုနှစ်မှာ သူ့ဘဝကို ထင်ရှားကျော်ကြားလာစေမဲ့ သီအိုရီတစ်ခုကို ပုံနှိပ့်ထုတ်ဝေခဲ့တယ် ။ အမည်ကို အထူးနှိုင်းရဓမ္မသီအိုရီ လို့ ပေးလိုက်တယ် ။ တစ်ချို့ သိပ္ပံပညာရှင်တွေက ဒီ သီအိုရီကို သိပ္ပံသမိုင်းတစ်လျှောက် အရေးအပါဆုံး ကျမ်းတစ်စောင်လို့ ချီးကျူးဂုဏ်ပြုကြပါတယ် ။ မကြာခင်မှာပဲ ကမ္ဘာကျော်တစ်ဦး ဖြစ်လာခဲ့တယ် ။ ဥရောပထိပ့်သီး တက္ကသိုလ်တွေဟာ သူ့ကို တက္ကသိုလ်အတွင်း လာရောက်စာပေဟောပြောဖို့ ဖိတ်ခေါ်ကြတယ် ။ ကော့ပါးနီကပ် နောက်တစ်ယောက် မွေးဖွါးလာခဲ့ပြီလို့လဲ ဆိုကြတယ် ။ ဂုဏ်ထူးကြီးမားတဲ့ သင်ကြားရေး ရာထူး အမြောက်အများ သူ့ထံ ကမ်းလှမ်းလာကြတယ် ။ ဒီလိုနဲ့ ၁၉၁၄ ခုမှာ အိုင်စတိုင်းဟာ ဘာလင် တက္ကသိုလ်ရဲ့ ရူပဗေဒ ပါမေက္ခတစ်ဦးဖြစ်လာပြီး ဆယ့်ကိုးနှစ်ကြာအောင် အဆိုပါတက္ကသိုလ်မှာ နေထိုင်ခဲ့ပါတယ် ။ ၁၉၂၁ ခုနှစ်မှာတော့ ရူပဗေဒ ဘာသာရပ်အတွက် နိုဗယ်ဆုကို သူ လက်ခံရရှိခဲ့ပါတော့တယ် ။
၁၉၃၃ ခုနှစ်မှာ သူ့ဘဝကို လုံးလုံးပြောင်းလဲပစ်စေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့တယ် ။ အဲ့ဒါကတော့ ဂျာမနီနိုင်ငံမှာ အာဏာရှင် အဒေါ့ဟစ်တလာ အာဏာရလာခြင်းပါပဲ ။ ဟစ်တာလာနဲ့ သူ့နောက်လိုက်တွေဟာ ဂျူးတွေကို မြေလှန်သုတ်သင်နေပြီး ဂျူး သန်းပေါင်းများစွာကို ထောင်သွင်း အကျဉ်းချထားတယ် ။ ဟစ်တလာ ဟာ တစ်ကမ္ဘာလုံးကို တစ်နေ့ သူ အုပ်စိုးမယ်လို့ အတည်အလင်း ကြွေးကျော်ထားသူပါ ။ နောက်ဆုံးတော့ သူဟာ ဒုတိယကမ္ဘာစစ်ကို စတင်ဖန်တီးခဲ့ပါတယ် ။
အိုင်စတိုင်းဟာ ဟစ်တလာနဲ့ သူ့ နောက်လိုက် နောက်ပါ နာဇီတွေရဲ့ ရက်စက်ကြမ်းယုတ်မှုကို ခပ် မြန်မြန်ပဲ ဝေဖန်ရှုံ့ချခဲ့တယ် ။ ဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ ဟစ်တလာဟာ အိုင်စတိုင်းကို ဖမ်းဝရမ်းထုတ် / သူပိုင်သမျှတွေ သိမ်းယူပြီး နေအိမ်ကိုလည်း ဖျက်ဆီးပစ်လိုက်ပါတော့တယ် ။ အခုအခါမှာတော့ သန်းပေါင်းများစွာသော လူသားတွေ လေးစားကြည်ညိုရတဲ့ သူတစ်ယောက်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါပြီ ။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖိတ်ခေါ်မှုကို သူ လက်ခံရရှိခဲ့ပါတယ် ။ နယူးဂျာစီပြည်နယ် အဆင့်မြင့် လေ့လာရေး ပရင်စတန်တက္ကသိုလ်ဟာ အိုင်စတိုင်းကို တစ်သက်တာ အဖွဲ့ဝင်အဖြစ် ဂုဏ်ယူစွာ ဖိတ်ခေါ်ခဲ့ပါတယ် ။ နောက်ဆုံးမှာ အမေရိကန်ဟာ နျူးကလီးယားဗုံးဖေါက်ခွဲပြီး ၁၉၄၅ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ခဲ့ပါတယ် ။ တကယ်တော့ နျူးကလီးယားဗုံးဟာ ဒြပ်ထုကနေ စွမ်းအင်အဖြစ် / စွမ်းအင်ကနေ ဒြပ်ထုအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတဲ့ အိုင်စတိုင်းရဲ့ အစောပိုင်း( ၁၉၀၅ ခုနှစ် ) တွေ့ရှိချက်အပေါ် အခြေခံ တည်ဆောက်ထားတာပါ ။ သူ့ ဖေါ်မြူလာအဖေါ် အခြေခံထားတဲ့ နူကလီးယား စမ်းသပ်ထုတ်လုပ်မှုကို ဖရင်ကလင်ဒီရှု့စဗဲ့ အာရုံစိုက်လာအောင် အိုင်းတိုင်းကိုယ်တိုင် သမ္မတထံ ၁၉၃၉ ခုနှစ်မှာ စာတစ်စောင် ရေးသားပေးပို့ခဲ့တာပါ ။ သူ့ ကြိုးပမ်းခဲ့မှုတွေဟာ ဖျက်ဆီးမှုနဲ့ သေကြေပျက်ဆီးမှုတွေဆီ ဦးတည်သွားဖို့ ဘယ်တုန်းကမှ သူမရည်ရွယ်ခဲ့ပါဘူး ။ နူကလီးယားစွမ်းအင်ကို လူသားတို့အတွက် အကျိုးဖြစ်ထွန်းအောင် အသုံးပြုမဲ့အစား လက်နက်တစ်ခုအဖြစ် သိပ္ပံပညာက အသုံးချခဲ့တာကို အိုင်စတိုင်း နောင်တအကြီးအကျယ် ရခဲ့ပါတယ် ။ ကြောက်ခမန်းလိလိ ဒုက္ခဆင်းရဲတွေကို ကာကွယ်တားဆီးနိုင်ဖို့ တကမ္ဘာလုံးကို စည်းလုံးညီညွှတ်ကြဖို့ သူ တိုက်သွန်းခဲ့တယ် ။
အဲဘတ်အိုင်းစတိုင်းဟာ စကြာဝဠာကြီးရဲ့ လျှို့ဝှက် ဆန်းကျယ်မှုတွေကို မနားမနေ အဖြေရှာခဲ့သူပါ ။ နှောင်းပိုင်း သူ့ သီအိုရီတွေမှာ ဆွဲငင်အား နိယာမ လျှပ်စစ် သံလိုက်လှိုင်းတို့နဲ့ ပတ်သက်ပြီး တန်ဖိုး ကြီးလှတဲ့ သင်္ချာနည်းအရ ရှင်းလင်းတင်ပြမှုတွေ ပါဝင်ခဲ့တယ် ။ အသက် ၇၆ နှစ်အရွယ် ၁၉၅၅ ခုနှစ်မှာတော့ အင်မတန်ထက်မြတ်လှတဲ့ ကမ္ဘာ့ကျေးဇူးရှင်ကြီးအိုင်စတိုင်း ကွယ်လွန်ခဲ့ပါတော့တယ်ခင်ဗျာ ။
#htoohtoolay

Comments
Post a Comment