ဘုန်းတော်ကြီးထဲမှ ပထမဆုံး နတ်ဘုရားနက္ခတ်ပတ်လမ်းကို တော်လှန်ခဲ့သူ
-----
သမိုင်းတစ်လျောက်လုံး ကမ္ဘာကို နေက လှည့်ပတ်နေတယ်လို့ လူတွေ ထင်မှတ်ခဲ့ကြတယ် ။ ပိုလန်လူမျိုး နက္ခတ္တဗေဒပညာရှင် နီကိုလပ်ကော့ပါးနီးကပ် ကတော့ မတူကွဲပြားတဲ့ အမြင်နဲ့ မှန်ကန်ကြောင်း သက်သေပြဖို့ကို စိတ်စောနေခဲ့ပါတယ် ။
မျက်မြင်တွေ့နေရတာထက် မှန်တာ ဘာရှိအုန်းမလဲ ! စကြာဝဠာရဲ့ အလယ်ဗဟိုဟာ ကမ္ဘာမြေပဲ ! စတာတွေဟာ လူတွေ ပြောဆိုနေကြတဲ့ အချက်ဖြစ်တယ် ။ ဒီလိုနဲ့ နေဟာ ရွေ့လျား လည်ပတ်နေတယ်ဆိုတဲ့ ကောက်ချက်ဆွဲမှုကို လူတွေ ယုံကြည်လာကြပါတယ် ။
၁၄၉၉ ခုနှစ် ဖြစ်တယ် ။ ၂၆ နှစ်အရွယ်ဖြစ်ပြီဖြစ်တဲ့ ကော့ပါးနီးကပ်ဟာ အီတလီနိုင်ငံ ရောမတက္ကသိုလ်မှာ နက္ခဗေဒ ပါမောက္ခတစ်ဦး ဖြစ်လို့ နေပါပြီ ။ သူဟာ ညာဏ်ရည် ညာဏ်သွေး အင်မတန်ထက်မြတ်တဲ့သူဖြစ်ပြီး တက္ကသိုလ် ငါးခုမှာ ပညာသင်ယူခဲ့ပြီးသူလည်း ဖြစ်တယ် ။ ဒါပေမယ့် သူဟာ နက္ခဗေဒပညာရပ်ကို သင်ကြားပို့ချဖို့ ဘဝလမ်းကြောင်း ရွေးချယ်ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၅၀ ခန့်က ကြယ်တွေကို လေ့လာသူ ဂရိပညာရှင်တစ်ဦးဖြစ်တဲ့ တိုလေမီ စတင်ဖေါ်ထုတ်ခဲ့တဲ့ သီအိုရီဟောင်းကို အခြေပြုကာ သူ့တပည့်တွေကို စကြာဝဠာအကြောင်း ရှင်းပြနေခဲ့ပါတယ် ။ ( စကြာဝဠာတစ်ခုလုံးဟာ ကမ္ဘာကို ဗဟိုပြုပြီး လည်ပတ်နေတယ် ) လို့ တပည့်တွေကို သင်ကြားပေးနေရတယ် ။ သို့သော် အဲ့သင်ကြားမှုကို သူကိုယ်တိုင် တွန်းလှန်တဲ့ စိတ်တွေ အကြိမ်ကြိမ် ပေါ်ပေါက်လို့ နေပါတယ် ။ သူဟာ အဲ့အမြင်ကို လုံးဝ လက်မခံနိုင်အောင်ဖြစ်နေတယ် ။ သူသင်ပေးနေရတဲ့ သီအိုရီဟာ အကျိုးအကြောင်း ဆက်စပ်မှု မရှိ / အဓိပ္ပါယ် မဲ့နေရုံမက ရှင်းပြနိုင်တဲ့ အကြောင်းအရာတွေ မေးခွန်းထုတ်စရာတွေ အပြည့်နဲ့ ကျန်ရှိနေတယ်လို့ သူထင်မြင်နေပါတယ် ။ ဘာကြောင့် ကြယ်တွေဟာ အလျင် အမျိုးမျိုးနဲ့ နေနဲ့ လဆီက ရွေ့လျားနေကြပါလိမ့် ! ဘာကြောင့်များ တစ်ချို့သော ကြယ်တွေက ကောင်းကင်မှာ လည်ပတ်နေတာပါလဲ ! တိုလေမီရဲ့ သီအိုရီ တစ်ခုလုံး မှားယွင်းနေတာလား ? လို့ သူအကြိမ်ကြိမ် သူ့ကိုယ်သူ မေးမြန်းလေ့ ရှိနေပါတယ် ။
အဲ့ဒီ့နောက် ကော့ပါးနီးကပ်ဟာ နက္ခဗေဒပညာကို ထဲထဲဝင်ဝင် လေ့လာတဲ့အခါ သူ့အရင်မတိုင်ခင်က တိုလေမီ သီအိုရီအပေါ် သံသယဝင်ခဲ့ကြတဲ့ ပညာရှိအချို့ရှိနေတယ်ဆိုတာ သိလိုက်ရတယ် ။ စကြာဝဠာရဲ့ ဗဟိုချက်ဟာ ကမ္ဘာမဟုတ် / နေသာဖြစ်တယ်လို့ အဆိုပါပညာရှင်တွေက တွေးမိခဲ့ကြပါတယ် ။ ဒါပေမယ့် တစ်ဦးတစ်ယောက်မှ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားကို သက်သေမပြသနိုင်ခဲ့ကြပါဘူး ။ ရလဒ်အဖြစ် တိုလေမီရဲ့ သီအိုရီကိုသာ ကော့ပါးနီးကပ်ခေတ်က ထင်ရှားတဲ့ အတွေးအခေါ်ပညာရှင်အများစုနဲ့ ဘာသာရေး ကျောင်းတော်တို့က အမှန်တရားအဖြစ် လက်ခံလာခဲ့ကြတယ် ။
ဒါကြောင့် ဆန့်ကျင်ဖေါက်ထွက် တွေးတောခဲ့သူ ပညာရှင်တွေရဲ့ အမြင်တွေသာ အကယ်၍ မှန်ကန်ခဲ့ရင် မည်သို့ ဖြစ်မှာပါလဲ ? ကော့ပါးနီးကပ်ကို စိတ်အနှောက်အယှက်ပေးနေတဲ့ မေးခွန်းတွေအားလုံး ဖြေရှင်းချက် ပေးနိုင်မှာလား ။ ဒီလိုနဲ့ ကောပါးနီးကပ်ဟာ သင်ကြားရေးအလုပ်ကို စွန့်လွှတ်ပြီး နက္ခတ္တဗေဒ သိပ္ပံပညာရပ်ထဲ စူးစူးနစ်နစ် မြှပ်နှံလေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
အဲ့ဒီ့နောက် ပိုလန်နိုင်ငံ ဖရောက်အန်းဘော့ဒေသမှာရှိတဲ့ တောင်ပေါ်ရွာကလေးတစ်ခုက ဘုရားကျောင်းမှာ သူဟာ တာဝန်ခံ ဘုန်းတော်ကြီး ဖြစ်လာခဲ့တယ် ။ ဘုန်းတော်ကြီး တစ်ပါးအဖြစ် ဘုရားရှစ်ခိုးကျောင်းရဲ့ သာသနာပြုကိစ္စတွေမှာ ဦးစီးဦးဆောင်ပြုရတယ် ။ သူဟာ လူမှုရေး အလုပ်တွေနဲ့ မနားမနေ အလုပ်လုပ်လာခဲ့တာကြောင့် အလပ်ချိန်ဆိုတာ မရှိသလောက်ပါပဲ ။ ဒါပေမယ့် အင်မတန် ထူးဆန်းတဲ့ အံ့ဘွယ်လူသား နီကိုလပ်ကော့နီးပါးကပ်အတွက် အလုပ်တာဝန်ဝတ်တရားတွေကြားမှ သူနှစ်သက်ဆွဲလမ်းရာ နက္ခတဗေဒကို လေ့လာလိုက်စားခဲ့ပါတယ် ။ သူကွယ်လွန်ပြီး နှစ်များစွာတိုင်အောင် အဝေးကြည့်မှန်ပြောင်းမှာ မပေါ်သေးတာကြောင့် ကောင်းကင်မှာရှိတဲ့ ကြယ်တွေ / ဂြိုလ်တွေရဲ့ လှုပ်ရှားမှုကို သူ့ရဲ့ ပင်ကိုယ်မျက်လုံးကိုသာ အားကိုးခဲ့ရပါတယ် ။
ဘုရားကျောင်း မျှော်စင်အတွင်းမှာရှိတဲ့ သူ့ အလုပ်ခန်းခေါင်မိုးကို အက်ရာထင်အောင် ပြုလုပ်ထားတယ် ။ ည မှောင်ချိန် အလုပ်ခန်းထဲ ထိုင်တဲ့အခါ အဲ့ဒီ့ အက်ရာကနေ ကြယ်တွေ ဖြတ်သန်းသွားလာပုံကို သူမြင်တွေ့ရမှာ ဖြစ်တယ် ။ ကောင်းကင်မှာ ကြယ်တွေရဲ့ အနေအထားကို လေ့လာမှတ်သားပြီး သူတို့ ဘယ်လောက်မြန်မြန် ရွေ့လျားလည်ပတ်ကြတယ်ဆိုတာကို လေ့လာမှတ်သားကာ လမ်းကြောင်းလေးတွေအဖြစ် မှတ်သားထားပါတယ် ။
ကော့ပါးနီးကပ်ဟာ သူ လေ့လာတွေ့ရှိသမျှ အရာအားလုံးကို တိကျတဲ့ မှတ်တမ်းများ ရေးသားထားခဲ့တယ် ။ ဒါ့အပြင် သူ တွေ့မြင်ခဲ့ရတာတွေကို ရှင်းလင်းပြောကြားဖို့ သင်္ချာ ပုံသေနည်းတွေ တီထွင် ကြံဆခဲ့ပါတယ် ။ အချက်အလက်တွေ / မှတ်တမ်းမှတ်ရာတွေကို နည်းနည်းစီ စတင်စုဆောင်းလာခဲ့ရာမှ တစ်နေ့ နက္ခဗေဒပညာရပ်မှာ ကော့ပါးနီးကပ်ကို ထိုအချက်အလက်တွေက မွေးဖွါးပေးလိုက်ပါတယ် ။ ကော့ပါးမီးကပ်ဟာ သူ့ရဲ့ လေ့လာမှုတွေကို နှစ်လေးဆယ်ကြာမှ အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ် ။ နောက်ဆုံးမှာတော့ တိုလေမီရဲ့ သီအိုရီ မှားယွင်းကြောင်း အတိအလင်း သူ သက်သေပြနိုင်ခဲ့ပါပြီ ။
သူ့ရဲ့ အရေးပါးဆုံး အချက်တွေထဲက တစ်ခုကတော့ ကမ္ဘာဟာ နေကို နှစ်တစ်နှစ်တိုင်း တစ်ကြိမ်ပြည့်အောင် လှည့်ပတ်နေစဉ် တစ်ပြိုင်နက်ထဲ သူ့ကိုယ်ပိုင်ဝင်ရိုးပေါ် ကမ္ဘာဟာ အလျှင်အမြန် လည်ပတ်နေတယ်ဆိုတာပါပဲ ။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာတစ်ခြမ်း နေနဲ့ နီးတဲ့အခါ နေ့ခင်းချိန်လို့ သက်မှတ်ကြပြီး နေရဲ့ အလင်းရောင်နဲ့ ဝေးတဲ့ အခါမှာတော့ ညအဖြစ် သတ်မှတ်ပါတယ် ။ ဒီလို ကမ္ဘာဟာ သူ့ဝန်ရိုးပေါ် တစ်ပတ်ပြည့်တာဟာ ၂၄ နာရီ ကြာမြင့်တယ် ။ ကမ္ဘာဟာ နေကို လည်ပတ်နေစဉ်မှာ လဟာလည်း ကမ္ဘာကို လှည့်ပတ်နေတယ်ဆိုပြီး ဖေါ်ထုတ်ခဲ့ပါတယ် ။ ( ထိုအသိမြင်ကို အဝေးကြည့်မှန်ပြောင်းမရှိပဲ သူဟာ အစအဦးဆုံး ထုတ်ဖေါ်ခဲ့တာပါ )
ကော့ပါးနီးကပ်ဟာ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို စာအုပ်တစ်ခုနဲ့ ရေးသားပြီး နှစ်အတော်ကြာအောင် သူ့ အလုပ်စာပွဲထဲ သော့ခပ် သိမ်းဆည်းခဲ့ပါတယ် ။ အကြောင်းကတော့ သူ့ ထူးထွေဆန်ပြာတဲ့ စိတ်ကူးစိတ်သန်းတွေကို လူတွေ လှောင်ပြောင်ကြလိမ့်မယ်ဆိုတာ ကြိုသိနေခဲ့လို့ပါ ။ ရှေးဟောင်း တိုလေမီသီအိုရီကို ဘုရားကျောင်းတော်က တရားဝင် အတည်ပြုထားတယ်ဆိုတာလဲ သူ သိနေခဲ့ပါတယ် ။ ဘုန်းကြီးတစ်ပါးအဖြစ် ဘုရားကျောင်းတော်ကို သူဘယ်လို ဆန့်ကျင် အန်တုဝံ့မှာလဲ ?
၁၅၄၃ ခုနှစ်မှာ သူဟာ အိုမင်းသေဆုံးခါနီးကြမှ စာအုပ်ကို ပုံနှိပ့်ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စာအုပ်ကို ((( နတ်ဘုရားများ၏ နက္ခတ်ပတ်လမ်းများကို တော်လှန်ခြင်း ))) လို့ အမည်ပေးခဲ့တယ် ။ သူ မသေခင်လေး ခဏမှ သူ့ထံ ပုံနှိပ့်ထုတ်ဝေပြီးသားစာအုပ်လေး ရောက်ရှိလာခဲ့ပါတယ် ။ ဒီအချိန်မှာ သူဟာ အသက် ခုနှစ်ဆယ်ရှိရုံမျှမက လေဖြတ်ထားသေးတယ် ။ မျက်စိလဲ ကွယ်လုနီးပါး ။ သူ့ဘဝ တစ်သက်လုံး ရင်းနှီးပြင်ဆင်ခဲ့ရတဲ့ တန်ဖိုးအနဂ္ဂထိုက်တဲ့စာအုပ်ကို သူ မြင်တွေ့ခဲ့ရပါ့မလားဆိုတာ မသေချာလှပါ ။
သေခြာတာကတော့ သူဟာ အစအဦးဆုံး နတ်ဘုရားတွေကို တော်လှန်ခဲ့သူဖြစ်ပြီး သူ့ကျေးဇူးကြောင့်ပင် ကျွန်တော်တို့ ကမ္ဘာက နေကိုလှည့်ပတ်နေကြောင်း အစဦးဆုံး သိရှိခွင့် ပေးခဲ့သူတစ်ဦးပဲဖြစ်ပါတယ် ။
#htoohtoolay

Comments
Post a Comment