Skip to main content

ရေ ( Water ) ခွက်အရှေ့မှာ စိတ်မဆိုးပါနဲ့

ရေ ( Water ) ခွက်အရှေ့မှာ စိတ်မဆိုးပါနဲ့
----
ရေနဲ့ပတ်သတ်ပြီး တွေ့ရှိမှုတွေကို အခုအခါမှာ လေ့လာကြည့်ရမှာဖြစ်ပါတယ် ။ သူ့ရဲ့ တုန့်ပြန်မှုများဟာ သာမန်တစ်ခုအနေနဲ့ မဟုတ်ပဲ အလွန်ဆန်းကြယ်စွာပဲ အပြုအမူများအပေါ် တုန့်ပြန်မှုများ ရှိနေတာတွေ့ရှိရမှာပါ ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ရေကို မှတ်ချက်တစ်ခုအနေနဲ့ ပေးလိုက်ရမယ်ဆိုရင် ရေဟာ ခံစားမှု ရှိပါလိမ့်မယ်လို့ ဒီလို တင်စားရမှာပါပဲ ။ (ဥပမာအနေနဲ့ပြောတာပါ) ။ ကျွန်ပ်တို့အတွက် အလွန်ပဲ အရေးပါလှတဲ့ အထောက်အထားတွေကို ရေက ပေးနေပါတယ် ။ ရေမျက်နှာပြင်များကို မှန်သဖွယ် ကြည့်ရှုခြင်းဖြင့် တုံ့ပြန်မှုများကပင် အံ့သြဖွယ်အချက်များကို ပေးစွမ်းနိုင်ပါတယ် ။ အဲ့ဒါကြောင့်ပဲ ရေရဲ့ ထူးခြားလွန်းလှတဲ့ ဂုဏ်သတ္တိများကို ကမ္ဘာတစ်ဝမ်းလုံး အတိုင်းအတာနဲ့ စမ်းသပ်မှုများပြုလုပ်ကာ စာတစ်စောင် ပေတစ်ဖွဲ့ ရေးသားပြီး ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ် ။

အမှန်အားဖြစ် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရေ ( ၇၂ ) ရာခိုင်နှုန်း ပါဝင်သလို ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ ရေနဲ့ ကုန်းမြေအချိုးဟာလည်း ထူးခြားစွာ တိုက်ဆိုင်မှုအလား ရေ အချိုးက ( ၇၂ ) ရာခိုင်နှုန်းရှိနေပါတယ် ။ ဒါ့အပြင် ကမ္ဘာပေါ်က သက်ရှိ သက်မဲ့ အရာအလုံးရဲ့ အရင်းအမြစ်ကလည်း ရေဖြစ်နေပါတယ် ။ ကျွန်တော်တို့ ခန္ဓာကိုယ်သည်ပင် ရေများ သိုလှောင်ထားတဲ့ ကုဋေပေါင်း များစွာရှိသည့် ဆဲလ် ခေါ် အခန်းငယ် ပေါ်လေးများပေါ်မှာ ပေါလောမျောနေတဲ့ ရေမြှပ်ကလေးများ လိုပင် ဖြစ်နေပါတယ် ။ တူညီတဲ့ ရေများကို စမ်းသပ်မှုတွေ ပြုနေပါလျက် လူသားတို့မှာ တည်ရှိနေသော တုန်ခါစွမ်းအားများ / အတွေးအခေါ်များ / စိတ်ကူးစိတ်သန်းများ / လူတို့ဖန်တီးလိုက်သော တေးဂီတများ / စကားလုံးများ ( စာပေအရေးအသားများ ) ဟာ ရေအပေါ် ကျရောက်လာတဲ့အခါ ရေဟာ လူသားတစ်ဦးသဖွယ် ကျရောက်လာသော စွမ်းအင်များအလိုက် တုံ့ပြန်လာတာကို ဒေါက်တာမာဆားရုအီမိုတိုက တွေ့ရှိခဲ့ပါတော့တယ် ။ သူဟာ အမေရိကန် ပြည်ထောင်စု သံလိုက်ဓါတ်လေ့လာစမ်းစစ်မှု နည်းပညာကို အသုံးပြုကာ ရေရဲ့ ဖွဲ့စည်းမှုကို စမ်းသပ်ပြုလုပ်ခဲ့တာပဲ ဖြစ်တယ် ။ အဲ့ဒီ့ စမ်းသပ်မှုကနေမှ ရေရဲ့ သူ့အပေါ်ကျရောက်လာသည့် စွမ်းအင်များအလိုက် တုန့်ပြန်မှုရှိကြောင်းအပြင် အချိုးအစားကျစွာ လှပသပ်ရပ်တဲ့ သဏ္ဍာန်များကို ဖေါ်ပြကြောင်း တွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ သတ္တလောကကြီးဟာ တစ်ခုအပေါ် တစ်ခု ရပ်တည်နေကြောင်း ပိုမိုထင်ရှားစေခဲ့တယ်လို့ ဒီလို သုံးသပ်ကြပါတယ် ။

ရေရဲ့ တုန့်ပြန်မှု ပုံစံတွေကို လေ့လာကြည့်မယ်ဆိုရင် နေရာ ဒေသအလိုက် ပုံစံများ ပြောင်းလဲဖြစ်ပေါ်နေကြောင်း တွေ့ရှိရမှာဖြစ်တယ် ။ ဆန်းစစ်ကြည့်မယ်ဆိုရင် ရေဟာ ဘယ်နေရာမှာမဆို အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် ဒြပ်ပေါင်းသာ ဖြစ်ပါလျက် နေရာဒေသကို လိုက်ပြီး ရေရဲ့ ပုံဆောင်ခဲများ ပြောင်းလဲမှုရှိတာဟာ အံ့သြစရာတစ်ခုပါပဲ ။ ဒါပေမယ့် ပတ်ဝန်းကျင်ကို လိုက်ပြီး ဖြစ်ရတဲ့ ခန္ဓာသဘောအတွက်တော့ ထူးဆန်းဖွယ်မရှိပါ ။ ဘာကြောင့်လည်းဆိုတော့ အပူပိုင်ဒေသတွေမှာ မွေးဖွားတဲ့ မြွေတွေ ဂျို တို့ ကြည်းခွံတို့ ပါသလိုပါပဲ ။ ရေဟာလည်း ထိုသဘောအတိုင်း ဖြစ်ဖွယ်ရှိတယ် ။ အဲ့ဒီ့အပေါ်မှာမှ ထင်ရှားလာတာက ကျွန်တော်တို့တွေဟာ တစ်ခုတည်းသော အရာများ ဖြစ်ကြောင်းပါပဲ ။ ကျွန်တော်တို့ရဲ့ ပြုမူမှုအားလုံးဟာ အရာဝတ္ထုများအပေါ် အနည်းအများအပြင် အပြင်းအထန်ကို အကျိုးတက်ရောက်လျက်ရှိနေတာဟာ ဒီရေရဲ့ တုန့်ပြန်မှုက အကောင်းဆုံးသော သက်သေအဖြစ် ဖေါ်ပြနေပါတယ် ။

ပုံဆောင်ခဲ နမူများကို လေ့လာကြည့်ရင် ညစ်ညမ်းတဲ့ နေရာများမှာရှိတဲ့ ရေများဟာ ပုံပျက်ခြင်းများ ရှိနေပေမယ့် သန့်ရှင်းတဲ့ နေရာမှာ ရှိတဲ့ ရေများ၏ ပုံဆောင်ခဲများဟာ အလွန်မှ လှပပါတယ် ။ ဒါ့အပြင်လူတွေရဲ့ မန်းမှုတ်သံတွေ / ဆုတောင်းသံတွေ အစရှိတာတွေကိုလဲ လိုက်ပြီးရေမှာ ပုံသဏ္ဍာန်ပေါ်ပါတယ် ။ အမျိုးမျိုးလည်း ပြောင်းလဲလျက် တုန့်ပြန်မှုကို ပြပါတယ်။

နမူနာများမှာ ဂျပန်နိုင်ငံ ဖူဂျီဝါရား ရေလှောင်ကန်ကြီးမှ ရေကို ဖန်ခွက်တစ်ခုတည်းမှာ ထည့်ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးကို ရှေ့မှာနေကာ ဘုရားစာ ရွတ်စေခဲ့ပါတယ် ။ ဘုရားစာများ ရွတ်ဖတ်ပြီးတဲ့အခါမှာ ရေရဲ့ ပုံဆိုင်ခဲများက ပျက်ဆီးနေရာကနေ လှပတဲ့ ခရစ္စတယ်ပုံ ပေါ်ပေါက်လာကြောင်း ဖေါ်ပြထားတယ် ။ ( လူတွေရဲ့ ကရုဏာအပေါ် လိုက်ပြီး ပြောင်းလဲပုံပါပဲ ။ ခရစ်ယာန်တစ်ဦး သို့မဟုတ် အစ္စလာမ် ဟိန္ဒူ အစရှိတဲ့ ဘာသာဝင်များမှလည်း ဒီလိုပဲ ဆုတောင်းမှုများပြုစဉ်မှာ သူတို့ရဲ့ ကရုဏာတွေ သိမ်မွေ့မှုတွေအပေါ် လိုက်ပြီး တုန့်ပြန်တက်တာပါပဲ ။ ဒါဟာ လူတွေရဲ့ စိတ်ခံစားမှုမှ ထွက်ပေါ်လာတဲ့ အရာများအပေါ်လိုက်ပြီးအကျိုး သက်ရောက်ပုံပါပဲ ။ ဒါကြောင့် များများ စိတ်မဆိုးဖို့ ဒေါသမကြီးဖို့ လိုပါတယ် ။ ) သီချင်းသံများ သာယာနာပျော်ဖွယ်အသံများ အစရှိတာတွေကိုလည်း ရေဟာ သီးခြားစီ တုန့်ပြန်ကြောင်းလဲ တွေ့ရှိခဲ့ကြတယ် ။

ဒါကြောင့်ပါပဲ မိတ်ဆွေ !

ရေခွက်တစ်ခု ကိုယ့်အရှေ့မှာ ရှိနေတယ်ဆိုရင် သင်ဟာ စိတ်မဆိုးလိုက်ဖို့ အရေးကြီးပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သင့်ရဲ့ ပြုမူမှုများအပေါ်လိုက်ပြီး ရေဟာ အကျိုးများခြင်း / အကျိုးနည်းခြင်းများ ဖြစ်နေလို့ပါပဲ ။ သင်ဟာ စိတ်ဆိုးနေတဲ့အချိန် ရေသောက်လိုက်မယ်ဆိုရင် သင့်ရဲ့ စိတ်ဆိုးမှုအပေါ်လိုက်ပြီး ရေဟာ ပုံပျက်နေပြီမို့ သင်သာ ခဏခဏ ဒီလိုပဲ စိတ်ခက်ထန်မှုကို ပြုနေမယ်ဆိုရင် သင်ဟာ အကျိုးများတဲ့ရေကို သောက်နေတာမဟုတ်ပဲ အဆိပ့်ကို သောက်သုံးနေတာနဲ့တူပါလိမ့်မယ် ။ သင် ရေ ခဏခဏ သည်းပါလိမ့်မယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...