Skip to main content

ပဋ္ဌာန်းရဲ့ အဓိပ္ပါယ်

ပဋ္ဌာန်းရဲ့ အဓိပ္ပါယ်
----
ဒီနေရာမှာ ( ပဋ္ဌာန) ကို အဓိပ္ပါယ်မပြန်ပဲ ပဋ္ဌာန ဆိုတဲ့ စကားလုံးအတိုင်းပဲ ( ပဋ္ဌာန်း) လို့ ခေါ်နေကြတယ် ။ အဲ့ဒီ့တော့ ပဋ္ဌာနရဲ့ အဓိပ္ပါယ်က ဘာလဲ ? ။ Literal meaning ကို သိဖို့ လိုတာပေါ့ ။ ပဋ္ဌာန မှာ ပ ရဲ့ အဓိပ္ပါယ်က အမျိုးမျိုးလို့ ဆိုလိုတာ ။ ဋ္ဌာန က အကြောင်းတရား ။ အမျိုးမျိုးသော အကြောင်းတရားကို ပဋ္ဌာနလို့ ခေါ်တယ် ။ အဲ့ဒီ့ အကြောင်း အမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာတော်ကြီးကိုလည်း ပဋ္ဌာန - (ပဋ္ဌာန်း) လို့ ခေါ်တယ် ။ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့ ဖွင့်ဆိုချက်ဖြစ်တယ် ။

နောက်တစ်မျိုးက ပဋ္ဌာန ဆိုတာ ဝိဘဇန - ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း ဆိုတဲ့ အဓိပ္ပါယ် ရတယ် ။ မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာပြီး ဟောကြာလေ့ရှိတယ် ။ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင် တစ်ခုလို့ပဲမြင်ကြတယ် ။ ဘာဖြစ်လို့လဲ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိလို့ ။ ကြည့်လေ သာမန်ပုဂ္ဂိုလ်တွေက ရေလို့ပဲသိတယ် ။ သိပ္ပံပညာရှင်ကျတော့ H2O လို့ ပြောကြတယ် ။ ဟော ! ရေထဲမှာ ဖွဲ့စည်းထားတဲ့ အရာ နှစ်ခုကို တွေ့တာ ။ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ပေါင်းထားတာ ။ ရေဆိုတာ h2o လို့ ပြောကြတယ် ။ ဒါ စမ်းကြည့်လို့ သိတာ ။ မြတ်စွာဘုရားက ရေ ဆိုတာကို ရုပ် ၈ ခုနဲ့ ခွဲပြထားတယ် ။ Unity of Eight material quality ရုပ် ၈ ခု၏ အပေါင်းကို ရေလို့ ခေါ်တယ် ။ သူတို့က h2o ဆိုတာ ဟိုက်ဒရိုဂျင် 2 ခု အောက်စီဂျင် 1 ခု ပေါင်းထားတာ ရေ ။ သိပ္ပံပညာရှင်တွေက atom သုံးခုကိုပဲ ရေလို့ ပြောနေတာ ။ မြတ်စွာဘုရားကတော့ အဋ္ဌကလာပ်ရုပ် - ၈ ခုပေါင်းကို Unity of Eight material quality ရေလို့ ပြောတာ ။ ပဋ္ဌာန်းအပါအဝင် ဒီအဘိဓမ္မာ ဒေသနာတော်တွေဟာ ဒီလို သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာပြလေ့ရှိတယ် ။ အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာဟောတာ ။

ပဋ္ဌာန ကျမ်းမှာ အကြောင်းတရားတွေနဲ့ အကျိုးတရားတွေဟာ ဘယ်လိုဆက်သွယ်ပြီးတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ဘယ်လို ပံ့ပိုးထားတယ် ။ ဘယ်လို ဖြစ်စေတယ် ။ ဘယ်လို တည်တံ့အောင် ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ သဘောတရားတွေကို ရှင်းပြတယ် ။ တကယ်တော့ မြတ်စွာဘုရားက သတ္တလောကကြီးနဲ့ သြကာသလောကကြီးအကြောင်းကို ရှင်းပြတာ ။ သတ္တဝါ အားလုံးဟာ ပဋ္ဌာန်း ၂၄ ပစ္စည်း ထဲက အကြောင်းတရားတွေ အကျိုးတရားတွေနဲ့ နေ့စဉ် နေထိုင်နေကြတာ ။ ကိုယ်က သတိမထားမိဘူးပေါ့ ။ အားလုံးရဲ့ daily life ဟာ ၂၄ နာရီမှာ ၂၄ ပစ္စည်းနဲ့ နေကြတာလို့ ပြောလို့ ရတယ် ။ ၂၄ ပစ္စည်းရဲ့ အထောက်အပံ့ကင်းပြီး အသက်ရှင်နေတာ မရှိဘူး ။

၂၄ ပစ္စည်းဆိုတာ မတူတာလေးတွေကို ပြောတာ ။ သို့သော် ဒီ ၂၄ မျိုးကသာ အထောက်အပံ့ ပေးနိုင်တာ မဟုတ်ဘူးတဲ့ ။ တစ်မျိုး တစ်မျိုးမှာဆိုရင် အကြောင်းပေါင်း များစွာ ပါဝင်တယ် ။ နည်းမျိုးစုံအောင် အကြောင်းနဲ့ အကျိုး ဆက်သွယ်မှု သဘာဝတရားတွေကို ရှင်းပြတာကို ပဋ္ဌာန လို့ ခေါ်ပါတယ် ။

( ဒေါက်တာနန္ဒမာလဘိဝံ့သဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းမြတ် ကျမ်းပါ စာ - ၆ မှ ၇ အား မှီငြမ်းရေးသားသည် )

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...