စကြာဝဠာကြီးအကြောင်း မသိခင်ကပင် စကြာဝဠာကြီးအကြောင်း ပုံပြင်တွေ ရှိနေခဲ့တယ် ။
-----
ရှေးခေတ် စကြာဝဠာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများမှာ အံ့သြစရာကောင်းတဲ့ အချက်တွေပါဝင်နေပါတယ် ။ အဲ့ဒါကတော့ ရှေးခေတ် ဂရိလူမျိုး အတွေးအခေါ်ပညာရှင်တွေဟာ အဆုံးအစမရှိတဲ့ စကြာဝဠာ အယူအဆကို စတင် တွေးခေါ်ခဲ့ကြတဲ့ အချက်ပဲဖြစ်ပါတယ် ။ အခုခေတ်အနေနဲ့ ဆိုရင်တော့ အလွန်မှ ခေတ်မီလှတဲ့ အတွေးအခေါ် အယူအဆပါပဲ ။ ဘီစီ ၅ ရာစုလောက်က ဂရိလူမျိုး အတွေးအခေါ်ပညာရှင်တွေယူဆပုံကတော့ ( အလွန်သေးငယ်ပြီး အရေအတွက်အဖြစ် အဆုံးမရှိသော ( အက်တမ် ) ဒြပ်တို့ဟာ ပလာဖြစ်နေတဲ့ အာကာသ ဟင်းလင်းပြင်အတွင်း ဟိုကနေ ဒီကို ဒီကနေ ဟိုကို ရည်ရွယ်ချက်မရှိပဲ ပြင်းထန်စွာ ရွေ့လျား နေကြပါတယ် ။ အဲ့ဒီ့အတွက် ယင်း သေးငယ်တဲ့ ဒြပ်တို့ဟာ အချင်းချင်း အကြိမ် မရေမတွက်နိုင်လောက်အောင် တိုက်ခိုက်မိကြပြီး မရေမတွက်နိုင်အောင် များပြားတဲ့ ဒြပ်များ ဖြစ်ပေါ်လာတယ် ။ အဲ့ဒီ့တော့ မရေမတွက်နိုင်တဲ့ စကြာဝဠာတို့ဟာလည်း ဖြစ်ပေါ်လာကြပါတော့တယ် ။ ယင်း မရေမတွက်နိုင်တဲ့ စကြာဝဠာတစ်ခုစီမှာ နေများ / ဂြိုလ်များ / ကြယ်များနဲ့ သက်ရှိများ အသီးသီး တည်ရှိနေကြတယ် ) လို့ ဒီလို ဆိုခဲ့ကြတယ် ။
သို့သော် အဲ့ဒီ့အယူအဆတွေဟာ ရာစုနှစ် တစ်နှစ်ကြာပြီးနောက် အလွန်မှ သြဇာတိက္ခမကြီးလှတဲ့ အတွေးအခေါ်ပညာရှင်ကြီး အယ်ရစ်စတိုရယ် ( BC 384-322 ) လက်ထက်မှာကား မှေးမှိန်သွားခဲ့ပါပြီ ။ အဲ့ဒီ့အချိန်မှာတော့ သူ့ရဲ့ အယူအဆတွေသာ ကြီးစိုးနေတာဖြစ်တယ် ။ အဲရစ်စတိုက ကမ္ဘာမြေဟာ အနန္တစကြာဝဠာကြီးရဲ့ အလည်ဗဟို တည့်တည့်မှာ ရပ်တည်နေတယ်လို့ ယူဆခဲ့တယ် ။ နေများ ဂြိုလ်များ ကြယ်များဟာ လှုပ်ရှားမှု မရှိတဲ့ ကမ္ဘာမြေကို လှည့်ပတ်နေတယ်လို့ ဆိုတယ် ။ ဒီလို သီအိုရီအလွှဲတွေ တွေးခေါ်ခဲ့ကြလို့သာ ရှေးခေတ် ဂရိအယူအဆက မှေးမှိန်ခဲ့ရတာဖြစ်ပါတယ် ။ သူသာ အလွှဲအတွေးအခေါ်တွေ မယူဆခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ ဂရိရဲ့ စကြာဝဠာဆိုင်ရာ အချက်အလက်တွေကို ထက်မံ ရှာဖွေဖေါ်ထုတ်နိုင်အုန်းမှာပါ။ သို့သော် ယခုတော့ အံ့သြစရာကောင်းတဲ့ ခေတ်ရှေးပြေး ဂရိအဆိုတွေဟာ ကွယ်ပျောက်ခဲ့ရပါပြီ ။
ကျွန်တော်တို့ နေစကြာဝဠာ တည်ရှိနေတဲ့ ကြယ်စုတစ်ခုဖြစ်သော ( Milky Way ) - နို့ရည်ဖြန်းပတ်သောလမ်း ) နဲ့ ပတ်သတ်ပြီး ရှေးခေတ်က ဂရိဒဏ္ဍာရီ ပုံပြင်တစ်ခုမှာ " ဇု " နတ်မင်းကြီးရဲ့ သားတော် ဟာရကလိစ် ကလေးဘဝက ဖန်ဆင်းခဲ့တယ်လို့ အဆိုရှိတယ် ။ ဟာရကလိစ်ဟာ ဇု နတ်မင်းကြီးနဲ့ လူသားနွယ် အမျိုးသမီးဖြစ်သော အော့ခ်မီးနီးစ် တို့ကနေ မွေးဖွားလာခဲ့တဲ့ သားတော် တစ်ပါး ဖြစ်ပါတယ် ။ ဖခင် ဇု နတ်မင်းကြီးက သားတော်အား အလွန်ကိုပဲ ချစ်မြတ်နိုးတာကြောင့် လူသားမျိုးနွယ်ဖြစ်နေပေမယ့် နတ်ဘုရားကဲ့သို့ တန်ခိုးကို ရရှိစေလိုတယ် ။ ဒါကြောင့် သူ့ရဲ့ အလွန်လှပတဲ့ နတ်မျိုးနွယ် မိဖုရားဟီရ အိပ့်ပျော်နေစဉ်မှာ သူ့သားငယ် ဟာရကလိစ်ကို သူမရဲ့နို့ စို့စေခဲ့တယ် ။ ဟီရမိဖုရားက အိပ့်ယာကနေ နိုးလာစဉ် အမျိုးအနွယ်မသိတဲ့ ကလေးငယ်တစ်ဦးက သူ့ရဲ့နို့ကို စို့လျက် ရှိနေတာကို တွေ့တဲ့အခါ အလွန်အမင်း ထိတ်လန့်ပြီး ကလေးကို တွန်းဖယ်ပစ်လိုက်ပါတယ် ။ အဲ့ဒီ့အခါ ကလေးလည်း လွှင့်စင်သွားပြီး မိဖုရားရဲ့ သားမြတ်မှလည်း နို့ရည်တွေ ပန်းထွက်လာတယ် ။ အဲ့ဒီ့ နိုးရည်များမှ Milky Way ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်လို့ ဒီလိုယူဆခဲ့ပါတယ် ။
သူတို့ရဲ့ အယူအဆတွေဟာ ကမ္ဘာကြီး လုံးလား ပြားလားဟူ၍ ငြင်းခုံနေတဲ့အချိန်ကတည်းက ပေါ်ပေါက်နေခဲ့ပြီးဖြစ်တယ် ။ အင်မတန် အံ့သြစရာကောင်းတာကတော့ ကျွန်တော်တို့တွေရဲ့ သိပ္ပံနည်းတွေ တိုးတက်လာတဲ့အခါမှသာ သိမြင်နိုင်တဲ့ အရာတွေကို သူတို့က အဲ့ဒီ့ အဖြစ်အနှစ်များအား အခြေခံပြီး ဒဏ္ဍာရီတွေ တည်ရှိနေတာပါပဲ ။ ဒါဆို သူတို့က ကျွန်တော်တို့ထက် စထက် စောပြီး စကြာဝဠာကြီးအကြောင်း သိနေခဲ့လို့ပါလားဟု ဆင်ခြင်ကြည့်စရာကောင်းလှပါတယ် ။ တစ်ချို့သော ဒဏ္ဍာရီများဟာ ရာစုနှစ်တွေကြာညောင်းလာရာကနေ ပုံပြင်ဆန်ဆန်တွေ ဖြစ်သွားတာလဲ ရှိနေကြပါတယ် ။ တစ်ချိန်က အဖြစ်အပျက်တွေကို ပြန်လည်ပြောကြား / လက်ဆင့်ကမ်း ရေးသားလာတဲ့အခါ မိမိရဲ့ အယူဝါဒတွေကို ထည့်သွင်းရာကနေ တစ်ဖြေးဖြေး ယုတ္တိမရှိနိုင်တဲ့ ပုံပြင်တွေ ဖြစ်သွားခဲ့တာလည်း များပြားလှပါပြီ ။ မည်သို့ပင် ဆိုစေအုန်းတော့ ဒီလို ဒဏ္ဍာရီတွေဟာ ထိုခေတ် ထိုအချိန် ကာလအရ ဘယ်လိုမှ ပုံဖေါ်ပြောကြားစရာဖြစ်လောက်အောင် ကုန်ကြမ်းအနေဖြစ် တည်ရှိမနေခဲ့ပါဘူး ။ သို့သော် သူတို့တွေမှာ ကုန်ကြမ်းတွေ များစွာ ရှိနေခဲ့ပါတယ် ။ ဒီကုန်ကြမ်းတွေ သူတို့ဘယ်က ရခဲ့ကြသလဲ ?
#htoohtoolay

Comments
Post a Comment