သင်ကိုင်ထားတဲ့ကြိုးကို လွှတ်လိုက်ပါ
----
ပိုင်ဆိုင်မှု ရှိနေတာတွေဟာ မိမိကိုယ်ကို ချုပ်ကိုင်နေတယ်လို့ ပြောရရင် လက်ခံကြတဲ့ သူတွေ ရှိသလို လက်မခံနိုင်ပဲ အမျိုးမျိုး အကြံပြုချက်တွေနဲ့ ငြင်းဆန်သော ပုဂ္ဂိုလ်များလည်း အင်မတန် များပြားစွာ ရှိနေကြမှာပါ ။ ဒါဟာ သဘာဝကျတဲ့ လူ့အမြင်ပါပဲ ။ သို့ပေမဲ့ ကျွန်တော်တို့တွေဟာ များသောအားဖြစ် ပိုင်ဆိုင်မှုတွေ မရှိပဲ ရပ်တည်နေခြင်းသည်ပင် အလိုဆန္ဒများအား ဆထက် ထန်းပိုး ထိုးတက်လာတယ်လို့ ဒီလို ဆိုကြတယ် ။ သင်သတိထားမိဖို့ကတော့ သင်ဟာ ပိုက်ဆံမရှိတဲ့အချိန် မိမိအလိုလောဘတွေကို ဖြည့်ဆည်းဖို့ ရပ်တန့်နေတယ်ဆိုတာပါပဲ ။ ဆိုပါစို့ သင်ဟာ ဖိနပ်ကောင်းကောင်း တစ်ရံကို ဝယ်ဖို့အတွက် လိုအင်ဆန္ဒဖြစ်နေပါတယ် ။ သင့်ဆီမှာလဲ အဲ့ ဖိနပ်တစ်ရံကို ဝယ်ဖို့အတွက် ပိုက်ဆံ အလုံအလောက် ရှိနေတယ် ။ ဒါဆို သင်ဟာ အဲ့ဖိနပ်ကို ဝယ်ဖို့ စိတ်ဆုံးဖြတ်မှုဟာ အလွယ်တကူပဲ ဖြစ်နေမှာပါ ။ ဒါ့အပြင် အဲ့ဖိနပ်တစ်ရံအပေါ် လိုအင်ဆန္ဒဖြစ်နေတဲ့အပြင် သူထက်ကောင်းတဲ့ အရာဝတ္ထုတစ်ခုအပေါ်လဲ သင် ဝယ်လိုနေပါလိမ့်မယ် ( ရွေးစရာ များသွားတဲ့ သဘောပါပဲ ) သို့သော် သင်သာ ထိုအချိန်မှာ ဖိနပ်ဝယ်ဖို့ငွေ ပမာဏ မရှိဘူးဆိုရင် ဒီဖိနပ်အပေါ် ဝယ်ဖြစ်ဖို့ လွယ်ကူစွာ ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့ နေပါလိမ့်မယ် ။ ဒါ့အပြင်လည်း သင်ဟာ ထိုဖိနပ်အတွက် စဉ်းးစားဖြစ်ချင်မှ စဉ်းစားမိပါလိမ့်မယ် ။ ဒါဟာ ပိုင်ဆိုင်မှုကနေ မိမိတို့စိတ်ကို ကောင်းကောင်းကြီး အလိုလောဘတွေ များစေတာပါပဲ ။
သင်နဲ့ မသိတဲ့ သူတစ်ယောက်အတွက် သင် စိတ်သောက ရောက်ဖူးဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ အရာတစ်ခုပါ ။ သင့်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတာတွေက သင့်နဲ့ အနီးကပ် ရှိနေကြတဲ့အရာတွေပဲ မဟုတ်ပါလား ။ သင့် သားသမီးကို သင်ချစ်ပါလိမ့်မယ် ။ သင်ဟာ အဲ့ဒီ့အချိန်က သင့်ချစ်စိတ်ဟာ အင်မတန် အေးငြိမ်းတယ်လို့ ဆိုကောင်း ဆိုပါလိမ့်မယ် ။ အဲ့ဒီ့အချိန်မှာပဲ သင့်သားသမီးက တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ သူ့အပေါ် ချစ်ခင်မှုရဲ့ အတိုင်းအတာအလျှောက် သင် သောကပရိဒေဝမီး တောက်လောင်ခြင်း ခံစားရမှာပါပဲ ။
တစ်ခါက အန်တီကြီး တစ်ဦးရှိတယ် ။ သူဟာ အဝတ်လျှော်နေတယ်ပေါ့ ။ အဲ့အချိန်မှာပဲ လူငယ်လေးတစ်ယောက် သူ့ဆီကို အလျင်အမြန် ပြေးလွှားလာတာ တွေ့လိုက်ရပါတယ် ။ သူကတော့ အဝတ်ကို ဆက်လက် လျှော်ဖွတ်စဲပါ။ အနီးရောက်တော့ ထိုလူငယ်လေးက ပြောတယ် ။ အန်တီရေ ! လမ်းထိပ့်မှာ ကောင်လေးတစ်ယောက်ကို ကားတိုက်သွားတယ်တဲ့ ။ အဲ့ဒီ့အခါ အန်တီကြီး က သြော် ဟုတ်လား သနားစရာကောင်းလိုက်တာတဲ့ ။ ဒီလိုပြန်ဖြေတယ် ။ ( သူ့အဖြေဟာ သာမန်အဖြေပါပဲ ။ သူ့အလုပ်ကို မပျက် ဆက်လုပ်ကိုင်နေတယ် ။ သူ့အတွက် အဲ့ကလေးအပေါ် ဖြစ်တဲ့ စိတ်ဟာ သာမန်သနားစရာထက် ပိုမသွားပါဘူး ။ ) ဒါပေမယ့် လာပြောတဲ့ လူငယ်က ထက်ပြောတယ် ။ အန်တီ ! အဲ့ကလေးက အန်တီ့ သား တဲ့ ။ ဒီအချိန်မှာတော့ သူ့ ခံစားချက်ကို ဝင်ကြည့်လိုက်ပါတော့ ။
ဒီလိုပါပဲ ။ သင်ဟာ အမြဲပဲ သင့်ရဲ့ လွတ်လပ်ခွင့်တွေကို မိမိကိုယ်တိုင်ပဲ ချုပ်ချယ်နေတာဖြစ်တယ် ။ သင့် လိုအင်ဆန္ဒတွေ သင့် လောဘတွေ သင့် ခင်မင်မှုတွေ သင့် ဥစ္စာပစ္စည်းတွေ သင့် အဆွေ ခင်ပွန်း သားသမီး ဆွေနဲ့ သင်ဟာ ချုပ်နှောင်နေတယ် ။ သင့်ကို ဘယ်သူမှ မချုပ်ကိုင်နိုင်ပေမယ့် သင့်ကိုသင်တော့ ကောင်းကောင်းကြီး ချုပ်နှောင်နေလေတယ် ။ ဒါပေမယ့် သင်အမြဲတမ်း ပြောတယ် မဟုတ်လား ။ ငါဟာ အချုပ်အနှောင်တွေကို မကြိုက်ဘူးလို့လေ ။ မကြိုက်ရင် သင်ကိုယ်တိုင် မချုပ်နှောင်နဲ့ပေါ့ဗျာ ။
#htoohtoolay

Comments
Post a Comment