Skip to main content

ဒီ သူတောင်းစားဟာ ငါ့ရဲ့အဖေပဲ ။

ဒီ သူတောင်းစားဟာ ငါ့ရဲ့အဖေပဲ ။
----
တစ်ရံရောအခါက သူဌေးကြီးတစ်ဦးရှိလေပါတယ် ။ သူ့အမည်က အာနန္ဒာဖြစ်ပြီး သူဟာ အလှူအတန်းအပေါ် အလွန်မှ နှမြောတွန့်တိုသူတစ်ဦးဖြစ်တယ် ။ သူဟာ တစ်လကို နှစ်ကြိမ်တိုင်တိုင် ဆွေမျိုးများအားလုံးကို စုဝေးစေပြီး သူတို့ရဲ့အရှေ့မှာ သူ့ရဲ့သား ( မူလသီရီ ) ကို ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေအား မလှူမတန်းဖို့ / အမြဲပဲ တိုးပွားအောင်လုပ်ဖို့ဆိုကာ အတန်တန် မှာလေ့ရှိပါတယ် ။ လောကမှာ ဘယ်အရာမှ မမြဲပါဘူးလေ ။ ဒါကြောင့်ပဲ တစ်နေ့မှာ အဲ့ဒီ့ သူဌေးကြီး သေလေသတဲ့ ။ သူသေတဲ့အခါ အကုသိုလ်အကျိုးပေးလေတော့ သူတောင်းစား တစ်ဦးရဲ့ ဝမ်းထဲမှာ သန္ဓေယူခဲ့ရလေတယ် ။ အခုခေတ်အခါမှာတော့ တွေ့ဖူးကြမှာပါ ။ ကလေးတွ ဘယ်လို ဆင်းရဲကြသလဲဆိုတာ ဆင်ခြင်ကြည့်ကြမယ်ဆိုရင် မြင်နိုင်မှာဖြစ်ပါတယ် ။ အဲ့ဒီ့ သူဌေးကြီး သန္ဓေကို သူတောင်စားတွေ စတင်ပြီး ရရှိလိုက်တဲ့အချိန်ကနေစပြီး သူတို့ဟာ ဘယ်အရာတွေပဲ လုပ်လုပ် အဆင်မပြေကြတော့ပါဘူး ။ လုပ်ခတွေမရဘူး ။ ဘယ်အလှူရှင်မှ သူတို့ကို အသပြာငွေမစွန့်ကျဲဘူး ။ မပေးဘူး ။ မကမ်းဘူး ။ မောင်းထုတ်တာနဲ့ပဲ ကြုံနေခဲ့ရပါတယ် ။ ဒါဟာ သူတို့တွေရဲ့ အကုသုလ်တွေ စုပြီး အကျိုးပေးနေခြင်းပါပဲ ။ ဒါကြောင့် အဲ့ဒီ့ ခေတ် ထုံးစံအရ အဲ့အခါ သူတောင်းစားအစုကို နှစ်စုခွဲလိုက်တယ် ။ တစ်ဖက်က လာဘ်ရပြီး ကျန်တစ်ဖက်က လာဘ်မရလေတော့ မရတဲ့ဘက်ကို ထက်ခွဲပြီး ရှာတယ် ။ အဲ့လိုနဲ့ နောက်ဆုံး သူဌေးကြီးဝင်စားတဲ့ ကလေးနဲ့ သူ့ မိခင်တစ်ဦးနဲ့ ကျန်တစ်ဖက် ခွဲထုတ်တဲ့အခါ သူမ သာပဲ လာဘ်မဲ့နေတာတွေ့ရပါတယ် ။ ဒါကြောင့် သူမကို အဖွဲ့ထဲက ခွဲထုတ်လိုက်လေပါတော့တယ် ။ ကလေးဟာ မွေးလာတာနဲ့ အင်မတန်မှ ရုပ်ဆင်းအင်္ဂါ ချို့တဲ့တာကြောင့် တစ်ချို့က ဘီလူးလေးလို့ ခေါ်ကြပါတယ် ။

တစ်နေ့ အဲ့ဒီ့ ကလေးဟာ လမ်းမမှာတောင်းစားနေစဉ် သူ အရင်ဘဝနဲ့ နေခဲ့ဖူးတဲ့ အိမ်ထဲ ဝင်မိသွားလေတယ် ။ သူ့ရဲ့ ရှေ့ဘဝက သားဖြစ်သူ မူလသီရီရဲ့ ကလေးများက သူ့ကိုမြင်ပြီး ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးကြတဲ့အခါ အစေခံများက ထွက်လာပြီး သူ့ကို ရိုက်နှက်လေပါတော့တယ်ခင်ဗျာ ။ အဲ့ဒီ့အချိန်မှာ ဘုရားရှင်နဲ့ သူ့ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာတို့ အဲ့ဒီ့နေရာကို ရောက်ရှိလာကြကုန်ပါတယ် ။ ဘုရားရှင်က အရှင်အာနန္ဒာကို မူလသီရီအား အခေါ်ခိုင်းလိုက်တယ် ။ အဲ့ဒီ့အခါ မူလသီရီရောက်လာလေတော့ ဘုရားရှင်က- ( အဲ့ဒီ့ သူတောင်းစားကလေးက အခြားသူမဟုတ်ဘူး ။ သင့်ရဲ့ ရှေ့ဘဝက ဖခင် အာနန္ဒာပါပဲ ) လို့ ဒီလို မိန့်ကြားလိုက်ပါတယ် ။ ထိုအခါမှာ သူတို့က ဘုရားရှင်ရဲ့စကားကို မယုံကြည်နိုင်အောင်ပဲ ဖြစ်နေကြတာကြောင့် ဘုရားရှင်က သူတောင်းစားလေးကို အရင်က သူမြှပ်နှံခဲ့တဲ့ ရွှေအိုး ငါးအိုးကို ဖေါ်ထုတ်ပြသဖို့ ပြောလိုက်လေတယ် ။ သူတောင်းစားလဲ ပြောတဲ့အတိုင်း ပြုလေတာကြောင့် ရွှေအိုး ငါးလုံးကို မျက်ဝါးထင်ထင် တွေ့ရှိကြရပါတယ်ခင်ဗျာ ။ ဒီအချိန်မှာတော့ ယုံကြည်ခဲ့ကြပါပြီ ။ ဒီသူတောင်းစားဟာ ငါ့ရဲ့ ဖခင်ပါပဲလား !

ထို့နောက် ဘုရားရှင်က ဒီတရားကို ဟောကြားလိုက်ပါတယ် ။

( အချို့သော လူမိုက်တို့သည် မိမိတို့၏ သားသမီး / ပစ္စည်းဥစ္စာအပေါ်၌ မှီခိုအားထားနိုင်ကြ၏ဟု ထင်မှတ်ကြ၏ ။ ဤ တွယ်တာမှုသည် စိတ်သောကမျိုးစုံကို ယူဆောင်ပေးလေ၏ ။ သူတို့သည် မိမိတို့ကိုယ်တိုင် ပေးလှူမှု၌ အားမထုတ် ။ မမှန်တာကို ပြုမူ / ပြောမှုမှ ရှောင်ကြဉ်ရန် သိက္ခာပုဒ်များကို ခိုင်မြဲစွာ မဆောက်တည် ။မဂ်ညာဏ်များ ရရှိရန် ဇွဲ လုံလဖြစ် အားမထုတ်ခဲ့ကြလျှင် မိမိတို့ အပေါ်၌ပင် မှီခိုအားထားမှု မပြုနိုင်ချေ ။ ဆင်းရဲဒုက္ခကို အဆုံးသတ်ဖို့အတွက် မိမိတို့၏ သားသမီး / ပစ္စည်းဥစ္စာအပေါ်မှာ အဘယ်သို့လျှင် အားထားနိုင်ပါအံ့နည်း )

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...