ကျွန်တော်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတာ သင်သတိမထားမိလိုက်တဲ့ သူတစ်ယောက်ပါ
--------
သူ့အမည်က အန်တွန်ဗန် လေဗန်ဟု ( ၁၅၆၄ - ၁၆၄၂ ) လို့ခေါ်ပါတယ် ။ သူဟာ ဟော်လန်နိုင်ငံ ဒဲလ်ဖ်မြို့မှာ လိုက်ကာဆိုင်လေးတစ်ဆိုင် ဖွင့်လစ်ရောင်းချနေသူဖြစ်ပါတယ် ။ ခန္ဓာကိုယ် သေးညှက်ပြီး အေးအေးဆေးဆေး နေတက်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ ထူးခြားချက်ကတော့ သူ့ဝါသနာပါပဲ ။ သူဟာ အချိန်ရတိုင်း ပုံကြီးချဲ့ မှန်ဘီလူးတွေ တီထွင်နေတက်တဲ့ သူဖြစ်တယ် ။
အဲ့ဒီ့ ခေတ်အခါက အတော်ဆုံး မှန်ဘီလူး ပြုလုပ်သူတွေ တီထွင်တဲ့ အကောင်းဆုံး မှန်ဘီလူးတွေတောင် အရာဝတ္ထုများကို ဆယ်ဆမျှသာ ပုံကြီးချဲ့နိုင်စွမ်း ရှိတယ် ။ သည်မှန်ဘီလူးတွေဟာ အမြင်အာရုံ အားနည်းသူတွေ စာဖတ်ဖို့ အဓိက တီထွင်ထားတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် လေဗန်ဟုဟာ စတိုးဆိုင်တွေမှာ ဝယ်ယူရနိုင်တဲ့ မှန်ဘီလူးလောက်ကို ကျေနပ်မှု မရှိခဲ့ဘူး ။ သူကိုယ်တိုင် ပိုမိုကောင်းမွန်တဲ့ မှန်ဘီလူးတစ်လတ်ကို ကောင်းကောင်း ပြုလုပ်နိုင်စွမ်းရှိကြောင်း သိနေပါတယ် ။ နေ့အခါ သူ့အရောင်းဆိုင်လေးမှာ အလုပ်ကို ကြိုးကြိုးစားစားလုပ် ။ ညအချိန်ရောက်တဲ့အခါ အိမ်ကို အပြေးပြန်ပြီး သူ့အလုပ်စာပွဲမှာ နာရီပေါင်းများစွာ မှန်ကို ဖြတ်လိုက် / သွေးလိုက်နဲ့ အချိန်တွေ ကုန်ဆုံးစေခဲ့ပါတယ် ။
ကြီးမားတဲ့ အစက်အပြောက်တစ်ခုထက် အရွယ်အစား ပိုမကြီးတဲ့ မှန်ချပ်ရာပေါင်းများစွာ သူပြုလုပ်တယ် ။ လေ့ကျင့်မှုနဲ့အတူ သူ့တက်ကျွမ်းမှုဟာ တိုးတက်လာခဲ့ပြီး နောက်ဆုံးမှာ မွှာငယ်တစ်ကောင်လောက်ကို ပုံကြီးချဲ့ မြင်နိုင်စေတဲ့ မှန်ဘီလူးကို ပြုလုပ်နိုင်ခဲ့တယ် ။ မှန်ဘီလူးဟာ မွှားရဲ့ တကယ့်အစစ်အမှန် အရွယ်အစားထက် အဆပေါင်း ၁၅၀ ချဲ့မြင်နိုင်စွမ်းရှိပါတယ် ။ လေဗန်ဟုဟာ သူ့မှန်ဘီလူးကို ရွှေ ဒါမှမဟုတ် ငွေနဲ့ အနားကွပ် ပြုလုပ်ပြီး တစ်ခါတစ်ရံမှာ လက်ကိုင် ပါရှိစေတယ် ။ ဒါမှ သူ သွားလေရာ သယ်ဆောင်သွားနိုင်မှာဖြစ်ပြီး မှန်ဘီလူးမှတစ်ဆင့် အရာဝတ္ထုတွေကို စူးစမ်းဖေါ်ထုတ်နိုင်မှာ မဟုတ်ပါလား ။
ဒီ့နောက် သူ ပိုကောင်းတဲ့ စိတ်ကူးတစ်ခု ရခဲ့ပါတယ် ။ မှန်ဘီလူးတစ်ချပ်ကို ဘောင်ကွပ်လိုက်ပြီး မှန်ဘီလူးထဲ အလင်းရောင် ပြန်ဟပ်စေဖို့ မှန်ဘီလူးအောက်မှာ ကြည့်မှန်တစ်ချပ်ထားရှိတယ် ။ မှန်ဘီလူးနဲ့ ကြည့်မှန်ကြားက မှန်စတစ်ချပ်ပေါ်မှာ သူ စူးစမ်းလေ့လာလိုတဲ့ အရာတိုင်းကို ထားရှိလေ့လာခဲ့တယ် ။ ယင်ကောင်တစ်ကောင်ရဲ့ မျက်လုံး / ငရုတ်ငေါင်းဆံလေး တစ်ခု / အရေပြား စလေး တစ်ဆ / အစရှိတာတွေပါဝင်ပါတယ် ။ ပုံကြီးချဲ့ မှန်ဘီလူးဟာ အခုဆိုရင် ( microscope ) လို့ ခေါ်တဲ့ အဏုကြည့်မှန်အဖြစ် တိုးတက်နေပါပြီ ။ လေဗန်ယုမမွေးခင် နှစ်လေးဆယ် ခန့်က အခြား ဒတ်ခ်ျလူမျိုး မှန်ဘီလူး ပြုလုပ်တီထွင်သူတစ်ဦးဟာ မှန်ဘီလူးနှစ်ချပ်နဲ့ အဏုကြည့် မှန်ဘီလူးကိုတီထွင်ခဲ့ပါသေးတယ် ။ ဒါပေမယ့် လေဗန်ယုရဲ့ မှန်ဘီလူး တစ်ခုသာ ပါတဲ့ ကိရိယာဟာ ပိုကောင်းမွန်ပြီး သုံးစွဲရ လွယ်ကူစေခဲ့တယ် ။
နောက်ဆုံး သေးငယ်တဲ့ ဖုန်စကိုတောင် သူ့ရဲ့ မှန်ဘီလူးဟာ ပုံကြီးချဲ့ ကြည့်ရှုနိုင်ခဲ့ပါတယ် ။ အရာအားလုံးကို သူဟာ ဂရုတစိုက် ကြည့်ရှု လေ့လာခဲ့တယ် ။ ဆံပင်စ တစ်ဆကို ကြည့်ရှုတာမျိုးမဟုတ်ပဲ ရာပေါင်းများစွာသော ဆံချည်မျှင်တွေကို လေ့လာခဲ့တယ် ။ အဲ့ဒီ့အခါ သူသိလိုက်တာဟာ ဆံချည်မျှင် အားလုံးက တစ်ထပ်တည်း တူညီစွာ ဖွဲ့စည်းထားတယ်ဆိုတာပါပဲ ။ နောက်ဆုံး သူဟာ သူတွေ့ရှိတဲ့ အရာတွေကို ပုံရေးဆွဲပြီး အမည်တပ်လိုက်ပါတယ် ။ လူသား ဆံပင်တဲ့ ။
အဲ့လို သူဟာ တွေ့ရှိသမျှ အသေးငယ်ဆုံးသော အဏုစိတ်တွေကို ကြည့်ရှုကာ တွေ့သမျှ အရာတွေရဲ့ ပုံသဏ္ဍာန်တွေကို ရေးဆွဲပြီး ခေါင်းစီးတွေ တပ်ထားတဲ့ စာပေါင်းလဲ များစွာ ရှိလာပါတယ် ။ ဒီ့နောက်မှာ လေဗန်ဟု ဘဝရဲ့ အရေးပါဆုံး နေ့ရက်တစ်ရက်ကို ဆိုက်ရောက်လာခဲ့ပါတယ် ။ ဒါဟာ မိုးရေစက်တစ်စက်ကို သူ့ အဏုကြည့်မှန်ဘီလူးနဲ့ လေ့လာ စူးစမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နေ့ပါ ။ သမိုင်းသွင်မဲ့ လေ့လာမှုတစ်ခုကို ဖေါ်ထုတ်နိုင်လိမ့်မယ်လို့ သူ တွေးထင်ချင်မှ တွေးထင်ပါလိမ့်မယ် ။ လေဗန်ဟု အံ့အားသင့်စွာ တွ့မြင်ခဲ့ရတာကတော့ မှန်ပြားပေါ်မှာ ဒါဇင်ပေါင်း များစွာရှိတဲ့ သေးငယ်တဲ့ သတ္တဝါလေးတွေဟာ မိုးရေစက် တစ်စက်အတွင်းမှာ ကူးခတ်တွန့်လိမ်နေကြတဲ့ မြင်ကွင်း ။ သတ္တဝါလေးတွေဟာ အလွန်သေးငယ်ကြတယ် ။ သဲမှုန်လေး တစ်မှုန်ပေါ်မှာတောင် အကောင်ရေ သန်းပေါင်းများစွာ ထားလို့ ရနိုင်ပါတယ် ။ ဒါဟာ ကျွန်တော်တို့တွေခေါ်တဲ့ ( ဘတ်တီးရီးယား ) ကို ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်တယ် ။ အဲ့ဒီ့ တွေ့ရှိမှုကြောင့် ဆေးသိပ္ပံ လောကကြီးတစ်ခုလုံးကို အကြီးမားဆုံး ပြောင်းလဲသွားစေခဲ့တာဖြစ်ပဲတယ် ။ သူ့တွေ့ရှိမှုကြောင့်ပင် ရောဂါတွေကို ကာကွယ်လာနိုင်ခဲ့ကာ အသက်ပေါင်းများစွာ ဆုံးရှုံးမှုကို အန်တုနိုင်နေတာပဲဖြစ်ပါတယ် ။
မိတ်ဆွေ ! သင် ဘယ်လိုထင်မလဲ ?
သူသာ ဒီလို အဏုကြည့်မှန်ဘီလူးကို မထုက်ဖေါ်နိုင်ခဲ့ဘူးဆိုရင် အခုအချိန်ထိ ကျွန်တော်တို့တွေဟာ ဘယ်အနှစ်တန်းထိပဲ အသက်ရှည်နိုင်ကြမလဲ ! (နှစ်တစ်ရာ တန်းလား ။ ခုနှစ်ဆယ့်ငါးနှစ်တန်းလား ။ ငါးဆယ်တန်းလား ။ )
#htoohtoolay

Comments
Post a Comment