Skip to main content

ဒါတွေဖြစ်မယ်ဆိုတာ ကြိုပြောခဲ့သားပဲ

ဒါတွေဖြစ်မယ်ဆိုတာ ကြိုပြောခဲ့သားပဲ
-----
နိမိတ်ဖတ်တယ်ဆိုတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့တွေ သိကြတာဟာ အထူးအဆန်းမဟုတ်တော့ပါဘူး ။ ဒါပေမယ့် တစ်ချို့တွေက ဟောကိန်းထုတ်တယ်ဆိုတာကို ယုံကြည်တာလည်း ရှိသလို မယုံမကြည်နဲ့ လက်ခံနိုင်စရာမရှိဆိုကာ ပယ်ဖျက်တာလည်း တွေ့ရှိကြရမှာပါ ။ ဒါတွေဟာ အထင်နဲ့ အမြင်ကို တစ်ဦးအပေါ် တစ်ဦး မတူညီကြောင်း အကောင်းဆုံးသော ပြယုတ်ပါပဲ ။ သို့သော် များသောအဖြစ် ဟောကိန်းတွေကို အနောက်နိုင်ငံသားတွေက လက်မခံကြတာများပါတယ် ။ ဒါပေမယ့် သူတို့ သတိမထားမိတာမှာတော့ ထိုအရပ်ဒေသတွေမှာပဲ ရှေ့ဖြစ်ဟောတွေ ထွက်ပေါ်ခဲ့တယ်ဆိုတာပါ ။

အချိန်မှာ ၁၆ ရာစုအတွင်းက ဖြစ်တယ် ။ နော့စထရားဒါးမတ်စ်ဟာ ထင်ရှားတဲ့ ပြင်သစ်လူမျိုး ပုရောဟိတ်တစ်ဦးဖြစ်ပါတယ် ။ သူ့ရဲ့အမည် အပြည့်အစုံကတော့ မိုက်ကယ်ဒီနော့စထရာဒိမ်း ဖြစ်ပါတယ် ။ သူ့ကို ၁၅၀၃ ခုနှစ် ပြင်သစ်ပြည် စိန့်ရီမီအရပ်မှာ မွေးဖွားခဲ့တယ် ။ သူ့ မိဘများက ဂျူးလူမျိုးများဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုးကွယ်မှုပြောင်းကာ ကက်သလစ်ဘာသာဝင်များ ဖြစ်ခဲ့တယ် ။ သူဟာ ငယ်စဉ်က ရှေးဟောင်း ဘာသာစကားများ သင်္ချာပညာနဲ့ နက္ခဗေဒပညာရပ်များကို သူ့ရဲ့ အဖိုးဆီကနေ အမွေအနေနဲ့ ရရှိခဲ့ပါတယ် ။ နောက်ပိုင်းမှာ ဆေးပညာကို ဆက်လက်သင်ယူလိုတဲ့စိတ်ရှိလာတာကြောင့် မွန်ပီလား တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တယ် ။ အဲ့ဒီ့ကနေမှ သမားတော်တစ်ဦး ဖြစ်လာလေပါတော့တယ်ခင်ဗျာ ။

သို့သော် ပလိပ့်ရောဂါကြောင့် သူ့ဇနီးနဲ့ သူ့သားသမီးများ အသက်ဆုံးရှုံးခဲ့ရာကနေ ဒီသမားတော်အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ် ။ အဲ့ဒီ့နောက် သူဟာ အီဂျစ်နဲ့ အလက်ဇန်းဒီးယား မှော်ပညာများကို လေ့လာရင်း တက်ကျွမ်းလာခဲ့တယ် ။ ထို့နောက် သူ့ဘဝရဲ့ နောက်ဆုံး အချိန်များမှာ အကြားအမြင်ဆရာတစ်ဦးအဖြစ်နဲ့ နိဂုံးချုပ်ခဲ့ပါတယ်ခင်ဗျာ ။

သူဟာ သူ့ရဲ့ ဟောကိန်းများကို စာကြောင်း လေးကြောင်းပါတဲ့ စာပိုဒ်များအဖြစ် စုစည်းပြီး စုစုပေါင်း စာပိုဒ် 942 ခုအထိ ရေးသားခဲ့ပါတယ် ။ တဖန် ထိုကွာထရိန်း ၁၀၀ ကို ပေါင်းစုကာ တစ်ခုမှာ စင်ကျူရီ များအဖြစ် စုစည်းခဲ့တယ် ။ သူ့ရဲ့ ကွာထရိန်းများမှာ အနာဂတ်အတွက် ကြိုတင်ဟောပြောချက်များ ၁၀၀၀ ကျော် ပါဝင်ခဲ့ပါတယ် ။

ထူးဆန်းစွာပဲ သူ့ရဲ့ ဟောပြောချက်များမှာ ပါဝင်တာတွေက ပြင်သစ်တော်လှန်ရေး ဟစ်တလာ မွေးဖွါးမည့်အကြောင်းအပြင် အာဏာရလာမယ်ဆိုတာတွေ ပါနေပါတယ် ။ နောက်ပြီး သမ္မတဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမည့်အကြောင်း / လန်ဒန့်မြို့ကြီး မီးလောင်မယ့်အကြောင်း / နပိုလီယံ အားအာလ်ဘာမြို့သို့ ပြည်နှင်ဒဏ် ပေးမဲ့ အကြောင်းများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ် ။ ဒါ့အပြင် အခုခေတ် အကြောင်းအရာများမှာလည်း ချယ်လင်ဂျာ အာကာသယဉ်ပျက်ဆီးမယ့်အကြောင်း / လေဒီဒိုင်ယာနာ သေဆုံးမည့်အကြောင်း နဲ့ နောက်ဆုံး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် ကမ္ဘာ့ ကုန်သွယ်မှု ဌာနချုပ်ကို လေယျာဉ်နဲ့ တိုက်ခဲ့တဲ့ အဖြစ်အပျက်အထိ ဟောကိန်းထုတ်ခဲ့တယ်လို့ ဆိုတယ် ။

ဒါပေမယ့် သူ့ရဲ့ ဟောကိန်းများဟာ သူ့ ခေတ် သူ့အခါက နေရာဒေသ အခေါ်အဝေါ်များ အခြေအနေများအပေါ်အခြေခံပြီး ရေးသားခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အချို့နေရာများမှာ အတိတ်စိမ်း ပေးသကဲ့သို့ ရေးသားထားတဲ့ အရေးအသားတွေလဲ ရှိနေသေးကြောင်း ဆိုပါတယ် ။ ထို့အပြင် အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ပြီး မဖြစ်ပျက်သေးတဲ့ အဖြစ်အပျက်များလည်း အများအပြား ရှိနေပါသေးတယ် ။ အဲ့ဒီ့အထဲက မြေထဲပင်လယ်မှာ အနုမြူဗုံးတစ်လုံး ပေါက်ကွဲမယ့်အကြောင်း ပါပြီး ကမ္ဘာကြီးကို အလွန်ကြီးမားတဲ့ ကြယ်တံခွန်တစ်ခု ဝင်တိုက်မဲ့အကြောင်းလဲ ပါဝင်လျက်ရှိနေပါတယ် ။ ၄င်းအပြင် တတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားမယ်လို့လဲ ဟောကိန်းထုတ်ထားတယ် ။ အထူးသဖြင့် သူ့ရဲ့ ဟောကိန်းများကို ကြမ္မာဆိုးများ၏ ပုရောဟိတ်လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ် ။ နောက်ပိုင်းမှာ သူ့ရဲ့ ဟောကိန်းတွေဟာ ဘယ်လောက်ထိ မှန်ကန်မှု ရှိလာအုန်းမလဲဆိုတာ ကျွန်တော်တို့တွေ အတူတူ စောင့်ကြည့်ရအုန်းမှာပါပဲ ။ အခုချိန်မှာတော့ ဟောကိန်းမှာ ပါခဲ့သလို အနူမြူဗုံးနဲ့ပတ်သတ်ပြီး မြောက်ကိုရီးယားက နူကလီးယား စတင်နေပြီမဟုတ်ပါလား !

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...