Skip to main content

Posts

Showing posts from March, 2016

ဂျပန်နိုင်ငံက လူဝင်စား

သုတေသီတို့ မှတ်တမ်းမှ လူဝင်စား ( ဖြစ်ရပ်မှန် ) ---- ကမ္ဘာအရပ်ရပ်မှာ အတိတ်ဘဝကို ကောင်းစွာမှတ်မိပြီး စေ့ငှသေခြာစွာ ပြောပြနိုင်တဲ့ ကလေးငယ်တွေ တစ်ခါတစ်ရံ ပေါ်ထွက်လာလေ့ ရှိပါတယ် ။ မြန်မာတို့က လူဝင်စားလို့ ခေါ်ပြီး ရှေးအခါများမှာတော့ ဘယ်သူမှ သေခြာစွာ မလေ့လာခဲ့ကြပါဘူး ။ အတိတ်ဘဝကို ယုံကြည်သူများက လူ သတ္တဝါရဲ့ ဖြစ်ရိုးဖြစ်စဉ် အခြင်းအရာအဖြစ် မှတ်ယူကာ စိတ်မဝင်စားကြဘူး ။ မယုံကြည်သူများကလည်း ကလေးရဲ့ ပေါက်တက်ကရ ပြောဆိုမှုများကို ဂရုမစိုက်ပဲ မေ့ပစ်တက်လေ့ ရှိပါတယ် ။ ဗြိတိသျှ စိတ်ဝိညာဉ်သုတေသနအသင်းဟာလည်း လူဝင်စားမှုကို စူးစမ်းလေ့လာခြင်း မပြုခဲ့ဘူး ။ အမေရိကန်နိုင်ငံမှာ ဒေါက်တာစတီဗင်ဆင်က သိပ္ပံနည်းကျ လေ့လာရာကအစ လူဝင်စားမှု လေ့လာခြင်းဟာ အခုချိန်မှာတော့ သုတေသနလုပ်ငန်းအထိတိုင် ရောက်ရှိနေပြီပဲဖြစ်ပါတယ် ။ ဒီ လေ့လာတွေ့ရှိမှုများထဲမှ သိပ္ပံနည်းကျ ထူးခြားတဲ့ လူဝင်စားမှုတစ်ကို ဖေါ်ပြရရင်တော့ ဂျပန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို ပြောပါချင်ပါတယ် ။ အဲ့ဒီ့အကြောင်းအရာကတော့ - ဒေါက်တာစတီဗင်ဆင် မှတ်တမ်းပြုထားတဲ့ လူဝင်စားမှု မှတ်တမ်းသုတေသနများမှာ ဂျပန်ပြည်မှာဆို ခုနှစ်ခု မျှ ရှိကြောင်းဆိုပါတယ် ။ အဲ့ထဲမှ ကတ်စူးဂို...

ကျေးဇူးပါ အဖေ

""ကျေးဇူးပါအဖေ"" ဒီခြံဝန်းလေးအဖေ..စဝယ်တုန်းကမစင်တွေအပြည့်နဲ့ပေါ့ နှစ်ပေါင်းများစွာစည်းမရှိကမ်းမရှိသူတွေစွန့်သွားခဲ့တဲ့မစင်တွေ အမှိုက်သရိုက်တွေပြည့်နှက်နေခဲ့တယ်လေ … အမှိုက်တွေ မစင်တွေကိုအဖေနိုင်သမျှအားနဲ့ပြောင်သလင်းခါသလောက်ဖြစ်အောင်ရှင်းသွားခဲ့တယ် သား သမီး မြေး မြစ်တွေ နေထိုင်ဖို့အဖေ့အားနဲ့အိမ်လေးတစ်လုံးကျိုးစားဆောက်ပေးခဲ့တယ်လေ …… မိသားစုစားစရာအကြွေးတွေတင်တော့အိမ်နီးချင်းအိမ်တွေအပြင် နယ်ဝေးတွေအထိ အဖေမျက်နှာငယ်လေးနဲ့ ချေးငှားဖို့ခဏတိုင်းခရီးထွက်ပြီး မိသားစုဝမ်းဝဖို့အရေးအဖေဘဲဒိုင်ခံရုန်းပေးခဲ့တာပါ … အဲ့အချိန်တုန်းကအမေခရီးလွန်နေခဲ့တယ်လေ … စားဖို့သောက်ဖို့မလောက် မင ဖြစ်တိုင်းတချို့သားသမီးတွေက "ခင်ဗျားကြီး စောက်သုံးမကျဘူး စောက်ဖြစ်မရှိဘူး" လို့ အပြစ်တင်ဆူပူကြတိုင်း အဖေအပြုံးမပျက် ကိုယ်ထိလက်ရောက်မရိုက်နှက်ခဲ့ဘူး တချို့သားသမီးတွေမိုက်ရိုင်းတာကိုအဖေဗွေမယူဘဲ မိသားစုအရေး အဖေအတတ်နိုင်ဆုံး ရုန်းပေးနေခဲ့တယ် ဟိုတလောကအဖေနှလုံးအမောဖောက်ပြီးနာမကျန်းဖြစ်တယ် အဖေ့သမီးတွေသူတပါးလာမစော်ကားရအောင်အဖေ့နှလုံးနာမကျန်းတာကိုတောင်ဂရုမစိုက်နိုင်ဘဲ အဖေခြံစည်းရိုးထိုးေ...

ပဋိစ္စသမုပ္ပါဒ်က အရေးကြီးတယ်

ပဋိစ္စသမုပ္ပါဒ်က အရေးကြီးတယ် ---- ပဋိစ္စသမုပ္ပါဒ်တရားတော်ဆိုတာဟာ အရေးကြီးပါတယ် ။ မြတ်စွာဘုရား၏ သာသနာတော်မှာ ပဋိစ္စသမုပ္ပါဒ်ကိုသိဖို့ရာ အလွန်အရေးကြီးပါတယ် ။ ဘုရားအလောင်းတော်ဟာ ဒီပဋိစ္စသမုပ္ပါဒ် တရားကပဲ စပြီး လမ်းမှန်အတိုင်းနှလုံးသွင်း ဆင်ခြင်ပြီးတော့ ဘုရားအဖြင့်သို့ရောက်တော်မူရတယ် ။ ဘယ်ကစပြီး ဆင်ခြင်တော် မူသလဲဆိုတော့ ဇရာမရဏ အိုခြင်း သေခြင်း ဆိုတာကစပြီးတော့ ဆင်ခြင်တော် မူခဲ့ပါတယ် ။ ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းဟာ ဘုရားဖြစ်မဲ့ နောက်ဆုံးဘဝ ဘုရားဖြစ်ခါနီးကာလမှာ အဲ့ဒီ့ အိုခြင်း သေခြင်းဆိုတဲ့ တရားကချည်းစပြီးတော့ ဆင်ခြင်တော်မူပါတယ် ။ ပထမတောထွက်ခါနီး အခါကလဲ သူအို သူနာ သူသေဆိုတဲ့ နိမိတ်ကြီးသုံးပါးကို မြင်ပြီးတော့ ရဟန်းကို မြင်ရပြန်လို့ တောထွက် ရဟန်းပြုပြီးတော့ အိုခြင်း သေခြင်းကင်းတဲ့ တရားရှာလာခဲ့တယ် ။ အဲ့ဒီ သူအို သူနာ သူသေတွေကိုမြင်ကတည်းက လောကကြီးထဲမှာ အိုရတာ နာရတာ သေရတာတွေဟာ မကောင်းဘူး စသည်ဖြင့် ဆင်ခြင်စဉ်းစားတော်မူခဲ့ပါတယ် ။ ပဋိစ္စသမုပ္ပါဒ်မြန်မာပြန် ----- အဝိဇ္ဇာကြောင့် အားထုတ်မှု သင်္ခါရတို့ဖြစ်ကြသည် ။ သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည် ။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည် ။ နာမ်ရုပ်ကြော...

မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး

❀ မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။ ❀ ဘဝခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလို့ရှိရင် သေချာတဲ့လမ်းကနေ ရွေးချယ်ပြီးတော့လျှောက်လို့် ဟောထားတယ်၊ အဲဒီတော့ ဘဝမှာ ဘာမှ စနိုးစနောင့် ဖြစ်နေစရာလည်း မလိုဘူး၊ မြတ်စွာဘုရား ခင်းပြီးတော့ပေးထားတဲ့ သြဝါဒလမ်းကြောင်းအတိုင်း လျှောက်လို့ရှိရင် အေး  ငါလုပ်တာ ငရဲကြီးသလား။ ငရဲမကြီးဘူးလား၊ ဒါဟာ လုပ်ကောင်းသလား၊ မလုပ်ကောင်းဘူးလား၊ မေးစရာ ဘာမှမလိုတော့ဘူး၊ ဟုတ်တယ်မို့လား၊ အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး၊ မလုပ်ရဘူး။ ❀ ကြည့်လေ  လောဘ ဒေါသ မောဟနဲ့ဆိုရင် မကောင်းဘူး။ အလောဘ အဒေါသ အမောဟနဲ့ဆိုရင် ကောင်းတယ်။ လုပ်ကောင်း မလုပ်ကောင်းက အဲလို ရှိနေပြီးသား။ သဘာဝအတိုင်း မြတ်စွာဘုရား ဟောတာ၊ သဘာဝကို ဟောတာ။ ❀ မီးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ တုန်းကလည်း ပူတာပဲ၊ ဒီကနေ့လည်း ပူတာပဲ၊ နောင်လည်း ပူဦးမှာပဲ၊ ဘယ်သူကိုင်ကိုင် မီးကတော့ လောင်မှာပဲ၊ ပူစေမှာပဲ။ မြတ်စွာဘုရားဟောတဲ့ ဓမ္မဆိုတာ သဘာဝတရား (the law of nature) ဖြစ်တယ်။ ဘယ်သူမှ ပြောင်းလဲပစ်လို့ မရဘူး။ ❀ သဘာဝတရားကို မြတ်စွာဘုရားက ရှာဖွေတွေ့ရှိတာ(discover)၊ ဖန်ဆင်းတာ မဟုတ်ဘူး၊ သဘာဝတရားကို သိမြင်တာ၊ တွေ့...

အမျိုးယုတ်တို့ လျှောက်သောလမ်း

အမျိုးယုတ်တို့ လျှောက်သောလမ်း ******************************** စာပေကို ချစ်မြတ်နိုးသူဖြစ်သည့် အလျှောက် စာရေးဆရာတွေဆိုလည်း လေးစားပါတယ်။ စာပေဟောပြောပွဲတွေ ဆိုလည်း အခွင့်ကြုံကြိုက်ရင် ကြုံကြိုက်သလို နားထောင်ဖြစ်ခဲ့ပါတယ်။ စာပေဟောပြောပွဲတွေနှင့် ပတ်သက်ပြီး သတိထားမိလာတာက ယခင်က ဟောပြောမှုပုံစံဟာ မိမိတို့ရေးခဲ့တဲ့ စာပေတွေအကြောင်း ၊ ဆရာ့ ဆရာတွေ ရေးခဲ့တဲ့ စာပေတွေထဲက ကောင်းနိုးရာရာတွေ ထုတ်နှုတ်ပြီး လူငယ်တွေ ကြိုးစားလိုစိတ်ရှိအောင် အမျိုးသားရေး အသိရှိအောင် ဟောကြ ပြောကြတယ်။ အချို့စာရေးဆရာတွေ ဆိုရင် သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ကရုဏာရသ ၊ ဟာသရသ မြောက်အောင် ဟောပြောကြတယ်။ လေးစားခဲ့ရပါတယ်။ စာပေလောကမှာ အထင်ကရဖြစ်နေကြ သူတွေရဲ့ ဟောပြောမှုပုံစံဟာ ပြောင်းလဲ လာခဲ့ပါတယ်။ နိုင်ငံရေးပါတီတစ်ခုအတွက် စည်းရုံးရေးဆင်းပေးတဲ့ပုံစံ ဖြစ်လာတယ်။ နောက်တော့ စာပေဟောပြောပွဲ ခေါင်းစဉ်အောက်မှာ အမျိုးသားရေးဆိုသည်ကို ပြစ်ပြစ်ခါခါ စော်ကား ၊ အမျိုးသားရေး ရှေ့ဆောင် လမ်းပြတွေဆိုရင် စကားလုံးလှလှတွေနဲ့ အရောင်ဆိုးပြီး သိက္ခာချ သိပ်ကို ဟန်ကျခဲ့ကြသကိုး။ ငါ့ပါးစပ်ဟာ ဒီမိုကရေစီပါးစပ်လို့ ကင်ပွန်းတပ်ပြီး ဆရာတော်ဦးဝီစာရ မွေးနေ့ပွဲမှ...

အတိုင်းအတာများ

အတိုင်းအတာများ ---- ဂီယာကိုမိုသည် သူ့မိန်းမနှင့် ခွဲခွါခဲ့ပြီးနောက် မြို့ဟောင်းပိုင်း တစ်နေရာရှိ အခန်း သုံးခန်းပါရှိသော တိုက်ခန်းတစ်ခန်းတွင် နေထိုင်ခဲ့သည် ။အကျယ်ဆုံးအခန်းကို သူ၏ အင်ဂျင်နီယာ လုပ်ငန်းရုံးခန်းအဖြစ် အသုံးပြုသည် ။ ပုံဆွဲစားပွဲကို ပြတင်းပေါက်ဘက် မျက်နှာမူပြီး ချထားသည် ။ သူက သူ့ဇနီးနှင့် အတူနေစဉ်ကအတိုင်း ပြုမူနေထိုင်သည် ။ နံနက်ကိုးနာရီမှ နေ့လည်တစ်နာရီအထိ အလုပ် လုပ်သည် ။ ထို့နောက် နေ့လယ်စာ စားသည် ။ ထို့နောက် ခတ္တ နားသည် ။ ထို့နောက် ညနေလေးနာရီမှ ည ရှစ်နာရီအထိ အလုပ် လုပ်ပြန်သည် ။ ထို့နောက် ရုပ်ရှင်ကြည့်ခြင်း စားသောက်ဆိုင်တွင် ညစာ စားခြင်း မိတ်ဆွေများနှင့် စကားပြောဖြစ်သည် ။ အနားယူ အပန်းဖြေခြင်းများ ပြုလုပ်သည် ။ တစ်ခုလည်း ရှိသည်  ။ သူ့ဇနီးက အတူ ပါရှိမနေခြင်းနှင့် သူ လူပျိုတစ်ယောက်လို နေထိုင်ခြင်းပင် ဖြစ်သည် ။ သူ့ဇနီးအကြောင်း သူ လုံးဝမတွေးပါ ။ တစ်ချိန်က သူ၏ အသည်းနှလုံးထဲတွင် သူ့ဇနီး၏ ပုံရိပ့် ရှိခဲ့သော်လည်း ယခုအခါတွင် ဘာမှ မရှိပါ ။ ရေခဲတုံးတစ်တုံးမျှသာတည်း ။ သို့ကတည်း သူသည် စိတ်မပါပဲ အလုပ် လုပ်နေရကြောင်းကိုကား သဘောပေါက်မိသည် ။ တစ်ခါတစ်ရံ သူသည် ဘာမျှမလုပ်ပဲ တစ်နာရီလောက် ထို...

ပိဋကတ်ဟူသည်

ပိဋကတ်ဟူသည် ---- ဘာသာရေးကျမ်းများကိုလေ့လာတဲ့အခါ ဗုဒ္ဓကျမ်းများတင်မကပါဘူး ဘာသာပေါင်းစုံမှ ခရစ်ယာန် အစ္စလာမ် ဟိန္ဒူ အစရှိသရွေ့ ကျမ်းများမှာ ရှေးအစဉ်အဆက်က မူတစ်မျိုးတည်းသာ ဖြစ်ပါသလားဆိုတာ အတိအကျမည်သူမျှ ဖြေဆိုထောက်ပြနိုင်လိမ့်မယ်လို့ မထင်ပါဘူးခင်ဗျာ ။ ဘာကြောင့်လဲဆိုရင် ရွေ့လျားလာတဲ့ သာသနာခရီးတစ်လျောက် စောင့်ထိန်းလာခဲ့ကြတဲ့ သာသနာ့စာပေပညာရှင်များစွာရှိသည့်အလျောက် ထိုသူတို့ရဲ့ အာဘော်များလည်း ပါဝင်နိုင်ပါလိမ့်မယ် ။ ထို့အတူပဲ ပိဋကတ်စာပေများကို ဘုရားဟော ဟုတ်မဟုတ် တိကျလား မကျလားဆိုတာ နည်းနည်းလေ့လာကြည့်မယ်ဆိုရင် ကာလဒေသကို ထည့်သွင်းစဉ်းစားရပါမယ် ။ နောက်ပြီး သမိုင်းကြောင်းရယ် ထိုခေတ်က အခြေအနေအပြင် ထိုအယူဝါဒ မပေါ်မီ ရှေ့ဦး ရှိနှင့်ပြီးသော ခေတ်ကာလ ဒေသအယူဝါဒနဲ့ အခြေအနေတို့ကို အတက်နိုင်ဆုံး နားလည်ထားရမှာဖြစ်ပါတယ် ။  နည်းနည်းလေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ပါဠိပိဋကတ်ဟာ သီဟိုဠ်ကျွန်းမှ ရောက်ရှိလာတဲ့ပိဋကတ်ကျမ်းများဖြစ်ပါတယ် ။ သီဟိုဠ်သားတို့ရဲ့ ဗုဒ္ဓဝင်ကျမ်းများမှာ ဘီစီ ၃ ရာစု သို့မဟုတ် ခရစ်မပေါ်မှီ တတိယ ရာစုခေတ်လောက်က အိန္ဒိယပြည်မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို့ရောက်ရှိလာပြီး သီဟိုဠ်သားတို့က ပိဋကတ်ကိ...

ဖေါက်ပြန်ခြင်းကို အမှန်မြင်ရင် မတွယ်တာဘူး

အမှန်မြင်ရင် မတွယ်တာဘူး ---- လူတစ်ယောက် ရှိတယ် ။ သူဟာ မိမိမယားကို အလွန်မှ တွယ်တာတပ်မက်တယ် ။ ဒါပေမယ့် မယားက သစ္စာမရှိပါဘူး ။ သူမဟာ လင်ကြီးမရှိခင်မှာ မိမိရဲ့ ချစ်သူနဲ့ ခွင့်မပြုနိုင်တဲ့ ကာမ မှုများကို ပြုကျင့်လျက်ရှိတယ် ။ မယားရဲ့ ဤ တိတ်တိတ်ပုံး အမှုကိစ္စကို လင်ယောက်ျား မိတ်ဆွေများက အဲ့ဒီ့ ကိစ္စနဲ့ ပတ်သတ်ပြီး လင်ယောက်ျားကို ပြောကြားကြပါတယ် ။ ပထမက သူဟာ မယုံပါဘူး ။ အတန်ကြာလာတော့ သူဟာ မိတ်ဆွေရဲ့ အကြံအစည်နည်းကို ယူပြီး စမ်းသပ်ဖို့ သဘောတူလိုက်ပါတယ် ။ သူဟာ မိမိမယားကို အခြားမြို့တစ်မြို့မှာ ချိန်ထားတဲ့ ကိစ္စရှိလို့ဆိုပြီး ပြောကြားပြီးနောက် မယားကို ထားခဲ့ကာ အတော် ဝေးဝေးထိ ထွင်ခွါသွားဟန်ပြုပြီးကာမှ တိတ်တိတ်လေး လှည့်ပြန်လာခဲ့ပါတယ် ။ သူဟာ ဘာဖြစ်နေသည်ကို ချောင်းကြည့်ရန် အိမ်နီးချင်း တစ်ဦးရဲ့အိမ်မှာ ပုန်းနေခဲ့တယ် ။ ၁ ။ သူ ပထမ မြင်ရသည်ကား အိမ်တံခါးဝ၌ ချစ်သူရောက်လာခြင်း ဖြစ်သည် ။ ၂ ။ သူမသည် အိမ်မှထွက်၍  ပြုံးရွှင်စွာဖြင့် တံခါးကို ဖွင့်သည် ။ ၃ ။ သူတို့သည် လက်တွဲပြီး အိမ်ထဲဝင်သွားကြသည် ။ ၄ ။ လင်ယောက်ျားသည် အမျက်ထွက်ခြင်း ရှက်ခြင်း မနာလိုခြင်းတို့ဖြင့် သူ လွန်စွိာစိတ်တုန်လှုပ်ကြောင်း သိရ၏ ။ ၅ ။ ထ...

ဂျပန်နှင့် ဂြိုလ်ပျံ တွေ့ဆုံခြင်း

ဂျပန်နှင့် ဂြိုလ်ပျံ တွေ့ဆုံခြင်း ( ဖြစ်ရပ်မှန် ) ----- ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်း ဖြစ်တယ် ။ ဂျပန်လေကြောင်းလိုင်းမှ ပျံသန်းရေး အမှတ်စဉ် ၁၆၂၈ ဖြစ်တဲ့ ဘိုးရင်း ၇၄၇ ကုန်တင်လေယဉ်ကြီးဟာ ပြင်သစ်နိုင်ငံ ပဲ့ရစ်မြို့ နိုင်ငံတကာ လေဆိပ်မှ ကြည်လင်နေသော ကောင်းကင်ပြာအထက်သို့ တက်ရောက်လာခဲ့သည် ။ အထူးအဆန်းမဟုတ်ပါဘူး ။ ပုံမှန်ပျံနေကြ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ်ပါပဲ ။ အခုအခါအတွက် ကုန်စည်များကတော့ ပြင်သစ်နိုင်ငံက နာမည်ကျော် ဘွန်ဂျိုလိတ်စ် ဝိုင်အရက်များကို ဂျပန်နိုင်ငံ တိုကျိုမြို့ကို ပို့ဆောင်ဖို့ အတွက်ပဲ ဖြစ်ပါတယ် ။ ခရီးစဉ် အစဖြစ်တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ဟာ ဘာအနှောက်အယှက်မှ မရှိဘဲ ချောချော မောမောပဲ ရက်ဂျာဗစ်မြို့ကို ရောက်ရှိခဲ့ပါတယ် ။ နောက်တစ်နေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာလဲ ဂလင်လန်ကျွန်းပေါ်မှ ဖြတ်ကျော်ပျံသန်းပြီး ကနေဒါမြောက်ပိုင်း ကျော်ဖြတ်သည်အထိ ဘာပြဿနာမှ မရှိခဲ့ပါဘူး ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်ကို စတင်ဝင်ရောက်ချိန်မှာတော့ ထူးူခြားမှုများက စတင်လာပါတော့တယ် ။ ဒေသစံတော်ချိန် ညနေ ၅ : ၀၉ နာရီ အချိန်ရှိပြီဖြစ်တယ် ။ အမှောင်အရိပ့်များ စတင်ကြီးစိုးခဲ့လေပြီ ။ အနောက်ဘက် မိုးကော...

တိုက်တန်းနစ်

တိုက်တန်းနစ် တရား ---- ကျွန်တော် ဗုဒ္ဓဂါယာမှာ ဘုန်းကြီး ကိုးရက်ဝတ်ခဲ့တယ် ။ အဲ့ဒီ့တော့ ဗုဒ္ဓဂါယာမှာရှိတဲ့ ရဟန်းများနဲ့ ခင်မင်ခဲ့ပါတယ် ။ စကားပြောခွင့်လဲ ရခဲ့တယ် ။ကျွန်တော်တို့အဖွဲ့ဟာ တစ်နေရာတည်း တိုင်း ကိုယ်တည်းခိုတဲ့ ကျောင်းမှာ ကိုယ်တက်နိုင်တာကို လှူကြပါတယ် ။ ရေစက်ချကြတယ် ။ ကျောင်းထိုင်ဘုန်းကြီးများက တရားပေးကြတယ် ။ သူတို့ပေးတဲ့ တရားတွေထဲမှာ ထူးထူးဆန်းဆန်း တရားတစ်ပုဒ်ပါလာပါတယ် ။ အဲ့ဒါကတော့ တိုက်တန်းနစ် တရားတဲ့ ။ ဗုဒ္ဓဂါယာရှိ မဟာအောင်မြေ ရခိုင်ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ တည်းကြပါတယ် ။ အဲ့ဒီ့မှာပဲ ကျွန်တော် သိမ်ဝင်ပါတယ် ။ သိမ် အဆင်း နေ့ဆွမ်း ဘုဉ်းပေးအပြီးမှာ ကျောင်းထိုင်ဘုန်းကြီးက ရခိုင်အသံနဲ့ဒီ တိုက်တန်းနစ် တရားကို ပေးပါတော့တယ် ။ ဘုရားဖူးအဖွဲ့မှ ဒကာ ဒကာမအပေါင်းတို့ ။ သင်တို့ဟာ သင်တို့နေတဲ့ နေရာမှာ အကျော်အမော်တွေ ဖြစ်မှာသေခြာတယ် ။ ငွေကြေး သုံးစွဲနိုင်လို့လဲ ဒီနေရာကို ရောက်လာကြတာကိုး ။ နှယ်နှယ်ရရ ပုဂ္ဂိုလ်တွေတော့ ဟုတ်ဟန်မတူဘူး ။ ဒီတော့ သင်တို့စရိုက်နဲ့ ကိုက်ညီတဲ့ တရားပေးမယ် ။ ဒီတရားကို တိုက်တန်းနစ် တရားလို့ မှတ် ။ ကဲ ! တိုက်တန်နစ် ရုပ်ရှင်ကို ကြည့်ဖူးကြတယ်မဟုတ်လား ။ ကျွန်တော်တို့...

မန်ကျည်းစေ့ကလေး !

မန်ကျည်းစေ့ကလေး ---- တစ်ခါတုန်းက ကလေးတစ်သိုက်ဟာ ရွာလည်လမ်းမှာ မန်ကျည်းစေ့တောက်တိုင်း ကစားနေကြတယ် ။ ( မန်ကျည်းစေ့တောက်တယ်ဆိုတာ မြေကြီးမှာ တွင်း သေးသေး တိမ်တိမ်လေး တူးရတယ် ။ တစ်ယောက်ကို မန်ကျည်းစေ့ အရေအတွက် ဆတူထည့်ပြီး အဲ့ဒီ့ တွင်းထဲဝင်အောင် လက်မကလေးနဲ့ ကလော်ပြီး ကစားရတဲ့ နည်းပါ ) ။ အဲ့ဒီလို ကစားနေကြရင်း ပိန်ပိန် ခြောက်ခြောက် သေးသေး ငယ်ငယ် မန်ကျည်းစေ့လေး တစ်စေ့ ပါလာတယ် ။ စံမမီတဲ့ မန်ကျည်းစေ့လေးပေါ့ ။ အဲ့ဒီ့ မန်ကျည်းစေ့ကို အားလုံးက မကြိုက်ကြဘူး ။ အားလုံးသဘောတူ လွှင့်ပစ်လိုက်ကြတယ် ။ လွှင့်ပစ်ခံရတဲ့ မန်ကျည်းစေ့လေးဟာ မည်းမည်း သေးသးလေးမို့ မြေကြီးနဲ့ ရောပြီး နေတယ် ။ ဒီလိုနဲ့ မိုးဦးကျတစ်နေ့မှာ အဲ့ဒီ့ မန်ကျည်းစေ့လေးဟာ မာကျောတဲ့ မြေကြီးကို ကုတ်တွယ်ပြီး အမြစ်ကလေးတွေ ထွက်လာတယ် ။ အစေ့ရွက် စိမ်းစိမ်းလေး နှစ်ရွက်ကို ထောင်လို့ အသက်ကို ရှုသွင်းပြီး အပင်ဘဝကို ရဲဝံ့စွာ ထူထောင်လိုက်တယ် ။ နေဒဏ် လေဒဏ် သဘာဝရဲ့ ဒဏ်ကို ကြံ့ကြံ့ခံပြီး အပင်ဘဝကိုရောက်အောင် ကြိုးစားရှာတော့တယ် ။ အစိမ်းနုရောင် ပင်စည် သေးသေးလေးနဲ့ ကမ္ဘာမြေ မာမာကြီးကို ထိုးဖေါက်လို့ လောကအလည်မှာ ရပ်တည်ဖို့ ရှင်သန်ဖို့ မကြောက်မရွံ့ ရှုန်းကန်နေပါတော့တယ်...

ပန်းကန်ပြားတီးတဲ့ အရူး

ပန်းကန်ပြားတီးတဲ့ အရူး ---- နေကလဲ ပူလိုက်တာ ။ အရေးထဲမှာ ဆိုင်ကယ်ကလဲ ဘီးပေါက်နေသေးတယ် ။ ကျွန်တော့်အိမ်က ကျွဲဆည်ကန်အရှေ့မှာပါ ။ မွန်းလွှဲ နှစ်နာရီလာက်မှာ အိမ်က ထွက်ခဲ့တယ် ။ လေယာဉ်ကွင်းအဟောင်းနား ရောက်ခါနီးမှာ ဆိုင်ကယ်က ဘီးပေါက်တော့တယ် ။ နေပူပူ လေပူပူအောက်မှာ ဆိုင်ကယ်ကို ဆင်းပြီး တွန်းရပါတော့ယ် ။ ဆိုင်ကယ်ကို ဂီယာနံပါတ် ဝမ်း ထည့်လိုက်တယ် ။ လီဗာကို ဖြေးဖြေးလေး တင်ပြီး တွန်းလာခဲ့တယ် ။ လေယာဉ်ကွင်းဟောင်းရှေ့မှာ ပန်ကန်ပြားတစ်ချပ်ကို အမြဲတီးနေတဲ့ အရူးတစ်ယောက်ရှိတယ် ။ သူဟာ အမြဲတမ်း ကြေးပန်ကန်ပြားကို တုတ်တစ်ချောင်းနဲ့ တီးနေတက်တယ် ။ ညစ်ပေနေတဲ့ ပုဝါအနီကို အမြဲ ခြုံထားတက်တယ် ။ သူ့အနားကို ကျွန်တော်ရောက်သွားတယ် ။ ငါ ကူပြီး တွန်းပေးမယ် ။ မလိုပါဘူး ရပါတယ် ။ ငါ ကူညီချင်လို့ကွ ။ ဒီလိုနဲ့ ပန်ကန်ပြားတီးတဲ့ အရူးက ကျွန်တော့်ဆိုင်ကယ်ကို လေထိုးကျွတ်ဖါဆိုင် ရောက်တဲ့အထိ တွန်းပေးပါတော့တယ် ။ လေထိုးဆိုင်လဲ ရောက်ရော သူက မပြန်သေးဘဲ ပန်ကန်ပြားကို ဆက်ပြီး တီးနေပါတယ် ။ ကျွန်တော်က သူ့ကို ပိုက်ဆံ ၅၀၀ ကျပ် ထုတ်ပေးလိုက်ပါတယ် ။ ဒီနေရာမှာ သူနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့ကြတယ် ။ သူပြောတဲ့ စကားတွေဟာ သိပ့် စိတ်ဝင်စ...

ရန်ငြှိုးနှင့် ဗုဒ္ဓ၏ အဆုံးအမများ !

ရန်ငြှိုး နှင့် ဗုဒ္ဓ၏ အဆုံးအမများ ! ---- ဤသူသည် ငါ့ကို ဆဲရေးခဲ့ပြီ ။ သူသည် ငါ့ကို ညှဉ်းဆဲနှိပ့်စက်ခဲ့လေပြီ ။ သူသည် ငါ့ကို အောင်မြင်လေပြီ ။ သူသည် ငါ့ဥစ္စာတို့ကို ယူသွားလေပြီ ။ ဤကဲ့သို့သော အကြံအစည်သည် တချို့သူတို့၏ စိတ်ထဲ၌ အမြဲရှိနေလေ၏ ။ ထိုသူတို့သည် ထိုအကြံအစည်ကို မပြတ် မွေးမြူကြ၏ ။ ဤအကြံအစည်များ၌ အခြေပြု၍ မိမိတို့၏ ရန်ငြှိုးဖွဲ့မှုကို တည်ဆောက်ကြကုန်၏ ။ ဤ ပုဂ္ဂိုလ်များအတွက် ရန်မအေးငြိမ်းနိုင်ပေ ။ လူတချို့သည် ထိုသို့သော အကြံအစည်များကို မမွေးမြူကြကုန် ။ မိမိတို့၏ ရန်ငြှိုးဖွဲ့မှုကို မတည်ဆောက်ကြကုန် ။ ဤပုဂ္ဂိုလ်များအတွက် " ရန် " အေးငြိမ်းနိုင်ပေသည်  ။ ရန်ငြှိုးဖွဲ့မှု ရှိနေသရွေ့ ရန်အေးငြိမ်းမှု မရှိနိုင် ။ ရန်ငြှိုးဖွဲ့မှု မရှိသောအခါ၌သာ ရန်အေးငြိမ်းမှု ရှိနိုင်ပေသည် ။ မိမိတို့သည် တစ်နေ့တွင် သေကြမည်ဟု လူတို့သည် ဘယ်သောအခါမှ မသိမြင်ကြကုန် ။ ဤ မသိမြင်မှုကြောင့် ရန်သည် ဘယ်တော့မှ မဆုံးတော့ချေ ။ ပညာရှိတို့ကမူ မိမိတို့သည် တစ်နေ့တွင် သေရမည်ဟု သိမြင်၏ ။ ဤ သိမြင်မှု ရှိသောကြောင့် ရန်သည် ချုပ်ငြိမ်းကုန်ဆုံးသွားပေ၏ ။ လူတစ်ယောက်သည် ဒေါသကို ဒေါသနှင့် တုန့်ပြန်၏ ။ ဤပုဂ္ဂိုလ်သည် တခြားပုဂ္ဂိုလ်ထက် ...

ရွှေမျက်မှန်ဘုရားကြီး

ရွှေမျက်မှန်ဘုရားကြီး ----- ရွှေမျက်မှန်ဘုရားကြီးဟာ ပဲခူးတိုင်း ရွှေတောင်မြို့မှာ တည်ရှိတာဖြစ်ပါတယ် ။ ဘီအိုစီဂိတ်ကိုရောက်ရင်တော့ " ရွှေမျက်မှန်ဘုရားသို့ " လို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့ရလိမ့်မယ် ။ အာဇာနည်ကျောက်တိုင်အနီး လမ်းညွှန်ဆိုင်းဘုတ်ကြီးကို ကျော်လာပြီးနောက် လက်ယာဘက်ကို ကြည့်လိုက်မယ်ဆိုရင် ရွှေမျက်မှန်ဘုရားကြီး ကိန်းဝပ်ရာ တန်ဆောင်းတော်ကြီးကို တွေ့ရမှာပဲဖြစ်ပါတယ် ။ ညာဏ်တော်က အတောင် ၂၀ ခန့်မြင့်ကာ ရုပ်ပွားတော်ရဲ့ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိတဲ့ မျက်မှန်ကြီး တပ်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ် ။ အခုလို တပ်ဆင်ထားတာတွေ့ရတဲ့ အခါ တစ်ခါမှ မမြင်မတွေ့ဖူးကြတဲ့ သူတွေအဖို့တော့ အလွန်မှ အံ့အားသင့်စရာတစ်ခုပဲဖြစ်ပါတယ် ။ မျက်နှာတော်ကြီးဟာ တစ်ဖက်မှ တစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိတယ် ။ အလျား ၂၂ လက်မရှိပြီး မျက်လုံးတော်များဟာ လက်မ ၂၀ ခန့်ရှိတဲ့ မဟူရာမျက်လုံးတော်များပဲ ဖြစ်ပါတယ်ခင်ဗျာ ။ ဘယ်အချိန်လောက်က စတင်တည်ထားကိုးကွယ်ခဲ့တာလဲဆိုတာကို လေ့လညကြည့်မယ်ဆိုရင် သရေခေတ္တရာမြို့တည် ဒွတ္တဘောင်မင်းကြီးလက်ထက်မှ စပြီး တည်ထားကိုးကွယ်ခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒီ့နောက်မှာတော့ ခေတ်အဆက်ဆ...

အာခီမီးဒိ ( Archimedes ) - ဂရိ သင်္ချာပညာရှင်(ဘီစီ ၂၈၇ - ၂၁၂ )

အာခီမီးဒိ ( Archimedes ) - ဂရိ သင်္ချာပညာရှင်(ဘီစီ ၂၈၇ - ၂၁၂ ) ===================== ( ငါ့စက်ဝိုင်းကို တက်မနင်းနဲ့လို့ ပြောရင်း သေဆုံးသွားတဲ့ သင်္ချာပညာရှင်ဟာ ဘယ်သူဖြစ်မလဲ ? ((အာခီမီးဒိ ပါဆရာ )) ဒီကြေငြာလေးတော့ သိကြမှာပါ ။ ဒါဆို အာခီမီးဒိ ( Archimedes )အကြောင်းလေး ပြောဖို့ လိုပြီပေါ့ ။ ------           ကျွန်တော်တို့ ကျောင်းတွေမှာ သင်္ချာပညာသင်တဲ့အခါ ဂျီသြောမေတြီ ဘာသာရပ်ကို သင်ကြားရင်း ပိုက်သာဂိုရပ် သီအိုရီဆိုတာကို စတင် ရင်းနှီးခွင့်ရပါတယ်။  ဒါပေမယ့် ပိုင်သာဂိုရပ်ဆိုတာ ဂရိက သင်္ချာပညာရှင်ဆိုတာလေးလောက်တာ သိခွင့်ရခဲ့တယ် ။   သူက ဘယ်လိုလူမျိုးလဲ ? ဒီအကြောင်းကို အနည်းငယ်လေ့လာမိတော့ ပိုက်သာဂိုရဟာ ကမ္ဘာ့ပထမဆုံး သင်္ချာကျောင်းကြီးကို တည်ထောင်ပြီး "သီအိုရီ ပညာရှင်များ" - "သီအိုရီယန်" များ ကို မွေး ထုတ်ပေးခဲ့တယ်လို့ ဆိုတယ် ။  မျိုးဆက်သစ်တွေ မွေးထုတ်နည်းကို အဦးဆုံး ကြံစည်ခဲ့တယ်လို့လည်း ယူဆနိုင်ပါတယ် ။ ဂိုဏ်းဝင် အပေါင်း တို့  ကျင့်ကြံ နေထိုင်ရမည့် သဘောကိုလည်း - ဥပမာငယ် တစ်ခုပေးပြီး သွန်သင် ပြသခဲ့သေးတယ် ။ အဆိုက - "ဂရိတွင် အိုလံပစ်ပွဲတော်ကြီးကို စည်ကား...

ကမ္မသတ္တိနှင့် ကမ္မဝါဒ !

ကမ္မသတ္တိနှင့် ကမ္မဝါဒ ------------------------ ကမ္မဟူသော ပါဠိစကားကို မြန်မာလို ကံဟုခေါ်သည် ။ ကံဟူသောစကားကို တစ်မျိုးထက်၍ မြန်မာပြန်လျှင် အမှုဟု ခေါ်ပြန်သည် ။ ထိုအမှုကား ကိုယ်မှု နှုတ်မှု စိတ်မှုအားဖြင့် သုံးမျိုး ကွဲပြား၏ ။ ကိုယ်မှုဟူသည်လက်ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုဖြစ်၍ နှုတ်မှုဟူသည် ပြောဆိုရသော ကိစ္စတည်း ။ စိတ်ဟူသည် မှာ ကိုယ်၌လည်းမလှုပ် နှုတ်၌လည်းမလှုပ် မပါပါပဲလျှက် စိတ်တည်းဟူ၍သာ စဉ်းစားကြံစည်စိတ်ကူးမှုတည်း ။ ပထဝီဓါတ်ချည်း သက်သက် ခန္ဓာကိုယ်မဖြစ်နိုင် ။ ပထဝီဓါတ် လွင့်မသွားအောင် အာပေါဓါတ်က စိမ့်စိုလျက် ရှိရ၏ ။ စိုထိုင်းထိုင်းမရှိရအောင် တေဇောဓါတ်က အငွေ့ပေးရလျက်ရှိ၏ ။ တစ်ဖွဲ့စီ တစ်ဖွဲ့စီ တွဲမိအောင် ဝါယောဓါတ်က တွန်းထိုး ဖိညှပ်လျက် ရှိရ၏ ။ ထိုဓါတ်ကြီး ၄ ခု အစုအဖွဲ့၌ မကင်းစကောင်းသော ဝဏ္ဍ ဂန္ဓ ရသ သြဇာ တို့ပါရှိကြ၏ ။ ထိုသို့ ရုပ်ကလာပ် များစွာတို့ ပူးပေါင်းမိသောအခါ ရှေးက လူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း လူကိုယ်ကောင်ဖြစ်အောင် ပူးတွဲမိကြလေသည် ။ ထိုကဲ့သို့ ကံစီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောက်ျား မိန်းမ သဏ္ဍာန်ပေါ်အောင်လည်း စီမံရ၏ ။ အကုသိုလ်ကံအလိုက် ငရဲသဏ္ဍာန် ပြိတ္တာသဏ္ဍာန် များကိ...

ရာမ !

ရာမ ! ---- ဝေဒခေတ်ကျမ်းကို ပြုစုရေးသားခဲ့တဲ့ ဟိန္ဒူပညာရှင်များရဲ့ အလိုအရ ရာမ မြတ်စွာဘုရားဟာ ဘီစီ ၂၃၅၀ မှ ၂၉၅၀ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ပွင့်ခဲ့တယ်လို့ ဆိုပါတယ် ။ ရာမဇာတ်တော်ဟာ ဟိန္ဒူရာမ မြန်မာရာမ ယိုးဒယားယာမ ပသျှူးရာမ ဆိုပြီး အစရှိသလိုထင်ရှားကာ ထိုရာမများဟာလဲ အနည်းငယ်စီတာ ကွဲလွှဲကြတယ် ။ ရာမယဏကျမ်းကို ဝါလမိကိအမည်ရှိတဲ့ ရသေ့ကြီးက စီရင်ခဲ့တာဖြစ်ပြီး ရသေ့ကြီးဟာ ရာမ မင်းတရားလက်ထက်မှာ အသက်ထင်ရှားရှိခဲ့ပြီး မျက်မြင်တွေ့ရတာတွေကို ရေသားထားတာပဲဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ ဂင်္ဂါမြစ်ကြီးရဲ့ မြောက်ဘက် စူးစူးမှာ ကောသလတိုင်းကြီးရှိပြီး အလွန်ပဲ ခမ်းနားကြီးကျယ်စွာ တည်ရှိခဲ့ပါတယ် ။ ဆာရာယုမြစ်ကြောင့် ကောသလတိုင်းဟာ အလွန်ပဲ စည်ပင်ဝပြောခဲ့ကာ ကောသလတိုင်းရဲ့ မြို့တော်ကတော့ အယုဒယမြို့အဖြစ် မနုဘုရင်လက်ထက်မှာ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒီ့မြို့တော်ကို ဒဿရဋ္ဌ ဘုရင်ကြီးက အုပ်ချုပ်ပြီး ဒေဝါစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တာကြောင့် သုံးလောကမှာ ကျော်ကြားလှတဲ့ မင်းဖြစ်လာတာပဲဖြစ်တယ် ။ ဘုရင်ကြီးမှာ ပညာရှိအမတ်ကြီး ရှစ်ပါးရှိကာ ဝါသိသ ဝါမဒေဝ စတဲ့ သူတော်စင်ကြီးများလဲ ရှိနေတာကြောင့် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်နိုင်ခ...