Skip to main content

ရာမ !

ရာမ !
----
ဝေဒခေတ်ကျမ်းကို ပြုစုရေးသားခဲ့တဲ့ ဟိန္ဒူပညာရှင်များရဲ့ အလိုအရ ရာမ မြတ်စွာဘုရားဟာ ဘီစီ ၂၃၅၀ မှ ၂၉၅၀ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ပွင့်ခဲ့တယ်လို့ ဆိုပါတယ် ။ ရာမဇာတ်တော်ဟာ ဟိန္ဒူရာမ မြန်မာရာမ ယိုးဒယားယာမ ပသျှူးရာမ ဆိုပြီး အစရှိသလိုထင်ရှားကာ ထိုရာမများဟာလဲ အနည်းငယ်စီတာ ကွဲလွှဲကြတယ် ။ ရာမယဏကျမ်းကို ဝါလမိကိအမည်ရှိတဲ့ ရသေ့ကြီးက စီရင်ခဲ့တာဖြစ်ပြီး ရသေ့ကြီးဟာ ရာမ မင်းတရားလက်ထက်မှာ အသက်ထင်ရှားရှိခဲ့ပြီး မျက်မြင်တွေ့ရတာတွေကို ရေသားထားတာပဲဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။

ဂင်္ဂါမြစ်ကြီးရဲ့ မြောက်ဘက် စူးစူးမှာ ကောသလတိုင်းကြီးရှိပြီး အလွန်ပဲ ခမ်းနားကြီးကျယ်စွာ တည်ရှိခဲ့ပါတယ် ။ ဆာရာယုမြစ်ကြောင့် ကောသလတိုင်းဟာ အလွန်ပဲ စည်ပင်ဝပြောခဲ့ကာ ကောသလတိုင်းရဲ့ မြို့တော်ကတော့ အယုဒယမြို့အဖြစ် မနုဘုရင်လက်ထက်မှာ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ် ။ အဲ့ဒီ့မြို့တော်ကို ဒဿရဋ္ဌ ဘုရင်ကြီးက အုပ်ချုပ်ပြီး ဒေဝါစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တာကြောင့် သုံးလောကမှာ ကျော်ကြားလှတဲ့ မင်းဖြစ်လာတာပဲဖြစ်တယ် ။ ဘုရင်ကြီးမှာ ပညာရှိအမတ်ကြီး ရှစ်ပါးရှိကာ ဝါသိသ ဝါမဒေဝ စတဲ့ သူတော်စင်ကြီးများလဲ ရှိနေတာကြောင့် တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်နိုင်ခဲ့လေတယ် ။ သို့သော် သူ့ရဲ့ ထီးနန်းအမွေကို ဆက်လက်ကာ လျာဖို့အတွက်တော့ သားယောက်ျား တစ်ဦးမျှ ထွန်းကားခြင်း မရှိခဲ့ပါဘူး ။ ဒါကြောင့် သူဟာ သားယောက်ျားရရှိနိုင်အောင် ယဇ် ပူဇော်ပွဲကြီး ကျင်းပဖို့ စီစဉ်လေတယ် ။ ကြီးကျယ်တဲ့ မဏ္ဍပ်ကြီးကို ဆောက်လုပ်ပြီး အနိုင်နိုင်ငံမှ မင်းတို့ကို ဖိတ်ကြားခဲ့ပါတယ် ။ အဲ့ဒီအချိန်က နတ်ပြည်မှာတော့ နတ်ဒေဝါတွေဟာ ညီလာခံကြီး ကျင်းပဖို့ တိုင်ပင်စည်းဝေးကုန်ကြတယ် ။ နတ်ဆိုးတို့ရဲ့ ဘုရင်ဖြစ်တဲ့ ရာဝဏကို ဘယ်လိုအရေးယူသင့်ကြောင်း ဆွေးနွေးကြတယ် ။ ရာဝဏဟာ ဗြဟ္မာပြည်မှ ဆုတစ်ခုရထားတာကြောင့် နတ်အပေါင်းတို့ကို ဒုက္ခပေးနိုင်လျက်ရှိနေပါတယ် ။ ဒါကြောင့် နတ်တွေဟာ ရာဝဏကို နိမ်နင်းနိုင်စွမ်းမရှိတဲ့အပြင် နတ်တို့ရဲ့ဘုရင် ဣန္ဒာရာကိုပင် နန်းမှ ချဖို့အထိ တွေ့ရှိလာရတာကြောင့် နတ်ဒေဝါအပေါင်းတို့ဟာ ဗြဟ္မာထံကိုသွားပြီး အကူအညီတောင်ခံရတော့ပါတယ် ။

ထိုအခါ ရာဝဏရဲ့ အားနည်ချက်ကို ဗြဟ္မာက ပြောလိုက်တာကြောင့် နတ်အပေါင်းတို့ဟာ ဗိဿနိုးအရှင်ဆီ ချည်းကပ်ကြတယ် ။ ထို ချည်းကပ်မှုဟာ ဗိဿနိုးအရှင်ကို လူဝင်စားဖို့ အကြာင်းဖန်လာခဲ့တာပဲဖြစ်ပါတယ် ။ ထိုဝင်စားလာတဲ့ဗိဿနိုးအရှင်ကတော့ ရာမ ပဲဖြစ်တယ် ။

တစ်နေ့ တောထဲမှာ တရားကျင့်နေတဲ့ ဝိသွာမိတြအမည်ရှိတဲ့ ရသေ့ကြီးတစ်ပါး အယုဒ္ဓယမြို့တော်ကို ရောက်ရှိလာတယ် ။ ထိုရသေ့ဟာ တရားမကျင့်မီကတော့ ဘုရင်တစ်ပါးပါပဲ ။ ဒဿရဋ္ဌဘုရင်ကြီးက ရိုသေစွာ ခရီးဦးကြိုပြီး နေရာထိုင်ခင်းပြင်ဆင်ပေးပါတယ် ။

အဲ့အခါ ရသေ့ကြီးက မိမိတောထဲမှာ ယဇ်ပူဇော်ခြင်းဟာ အစစ အရာရာကောင်းမွန်တဲ့ အလားလာ ရှိပေမယ့် ရက္ခနှစ်ဦးက အကြိမ်ကြိမ် နှောက်ယှက်တာကြောင့် ပျက်စီးသွားရတဲ့ အကြိမ်ပေါင်းဟာ များလှပါပြီ ။ ဒါကြောင့် အဲ့ရန်ကို ကာကွယ်နိုင်ရန် သားတော် ရာမကို ထည့်ပေးလိုက်ဖို့ တောင်းခံလာပါတယ် ။ ရသေ့ကြီး ကိုယ်တိုင် ရက္ခတို့ကို နိမ်နင်းနိင်သော်လဲ ကျင့်ကြံထားတဲ့ တရားတွေ ပျက်ဆီးသွားမှာမလိုလားတာကြောင့် ရာမကို နိမ်နင်းခိုင်းရခြင်းဖြစ်ပါတယ်လို့ဆိုတယ် ။ အကြိမ်ကြိမ်တောင်းခံနေခြင်းကြောင့် ဘုရင်ကြီးဟာ မသက်သာတော့ပဲ ရာမ နဲ့ လက္ခဏာ မင်းသားတို့ကို ထည့်ပေးလိုက်ရတော့ပါတယ် ။ ရသေ့ကြီး နေထိုင်ရာ တောကို ရောက်တဲ့အခါ ရသေ့အပါင်းတို့က ကြိုဆိုကြပြီး ထိုညမှာတော့ ပူဇော်ပွဲအတွက် ပြင်ဆင်ကြပါတော့တယ် ။ မနက်လင်းတဲ့အခါ ရာမဟာ ရက္ခများ ဘယ်အချိန်လာနိင်ကြောင်းမေးတဲ့အခါ ရသေ့ကြီးက အဓိဋ္ဌာန်ဝင်နေခြင်းကြောင့် ဖြေဆိုခြင်း မရှိခဲ့ပါဘူး ။ အခြားရသေ့များကတော့ ခြောက်ရက်တိုင်တိုင် ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်းဆိုပါတယ် ။ ဒီလိုနဲ့ပဲ ရာမတို့လဲ ခြောက်ရက်တိုင်တိုင် စောင့်ရှောက်ခဲ့ကြတယ် ။

ခြောက်ရက်မြောက်တဲ့ မနက်မှာ ရက္ခတို့လာတော့မယ်လို့ သတိပေးချိန်မှာပဲ အရှေ့မှာရှိတဲ့ ယဇ်မီးဖိုက မီးလျှံများဟာ အထက်ကို ရုတ်တရပ် ထိုးတက်သွားပါတော့တယ် ။ မီးနတ်ဖြစ်တဲ့ အဂ္ဂနိဟာ ရက္ခများ လာနေကြောင်း ဖေါ်ပြတဲ့ သဘောပဲဖြစ်တယ် ။ တစ်ချိန်ထဲမှာပဲ ကောင်းကင်မှ ဝုန်းဝုန်ဒိုင်းဒိုင်းအသံများ ကြားလာရပြီး ကြောက်မက်ဖွယ်ရာအသွင်နဲ့ မာရီးစနဲ့ သုဘာဟုတို့ဟာ သူတို့နောက်လိုက်များနဲ့အတူ ယဇ်မီးဖိုလ်ပေါ် မသန့်ရှင်းတဲ့ အရာများနဲ့ သွန်းလောင်းချဖို့ ပြင်ဆင်နေကြောင်း တွေ့ရပါတော့တယ် ။

ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခဏ ရပ်ကြအုန်းစို့ ။ စာလဲ ရှည်နေပြီမို့ ဖတ်ရတာ ပြင်းနေပြီပေါ့ ။ ဒါကြောင့် အပိုင်း ၂ အနေနဲ့ မနက်ဖြန်မှပဲ ထက်ဆက်ကြပါစို့ခင်ဗျာ ။

#htoohtoolay
ရာမ (၂)
----
ရာမမင်းသားဟာ ညီတော် လက္ခဏာကို မာရီးစအား မြားနဲ့ ပစ်စေကာ သေစေလိုတဲ့ဆန္ဒမရှိတာကြောင့် မာရီးစဟာ အဲ့ဒီ့ မြားချက်နဲ့ ယူဇနာပေါင်း မြောက်များစွာ ဝေးကွာသည့်တိုင် လွှင့်စင်သွားလေတယ်။ ရာမမင်းသားကိုယ်တိုင်ကတော့ သုဘာဟုကို သတ်ကာ ရက္ခတစ်တပ်လုံးကို သုတ်သင်ရှင်းလင်းလိုက်ပါတော့တယ် ။ ထိုအခါမှာတော့ မှောင်မှိုက်လှတဲ့ မိုးကောင်းကင်ကြီးဟာလဲကြည်လင်လာကာ ကောင်းကင်တစ်ခုလုံးမှာ သာယာတဲ့အသွင်သဏ္ဍာန် ပြန်လည်ရောက်ရှိလာတော့တယ်။ နောက်တစ်နေ့မှာတော့ မင်းသားညီနောင်လဲ ရသေ့ကြီးဆီသွားပြီး ဘာတွေ ထပ်မံလုပ်စရာလိုသေးကြောင်းမေးလေတော့ ရသေ့ကြီးက ကျေးဇူးတင်စကားပြောပြီး စိတ်ကူးမှာတော့ သီတာမင်းသမီးနဲ့ ထိမ်းမြှားပေးရန် အကြံဖြစ်ခဲ့လေတော့ပါတယ် ။ ဒါဟာ မယ်သီတာနဲ့ တွေ့ဖို့ အကြောင်းပါပဲ ။

#သီတာ နဲ့ တွေ့ဆုံခြင်း

ထို့နောက် ရသေ့အပေါင်းတို့ဟာ ဝိဒေဟတိုင်း မိတ္ထီလာပြည်မှ ဇနက္ကမင်းကြီး ကျင်းပရန် ရည်ရွယ်ထားတဲ့ ယဇ်ပွဲကို သွားဖို့ရန် အစီအစဉ်ရှိကြောင်း ပြောကြလေရာ မင်းသားနှစ်ပါးကိုလဲ လိုက်ပါလာဖို့ ဖိတ်ခေါ်ခဲ့လေတယ် ။ အဲ့ဒါဟာ အံ့သြစရာကောင်းတဲ့ လေးကြီးနဲ့ ရာမ ထိပ့်တိုက် တွေ့လေပြီပဲဖြစ်တယ် ။ ဒီလိုနဲ့ ရာမနဲ့ လက္ခဏာတို့ဟာ ဝိသွာမိတြရသေ့ကြီးနဲ့အတူ မိတ္ထီလာပြည်သို့ ရောက်ရှိလာပါတော့တယ် ။

မတ္ထီလာပြည်ရဲ့ မင်းဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ တရားမျှတတဲ့ မင်းတစ်ပါးအဖြစ်အမည်ကြီးရင့်လှပါတယ် ။ ရာမရဲ့ ခမည်းတော်ဖြစ်တဲ့ ဒဿရဋ္ဌဘုရင်နဲ့လည်း ရင်နှီးသော မိတ်ဆွေဖြစ်လေတယ် ။ ဇနက္ကမင်းကြီးဟာ ယဇ်ပူဇော်ပွဲတစ်ခုကို ကျင်းပရန် အတိုင်းတိုင်းမှ ဘုရင်များကိုလဲ ဖိတ်ခေါ်ထားလေတယ် ။ ထိုမင်းဟာ နယ်နယ်ရရမင်းတော့ မဟုတ်ပါဘူး ။ သူဟာ ရသေ့ရဟန်းတို့လို သျှတ္တရကျမ်းများနဲ့ ဒေဝကျမ်းများကိုပါ တက်ကျွမ်းလှတယ် ။ လူသားအဖြစ်ကို ခံယူကာ ကမ္ဘာလောကကြီးကို ဆင်းတက်လာတဲ့ ဗိဿနိုးအရှင်ရဲ့ မိဖုရားအဖြင့် ခံယူမဲ့ သီတာမင်းသမီးရဲ့ ခမည်းတော်လဲ ဖြစ်ပါတယ် ။

တစ်ခါက မင်းကြီးဟာ ယဇ်ပွဲအတွက် သူကိုယ်တိုင် ပြင်ဆင်ကာ ခုတ်ထင်ရှင်းလင်းခြင်းအမှုကို လဲ ပြုလုပ်နေပါတယ် ။ ဒီလို ခုတ်ထွင်ရှင်းလင်းနေရင်း ကလေးမတစ်ယောက်ကို ချုံအကွယ်က ကောက်ရခဲ့တယ် ။ သမီးလဲ တစ်ဦးမှ မထွန်းကားတဲ့မင်းမှာ အလွန်နှစ်သက်တော်မူပြီး ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းကို ပြုခဲ့ပါတယ် ။ ထိုသမီးငယ်ဟာ သီတာပဲဖြစ်ပါတော့တယ် ။

မင်းသမီးလေး အရွယ်ရောက်လာတော့ အလွန်လှပချောမောတဲ့အတွက် အတိုင်းတိုင်း အပြည်ပြည်က ဘုရင်တွေဟာ လိုချင်ကြလေတယ် ။ ဒါဟာ မဟာ အခက်ပါပဲ ။ မင်းကြီးအတွက် စစ်မက်အခြင်းအရာများပင် ဖြစ်ပေါ်လာနိုင်တာကြောင့် ဒီအရေးကို ဖြေရှင်းဖို့ရန်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့တယ် ။ အဲ့ဒီ့ ဆုံးဖြတ်ချက်ဟာ ဝရုဏမင်းဆီက လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ ရူဒြ ရဲ့ လေးကို မ,တင်ဖို့ပဲဖြစ်လေတယ် ။ ဒီလေးဟာ သာမန်လူတွေ မ ချီဖို့ မတက်နိုင်တဲ့ နတ်လေးကြီးဖြစ်ကာ ထီးစဉ် နန်းဆက် စောင့်ရှောက်လာခဲ့တဲ့ နန်းမွေပစ္စည်းပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီလေးမြားကို မ,ချီနိုင်သူဟာ သာမန်သူမဟုတ်တဲ့ ထူးကဲသော သူသာ ဖြစ်နိုင်တာကြောင့် လေး မ, နိုင်သူအား သမီးတော်နဲ့ ထိမ်းမြားပေးမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့လေတယ် ။ ဒီအရေးဟာ မင်းကြီးအတွက် အလွန်သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တာ ဖြစ်ပါတော့တယ် ။

ပွဲကျင်းပတဲ့အခါ သီတာမင်းသမီးကို ရယူလိုကြတဲ့ အတိုင်းတိုင်း အပြည်ပြည်က ဘုရင်တွေဟာ လေးကို မ,ကြပါတယ် ။ သို့သော် မ,ယူနိုင်စွမ်းမရှိကြတာကြောင့် အလျှိုလျှို ပြန်သွားကြလေတယ် ။ သို့သော် ထိုအချိန်မှာပဲ ရာမမင်းသားဟာ လူအများ ကြည့်ရှုနေကြတဲ့ ကြားမှပင် ထွက်လာကာ လေးမြားထည့်ထားတဲ့ သံသေတ္တာကြီးကို ဖွင့်လှစ်လိုက်လေတယ် ။ အဲ့ဒီ့နောက် ဘယ်သူမှမ မ,နိင်တဲ့ နတ်လေးကြီးကို ပန်းကုံးတစ်ကုံးကောက်ယူလိုက်ရသလို အလွယ်တကူပဲ မယူလိုက်ပြီးကာ လေးကြိုးကိုလဲ တင်လိုက်ပါတော့တယ်။ ထိုအချိန်မှာ ရာမမင်းသားက လေးကြိုးကို လက်ဖြင့် ခက်လိုက်သဖြင့် မိုးခြိမ်းသံကဲ့သို့ အသံများလဲ တုန်ဟည်းထွက်ပေါ်လာကာ ကောင်းကင်မှ နတ်တို့က ပန်းမိုးများ ရွာချလိုက်လေတော့တယ် ။ ထိုအခါ ရာမမင်းသားဟာ အလွန်ချောမောလှပသော သီတာမင်းသမီးလေးကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး ဒဿရဋ္ဌမင်းကြီးဟာ သားတော်နှစ်ပါးနဲ့အတူ အယုဒ္ဓယပြည်ကို အခြွေအရံများနဲ့တကွ ပြန်လာခဲ့ပါတော့တယ် ။ သို့သော် . . .

#တိုက်ပွဲစိန်ခေါ်ခြင်း

လမ်းခရီးဟာ ချောချောမွေ့မွေ့တော့မဟုတ်ပါဘူး ။ လမ်းခရီးမှာ လေပြင်း မုန်းတိုင်းများ ကျရောက်လာပြီး ကောင်းကင်တစ်ခုလုံးဟာ အလွန်ပဲ ကြောက်မက်ဖွယ်ရာအသွင်နဲ့ အုပ်ဆိုင်းမှောင်မှိက်လျက် ရှိနေပါတယ် ။ မင်းကြီးနဲ့ ပညာရှိများဟာ ဒီနိမိတ်ကို သိလေပါပြီ ။ ဒါဟာ ခတ္တိယမျိုးတို့ရဲ့ ရန်သူဖြစ်သူ ပရသုရာမ လာခြင်းပဲ ဖြစ်တယ် ။ ထင်တဲ့အတိုင်းပါပဲ အရှေ့မှာ ပရသုရာမဟာ မားမားမက်မက် ရပ်နေလေပြီ ။ ပခုံးတစ်ဖက်မှာ နတ်လေးမြားကြီး ချိတ်ထားပြီး နောက်တစ်ဖက်မှာတော့ တိုက်ပွဲသုံး ရဲတင်းကို လွယ်ထားကာ လက်မှာလဲ လျှပ်စစ်ကဲ့သို့ ပြိးပြိုးပျက်ပျက် အရောင်ထွက်နေတဲ့ မြားတစ်စင်းကိုင်စွဲထားပါတယ် ။ ပရသုရာမ သွားလေရာ နေရာတိုင်းမှာ လေမုန်တိုင်းကြီး ပါသွားတက်တာကြောင့် အခုချိန်မှာလဲ လေပြင်းမုန်းတိုင်း ကျလျက်ရှိနေပါတယ် ။ ဒါကြောင့် ခတ္တယမျိုးတွေဟာ အင်မတန် ကြောက်ကြလေတယ် ။

သူက ဘာလို့ ခတ္တယတွေကို မုန်းနေတာလဲ ? ။ ဒါဟာလဲ အကြောင်းတော့ရှိပါတယ် ။ ပရသုရာမရဲ့ ခမည်းတော်ကို ဘုရင်တစ်ပါးက သတ်ခဲ့တယ်လို့ ဆိုတယ် ။ ဒါကြောင့် ခတ္တိယမျိုးဟူသမျှကို လိုက်သတ်နေခြင်းတာဖြစ်ပါတယ် ။

အခုလဲ ရာမ မင်းသားဆီ ဦးတည်ပြီး လာခဲ့တာဖြစ်တယ် ။ ရာမဟာ လေးမြားတင်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို ကြားသိရတာကြောင့် ရူဒြရဲ့ လေးနဲ့အတူ ဗိဿနိုးလေးကိုလဲ ပြုလုပ်ခဲ့ကြောင်းဆိုကာ ထိုလေးကို ယခု သူယူလာခဲ့ကြောင်း ဆိုလေတယ် ။ ရာမက ဒီလေးကို တင်နိုင်ရင် ရာမဟာ မိမိနဲ့ တိုက်ခိုက်နိုင်သူလို့ ယူဆမည်ဖြစ်ကြောင်းဆိုကာ ဗိဿနိုးလေးကို ကိုင်ကြည့်ရန် ရာမမင်းသားအား ပေးလိုက်ပါတော့တယ် ။ ထိုအချိန်မှာတော့ လေးမြားကို ရာမဟာ ကိုင်မြောက်လိုက်ချိန်မှာပဲ . . .

အပိုင်း ( ၃ ) ကို နောက်နေ့ ဆက်ပါမယ် ခင်ဗျာ ။

#htoohtoolay
ရာမ ( ၃ )
----
ရာမ ဟာ ပရသုရာမထံမှ လေးကို မြှောက်တင်လိုက်ပြီး ကြိုးကိုလဲ ဆွဲတင်လိုက်ပါတော့တယ် ။ အဲ့ဒီ့နောက် ပရသုရာမကို ဒီလေးနဲ့ မြားကို ဆွဲတင်ပြီးရင် တစ်စုံတစ်ခုကို ပစ်မှသာ ဖြုတ်လို့ရကြောင်းဆိုလိုက်ပါတယ် ။ ဒါကြောင့် မင်းမှာရှိတဲ့ ဘယ်ဘုန်းတန်ခိုးကို ဖျက်ဆီးပစ်ရမလဲလို့ ရာမမင်းသားဟာ ပရသုရာမ ကို ခက်ထန်သောလေသံနဲ့ မေးလိုက်ပါတော့တယ် ။ ထိုခဏ၌ပင် ဘုန်းတန်ခိုးတေဇော ရုပ်လက္ခဏာကိုဆောင်သော ပရသုရာမရဲ့ မျက်နှာမှာ ညှိုးကျကာ ပြောင်းလဲသွားလေတော့တယ် ။ နှိမ်နင်းလို့မရတဲ့ စစ်ဘုရင်လိုမျက်နှာမျိုးမရှိတော့ပဲ မိမိကိုယ်ကို နှိမ့်ချတက်တဲ့ ရသေ့ ရဟန်းတို့ကဲ့သို့ ပြောင်းလဲလာပါတော့တယ် ။ ဒီမှာတင် ပရသုရာမရဲ့ လူဝင်စား ဘုရားအဖြစ်ကား ကံကုန်လေသွားပြီ ။

ရာမမင်းသားဟာ ပရသုရာမကို ချိုးနှိမ့်ပြီး သွားခွင့်ပြုလိုက်ပါတယ် ။ ဒီလိုနဲ့ ရာမနဲ့ သီတာမင်းသမီးတို့မှာ တစ်ဆယ့်နှစ်နှစ်တိတိ အယုဒ္ဓယမြို့တော်မှာ နေထိုင်ခဲ့ကြတယ် ။ တစ်နေ့မှာတော့ ဘုရင်ကြီးဟာ မှူးကြီး မတ်ကြီးများကို ညီလာခံတစ်ခု ခေါ်ယူကျင်းပပြီး ရာမမင်းသားကို မိမိရဲ့ အရိုက်အရာ အဖြစ် ခံယူပေးဖို့ ဆန္ဒကို ထုတ်ဖေါ်လိုက်ပါတော့တယ် ။ ဒါဟာ အမှန်တော့ ကောင်းတဲ့ နိမိတ်တစ်ခုမဟုတ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့အခြေနေကို ပန်သာရမသိခဲ့ချေ ။ ပန်သာရဆိုတာ အမှန်တော့ အစေခံတစ်ဦးပါ ။ သို့သော် ထိုသူရဲ့ အစွမ်းကတော့ ရာမမင်းသား ကိုအရိုက်အရာပွဲ ကျင်းပရန်ပြင်ဆင်ချိန်မှ တွေ့ရသဖြင့် ကဲကေယီ မိဖုရားထံပြေးသွားကာ ကဲကေယီမှ ဖွားမြင်တဲ့ သားတော်တစ်ဦးဖြစ်သူ ဘာရတကို ထီးနန်းရဖို့ ကုန်ချောလေတော့တယ်ခင်ဗျာ ။ ဒီကုန်ချောမှုဟာ အကြိမ်ကြိမ်ဖြစ်လာတာမို့ အရာထင်ခဲ့လေပြီ ။

တစ်ချိန်က ဒဿရဋ္ဌ မင်းကြီးဟာ ရှေးယခင် ဣန္ဒရာနဲ့ သမ္ဘာရတို့ စစ်ခင်းတဲ့အခါ ဣန္ဒရာဘက်မှ ကူညီသဖြင့် စစ်ပွဲမှာ ဒဏ်ရာရပြီး မေ့သွားပါတော့တယ် ။ အဲ့ဒီ့အချိန်မှာ ကဲကေယီ မိဖုရားဟာ ဒဿရဋ္ဌကို စစ်ရထားနဲ့ သယ်ဆောင်သွားကာ မြားကို နုတ်ပြီး ဒဏ်ရာကိုလဲ ကုသပေးခဲ့တယ် ။ အဲ့ဒီ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ မင်းကြီးဟာ ကဲကေယီကို ဆုနှစ်ခု တောင်းခွင့် ပြုလိုက်ပါတယ် ။ ထိုစဉ်က ကဲကေယီက နောင်တချိန်မှ တောင်းမယ်ဆိုပြီး ပြောခဲ့တာကို ပြန်အမှတ်ရကာ ယခုအခါသည် အလွန်သင့်လျော်ပေတကားဟု အကြံဖြစ်လေတော့သည် ။

#ပထမဆုက ဘာရတမင်းသားကို အိမ်ရှေ့အရာအဖြင့် ထီးနန်းခံခွင့် ပေးရပါမယ် ။

#ဒုတိယကတော့ ရာမမင်းသားကို တောသို့ တစ်ဆယ့် လေးနှစ် နှင်ပစ်ရမယ်ဆိုတဲ့ ဆုပဲဖြစ်ပါတော့တယ် ။

နောက်ဆုံးမှာတော့ မင်းကြီးဟာ စိတ်ဆင်းရဲဒုက္ခနဲ့အတူ ဤဆုများကို ပေးလိုက်ရပြီးမကြာမီမှာပဲ သောကအပူမီးဖိစီးကာ မထနိုင်အောင် ဖြစ်သွားလေတော့သတည်း ။

ထို့နောက်မှာတော့ ရာမမင်းသားနဲ့အတူ ညီတော်လက္ခဏာ / သီတာဒေဝီ တို့ဟာ လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ပထမမှာ ရာမမင်းသားဟာ မလိုက်ဖို့ တားပါသေးတယ် ။ သို့သော် ပါရမီ ဖြည့်ဘက်များမဟုတ်ပါလား ။ နောက်ဆုံးမှာတော့ တောအရပ်သို့ လိုက်ခွင့် ပြုလိုက်ပါတော့တယ် ။

ရာမမင်းသားတို့ နန်တော်ထဲက ထွက်ခွါလာပြီး ဂင်္ဂါမြစ်အရောက်မှာ ရထားထိန်းကို ပြန်လွှတ်လိုက်ပါတယ် ။ ရထားထိန်းလဲ အယုဒ္ဓယမြို့ကို ပြန်ရောက်ချိန်ပဲ ဘုရင်ကြီးလဲ သားတော်အတွက် ပူဆွေးသောကနဲ့ ကံကုန်လေကြောင်း သိရပါတော့တယ်ခင်ဗျာ ။

 ထိုအကြောင်းအရာများအားလုံးကို ဘာရတမင်းသားဟာ တစ်ခုမှ မသိသေးပဲဖြစ်နေပါတယ် ။ ဘုရင်ကြီး နတ်ရွာစံတဲ့အချိန်ခါမှပင် မှူးမတ်တို့က ဘုရင်အဖြစ် တင်ကြရန် ရောက်လာချိန်ခါမှ အကြောင်းစုံကို သိရကာ သူ့ရဲ့ မယ်တော်ကိုပင် ပြစ်တင်ပြီး မဆိုင်းမတွပင် ရာမမင်းသားအား ပြန်လည်ခေါ်ဆောင်ကာ နန်းတော်ကို အပ်နှင်းဖို့ စီစဉ်ပါတော့တယ် ။

ဘာရတမင်းကြီးသည် မိဖုရားကြီး သုံးပါးနဲ့အတူ အခြွေအရံများဖြင့် ရာမ / လက္ခဏာ / သီတာဒေဝီ တို့နေရာဖြစ်သော တောအရပ်ကို ထွက်ခွါခဲ့ပါတယ် ။ ဒီလိုနဲ့ ရာမတို့ဆီရောက်ကာ ထီးနန်းကို ပြန်လည်အပ်နင်းလေတော့ ရာမက ခမည်းတော်စကားကို မပယ်လိုတာကြောင့် ငြင်းဆန်လိုက်ပါတယ် ။ ဒီလိုနဲ့ အပြန်ပြန်အလှန်လှန် တောင်းဆိုတာကြောင့် သဘောတူညီချက်တစ်ခုကို ချလိုက်ပါတော့တယ် ။ ဒါဟာ ရာမမင်းသားပြန်လာချိန်မှာ ထီးနန်းပြန်လည်အပ်နင်းဖို့ပဲဖြစ်တယ် ။

စိတြကုတ္တတောင်နဲ့ မနီးမဝေးအရပ်မှာ ရက္ခတို့ရဲ့ စခန်းတစ်ခုရှိရာ အဲ့ဒီ့စခန်းကို ရက္ခတို့၏ ဘုရင် ရာဝဏ ညီတစ်ဦးဖြစ်သူ စစ်သူကြီး ခါကေက အုပ်ချုပ်တယ် ။ အဲ့ဒီ့စခန်းက ရက္ခအပေါင်းတို့က အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူများ တရားအာထုတ်ရာ စခန်းများကိုဝင်ပြီး စားသောက်လေ့ရှိတယ် ။ ရသေ့အချို့ဆို အခြားနေရာဆီ ပြေးထွက်ရသည့်အထိပါပဲ ။ ဒီလိုနဲ့ ရာမတို့ဟာ တောထဲမှာ လှည့်လည်ရင်း အဲ့ဒီ့ နေရာဆီ ရောက်လာကာ ဝိရဒအမည်ရှိတဲ့ ရက္ခတစ်ဦးနဲ့ တွေ့ကာ ရာမက သုတ်သင်လိုက်တာကြောင့် ထိုတောအတွင်းမှာ တရားအားထုတ်ကြတဲ့ ရသေ့များဟာ ရာမကို အင်မတန်မှ ကျေးဇူးအထူးတင်လေကြပါတယ် ။ ဒီလိုနဲ့ ရာမတို့ဟာ ဒီအရပ်မှာပင် အခြေချကာ ဆယ်နှစ်တိုင်တိုင် နေထိုင်ခဲ့ကြပါတယ် ။ အဲ့ဒီ့နောက် အဲ့ဒီ့အရပ်ကနေမှ ပဉ္စဝတီသို့ ထွက်ခွါခဲ့ပါတယ် ။ လမ်းမှာ သစ်ပင်အပေါ်မှ ငှက်ကြီးတစ်ကောင်ကို တွေ့ပြီး စုံစမ်းကြည့်တဲ့အခါ ထိုငှက်မှာ ဇာတာယု အမည်ရှိကြောင်း / အရုဏခေါ် အရုဏ်ဦးနတ်ရဲ့ သား သမ္ပာတိ၏ ညီ ဖြစ်ကြောင်း အရုဏ မှာ ဗိဿနိုးအရှင်ရဲ့ စီးတော်ယဉ်ဖြစ်သော ဂရုဍ ခေါ် ဂဠုန်ငှက်၏ ညီဖြစ်ကြောင်း သိရပါတယ် ။

တစ်နေ့မှာ ဂေါဓာဝရီမြစ်မှာ ရာမတို့ ရေချိုးကာ စံနေကြစဉ် ရက္ခမတစ်ဦးဟာ ရာမကို ချစ်ကြိုက်သွားမိပါတော့တယ် ။ ရာမမင်းသားအား ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း စုံစမ်းမေးမြန်းပြီးရင် သူမဟာလဲ ရက္ခတို့၏ ဘုရင် ရာဝဏ၏ နှမတော်ဖြစ်ကြောင်း ဆိုကာ ရာမကို ချစ်ခင်စုံမက်မိလို့ လာကြောင်း / ဒါ့အပြင် သူမရဲ့ အကိုတွေက ဘယ်လို စစ်ဘုရင်တွေဖြစ်ကြောင်း ဘယ်လို ထက်မြတ်ကြောင်း ဘယ်လို အပိုင်စား အစရှိသလို ပြောဆိုကာ ရာမကို ဆွယ်ပါတော့တယ်ခင်ဗျာ ။ သီတာတမျှလှပတဲ့ ရက္ခမရဲ့ အပြောတွေအောက်မှာ . . .

အပိုင်း ( ၄ ) ကို နောက်နေ့ ဆက်ပါမယ် ခင်ဗျာ ။

#htoohtoolay
ရာမ (၄)
----
သုပန္နကသည် ရာမမင်းသားကို မြင်လျှင်မြင်ခြင်း ချစ်ခဲ့ပုံ / သူမ၏ ကြင်ယာသော် အဖြစ် ယခုအချိန်မှစ၍ အသိအမှတ်ပြုပုံများနှင့် သီတာကို ထားခဲ့၍ သူမနှင့် လိုက်ခဲ့ရန် သွေးဆောင်သည် ။

လူသားကဲ့သို့ ဖန်ဆင်းရောက်ရှိလာသော ရက္ခကို မင်းသားနှစ်ပါးတို့က ပြက်ရယ်ပြုကြသဖြင့် ရက္ခဒေါသ ထွက်လာသောအခါ လက္ခဏာသည် သုပန္နကကို နှာခေါင်းဖြတ်ပစ်လိုက်သည် ။ သုပန္နကလဲ ထွက်ပြေးသွားကာ သူမ၏ အကိုခါနကို အကြောင်းစုံတင်ပြ၍ တိုင်တန်းသည် ။ ခါနနှင့် ဒုဿနတို့သည် စစ်သူကြီး ၁၄ ဦးပါဝင်သော ရက္ခတပ်မတော်ကို ခေါ်ဆောင်၍ ရာမမင်းသားတို့ နေထိုင်ရာသို့ ရောက်ရှိလာရာ ရာမမင်းသားသည်သီတာဒေဝီကို ဂူတစ်ခုသို့ သွားရောက်ပုန်းအောင်းစေကာ လက္ခဏာအား စောင့်ကြပ်နေစေပြီး တစ်နာရီအတွင်း ရက္ခအားလုံးကို သုတ်သင်ချေမှုန်းလိုက်လေတော့သည် ။

မသေဘဲ ကျန်ရစ်ခဲ့သော ကမ္ပနအမည်ရှိ ရက္ခ တစ်ဦးသည် လင်္ကာကျွန်းသို့ သွားရောက်ကာ ရာဝဏဘုရင်ထံ အကြောင်း ကြားလိုက်ရာ ရာဝဏမှာ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲလေတော့သည် ။ရာမမင်းသားကို လက်စားချေရန်အတွက် ချက်ချင်းပင် မာရီးစထံ သွားရောက်တိုင်ပင်သည် ။ ရာမ၏ ဘုန်းလက်ရုန်း စွမ်းပကားကို သိရှိခဲ့ပြီးဖြစ်သော မာရီးစ က ရာဝဏအား ထိုအကြံကိုစွန့် လွှတ်ရန် တိုက်တွန်းသဖြင့် ရာဝဏ ပြန်သွားသည် ။ ရန်သူအပေါင်းကို နှိမ်နင်းအောင်မြင်နိုင်မည့် မိမိ၏ ဆုတောင်းတွင် လူသား၏ အန္တရာယ်ကိုလည်း အောင်မြင်ရမည်ဟု မပါဝင်ကြောင်းကို ရာဝဏ သတိရသွားဟန်တူသည် ။

သို့သော် မကြာလိုက်ချေ ။ နှမတော် သုပန္နက ရောက်လာပြီး သနားစဖွယ် တင်ပြလျှောက်ထားသောအခါ ရာမမင်းသားကို လက်စားချေရန် ဆန္ဒပြင်းပြလာပြန်သည် ။ မာရီစထံသို့ လာရောက်တိုင်ပင်ပြန်သည် ။ မာရီစက တားမြစ်သော်လည်း ထိုအချိန်၌ မရတော့ချေ ။

ရွှေသမင်ဟန်ဆောင်၍ ဥပါယ်တံမျဉ်းဖြင့် သီတာဒေဝီကို ခိုးယူပေါင်းသင်းရန် အကြံရသည် ။ ရွှေသမင်ဟန်ဆောင်လျှင် ရာမ၏ လက်နက်နှင့်ပင် သေရမည် ။ ရာဝဏ၏ စကားကို နားမထောင်လျှင် အသတ်ခံရမည်ဟု မာရီးစက ဆင်ခြင်မိရာ နောက်ဆုံး၌ ရွှေသမင်သာဟန်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည် ။

မာရီစနှင့် ရာဝဏတို့ ရထားယဉ်ကိုစီး၍ ကောင်းကင်ခရီးဖြင့် လာခဲ့ကြရာ နိုင်ငံအများအပြားကို ဖြတ်သန်းခဲ့ရသည် ။ ဒန္ဒတောသို့ ရောက်လျှင် ဆင်း၍ ရာမတို့၏ စခန်းအနီးသို့ ချည်းကပ်လာကြသည် ။ ထိုအခါ ရွှေသမင်ဖန်ဆင်းကာ သီတာဒေဝီမြင်နိုင်လောက်သော နေရာ၌ ခုန်ပေါက်ကစားပြရာ သီတာဒေဝီသည် ရာမမင်းသားအား ဖမ်းဆီးပေးရန် ပူဆာလေတော့၏ ။ လက္ခဏာက ထိုသမင်မှာ အစစ်မဟုတ် ရက္ခတာ ဖြစ်ကြောင်းဆိုသော်လည်း မရသဖြင့် ရာမသည် သီတာကို လက္ခဏာအား စောင့်ရှောက်စေပြီး သွားရောက် ဖမ်းဆီးလေတော့သည် ။ ထိုအခါ သမင်က ရာမကို တောထဲသို့ ခေါ်သွားကာ အလှမ်းဝေးသောနေရာသို့အရောက်၌ ရာမ၏ မြားချက်ဖြင့် မာရီးစ( သမင်ဟန်ဆောင်သူ ) အား မြားတံစူးလေတော့သည် ။ ထိုမြားတံကြောင့် နာကျင်စွာအော်လေရာ ထိုအော်သံသည်လည်း ရာမ၏ အသံဖြင့် ဟန်ဆောင်အသုံးပြုလိုက်လေတော့သည် ။ ထိုခဏ၌ မာရီးစလဲ သေဆုံး၏ ။

ရာမသည် ထိုအချင်းရာကို ကြားလိုက်ရကား လက္ခဏာအား သီတာက အနောက်သို့ လိုက်စေရန် မောင်းထုတ်တိုက်တွန်းတော့မည်ကို သိလေရာ ခဏချင်းပင် နောက်ပြန်ပြေးလာတော့၏ ။ သို့သော် သီတာမှာ လက္ခဏာ၏ အကိုတော်ရာမ အသံမဟုတ်ကြောင်း ရှင်းပြချက်ကို လက်မခံပဲ စွပ်စွဲမှုများ ပြုလာသောကြောင့် မသက်သာတော့ပဲ ထွက်လာရလေရာ လမ်းခရီး၌ ရာမနှင့် လက္ခဏာ ဆုံကြလေတော့သည် ။ အကြောင်းစုံကို နားလည်သော ရာမမင်းသားသည် အရှိန်မြှင့်၍ ပြေးပြန်လာရာ စခန်းသို့ အရောက်တွက် သီတာမရှိတော့ပေ ။ သီတာအား ရာဝဏ က ရသေ့အသွင်ဟန်ဆောင်လျက် ဖန်ဆီးခေါ်ဆောင်သွားလေပြီဖြစ်သည် ။

သို့သော် ရာမတို့အတွက် လမ်းစရှိလေသေး၏ ။ သီတာကို ဖန်းဆီးခေါ်ဆောင်သွားစဉ်၌ တောအုပ်အတွင်းမှ သစ်ပင်တစ်ပင်ပေါ်တွင်အိပ့်နေသော ငှက်ကြီးတောယုသည် မိန်းမတစ်ဦး ငိုသံကို ကြားရသဖြင့် အပေါ်သို့ မော်ကြည့်လိုက်ရာ ယျဉ်ပျံဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရသော သီတာဒေဝီကို တွေ့လိုက်ခြင်းဖြစ်သည် ။ ထိုအခါ တောယုသည် ထိုယဉ်ဆီသို့ လိုက်၍ ရာဝဏ၏ယဉ်ကို အစိတ်စိတ်အမွှာမွှာ ချေဖျက်လိုက်တော့သည် ။ သို့သော်လည်း တောယုမှာ ရာဝဏ၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရကာ နေရာမှမရွေ့နိုင်တော့ပဲ ကျန်ရစ်ခဲ့ရလေသည် ။ ယဉ်ပျံရထားမရှိသော်လဲ ရဝဏသည် ကောင်းကင်ခရီးဖြင့် အလင်္ကာကျွန်ဆီသို့ ထွက်ခွါလာခဲ့၏ ။ ထိုအချိန်၌ သီတာဒေဝီသည် မိမိ၏ လက်မှ လက်စွပ်ကို အောက်သို့ ပစ်ချလိုက်လေသည် ။ ထိုသို့ အမှုပြုခြင်းမှာ ရာမတို့ လိုက်ရှာရာ၌ လမ်းစရစေလိုသောကြောင့်ဖြစ်၏ ။

အလင်္ကာကျွန်းသို့ ရောက်သော ရဝဏသည် သီတာဒေဝီအား မိမိတို့နိုင်ငံ၏ ကြီးကျယ်ခမ်းနားပုံနှင့် ချမ်းသာကြွယ်ဝပုံများကို ပြသသည် ။ သီတာဒေဝီ သဘောကျလာပါက မိဖုရားမြောက်ရန် ဖြစ်သည် ။ သီတာဒေဝီက လက်မခံပဲ ငြင်းဆန်သောအခါ ရက္ခအစောင့်အရှောက်ဖြင့် အသောက ဥယျဉ်၌ ချုပ်နှောင်ထားလိုက်လေတော့သတည်း ။

အပိုင်း ( ၅ ) ကို နောက်နေ့ ဆက်ပါမယ် ခင်ဗျာ ။

#htoohtoolay
ရာမ ဇာတ်သိမ်းပိုင်း
----
ရာဝဏရဲ့ အဘိုးဖြစ်သူ မာလယဝန်ဟာ ရာမနဲ့ စစ်မက်ဖက်ပြိုင်ခြင်းမပြုဖို့ ရာဝဏကို ပြောဆိုပေမဲ့ မရတဲ့အခါ ဒီအတိုင်းသာ ကြည့်နေရပါတော့တယ်ခင်ဗျာ ။ အဲ့ဒီ့နောက် ဝါရန တပ်မတော် ချီတက်လာရာ လင်္ကာမြို့တော်ရဲ့ ပြင်ပမှာ စစ်ပွဲကြီးဖြစ်ပွားတော့တယ် ။ ရက္ခစစ်သူကြီး ဣန္ဒရာဇစ်ရဲ့ နဂါးပတ်ကျော့ကွင်းလက်နက်နဲ့ ရစ်ပတ်ခံရတဲ့အခါ ရာမနဲ့ လက္ခဏာတို့ စစ်မြေပြင်မှာ ဒဏ်ရာရကြပြီး သတိလစ်မေ့မျောသွားပါတယ် ။ ဣရာဇစ်တို့မှာ စစ်ပွဲကို အောင်မြင်ပြီလို့အထင်ရောက်ကာ ပြန်သွားကြတော့တယ် ။

ထိုအချိန်မှာ ဗီဿနိုးရဲ့ စီးတော်ယဉ်ဖြစ်တဲ့ ငှက်ဘုရင် ဂရုဍ ရောက်လာတာကြောင့် ရာမနဲ့ လက္ခဏာတို့ကို ရစ်ပတ်ထားတဲ့ နဂါးပတ် ကျော့ကွင်းများမှ နဂါးများအားလုံး ထွက်ပြေးသွားကြပါတယ် ။ အဲ့ဒီ့အခါမှာ ရာမနဲ့ လက္ခဏာတို့မှာ နဂိုစွမ်းအားတွေ ပြန်လည်ရရှိသွားကြတယ်လို့ ဆိုတယ် ။ နောက်စစ်ပွဲမှာတော့ ရာဝဏကိုယ်တိုင် ရာမနဲ့ ရင်ဆိုင်တဲ့အခါ စစ်ရထားပျက်ဆီးပြီး လက်နက်မဲ့ ဖြစ်သွားတာကြောင့် ရာမက ရဝဏကို အနားပေးဖို့ ပြန်လွှတ်လိုက်ပါတယ် ။ ဒီတစ်ကြိမ်မှာ ရာဝဏမှာ မျက်နှာမပြရဲလောက်အောင် ရှက်သွားခဲ့ရတယ်လို့ ဆိုတယ် ။ နောက်တစ်ကြိမ်မှာလဲ ရာဝဏရဲ့ စစ်သားများမှာ အကျအဆုံး များပြားတာကြောင့် ရာဝဏကိုယ်တိုင် အထူးနတ်ရထားကိုစီးပြီး တိုက်ပွဲဝင်ဖို့ ထွက်လာခဲ့ပြန်တယ် ။ ရာဝဏက သူ့ရဲ့ညီ ဘိဘိသေနကို တိုက်ခိုက်တာကြောင့် လက္ခဏာက ရှစ်ကြိမ်တိုင်တိုင် ကြားကဖျက်ပြီး အကူညီ ပေးရပါသေးတယ် ( ရာဝဏနဲ့ ဘိဘိသေန ဟာ ညီအကိုခြင်း ထီးနန်းလုနေတာဖြစ်တယ် ) ။ အဲ့ဒီ့အချိန်မှာလဲ ရာဝဏဟာ လက္ခဏာကို တိုက်ခိုက်တာကြာင့် သတိမေ့သွားခဲ့ရပါတော့ယ် ။ ရာမဟာ ရာဝဏနဲ့ တိုက်ခိုက်နေစဉ် ဝါနရတို့က ဟာနုမန်ကို ဆေးမြစ်ရှာဖွေစေပြီး ကုသရသဖြင့် လက္ခဏာ အသက်ပြန်ရှင်ခဲ့ရတာဖြစ်ပါတယ် ။ ( မြန်မာမှာတော့ ရာမက ဒဏ်ရာရကြောင်း ဆိုပါတယ် )

ထိုအချိန်မှာ မာတလိနတ်သားဟာ သိကြားမင်း ဣန္ဒရာရဲ့ ရထားကို ယူဆောင်လာပြီး ရာမ မင်းသားကို တိုက်ခိုက်ရန် စီစဉ်ပေးပါတယ် ။ ထိုအခါကျမှာ ရာဝဏနဲ့ ရာမတို့ တိုက်ပွဲမှာ အလွန်ကြည့်ကောင်းပါတော့တယ် ။ တိုက်ခိုက်နေရင်း မာတလိဟာ မကြာမီ ရာဝဏ ကျဆုံးတော့မှာ သိတာကြောင့် ဗြဟ္မာလက်နက်ကို ထုတ်သုံးရန် အသိပေးပါတယ် ။ ရာဝဏရဲ့ ခေါင်းဆယ်လုံးတို့ကို မကြာခဏ ဖြတ်ခဲ့သော်လည်း ပြန်ထွက်လာတာချည်း ဖြစ်ပါတယ် ။ မီးတောက်မီးလျှံ ထွက်သော ဗြဟ္မာလက်နက်ကို ရာဝဏရဲ့ ရင်ဘတ်ဆီ လွှတ်လိုက်တဲ့အတွက်ကြောင့် ရင်အုံတည့်တည့်ကို စိုက်ဝင်သွားပါလေတော့တယ်ခင်ဗျာ ။

ရာဝဏ ကျဆုံးတဲ့အခါ နတ်အပေါင်းတို့က ကောင်းချီးသြဘာ ပေးကြကုန်တယ် ။ ကောင်းကင်မှ ပန်းတို့လဲ ကျဲချလေကုန်တယ်လို့ ဒီလိုဆိုပါတယ် ။ စစ်ပွဲပြီးတဲ့အခါ ရာမဟာ သီတာဒဝီကို ရှာဖို့အတွက် ဟာနုမန်ကို လွှတ်လိုက်ပါတယ် ။ ဟာနုမန်ဟာ သီတာဒေဝီရှိတဲ့ နေရာကို သိတဲ့ တစ်ဦးတည်းသော မျောက်မင်းသာဖြစ်တယ် ။ သီတာဒေဝီ ရောက်ရှိတဲ့အခါ ရာမက သီတာဒေဝီကို မိမိနှစ်သက်ရာ ဆွေမျိုးမိတ်ဆွေရဲ့ စောင့်ရှောက်မှုဖြစ် နေရန် ပြောပါတယ် ။ ( ခတ္တိယမျိုးတို့ဟာ သူတစ်ပါးအိမ်မှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့ မိန်းမကို ပြန်ပြီး မပေါင်းသင်းကြပါ ) ။

အဲ့ဒီ့အတွက် သီတာဟာ လက္ခဏာကို ထင်းစုခိုင်းလိုက်ပါတော့တယ် ။ ရာမက ကန့်ကွက်လိမ့်မလားအထင်နဲ့ လက္ခဏာဟာ ရာမကို လှမ်းကြည့်လိုက်ပါတယ် ။ ရာမက မည်သို့မျှ မပြောဆိုတဲ့အခါ သီတာ အလိုရှိတဲ့ ထင်းများကို စုပေးလိုက်ပါတယ် ။ မီးဖိုပြီးတဲ့အခါ သီတာဒေဝီဟာ ဘုရားများ ရသေ့ရဟန်းများ မီးနတ်အဂ္ဂနိတို့ကို ရှိခိုးတိုင်တည်ပြီး သူမရဲ့ သန့်စင်မှုကို ပြသလိုတာကြောင့် မီးဖိုထဲကို ခုန်ဆင်းလိုက်ပါတော့တယ် ။ နတ်အပေါင်းတို့က မီးဖိုထဲကို စုဝေးရောက်ရှိလာကြတယ် ။ အဲ့ဒီ့နောက် ဗြဟ္မာက "နာရာယန ဘုန်းတန်ခိုး ကြီးတဲ့ ဘုရားသခင်သည် လူ့ဇာတိကိုယူ၍ ရာဝဏကို နှိမ်နင်းခဲ့သည် ။ ဤ သီတာဒေဝီသည် သင်၏ ကြင်ယာတော် ( လက္ခမီပင် မဟုတ်လော့ ) " လို့ ပြောကြားလေတယ် ။

နတ် အပေါင်းတို့က သီတာဒေဝီကို မီးဖိုထဲက ထုတ်ယူပြီး အဝတ်အစားနဲ့ လက်ဝတ်တန်ဆာများပါမကျန်အောင် ရာမမင်းသားထံ ပေးအပ်လိုက်ပါတယ် ။ ရာမလည်း သီတာဒေဝီကို လက်ခံယူလေတယ် ။ အဲ့ဒီ့နောက် သီတာဒေဝီကို မိမိက မယုံကြည်လို့ မဟုတ်ကြောင်းပြောကာ လူအများ အမြင်မှန်စေလိုတာကြောင့် ပြုရခြင်းတာဖြစ်ကြောင်း ပြောကြားလိုက်ပါတော့တယ် ။ ထိုခဏမှာ ဒဿရဋ္ဌဟာ ကောင်းကင်မှ ဆင်းသက်လာပြီး မင်းသားကို ပွေ့ချီကာ သီတာဒေဝီအား သူ့သားအပြစ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပြန်ပြောဆိုတယ်လို့ ဒီလိုဆိုပါတယ် ။

ထို့နောက် ရာမနှင့် သီတာတို့သည် ယာဉ်ပျံပေါ်သို့ တက်ရောက်ကာ မိတ်ဆွေများနှင့်အတူ ကောင်းကင်ခရီးဖြင့် အယုဒ္ဓယကို သွားကြသည် ။ တိုင်းသူပြည်သားတို့သည်လဲ သောင်းသောင်းဖြဖြ ကြိုဆိုကြသည် ။ ဘာရတလည်း ရာမ မင်းသားကို ထီးနန်းလွှဲအပ်ပေးသည် ။ ရာမမင်းသား နေပြည်တော်သို့ ပြန်လည် ရောက်သည့်အထိမ်းအမှတ်အဖြင့် ဟိန္ဒူတို့သည် ယခုအခါ ဒီပါဝလီ ပွဲတော် ( ဒေဝါလီ ) ကို နှစ်စဉ် ကျင်းပကြလေတော့သတည်း ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...