Skip to main content

မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး

❀ မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။

❀ ဘဝခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလို့ရှိရင် သေချာတဲ့လမ်းကနေ ရွေးချယ်ပြီးတော့လျှောက်လို့် ဟောထားတယ်၊ အဲဒီတော့ ဘဝမှာ ဘာမှ စနိုးစနောင့် ဖြစ်နေစရာလည်း မလိုဘူး၊ မြတ်စွာဘုရား ခင်းပြီးတော့ပေးထားတဲ့ သြဝါဒလမ်းကြောင်းအတိုင်း လျှောက်လို့ရှိရင် အေး  ငါလုပ်တာ ငရဲကြီးသလား။ ငရဲမကြီးဘူးလား၊ ဒါဟာ လုပ်ကောင်းသလား၊ မလုပ်ကောင်းဘူးလား၊ မေးစရာ ဘာမှမလိုတော့ဘူး၊ ဟုတ်တယ်မို့လား၊ အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး၊ မလုပ်ရဘူး။

❀ ကြည့်လေ  လောဘ ဒေါသ မောဟနဲ့ဆိုရင် မကောင်းဘူး။ အလောဘ အဒေါသ အမောဟနဲ့ဆိုရင် ကောင်းတယ်။ လုပ်ကောင်း မလုပ်ကောင်းက အဲလို ရှိနေပြီးသား။ သဘာဝအတိုင်း မြတ်စွာဘုရား ဟောတာ၊ သဘာဝကို ဟောတာ။

❀ မီးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ တုန်းကလည်း ပူတာပဲ၊ ဒီကနေ့လည်း ပူတာပဲ၊ နောင်လည်း ပူဦးမှာပဲ၊ ဘယ်သူကိုင်ကိုင် မီးကတော့ လောင်မှာပဲ၊ ပူစေမှာပဲ။ မြတ်စွာဘုရားဟောတဲ့ ဓမ္မဆိုတာ သဘာဝတရား (the law of nature) ဖြစ်တယ်။ ဘယ်သူမှ ပြောင်းလဲပစ်လို့ မရဘူး။

❀ သဘာဝတရားကို
မြတ်စွာဘုရားက ရှာဖွေတွေ့ရှိတာ(discover)၊ ဖန်ဆင်းတာ မဟုတ်ဘူး၊ သဘာဝတရားကို သိမြင်တာ၊ တွေ့ရှိတာသာဖြစ်တယ်၊ မြတ်စွာဘုရားက မိမိရဲ့ တွေ့ရှိချက်တွေကို ဘုန်းကြီးတို့တစ်တွေ လိုက်နာကျင့်သုံးဖို့ ဟောတော်မူထားတာ ဖြစ်ပါတယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...