ဂျပန်နှင့် ဂြိုလ်ပျံ တွေ့ဆုံခြင်း ( ဖြစ်ရပ်မှန် )
-----
၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်း ဖြစ်တယ် ။ ဂျပန်လေကြောင်းလိုင်းမှ ပျံသန်းရေး အမှတ်စဉ် ၁၆၂၈ ဖြစ်တဲ့ ဘိုးရင်း ၇၄၇ ကုန်တင်လေယဉ်ကြီးဟာ ပြင်သစ်နိုင်ငံ ပဲ့ရစ်မြို့ နိုင်ငံတကာ လေဆိပ်မှ ကြည်လင်နေသော ကောင်းကင်ပြာအထက်သို့ တက်ရောက်လာခဲ့သည် ။ အထူးအဆန်းမဟုတ်ပါဘူး ။ ပုံမှန်ပျံနေကြ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ်ပါပဲ ။ အခုအခါအတွက် ကုန်စည်များကတော့ ပြင်သစ်နိုင်ငံက နာမည်ကျော် ဘွန်ဂျိုလိတ်စ် ဝိုင်အရက်များကို ဂျပန်နိုင်ငံ တိုကျိုမြို့ကို ပို့ဆောင်ဖို့ အတွက်ပဲ ဖြစ်ပါတယ် ။
ခရီးစဉ် အစဖြစ်တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ဟာ ဘာအနှောက်အယှက်မှ မရှိဘဲ ချောချော မောမောပဲ ရက်ဂျာဗစ်မြို့ကို ရောက်ရှိခဲ့ပါတယ် ။ နောက်တစ်နေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာလဲ ဂလင်လန်ကျွန်းပေါ်မှ ဖြတ်ကျော်ပျံသန်းပြီး ကနေဒါမြောက်ပိုင်း ကျော်ဖြတ်သည်အထိ ဘာပြဿနာမှ မရှိခဲ့ပါဘူး ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်ကို စတင်ဝင်ရောက်ချိန်မှာတော့ ထူးူခြားမှုများက စတင်လာပါတော့တယ် ။
ဒေသစံတော်ချိန် ညနေ ၅ : ၀၉ နာရီ အချိန်ရှိပြီဖြစ်တယ် ။ အမှောင်အရိပ့်များ စတင်ကြီးစိုးခဲ့လေပြီ ။ အနောက်ဘက် မိုးကောင်းကင်မှာ လှပတဲ့ နေဝင်ချိန်တို့ ကွယ်ပျောက် မှေးမှိန်စ ပြုချိန်ဖြစ်ပါတယ် ။ မြေပြင်အခြေဆိုက် အင်ကားရေ့ လေကြောင်း ထိန်းသိမ်းရေး ဌာန မှ လေယာဉ်အား ရေဒါတွင် မြင်တွေ့ရကြောင်း အကြောင်းကြား ဆက်သွယ်ခဲ့ပါတယ် ။ ဒါ့အပြင် လေယဉ်အားလည်း ဦးတည်ရာ ဘက်မှန်ကန်စေရန် ဘယ်ဘက်သို့ ၁၅ ဒီဂရီ လှည့်ဖို့ အကြောင်းကြားလာခဲ့ပါတယ် ။ ထိုအချိန်မှာ လေယဉ်က မြေပြင်က အတွတ်နဲ့ဆို ပေပေါင်း ၃၅၀၀၀ အမြင့်မှာ မြေပြင်အမြန်နှုန်းအနေနဲ့တော့ တစ်နာရီလျှင် ၆၀၀ မိုင် နှုန်းခန့် ပျံသန်းနေခဲ့တယ် ။ အချိန်မှာလဲ ၅ : ၁၁ နာရီရှိခဲ့ပါပြီ ။
လေကြောင်းထိန်းသိမ်းရေး ဌာနမှ လမ်းကြောင်းပြောင်း ညွှန်ကြားချက်အတိုင်း လေယဉ်ကို ကွေ့လိုက်ပြီး လမ်းကြောင်းဖြောင့်လိုက်သည့် တစ်ချိန်တည်းမှာပင် လေယာဉ်အောက်ဘက် ပေ ၂၀၀၀ ခန့် ဘယ်ဘက်တွင် လေယဉ်မှူး ကင်ဂျူတာရာအုချိက အမျိုးအမည်မသိသော ယဉ်နှစ်စီးမှ အလင်းရောင်များကို တွေ့လိုက်ရပါတော့တယ် ။ မြင်ရတဲ့ ယာဉ်တို့ရဲ့ မြန်နှုန်းအနေအထားများကို ထောက်ချင့်ပြီး လေယာဉ်မှူးမှ ယင်းလေယာဉ်တို့သည် အနီးအနားတွင်ရှိသော အဲလ်မန်ဒေါ့ဖ် ဒါမှမဟုတ် အယ်လ်ဆင် လေတပ်စခန်းမှ ကင်းလှည့်နေတဲ့ ဂျက်လေယာဉ်များသာ ဖြစ်ပါလိမ့်မယ်လို့ တွေးထင်ပြီး သတိမပြုပဲ နေခဲ့ပါတယ် ။ ဒါပေမယ့် မိနစ်အနည်းငယ်ကြာသည့်တိုင် ယင်းယာဉ်များမှ အလင်းတန်းကို ဆက်တိုက် တွေ့မြင်နေရတာကြောင့် ဒါဟာ ကင်းလှည့်လေယာဉ်တို့ ပြုလုပ်နေကျပုံစံမဟုတ်ကြောင်း သိလိုက်ပါတော့တယ် ။
ထိုကဲ့သို့ မိနစ်အနည်းငယ် တည်ငြိမ်နေရာမှ ၅:၁၈ သို့မဟုတ် ၅:၁၉ နာရီခန့်တွင် ရုတ်ခြည်းဆိုသလို မြင့်မားတဲ့ အရှိန်နှုန်းများဖြင့် ပျံသန်းနေသော လမ်းကြောင်းမှ ကွေ့လိုက်ခါ လေယာဉ်ရှေ့ပေ ၅၀၀ မှ ပေ ၁၀၀၀ ခန့်အကွာမှာ အထက်အောက် နှစ်စင်း တန်းရပ်လျက် တည်ရှိနေတော့သည် ။ ယာဉ်ပျံများ ပျံသန်းနေတဲ့ ပုံစံကတော့ ကမ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ကင်းလွတ်နေ သကဲ့သို့ ဖြစ်သည် ။ ပျံသန်းချင်သည့် ပုံစံအတိုင်း အထက်အောက် ဝဲယာ ရွေ့လျား ပျံသန်းနေသည်မှာ ကမ္ဘာမြေပေါ်ရှိ ယာဉ်များ အလေးအနက်ထားရတဲ့ အင်နားရှား လည်း မရှိသကဲ့သို့ ဖြစ်ပါတယ် ။
အဖြစ်အပျက်များက မြန်လွန်းလှတာကြောင့် လေယာဉ်မှူး ကင်ဂျူတာရာအုချိဟာ အံ့သြတကြီးနဲ့ ယင်း ယာဉ်ပျံနှစ်စင်းကို စူးစိုက်ကြည့်နေမိတော့တယ် ။ အဲ့ဒီ့အချိန်မှာပဲ အံ့သြစရာကောင်းတဲ့ နောက်ထပ်အဖြစ်ပျက်များက ဆက်လက် ဖြစ်ပေါ်လာပါတယ် ။ ယင်း ယာဉ်ပျံ နှစ်စီးသည် ဘယ်မှညာ ညာမှဘယ် သို့ တည်နေရာပြောင်းရင်း လေယာဉ်နှင့် အလျင်တူ လိုက်ပါလာခဲ့သည် ။ ယာဉ်များမှ ထွက်ပေါ်နေသော မီးအလင်းတန်းများမှာ တန်းတစ်ခုတွင် ဒုန်းပျံများ တန်းစီထားသကဲ့သို့ ယာဉ်နောက်မှ ထွက်ပေါ်နေခဲ့ပါတယ် ။ ဒါ့အပြင် ထွက်ပေါ်နေသော အလင်းတန်းများမှာ ယာဉ်ရှေ့ကို သွားစဉ်မှာ အလွန်အမင် တောက်ပမှုမရှိပဲ ယာဉ်အား နောက်ပြန် သွားစဉ်မှာတော့ ထွက်ပေါ်လာတဲ့ အလင်းတန်းဟာ အလွန်ပဲ တောက်ပလွန်းလှပါတယ် ။ နောက်ပိုင်းအခါမှာတော့ လေယာဉ်မှူးဟာ ယင်းယာဉ်တွေကို အလိုအလျောက် ထိန်းချုပ်တဲ့ စနစ်နဲ့ မောင်းနှင်တာဖြစ်နိုင်တယ်လို့ ဆိုခဲ့တယ် ။
ဒီအကြောင်းအရာတွေ ထူးခြားစွာ ဖြစ်နေချိန်မှာတော့ မြေပြင်အခြေစိုက်ရေဒါစခန်းက မည်သည့်ယာဉ်မျှ မတွေ့ရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ် ။ ဆိုလိုတာက ထူးဆန်းတဲ့ ယာဉ်ပျံများကို မြေပြင်အခြေစိုက်ရေဒါမှာ မြင်ရခြင်း မရှိသလို အဖြစ်အဆန်းများနဲ့ တွေ့ဆုံနေရသော ပျံသန်းစဉ် ခရီးစဉ် ၁၆၂၈ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးလည်း ရေဒါမျက်နှာပြင်တွင် ထူးဆန်းစွာ ပျောက်ကွယ်နေခဲ့သည် ။ ထို့ပြင် မြေပြင်အခြေစိုက်စခန်းမှ လေယာဉ်ဝန်းကျင်တွင် တိမ်တိုက်များ ရှိ မရှိကို ထပ်ခါတလဲလဲ မေးမြန်းနေခဲ့သည် ။ နောက်ပိုင်းတွင် ယင်းအကြောင်းနှင့်ပတ်သတ်ပြီး လေယာဉ်မှူးက ပြောကြားရာတွင် -
" သူတို့က တိမ်တိုက်အကြောင်းပဲ ထပ်ကာ တလဲလဲ မေးနေခဲ့တယ်ဗျာ ။ အဲ့ဒီ့အချိန်က တိမ်တိုက်ဆိုလို့ အဝေးက တောင်ထွတ်တစ်နေရာမှာ တိမ်စုလေးတစ်စုကလွှဲလို့ ဘာမှ မရှိပါဘူး ။ အဲ့ဒီ့ တိမ်တိုက်ကလည်း ကျွန်တော်တို့ အမြင့်ရဲ့ အောက် ဟိုးအဝေးကြီးမှာပါ ။ တခြားနေရာမှာ ဘာမှမရှိဘဲ ကြည်လင်နေပါတယ် ။ ကျွန်တော့်လောက်အတွေ့အကြုံများတဲ့သူကို တိမ်တိုက်က ရောင်ပြန် ဟပ်တာကို မီးအလင်းရောင်လို ထင်ယောင်ထင်မှားဖြစ်အောင် မစွမ်းဆောင်နိုင်ပါဘူး " လို့ ဆိုခဲ့သည် ။
ရောင်ပြန်ဟပ်နေသော ထိုယာဉ်နှစ်စီးသည် အထက်တွင် ဖေါ်ပြချက်အတိုင်း ၁၀ မိနစ်ခန့် ယာဉ်ဘေးတွင် နိမ့်ချီ မြင့်ချီနှင့် လိုက်ပါလာခဲ့ပြီး ၅ : ၂၃ နာရီတွင် အလွန်လျင်မြန်သော နှုန်းထားဖြင့် အရှေ့ဖက် မိုးကုတ်စက်ဝိုင်း အောက်တွင် ပျောက်ကွယ်သွားခဲ့တော့သည် ။
ပျောက်ကွယ်သွားသော ယာဉ်နှစ်စင်းသည် စတုရန်းပုံစံရှိပြီး ယင်းနောက်မှထုတ်လွှတ်နေသော အလင်းရောင်တန်းမှာ ထောင့်မှန်စတုဂံ တစ်ခုသဏ္ဍာန် ဖြစ်ပေါ်နေခဲ့သည် ။ နောက်ပိုင်းတွင် လေယာဉ်မှူး ကင်ဂျူတာရာအုချိ ပြန်လည်ရေးဆွဲချက်များတွင် ယင်း ယျာဉ်များသည် ဆလင်ဒါပုံ ယာဉ်များ ဖြစ်ဖွယ်ရှိသည်ဟု မှန်ဆခဲ့လေတော့သည် ။
#htoohtoolay

Comments
Post a Comment