""ကျေးဇူးပါအဖေ""
ဒီခြံဝန်းလေးအဖေ..စဝယ်တုန်းကမစင်တွေအပြည့်နဲ့ပေါ့
နှစ်ပေါင်းများစွာစည်းမရှိကမ်းမရှိသူတွေစွန့်သွားခဲ့တဲ့မစင်တွေ အမှိုက်သရိုက်တွေပြည့်နှက်နေခဲ့တယ်လေ …
အမှိုက်တွေ မစင်တွေကိုအဖေနိုင်သမျှအားနဲ့ပြောင်သလင်းခါသလောက်ဖြစ်အောင်ရှင်းသွားခဲ့တယ်
သား သမီး မြေး မြစ်တွေ နေထိုင်ဖို့အဖေ့အားနဲ့အိမ်လေးတစ်လုံးကျိုးစားဆောက်ပေးခဲ့တယ်လေ ……
မိသားစုစားစရာအကြွေးတွေတင်တော့အိမ်နီးချင်းအိမ်တွေအပြင် နယ်ဝေးတွေအထိ အဖေမျက်နှာငယ်လေးနဲ့ ချေးငှားဖို့ခဏတိုင်းခရီးထွက်ပြီး မိသားစုဝမ်းဝဖို့အရေးအဖေဘဲဒိုင်ခံရုန်းပေးခဲ့တာပါ …
အဲ့အချိန်တုန်းကအမေခရီးလွန်နေခဲ့တယ်လေ …
စားဖို့သောက်ဖို့မလောက် မင ဖြစ်တိုင်းတချို့သားသမီးတွေက
"ခင်ဗျားကြီး စောက်သုံးမကျဘူး စောက်ဖြစ်မရှိဘူး" လို့ အပြစ်တင်ဆူပူကြတိုင်း
အဖေအပြုံးမပျက် ကိုယ်ထိလက်ရောက်မရိုက်နှက်ခဲ့ဘူး
တချို့သားသမီးတွေမိုက်ရိုင်းတာကိုအဖေဗွေမယူဘဲ
မိသားစုအရေး အဖေအတတ်နိုင်ဆုံး ရုန်းပေးနေခဲ့တယ်
ဟိုတလောကအဖေနှလုံးအမောဖောက်ပြီးနာမကျန်းဖြစ်တယ်
အဖေ့သမီးတွေသူတပါးလာမစော်ကားရအောင်အဖေ့နှလုံးနာမကျန်းတာကိုတောင်ဂရုမစိုက်နိုင်ဘဲ အဖေခြံစည်းရိုးထိုးပေးခဲ့ပါသေးတယ်
ဒါကိုတချို့သားသမီးတွေက ခင်ဗျားကြီး စောက်ပိုလုပ်တယ်ဆိုပြီး
ဝေဖန်ပြစ်တင်ခဲ့တာအဖေ့ရင်ထဲမှာဘယ်လိုခံစားရမလဲ သားသိပါတယ်အဖေ
ဥတုရာသီကြောင့်ဖြစ်တဲ့ မိုးရွာတာ လေတိုက်တာကအစ
နောက်ဆုံးအိမ်ရှေ့ခွေးဖင်ပူးတာအဆုံး
ခင်ဗျားကြီးစောက်သုံးမကျလို့ဖြစ်တာဆိုပြီး
လက်ညိုးတငေါက်ငေါက်ထိုးအပြစ်တင်ကြတဲ့သားသမီးတွေအပေါ် အဖေမေတ္တာမပျက်ခဲ့ရှာပါဘူး ……
တချို့သားသမီးတွေကအပင်ပန်းခံရုန်းပေးနေတဲ့အဖေ့မေတ္တာကိုသိပ်နားမလည်ကြပါဘူးအဖေ
သူတို့ကို သီချင်းတအေးအေးနဲ့ချော့သိပ်ပြတတ်တဲ့အမေ့မေတ္တာကိုဘဲမြင်ကြတာပါ အဖေအားငယ်မသွားပါနဲ့သူတို့မသိလည်း သားသိတယ်အဖေ ……
သားတော့သီချင်းတအေးအေးနဲ့ပုံပြောကောင်းတဲ့အမေ့ထက်
မိသားစုအရေးအင်အားရှိသမျှနဲ့ရုန်းပေးသွားတဲ့အဖေ့ကိုပိုချစ်တယ်အဖေ
အခုအဖေနာမကျန်းဖြစ်ပြီးနားဖို့သင့်နေပါပြီ
အဖေဆောက်ပေးခဲ့တဲ့အိမ်ခြံဝန်းလေးလည်းအတော်သင့်နေထိုင်ဖို့အသင့်ဖြစ်နေပါပြီ
အခုဆို အမေလည်းသူကျန်းမာရေးဒေါင်ဒေါင်မြည်တုန်း
မကြည့်ရက်တဲ့ အိမ်လေးအတွက် သူလည်းဝင်ရုန်းပါရစေတဲ့အဖေ
တချို့သားသမီးတွေကအပြောင်းအလဲဖြစ်ဖို့
သီချင်းတအေးအေးချော့သိပ်ပြီးပုံပြောကောင်းတဲ့အမေ့ကိုလည်းအားကိုးချင်ကြသေးတယ်လေ
အမေ့ကိုလည်း ခွင့်ပြုပေးလိုက်ပါ သူကလည်း သားတို့ရဲ့ အမေပါဘဲလေ
အဖေအေးအေးဆေးဆေးအနားယူပါတော့
အပြစ်တင်ခံဘဝကြီးကနေရုန်းထွက်သွားပါတော့ ……
ဒါပေမယ့် သားရင်ထဲမှာဆုတွေတောင်းနေမိတယ်အဖေ
အဖေမိသားစုအတွက်ရုန်းပေးခဲ့သလိုအမေရုန်းနိင်ပါစေ ……
မနက်တိုင်းအိမ်ကိုကြွလာတတ်တဲ့သံဃာတွေကိုလည်းကြည်ဖြူစွာအမေဆွမ်းပုံမှန်လောင်းနိုင်ပါစေ ……
အဖေ့သမီးတွေအတွက်ကာထားတဲ့စည်းရိုးလေးအမေမကျိုးပဲ့အောင်ထိန်းနိုင်ပါစေ ……
ကိုယ်တိုင်စောက်ဖြစ်မရှိတဲ့သားသမီးတွေလည်းကိုယ်တိုင်အဖြစ်ရှိအောင်စည်းကမ်းတကျနေထိုင်တတ်ကြပါစေ ……
သားတို့လည်း အမေကိုပြစ်တင်ဝေဖန်နေရတဲ့သားဆိုးသားမိုက်များမဖြစ်ပါရပါစေနဲ့ ……
အဖေလည်းကျန်းမာပါစေ အသက်ရှည်ပါစေ ……
အခုကျနော့်အခန်းကနံရံမှာအဖေ့ပုံကအထက်ကအမေ့ပုံကအောက်ကချိတ်ထားတယ်
အဖေ့လိုမိသားစုအပေါ်တာဝန်ကျေအောင်ရုန်းနိင်တဲ့တစ်နေ့အမေ့ပုံကိုလည်းအဖေ့နံဘေးမှချိတ်ပါ့မယ်အဖေ …
Credit သန့်ဇင်

Comments
Post a Comment