Skip to main content

ငေါင်း ဆိုတဲ့ သတ္တဝါ တကယ်ရှိလား !

ငေါင်း ဆိုတဲ့သတ္တဝါ တကယ်ရှိလား !
----
ငေါင်းဆိုတဲ့ သတ္တဝါဟာ ယုံတမ်းစကား ဒါမှမဟုတ် နာနာဘာဝတို့ရဲ့ သရုပ်ပြချက်ဖြစ်တယ်လို့ ဒီလိုအခုခေတ်အခါမှာ သိကြပါတယ် ။ ငုံးလို ကြက်လိုသတ္တဝါမျိုး ဖြစ်တယ်လို့ လဲ ဆိုကြပြန်တယ် ။ ခြေတစ်ချောင်းပါ လူလိုသတ္တဝါ ဖြစ်တယ်လို့ဆိုတာမျိုးလဲ ကြားဖူးကြပါတယ် ။ တောထဲမှာ ငေါင်းကိုတွေ့ရင် ဖမ်းမယ်ဆိုတဲ့အခါ ပိုက်နဲ့ မထောင်ရဘူး နောက်ပြီး ကျော့ကွင်းနဲ့လည်း မဖမ်းရဘူးလို့ဆိုလျက် ဖမ်းလိုတဲ့သူကတော့ ငှက်ပျောရွက်နဲ့ ထောင်ဖမ်းမှသာ ရနိုင်ကြောင်းဆိုပါတယ် ။ ငှက်ပျောရွက်နဲ့ဖမ်းတဲ့အခါ ငေါင်းဟာ အဲ့အပေါ်နင်းမိပြီး ချော်လဲကာ မထနိုင်တော့တဲ့အတွက် ဖမ်းရလွယ်ကြောင်း ဆိုတာဖြစ်တယ် ။ ရှေးမြန်မာ တိုင်းရင်းဆေးပညာရှင်များရဲ့ ထိပ့်ကပ်နာပျောက်ဆေးမှာ ဒေါင်းရိုး ငေါင်းရိုးတို့ ပါရှိကြောင်း သိရပါတယ် ။ တိမ်သလာပျောက် မျက်စဉ်းဆေးမှာလဲ ငေါင်းအရိုးကို သုံးကြောင်း သိရှိရပါတယ် ။

ဟုမ္မလင်းနယ်စပ် နန့်တောရွာ / ဆင်လမောင်းရွာ / ကိုးထောင်ရွာများအနီးက တောအတွင်းမှာ ငေါင်းခြေရာတွေ့တယ်ဆိုပြီး မုဆိုးများ လိုက်ရှာဖူးတယ် ။ ငေါင်းဟာ ခြေတစ်ချောင်းထောက်ပြီး သွားတက်ပါတယ် ။ ဦးခေါင်း နောက်စေ့ နေရာရှိပြီး အောက်ချင်းငှက်ကဲ့သို့ နှုတ်သီးအချွန်အတက်ကြီးလဲ ပါရှိတယ်လို့ ဆိုတယ် ။ ညဘက်လဲ အိပ်တက်ကြောင်း ဒီလိုကြားဖူးပါတယ် ။ ဂနန်းဘာသာစကားနဲ့ စောက်ကွန်း ( ခြေတစ်ချောင်းပါသောအကောင် ) လို့ ဆိုတယ် ။ ဗန်မောက်နယ် တောင်ချပ်ကြားကြီးထဲမှာ ငေါင်းသေအရိုးများတွေ့ဖူးကြောင်းနဲ့ အရိုးအလျားအလိုက်မှာ ၁၀ တောင်ခန့်ရှည်ကြောင်း ဖေါ်ပြကြပါတယ် ။ မြန်မာပြည်မြောက်ပိုင်း အင်းတော်မြို့နယ်အတွင်း စုံစမ်းရာမှာ ဆရာတော်တစ်ပါးက ငေါင်းသတ္တဝါကို မမြင်ဖူးကြောင်းဆိုကာ ငေါင်းနဲ့ ပတ်သတ်လို့တော့ လူသဏ္ဍာန်ရှိတယ် / ခြေတစ်ချောင်းပါတယ် /  ဒူးဆစ်ကွေးလို့မရပဲ သစ်ပင်မှီပြီး မတ်တပ်အိပ့်တက်ကာ ပြေးရာမှာ အလွန်လျှင်မြန်ကြောင်း ကြားဖူးတယ်လို့ မိန့်ဖူးပါတယ် ။ မြစ်ကြီးနားခရိုင် ကောက်ကွေးချောင်းဖျားသို့ ဆင်ခေါင်းဦးချင်းရစ် ဆင် သွားရှာရာ နောက်စေ့မှာ အချွန်အတက်ကြီးပါပြီး ခြေတစ်ချောင်းနဲ့ ခုန်ပေါက်ပြေးလွှားနေတဲ့ ထူးဆန်းတဲ့ သတ္တဝါတစ်မျိုးကို တွေ့မြင်လိုက်ကြောင်း ဆိုပါတယ် ။

၁၉၅၅ ခုနှစ်မှာ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ဆယ်လော်ရွာနဲ့ ၁၃ မိုင်အကွာ ကဝါးပွန်းရွာမှာ ရှေ့တည့်တည့် တောကြီးအတွင်းရွာမှ နှစ်မိုင်ခန့်အကွာမှာ ဝဂျစ်ခန်ဆိုသူဟာ အိမ်ဆောက်ဖို့အတွက် သစ်ပျဉ်များ ရှာဖွေခဲ့ပါတယ် ။ သစ်သားသပ် ရိုက်ပြီး အိမ်ပြန်လာခဲ့တယ် ။ နောက်တစ်နေ့ တောထဲ ပြန်သွားပြီး ရိုက်ထားတဲ့ သပ်ကို ခွါတဲ့အခါ လက်ကို သပ်ရိုက်ခံထားရပြီး လက်ညပ်အော်နေတဲ့ ငေါင်းတစ်ကောင်ကို တွေ့ရှိရပါတယ် ။ အဲ့ဒီ့အခါ ဆယ်လော်ရွာရဲစခန်းမှ ရဲအုပ် စိန်ခါးကန်နဲ့ ရဲသားတစ်ဦး ကျောင်းဆရာ လှဖဲအလီဘူ တို့ လိုက်ပြီး ကြိုးချည်ဖမ်းလာခဲ့တယ် ။ ဆယ်လော်ရွာစခန်းမှာ တစ်ညထားပြီး မြစ်ကြီးနား သစ်တောရုံးသို့ ပို့ရန် စီစဉ်ခဲ့ပါတယ် ။ သို့သော် နံနက်မှာတော့ ငေါင်းဟာ သေဆုံးသွားပါပြီ ။ ထိုငေါင်းရဲ့ ခန္ဓာက ပြားချပ်တယ် ။ လက်မောင်းထွားကြိုင်းတယ် ။ အရပ် ငါးပေတစ်လက်မ ရှိတယ်  ။ ဒူးဆစ်မရှိဘူး ။ ခြေဖဝါး အနောက်လည်နေပြီး ဖနောင့်ဟာ အရှေ့ဘက်ကို ရောက်နေပါတယ် ။ ခါး တစ်ဆစ်နဲ့ ခြေမျက်စိ တစ်ဆစ်တာ ရှိတယ် ။ နဖူးဟာ ခြောက်လက်မကျော် ကျယ်တယ် ။မေးကောက်တယ် ။ ခေါင်းနောက်စေ့မှာ ပေါက်ချွန်းကဲ့သို့ အမောက်ပမာ အရိုးကြီး ပါရှိပါတယ် ။ သစ်ပင်ပေါတဲ့ တောနက်ကြီးတွေမှာ နေထိုင်တက်ပါတယ် ။ တစ်ပင်မှ တစ်ပင်သို့ ဘယ်ညာ လွှဲပြောင်းပြီး ကိုင်တွယ် သွားလာတက်တယ်လို့ နန့်မွန်ရွာက အမတ်ဟောင်းကြီတစ်ဦးက ထောက်ခံရေးသားခဲ့ပါတယ် ။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးအနောက်ဘက် နနွယ်ရွာကလေးမှ ဒေါ်စိန်ပုက လယ်သမားများ ဆည်ပိတ်ထားတာကို လာဖေါက်တဲ့ ငေါင်းတစ်ကောင်အကြောင်း ပြောဖူးတယ် ။ လယ်သမားများ ချထားတဲ့ ငှက်ပျောရွက်ကို နင်းမိကာ ချော်လဲပြီး အဲ့ငေါင်းကို ဖမ်းမိခဲ့ကြောင်းဆိုပါတယ် ။ ငေါင်းဟာ ငှက်မဟုတ်ပါဘူး ။ အတောင်မပါဘူး ။ အရပ်ငါးပေကျော်တယ် ။ ခါးကျောအဆစ် လုံးဝ မရှိပေ ။

နောက်ဆုံးငေါင်းအထောက်အထားနဲ့ပတ်သတ်ပြီး ဖေါ်ပြရရင်တော့ ကုန်းဘောင်မင်းများလက်ထက် ရွှေတိုက်မှာ ထားရှိတဲ့ ရွှေနန်းစဉ် လက်သုံးပုံတော်ပုရိုက်ပိုက်ဖြူကို ဖေါ်ထုတ်ရမှာဖြစ်တယ် ။ အဲ့ဒီ့ ပုရိုက်ပိုက်မှာ လူမျောက်ငရွှေမောင် / ကိန္ဒရာအသေခြောက် / ကျွန်းဖိုကျွန်းမပင် / ရေသူမ / နဂါး ဂဠုန် အသေခြောက် နဲ့ လူငေါင်းများပုံတွေ ပါရှိနေတာပဲဖြစ်ပါတယ် ။ ဘိုးတော်ဘုရားလက်ထက်မှာ ငေါင်းတစ်ကောင်ကို တောင်ငူမြို့ မြတ်စောညီနောင်ဘုရားမှ ရရှိခဲ့တယ် ။ တောင်ငူမြို့ဝန်က ဆက်သတာ ဖြစ်ပါတယ် ။ လက်နှစ်ဖက်ပါတယ် ။ ခြေတစ်ချောင်းတာ ရှိတယ် ။ လက်နှစ်ဖက်ကို အတောင်သဖွယ် ဘေးတစ်ဖက်တစ်ချပ်မှာ ဖြန့်ကားထားတယ် ။ အမျိုးသမီးမျက်နှာနဲ့ တူကာ ဆံပင်တိုတယ် ။ အသံမှာ ငှက်သံဖြစ်တယ် ။ အသားမစားဘူးလို့ ဆိုပါတယ် ။

အချုပ်အနေနဲ့ ပြောရရင်တော့ ငေါင်းသတ္တဝါဟာ နာနာဘာဝ အယောင်ဆောင်ပြခြင်း မဟုတ်ပါဘူး ။ ငှက်လဲ မဟုတ်ဘူး ။ လက်နဲ့ လူခေါင်းသဏ္ဍာန်ပါ ထူးဆန်းတဲ့ သတ္တဝါ အဆန်းပဲ ဖြစ်ပါတယ် ။ အမျိုးတုံး ရှားပါးတဲ့ သတ္တဝါဖြစ်ပြီး မြန်မာပြည်မှ မျိုးသုန်းပျောက်ကွယ်နေပြီဖြစ်တဲ့ ရှားပါးသတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်ခင်ဗျာ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...