Skip to main content

ရွှေမျက်မှန်ဘုရားကြီး

ရွှေမျက်မှန်ဘုရားကြီး
-----
ရွှေမျက်မှန်ဘုရားကြီးဟာ ပဲခူးတိုင်း ရွှေတောင်မြို့မှာ တည်ရှိတာဖြစ်ပါတယ် ။ ဘီအိုစီဂိတ်ကိုရောက်ရင်တော့ " ရွှေမျက်မှန်ဘုရားသို့ " လို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့ရလိမ့်မယ် ။ အာဇာနည်ကျောက်တိုင်အနီး လမ်းညွှန်ဆိုင်းဘုတ်ကြီးကို ကျော်လာပြီးနောက် လက်ယာဘက်ကို ကြည့်လိုက်မယ်ဆိုရင် ရွှေမျက်မှန်ဘုရားကြီး ကိန်းဝပ်ရာ တန်ဆောင်းတော်ကြီးကို တွေ့ရမှာပဲဖြစ်ပါတယ် ။

ညာဏ်တော်က အတောင် ၂၀ ခန့်မြင့်ကာ ရုပ်ပွားတော်ရဲ့ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိတဲ့ မျက်မှန်ကြီး တပ်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ် ။ အခုလို တပ်ဆင်ထားတာတွေ့ရတဲ့ အခါ တစ်ခါမှ မမြင်မတွေ့ဖူးကြတဲ့ သူတွေအဖို့တော့ အလွန်မှ အံ့အားသင့်စရာတစ်ခုပဲဖြစ်ပါတယ် ။ မျက်နှာတော်ကြီးဟာ တစ်ဖက်မှ တစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိတယ် ။ အလျား ၂၂ လက်မရှိပြီး မျက်လုံးတော်များဟာ လက်မ ၂၀ ခန့်ရှိတဲ့ မဟူရာမျက်လုံးတော်များပဲ ဖြစ်ပါတယ်ခင်ဗျာ ။

ဘယ်အချိန်လောက်က စတင်တည်ထားကိုးကွယ်ခဲ့တာလဲဆိုတာကို လေ့လညကြည့်မယ်ဆိုရင် သရေခေတ္တရာမြို့တည် ဒွတ္တဘောင်မင်းကြီးလက်ထက်မှ စပြီး တည်ထားကိုးကွယ်ခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒီ့နောက်မှာတော့ ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်တွေဟာ ပြုပြင်လှူဒါန်းခဲ့ကြတာဖြစ်တယ် ။ ဒီလို အမှုမျိုးပြုလုပ်ပြီး မျက်စိဝေဒနာရှင်များဟာ ဝေဒနာပျေက်ကင်းသက်သာတယ်လို့ အယုံအကြည်ရှိကြပါတယ်ခင်ဗျာ ။ ဒါလဲ ကျွန်တော်တို့ မြန်မာတွေရဲ့ များစွာသော အယူအဆ တွေထဲမှ တစ်ခုပဲဖြစ်ပါတယ် ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...