Skip to main content

မန်ကျည်းစေ့ကလေး !

မန်ကျည်းစေ့ကလေး
----
တစ်ခါတုန်းက ကလေးတစ်သိုက်ဟာ ရွာလည်လမ်းမှာ မန်ကျည်းစေ့တောက်တိုင်း ကစားနေကြတယ် ။ ( မန်ကျည်းစေ့တောက်တယ်ဆိုတာ မြေကြီးမှာ တွင်း သေးသေး တိမ်တိမ်လေး တူးရတယ် ။ တစ်ယောက်ကို မန်ကျည်းစေ့ အရေအတွက် ဆတူထည့်ပြီး အဲ့ဒီ့ တွင်းထဲဝင်အောင် လက်မကလေးနဲ့ ကလော်ပြီး ကစားရတဲ့ နည်းပါ ) ။ အဲ့ဒီလို ကစားနေကြရင်း ပိန်ပိန် ခြောက်ခြောက် သေးသေး ငယ်ငယ် မန်ကျည်းစေ့လေး တစ်စေ့ ပါလာတယ် ။ စံမမီတဲ့ မန်ကျည်းစေ့လေးပေါ့ ။ အဲ့ဒီ့ မန်ကျည်းစေ့ကို အားလုံးက မကြိုက်ကြဘူး ။ အားလုံးသဘောတူ လွှင့်ပစ်လိုက်ကြတယ် ။

လွှင့်ပစ်ခံရတဲ့ မန်ကျည်းစေ့လေးဟာ မည်းမည်း သေးသးလေးမို့ မြေကြီးနဲ့ ရောပြီး နေတယ် ။ ဒီလိုနဲ့ မိုးဦးကျတစ်နေ့မှာ အဲ့ဒီ့ မန်ကျည်းစေ့လေးဟာ မာကျောတဲ့ မြေကြီးကို ကုတ်တွယ်ပြီး အမြစ်ကလေးတွေ ထွက်လာတယ် ။ အစေ့ရွက် စိမ်းစိမ်းလေး နှစ်ရွက်ကို ထောင်လို့ အသက်ကို ရှုသွင်းပြီး အပင်ဘဝကို ရဲဝံ့စွာ ထူထောင်လိုက်တယ် ။ နေဒဏ် လေဒဏ် သဘာဝရဲ့ ဒဏ်ကို ကြံ့ကြံ့ခံပြီး အပင်ဘဝကိုရောက်အောင် ကြိုးစားရှာတော့တယ် ။ အစိမ်းနုရောင် ပင်စည် သေးသေးလေးနဲ့ ကမ္ဘာမြေ မာမာကြီးကို ထိုးဖေါက်လို့ လောကအလည်မှာ ရပ်တည်ဖို့ ရှင်သန်ဖို့ မကြောက်မရွံ့ ရှုန်းကန်နေပါတော့တယ်။

ဒီလိုနဲ့ တစ်ရက် နှစ်ရက် . . . တစ်လ နှစ်လ . . . တစ်နှစ် နှစ်နှစ် . . . အနှစ်သုံးဆယ်လောက် ကြာတဲ့အခါ ရွာလည်လမ်းမှာ အရိပ့်ကာင်းကောင်း မန်ကျည်ပင်ကြီး ဖြစ်လာပါတော့တယ် ။ အရွက်တွေကစိမ်းလို့ ဝေလို့ ။ အပင်ကြီးက မြငြ့်မင့်မားမား ။ ပင်စည်ကြီးက တုတ်တုတ်ခိုင်ခိုင် အသီးတွေက ညိုညိုကောက်ကောက်နဲ့ ရွာရဲ့အလှကို ဖန်တီးနေရှာတယ် ။

ဒီအပင်ရဲ့ အရိပ့်အောက်မှာ နားခိုသူတွေ ဆော့ကစားသူတွေ ခရီးသွား ဧည့်သည်တွေဟာ တစ်ချိန်တုန်းက စံမမီလို့ လွှင့်ပစ်ခံလိုက်ရတဲ့ မန်ကျည်းစေ့ကလေးဆိုတာ ဘယ်သူမှ သတိမပြုမိကြပါဘူး ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...