Skip to main content

ဂ်ပန္နိုင္ငံက လူဝင္စား

သုတေသီတို့ မှတ်တမ်းမှ လူဝင်စား ( ဖြစ်ရပ်မှန် )
----
ကမ္ဘာအရပ်ရပ်မှာ အတိတ်ဘဝကို ကောင်းစွာမှတ်မိပြီး စေ့ငှသေခြာစွာ ပြောပြနိုင်တဲ့ ကလေးငယ်တွေ တစ်ခါတစ်ရံ ပေါ်ထွက်လာလေ့ ရှိပါတယ် ။ မြန်မာတို့က လူဝင်စားလို့ ခေါ်ပြီး ရှေးအခါများမှာတော့ ဘယ်သူမှ သေခြာစွာ မလေ့လာခဲ့ကြပါဘူး ။ အတိတ်ဘဝကို ယုံကြည်သူများက လူ သတ္တဝါရဲ့ ဖြစ်ရိုးဖြစ်စဉ် အခြင်းအရာအဖြစ် မှတ်ယူကာ စိတ်မဝင်စားကြဘူး ။ မယုံကြည်သူများကလည်း ကလေးရဲ့ ပေါက်တက်ကရ ပြောဆိုမှုများကို ဂရုမစိုက်ပဲ မေ့ပစ်တက်လေ့ ရှိပါတယ် ။

ဗြိတိသျှ စိတ်ဝိညာဉ်သုတေသနအသင်းဟာလည်း လူဝင်စားမှုကို စူးစမ်းလေ့လာခြင်း မပြုခဲ့ဘူး ။ အမေရိကန်နိုင်ငံမှာ ဒေါက်တာစတီဗင်ဆင်က သိပ္ပံနည်းကျ လေ့လာရာကအစ လူဝင်စားမှု လေ့လာခြင်းဟာ အခုချိန်မှာတော့ သုတေသနလုပ်ငန်းအထိတိုင် ရောက်ရှိနေပြီပဲဖြစ်ပါတယ် ။

ဒီ လေ့လာတွေ့ရှိမှုများထဲမှ သိပ္ပံနည်းကျ ထူးခြားတဲ့ လူဝင်စားမှုတစ်ကို ဖေါ်ပြရရင်တော့ ဂျပန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို ပြောပါချင်ပါတယ် ။ အဲ့ဒီ့အကြောင်းအရာကတော့ -

ဒေါက်တာစတီဗင်ဆင် မှတ်တမ်းပြုထားတဲ့ လူဝင်စားမှု မှတ်တမ်းသုတေသနများမှာ ဂျပန်ပြည်မှာဆို ခုနှစ်ခု မျှ ရှိကြောင်းဆိုပါတယ် ။ အဲ့ထဲမှ ကတ်စူးဂိုရစ် အမှုမှာ လူမျိုးရဲ့ အစဉ်အလာ ယုံကြည်ချက်နဲ့ ဓလေ့ထုံးစံ ကွဲပြားခြားနားခြင်းရှိမရှိ သိလိုတဲ့ သူများအဖို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ် ။ ဒီအမှုမှာ မျက်မြင်သက်သေများက လက်မှတ်ရေးထိုးပြီး ခိုင်မာကြောင်း ယူဆရတာကြောင့် အမေရိကန်စာရေးဆရာတစ်ဦးက ရေးသားဖေါ်ပြခဲ့ကြောင်းလဲ ဆိုတယ် ။

ကတ်စူးဂိုရီမှာ ၁၈၁၅ ခုနှစ်မှာ မွေးဖွားပြီး ဂင်ဇိုခေါ် ဂျပန်လယ်သမားတစ်ဦးရဲ့ သားဖြစ်တယ် ။ အသက်ခုနှစ်နှစ်မှာ အစ်မ ဖြစ်သူနဲ့အတူ ကစားရင်း မိမိရဲ့ အတိတ်ဘဝကို ပြောပြလာပါတယ် ။ အတိတ်ဘဝက သူဟာ ဒေါကူဒိုအရပ်ရှိ ကျူဘေးဆိုသူရဲ့ သားဖြစ်ကြောင်း / နာမည်က တိုဇိုဖြစ်ပြီး သူ့အသက် ငါးနှစ်မှာ ဖခင်သေဆုံးသွားတယ်လို့ ဆိုတယ် ။ အဲ့ဒီ့နောက် သူ့အသက် ခြောက်နှစ်မှာ ကျောက်ပေါက်ပြီးသေတယ် ။ နောက် အဘိုးအိုတစ်ယောက်က သူ့ကို ဂင်ဇိုရဲ့ အိမ်ကိုခေါ်လာပြီး မင်းသေဆုံးတာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ပြောတယ်လို့ ဆိုကာ ဒီအိမ်မှာ လူပြန်ဖြစ်ရမယ်ဆိုပြီး ပြောကြောင်း ဆိုပါတယ် ။ ဒါနဲ့ သူဟာ အခု မိခင်ဝမ်းထဲမှာ မွေးဖွားလာတာဖြစ်ကြောင်း သူ့အစ်မကို ပြောပြတယ်လို့ ဆိုတယ် ။

တစ်နေ့မှာ ကတ်စူးဂိုရီက ဘဝဟောင်းက သူ့အဖေသင်္ချိုင်းဂူကို ကြည့်လိုတယ်ဆိုတာကြောင့် အဘွားဖြစ်သူက သူ့ကို ဟောဒိုကာသို့ ခေါ်ဆောင်သွားခဲ့တယ် ။ အဲ့ဒီ့ရွာရောက်တဲ့အခါ သူက အိမ် တစ်အိမ်ကို လက်ညှိုးထိုးပြပြီး ဒီအိမ်ပဲ ဆိုကာ အထဲကို ဝင်ပြေးသွားပါတော့တယ် ။ အိမ်ရှင်များဟာ ဘဝဟောင်းက မိဘတွေ ဖြစ်နေတယ်။ အဲ့ဒီ့ အိမ်ရှင်တွေရဲ့ ပြောပြချက်အရ သူတို့မှာ တိုဇိုလို့ခေါ်တဲ့ သား တစ်ယောက်ရှိကြောင်း အသက်ခြောက်နှစ်အရွယ်မှာ သေဆုံးကြောင်း ပြောတယ် ။ အဘွားနဲ့ မိဘဟောင်းများ စကားပြောနေစဉ် ကတ်စူးရစ်ဟာ လမ်းတစ်ဖက်ရှိ ဆေးလိပ့်ဆိုင်တစ်ဆိုင်နဲ့ သစ်ပင် တစ်ပင်ကို လက်ညှိုးထိုးပြပြီး ရှေးက ၄င်းတို့ မရှိကြောင်း ပြောပါတယ် ။ သူပြောသည့်အတိုင်း မှန်သည်ဟု အိမ်ရှင်များက ထောက်ခံကြကြောင်း ထူးထူးခြားခြား သိပ္ပံနည်းကျ လေ့လာမှုမှတ်တမ်းမှာ ဖေါ်ပြထားကြောင်း ဆိုပါတယ်ခင်ဗျာ ။ ထို အကြောင်းအရာများနဲ့ ပတ်သတ်ပြီး ယခုချိန်ထိတိုင်အောင် အဖြေမထုတ်နိုင်သေးတဲ့ ထူးခြားဆန်းပြား ပဟေဠိများအဖြစ် ယခုချိန်ထိတိုင် လမ်းကြောင်းတစ်ခုအပေါ်မှာပဲ တည်ရှိနေစဲပါ ။

#htoohtoolay

myothetzaw23.blogspot.com

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...