Skip to main content

ဖေါက်ပြန်ခြင်းကို အမှန်မြင်ရင် မတွယ်တာဘူး

အမှန်မြင်ရင် မတွယ်တာဘူး
----
လူတစ်ယောက် ရှိတယ် ။ သူဟာ မိမိမယားကို အလွန်မှ တွယ်တာတပ်မက်တယ် ။ ဒါပေမယ့် မယားက သစ္စာမရှိပါဘူး ။ သူမဟာ လင်ကြီးမရှိခင်မှာ မိမိရဲ့ ချစ်သူနဲ့ ခွင့်မပြုနိုင်တဲ့ ကာမ မှုများကို ပြုကျင့်လျက်ရှိတယ် ။ မယားရဲ့ ဤ တိတ်တိတ်ပုံး အမှုကိစ္စကို လင်ယောက်ျား မိတ်ဆွေများက အဲ့ဒီ့ ကိစ္စနဲ့ ပတ်သတ်ပြီး လင်ယောက်ျားကို ပြောကြားကြပါတယ် ။ ပထမက သူဟာ မယုံပါဘူး ။ အတန်ကြာလာတော့ သူဟာ မိတ်ဆွေရဲ့ အကြံအစည်နည်းကို ယူပြီး စမ်းသပ်ဖို့ သဘောတူလိုက်ပါတယ် ။ သူဟာ မိမိမယားကို အခြားမြို့တစ်မြို့မှာ ချိန်ထားတဲ့ ကိစ္စရှိလို့ဆိုပြီး ပြောကြားပြီးနောက် မယားကို ထားခဲ့ကာ အတော် ဝေးဝေးထိ ထွင်ခွါသွားဟန်ပြုပြီးကာမှ တိတ်တိတ်လေး လှည့်ပြန်လာခဲ့ပါတယ် ။ သူဟာ ဘာဖြစ်နေသည်ကို ချောင်းကြည့်ရန် အိမ်နီးချင်း တစ်ဦးရဲ့အိမ်မှာ ပုန်းနေခဲ့တယ် ။

၁ ။ သူ ပထမ မြင်ရသည်ကား အိမ်တံခါးဝ၌ ချစ်သူရောက်လာခြင်း ဖြစ်သည် ။

၂ ။ သူမသည် အိမ်မှထွက်၍  ပြုံးရွှင်စွာဖြင့် တံခါးကို ဖွင့်သည် ။

၃ ။ သူတို့သည် လက်တွဲပြီး အိမ်ထဲဝင်သွားကြသည် ။

၎ ။ လင်ယောက်ျားသည် အမျက်ထွက်ခြင်း ရှက်ခြင်း မနာလိုခြင်းတို့ဖြင့် သူ လွန်စွိာစိတ်တုန်လှုပ်ကြောင်း သိရ၏ ။

၅ ။ ထို့နောက် သူသည် နောက်ဖေးခြံမှ အိမ်ဝင်းထဲသို့ တိတ်တဆိတ် ဝင်သွား၏ ။

၆ ။ အိပ့်ခန်းထောင့်ရှိ အပေါက်ကလေး တစ်ပေါက်မှ သူသည် ခွင့်မပြုနိုင်သည့် ကာမမှုဖြစ် အဆုံးသတ်သော တိတ်တိတ်ပုံး ကိစ္စအားလုံးကို ထင်ရှားသေခြာစွာ မြင်ရ၏ ။

၇ ။ သူ ချစ်ခင်မြတ်နိုးအပ်သော လွန်ခဲ့သော ကာလအတန်ငယ်အထိ အံ့သြလောက်အောင် အသနား ခံတက်ခြင်းနှင့် ပြည့်စုံ၍ အလွန်လှပသည့် အမျိုးသမီးဟု ထင်မှတ်ခဲ့သော မယားသည် လူသတ်မိန်မပုံ ပေါ်လာသည် ။

၈ ။ သူမထံမှ အမြန်ဆုံးထွက်ပြေး၍ သူမကို ကွာရှင်းလိုသည့် ဆန္ဒသည် သူ့ကို လွှမ်းမိုးသွားလေသည် ။

၉ ။ ရှေးက သူမကို မြင်တိုင်း သူ ရလေ့ရှိသော ပျော်ရွှင်စွာ ခံစားမှုကို စက်ဆုပ်ငြီးငွေ့မှုအဖြစ် အစားထိုးလေသည် ။

၁၀ ။ သူမအပေါ်၌ သူ၏ တပ်မက်မှုသည် ကုန်စင်အောင် အစိတ်စိတ် ကွဲပြားသွားလေသည် ။

ဤဥပမာသို့ပင် ခန္ဓာ၏ သဘောတရားများအား တစ်ဆင့်ပြီး တစ်ဆင့် မြင်ရသကဲ့သို့ ယောဂီတို့သည် အနိစ္စ ဒုက္ခ အနတ္တ တို့၏ သဘာကို တစ်ဆင့်ပြီး တစ်ဆင့် မြင်ကြလေသောအခါ တပ်မက်မှုတို့သည် အစိတ်စိတ်အမြွာမြွာ ကွဲချေတော့သည် ။ ထိုမြင်မှုမှာ တပ်မက်ခြင်းကို ခွါ၍ ခွါ၍ သာ သွားကြလေသည် ။ မဆုပ်ကိုင်ထားနိုင်တော့ပေ ။

ယောဂီတို့သည် ဝိပဿနာ ညာဏ်တို့ဖြစ် အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိမြင်သောအခါ ထို အာယတနများသို့ ထားရှိသော သူတို့၏ စိတ်သဘောထားတို့သည် လုံးဝ ပြောင်းလဲသွားလေသည် ။ သူတို့သည် ရှေးအတိတ်က ထို ကာယတနများကို ဆက်သွယ်သည့် အခါတိုင်းမှာ သူတို့စိတ် စိတ်ထဲ၌ ပြည့်နက်နေသည့် ဝေဒဟိတသုခကို အားကြီးသော ငြီးငွေ့မှုဖြစ် အစားထိုးလိုက်လေသည် ။ သူတို့ကို အဇ္ဈတ္တိကာယတနများ ဗာဟိရာယတနများနှင့် ချည်နှောင်ထားသည့် အားကောင်းသော သံယောဇဉ်ကြိုးတို့သည် အပိုင်းပိုင်း ကျိုးပျက်သွားလေတော့တသည်း ။

( ဦးနု - လမ်း / စာ ၂၃၀ မှ ၂၃၁ အထိ မှီငြမ်းရေးသားသည် )

myothetzaw23.blogspot.com

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...