zawgyi -
နီေပါ ခရီးစဥ္ စတင္ျပီ !
----
နီေပါသို႕ အလည္ခရီးသြားရန္ ဗီဇာ ေလွ်ာက္ရသည္ ။ အဲ႔ဒီ႕အတြက္ ရန္ကုန္ျမိဳ႕ နတ္ေမာက္ရိပ့္သာလမ္းမွာရွိတဲ႕ နီေပါသံရံုးသို႕သြားကာ ၁၅ ရက္ သက္တမ္းဗီဇာကို USD 25 ( ျမန္မာေငြက်ပ္ ၂၆၀၀၀ ဝန္းက်င္ ) ျဖင့္ ေလွ်ာက္ထားလိုက္သည္ ။
ခရီးစဥ္ စတင္ေသာအခါ စီးရမည့္ေလယဥ္သည္ ည သန္ေခါင္ပင္ျဖစ္သည္ ။ တိတိက်က်ဆိုရေသာ္ ည ၁၂ နာရီ ၂၀ မိနစ္၌ ထြက္ခြါသည္ ။ ကြ်န္ေတာ့္၏ စိတ္ကူးထဲတြင္ ကမၻာလွည့္ တင္တင္စိန္ ေရးသားသည့္ " ေျပာျပစမ္းခ်င္ နီေပါတစ္ခြင္ " စာအုပ္မွ ဧဝရတ္ေတာင္အား ေလဆိပ့္ကို မဆင္းသက္ခင္ ေကြ႕ဝိုက္ပ်ံသန္းရပံုကို ဖတ္ဖူးထားသျဖင့္ ထိုျမင္ကြင္းကို ႀကည့္ရႈခံစားရန္ အားတင္းထားခဲ႔ေသာ္လည္း နီေပါသို႕ ဆင္းသက္ခ်ိန္တြင္ သန္ေခါင္ေက်ာ္ ၂ နာရီအခ်ိန္ ျဖစ္ေနေသာေႀကာင့္ ထိုအခြင့္အေရးမ်ား ဆံုးရႈံးခဲ႕ရသည္ ။ သို႕ေသာ္ ထိုေမွ်ာ္လင့္ခ်က္ကို ပစ္ပယ္မထားေပ ။ ျမန္မာျပည္သို႕ အျပန္ခရီးစဥ္တြင္ေတာ့ ေတြ႕ျမင္ရ ေကာင္းေပအံ႕ ။
နီေပါသို႕ ေရာက္ရွိ !
-----
ေလယဥ္ကြင္းသို႕ ဆင္းတက္ေရာက္ရွိေသာအခါ နီေပါေလယဥ္ကြင္းသည္ ျမန္မာနိုင္ငံ ေလယဥ္ကြင္းေလာက္ မသားနားပါ ။ ထိုေလယဥ္ကြင္းကို ႀကည့္ျခင္းအားျဖင့္ ျမန္မာနိုင္ငံသို႕ လြန္ခဲ႕ေသာ ႏွစ္ေပါင္း ၂၀ ေလာက္ ေနာက္က်ျပီးမွ ျပန္လည္ေရာက္ရွိသြားသလို ထင္မွတ္ရသည္ ။
ေလယဥ္ကြင္း တစ္ကြင္းလံုး တိတ္ဆိတ္ေနသည္ ။ အခ်ိန္မွာ သန္းေခါင္ေက်ာ္ ၂ ခ်က္တီး ျဖစ္ေနသည္မို႕ လာႀကိဳမည့္သူပင္ ရွိပါေတာ့မလားဟု ထင္မွတ္လိုက္မိ၏ ။ ထိုအခ်ိန္၌ လူတစ္ေယာက္ ကြ်န္ေတာ့္အမည္ျဖင့္ ဆိုင္းဘုတ္တစ္ခု ကိုင္၍ မက္တပ္ရပ္ေနျခင္းအား ေတြ႕လိုက္ရေပ၏ ။ ေတာ္ေပေသးေတာ့သည္ ။
( နီေပါခရီး ဆက္ရန္ ---->>> မနက္ျဖန္ :) )
မွီျငမ္း - နီေပါျပည္ေရာက္ ျမန္မာတစ္ေယာက္ - စာ ၉ မွ ၁၄ )
#htoohtoolay
ထို႕ေနာက္ ကြ်န္ေတာ္တို႕သည္ ကမၻာေပၚတြင္ အၿမင့္ဆံုးၿဖစ္သည့္ ဧ၀ရတ္ေတာင္ထိပ့္သို႕ တက္ၾကသည္ ။ ေၿခလ်င္ေတာ့မဟုတ္ ။ ေလယဥ္ၿဖင့္ ပတ္ၾကည့္ၿခင္းကို ဆိုၿခင္းၿဖစ္၏ ။ ေလယဥ္စီးခမွာ တစ္ေယာက္လွ်င္ ၁၉၂ ေဒၚလာၿဖစ္သည္ ။ ၿမန္မာေငြႏွင့္ တြက္ၾကည့္ေသာ္ တစ္ေယာက္ကို ႏွစ္သိန္းခြဲ၀န္းက်င္ၿဖစ္ေနသၿဖင့္ ေတာ္ရံုအေၿခေနၿဖင့္ စီးနင္းပတ္ၾကည့္နိုင္ရန္ မၿဖစ္ေပ ။ သို႕ေသာ္ ေလ့လာေရးေခၚေသာ မိတ္ေဆြမွ အစစအရာရာ တာ၀န္ယူသၿဖင့္ ကြ်န္ေတာ္သည္ ဧ၀ရတ္ေတာင္အား ပတ္ၾကည့္ခြင့္ကို ရရွိခဲ႕ပါသည္ ။ ကြ်န္ေတာ္စီးရေသာ ေလယဥ္အမည္မွာ Buddha Air ၿဖစ္၏ ။
unicode -
နီပေါ ခရီးစဉ် စတင်ပြီ !
----
နီပေါသို့ အလည်ခရီးသွားရန် ဗီဇာ လျှောက်ရသည် ။ အဲ့ဒီ့အတွက် ရန်ကုန်မြို့ နတ်မောက်ရိပ့်သာလမ်းမှာရှိတဲ့ နီပေါသံရုံးသို့သွားကာ ၁၅ ရက် သက်တမ်းဗီဇာကို USD 25 ( မြန်မာငွေကျပ် ၂၆၀၀၀ ဝန်းကျင် ) ဖြင့် လျှောက်ထားလိုက်သည် ။
ခရီးစဉ် စတင်သောအခါ စီးရမည့်လေယဉ်သည် ည သန်ခေါင်ပင်ဖြစ်သည် ။ တိတိကျကျဆိုရသော် ည ၁၂ နာရီ ၂၀ မိနစ်၌ ထွက်ခွါသည် ။ ကျွန်တော့်၏ စိတ်ကူးထဲတွင် ကမ္ဘာလှည့် တင်တင်စိန် ရေးသားသည့် " ပြောပြစမ်းချင် နီပေါတစ်ခွင် " စာအုပ်မှ ဧဝရတ်တောင်အား လေဆိပ့်ကို မဆင်းသက်ခင် ကွေ့ဝိုက်ပျံသန်းရပုံကို ဖတ်ဖူးထားသဖြင့် ထိုမြင်ကွင်းကို ကြည့်ရှုခံစားရန် အားတင်းထားခဲ့သော်လည်း နီပေါသို့ ဆင်းသက်ချိန်တွင် သန်ခေါင်ကျော် ၂ နာရီအချိန် ဖြစ်နေသောကြောင့် ထိုအခွင့်အရေးများ ဆုံးရှုံးခဲ့ရသည် ။ သို့သော် ထိုမျှော်လင့်ချက်ကို ပစ်ပယ်မထားပေ ။ မြန်မာပြည်သို့ အပြန်ခရီးစဉ်တွင်တော့ တွေ့မြင်ရ ကောင်းပေအံ့ ။
နီပေါသို့ ရောက်ရှိ !
-----
လေယဉ်ကွင်းသို့ ဆင်းတက်ရောက်ရှိသောအခါ နီပေါလေယဉ်ကွင်းသည် မြန်မာနိုင်ငံ လေယဉ်ကွင်းလောက် မသားနားပါ ။ ထိုလေယဉ်ကွင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၂၀ လောက် နောက်ကျပြီးမှ ပြန်လည်ရောက်ရှိသွားသလို ထင်မှတ်ရသည် ။
လေယဉ်ကွင်း တစ်ကွင်းလုံး တိတ်ဆိတ်နေသည် ။ အချိန်မှာ သန်းခေါင်ကျော် ၂ ချက်တီး ဖြစ်နေသည်မို့ လာကြိုမည့်သူပင် ရှိပါတော့မလားဟု ထင်မှတ်လိုက်မိ၏ ။ ထိုအချိန်၌ လူတစ်ယောက် ကျွန်တော့်အမည်ဖြင့် ဆိုင်းဘုတ်တစ်ခု ကိုင်၍ မက်တပ်ရပ်နေခြင်းအား တွေ့လိုက်ရပေ၏ ။ တော်ပေသေးတော့သည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် :))
မှီငြမ်း - နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၉ မှ ၁၄ )
#htoohtoolay
အဖေါ်ရပြီ !
----
ကျွန်တော့်ကို လေ့လာရန် နီပေါကို လွှတ်လိုက်သူမှာ ---------- ဖြစ်သည် ။ သူ၏ အဆက်သွယ်ဖြင့် အဆင်ပြေ ချောမွေ့စွာ နီပေါသို့ ခြေချနိုင်ပြီး ခတ္တမန္ဒူ မြို့လယ်ကောင်မှာရှိသည့် Traditional Comfort Bou-tique ဟိုတယ်မှာ တည်းခိုခဲ့ရ၏ ။
မနက်ရောက်သောအခါ စနေနေ့ ဖြစ်နေသည် ။ နီပေါနိုင်ငံ၏ ဓလေ့ထုံးစံအတိုင်း စနေသည် တစ်နိုင်ငံလုံး အားလပ်ရက်အဖြင့် သတ်မှတ်ထားသည့်အတွက် ထိုနေ့သည် မိတ်ဆွေသစ် တစ်ဦးနှင့် တွေ့ဆုံနိုင်စရာ အကောင်းဆုံး အချိန်ဖြစ်သည် ။
ထို့နောက် ကျွန်တော့် မိတ်ဆွေပေးထားသော ဖုန်းနံပါတ်များကို ဆက်သွယ်သောအခါ တစ်ဖက်မှ နီပေါသံ ဝဲ၀ဲဖြင့် မြန်မာလို ပြန်ဖြေတာကို ကြားရ၏ ။ ခဏအကြာတွင် လူတစ်ယောက် ကျွန်တော်ရှိသော ဟိုတယ်သို့ ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည် ။ ထိုသူမှာ မိတ်ဆွေ၏ အသိဖြင့်ကာ သူ၏အမည်မှာ --------- ဖြစ်သည် ။ သူကပင် ဦးဆောင်၍ ခတ္တမန္ဒူမြို့အပြင်တွင် ရှိသော ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ဘက်တာပူရ်နန်းတော်ရာသို့ လိုက်ပို့ပါသည် ။
ထိုမြို့သည် မန္တလေး မြို့တော်လိုပင် ဆိုင်ကယ်မြို့တော် ဖြစ်သည် ။ ကျွန်တော့်ကို စိတ်ထိတ်လန့်စေသည်မှာ သူတို့သည် အင်္ဂလန်နိုင်ငံလို လမ်းဘယ်ဘက် ကပ်မောင်းရသော စနစ်ဖြစ်သည် ။ လက်ယာကပ်မောင်းသော မြန်မာပြည်သား အတွက်တော့ သူတို့ဆီက ဆိုင်ကယ်စီးရတာရော ၊ လမ်းဖြတ်ကူးရတာရော အသည်း ယားစရာဖြစ်သည် ။ လမ်းပြောင်းပြန်မောင်းနေသလို ခံစားရသည် ။
သူတို့မြို့ထဲမှ ရှေးဟောင်းမြို့တော် ဘက်တာပူရ်နန်းတော်ရာသို့ သွားရာလမ်းမှာ လေးလမ်းသွား လမ်းမကြီးဖြစ်ပြီး ဂျပန်အစိုးရမှ ခင်းပေးထားသော လမ်းဖြစ်၍လမ်း အလွန် ကောင်းပါသည် ။ ယာဉ်ကြော ပိတ်ဆို့မှုလည်း မရှိပေ ။ ရန်ကုန် - ပဲခူး အမြန် လမ်းဟောင်းလိုပင်ဖြစ်သည် ။ ထို လမ်းမပေါ်တွင် နွားများမှာ စိတ်ပြေနပြေ တုံးလုံး လှဲနေကြသည် ။ နီပေါတွင် ဟိန္ဒူ အများစုဖြစ်ပါသည်။ ဗုဒ္ဓဘာသာမှာ ဒုတိယလိုက်သည် ။ ၂၀၁၁ သန်ခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း၏ ၈၁.၃ ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာဝင်များဖြစ်ပြီး ဗုဒ္ဓဘာသာမှာ ၉ ရာခိုင်နှုန်း ၊ မွတ်စလင် ၃ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၁.၄ ရာခိုင်နှုန်း ရှိသည် ။ ယခု ကျွန်တော့်ကို လိုက်ပို့နေသော မိတ်ဆွေမှာ ဟိန္ဒူဘာသာဝင် ဖြစ်သည် ။
ထိုသူမှာ သူသည် မျိုးရိုးစဉ်ဆက်အရ ဂေါတမ မျိုးရိုးဖြစ်ကြောင်း (ဇာတ်မြင့်) ဖြစ်သည်ဟု ပြောသောကြောင့် ကျွန်တော်သည် သူ၏မျက်နှာကို အကဲခက်ကြည့်လေရာ အသားဖြူပြီး ဦးပတိရုပ် ကောင်းတာကို သတိထားမိသည် ။ နီပေါတွင် လူ တော်တော်များများသည် အားလုံး ချောမောလှပသည်ဟု မဆိုစေကာမူ အများစုမှာ ကြည့်ပျော် ရှုပျော် ရှိကြ၏ ။ အသားမှာလည်း မမည်းပေ ။ ဇာတ်မြင့် ဇာန်နှိမ့်ဟု ပြောဆိုသုံးနှုန်းသော်လည်း နောက်ပိုင်လူငယ်များမှာ ထို အမျိုးဇာတ်ခွဲခြားခြင်းကို လက်မခံတော့ကြောင်းနှင့် သူ၏ အဘိုးလက်ထက်က ဇာတ်မြင့်တို့ ချက်သော ထမင်းများမှတစ်ပါး ကျန်တာ မစားကြောင်း ပြောပြသည် ။
ယခုတွင်မူ ထိုအရာများကို အလေးမထားကြတော့ပေ ။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင်တော့ တစ်ခါသုံး ဖက်ခွက်ဖြင့်သာ ရောင်းချကြပြီး သောက်သုံးပြီးပါက လွှတ်ပစ်လိုက်ရုံသာ ရှိသည် ။ ထိုသို့ လုပ်ရခြင်းမှာ ဇာတ်နှိမ့် ဇာတ်မြင့် ပြသနာ မရှိစေရန်ဖြစ်ကြောင်း ပြောပြပါသည် ။
ဒီနေ့၌ ကျွန်တော်တို့သည် ခတ္တမန္ဒူမြို့အပြင်တွင် ရှိသော ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ဘက်တာပူရ်နန်းတော်ရာသို့ သွားရောက် လေ့လာခဲ့ကြပြီး လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ကိုယ်စီသောက်သုံးကာ ပြန်လာခဲ့ကြသည် ။
သို့သော် တစ်ခုပြောပြစရာ ရှိနေသေးသည်မှာ လမ်းဘေးလက်ဖက်ရည်ဆိုင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံကလို အကျအန ကိုယ့်ဝိုင်းနှင့်ကိုယ် စိတ်ပြေနပြေ ထိုင်သောက်ရသော စာပွဲပင် မရှိ ။ ကော်ခုံတစ်လုံးပေါ်၌ သူတို့ပေးသော ချိုစိပ့် ကျစိပ့် ပြောလို့ မရတဲ့ လက်ဖက်ရည် အရသာ တစ်မျိုးတည်းကို ကိုင်ဆောင်ရင်း သောက်သုံးရခြင်း ဖြစ်၏ ။ သို့သော် ထိုလက်ဖက်ရည်သည် အရသာ ကောင်းမွန်သည် ။ လက်ဆတ်သော နွားနို့အစစ်ဖြင့် ဖျော်ထားခြင်းကြောင့်စိမ့်ပြီး မွှေးနေသည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၁၅ မှ ၁၈ )
#htoohtoolay
ကျွန်တော်နှင့် မိုမို တွေ့ဆုံခြင်း !
----
နီပေါနိုင်ငံ အနှံ့အပြားတွင် MO MO ဆိုသော စကားလုံးကို အနှံ့အပြား တွေ့ရ၏ ။ အထူးသဖြင့် စားသောက်နိုင်များ၏ ရှေ့တွင် ရေးသားထားခြင်း ဖြစ်သည် ။ ကျွန်တော်ထင်သည်မှာ မြန်မာနိုင်ငံမှ သန်းကြွယ်ကဖီတို့ သပြေရိပ့်တို့ ၊ လပ်ကီးဆဲဗင်း လက်ဖက်ရည်ဆိုင်တို့လို နေရာအနှံ့ ဆိုင်ခွဲတွေရှိသော မိုမိုဆိုသည့် ကောင်မလေး ဖွင့်ထားသည့် ဆိုင်များဟု ထင်မိသည် ။ မိုမိုကို မိန်းကလေး ထင်နေရာ မြို့ခံ ကို----- က ကိုညီ့ကို မိုမိုနဲ့ ဧည့်ခံရအုန်းမယ်ဟု ပြောသောအခါ ကျွန်တော် အတော် ပျော်သွား၏ ။ ဒီလောက် အမည်ကြီးတဲ့ မိန်းကလေးကိုလဲ တွေ့ရပြီပေါ့ဟုလည်း တွေးမိသည် ။
နီပေါသူတွေ အလွန် ချောကြောင်း လှကြောင်းကိုလည်း လက်တွေ့ မြင်ထားရသဖြင့် မိုမိုကို မျှော်မိသည် ။ ----- က နီပေါဘာသာစကားဖြင့် စားပွဲထိုးအား ဘာတွေမှန်းမသိ ပြောနေသည် ။ ခဏအကြာတော့ ပန်ကန်ပြား တစ်ချပ်ဖြင့် မုန့်များ လာချသည် ။ မုန့်မှာ ဒင်ဆမ်းဆိုင်များတွင် ရောင်းသော ကလေးလက်သီးဆုပ်ခန့် ပေါက်စီအသေးလေးတွေ ခြောက်လုံးခန့် ဖြစ်သည် ။ ----- က သက်သတ်လွတ်ပေါက်စီ ၊ ကျွန်တော်က ကြက်သားပေါက်စီ ။ ( အခုမှ သတိတရ ပြောစရာရှိသေးသည်မှာ နီပေါတွင် လူတိုင်းက သက်သတ်လွတ်ချည်း စားကြသည်ဟု ယခင်တုန်းက မှတ်သားထားဖူးသည် ။ သို့သော် ထိုစကားမှာ အလုံးစုံ မှန်ကန်ခြင်းတော့ မရှိပေ ။ အသားစားသော သူများကိုလည်း တွေ့မြင်ခဲ့ရ၏ ) ။ ဒါနဲ့ စကားကို ဆက်ရသော် ကျွန်တောတို့နှစ်ယောက် ဆာဆာဖြင့် ကောက်လွေးနေစဉ် ဘယ်သူမှ ရောက်မလာသဖြင့် မိုမိုရော ရောက်မလာသေးဘူးလားဟု မေးရာ ကို ----- က ကျွန်တော် စားနေသော ပေါက်စီကို လက်ညှိုးထိုးညပသည် ။ ဟိုက် ရှာလပတ်ရည် . . . မိုမိုဆိုသည်မှာ ပေါက်စီ ဖြစ်နေသဖြင့် အင်း . . . သိပ့်တော့ မလွဲပါဘူး ၊ တူတော့ တူသားပဲဟု ကိုယ့်ဘာသာ ဖြေယူရတော့သည် ။ ဤမှာ မိုမိုနှင့် ကျွန်တော် တွေ့ဆုံခြင်းပေတည်း ။
( နီပေါခရီး ဆက်ရန် ---->>> ခဏနေ )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၂၅ မှ ၂၆ )
#htoohtoolay
ဗုဒ္ဓနတ်သ် သို့ . . .
-----
ကျွန်တော်တို့သည် ဗုဒနတ်သ်သို့ ထွက်လာခဲ့ကြသည် ။ ဗုဒ္ဓနတ်သ်ဆိုသော စကားလုံးကို မကြာခဏ ကြားဖူးသည် ။ စာထဲတွင်လည်း ဖတ်ဖူးသော်လည်း ဘာဆိုတာ ရှင်းရှင်းလင်းလင်း မသိ ။ ဘုရား လိုလို ၊ ဘုန်းကြီးကျောင်းလိုလို ၊ ရှေးဟောင်း အဆောက်အအုံလိုလို ဝိုးတိုးဝါးတားဖြစ်နေသည် ။ ထိုကြောင့် လမ်းတစ်လျှောက်လုံး မိမိ၏ စိတ်ကူးယဉ် အတွေးဖြင့် ဆိုင်ကယ်နောက်မှ အေးအေးသာသာ လိုက်ပါလာခဲ့ပါသည် ။ ထုံးစံအတိုင်း လမ်းများသည် အကွေ့အကောက်များနှင့် ရှုပ်ထွေးလွန်းလှ၏ ။
လမ်းဖြတ်ကူးပြီး ဝင်ပေါက်ငယ်လေးမှ ဝင်သွားသောအခါ မြင်ရသော မြင်ကွင်းမှာ လူတွေ အများချည်း ဘုရားပွဲတော်များတွင် သွားလာနေကြသလို ဘုရားကြီးကို လက်ယာရစ် ပတ်နေကြကြောင်း တွေ့ရသည် ။ ထိုထဲတွင် တိဗက် ဘုန်ကြီးများလည်း ပါ၏ ။ ထိုအရာကို သတိထားမိသည့် အချိန်မှစ၍ ဒေသခံ မိတ်ဆွေအား ဘုရားဖူးများ အဘယ်ကြောင့် ထိုသို့ ပြုမူကြကြောင်းကို မေးမြန်းလေရာ ထိုသူမှ ဤသို့ ရှင်းပြပါသည် ။
ဘုရားပေါ်တွင် လူအများ ထိုကဲ့သို့ လက်ယာရစ် လျှောက်သွားနေခြင်းမှာ ဘုရားကြီးအား တစ်ပတ်ပတ်နေခြင်း ဖြစ်ကြောင်း နှင့် ထိုသို့ တစ်ပတ်ပြည့်ပါက မည်မျှပင် အကုသိုလ်များစေကာမူ ထို အကုသိုလ်များ ပယ်ပျက်ကြောင်း ယုံကြည်ကြသောကြောင့် ဖြစ်ပါသည်ဟု ဆိုသည် ။
ယုံကြည်မှု ကောက်ကြောင်းကို ဖေါ်ပြရသော် ရှေးတစ်ရောအခါက နီပေါပြည်တွင် လူတစ်ယောက် ရှိသည် ။ သူသည် တစ်သက်လုံး ဘာကောင်းမှုမျှ မလုပ် ။ ဈေးဆိုင်ဖွင့်၍ဈေးရောင်းရာတွင်လည်း အပေါက်ဆိုးလွန်းသောကြောင့် သူ့ဆိုင်သို့ ဘယ်သူမှ လာမဝယ် ။ သူကွယ်လွန်သောအခါ အပယ်ငရဲသို့ ကျ၏။ ငရဲပြည်အ၀၀ယ် ယမမင်းက အမှု စစ်နေစဉ် ဘုရားရှင် ကြွလာတော်မူပြီး ထိုလူသားကို ငရဲမပို့ရန် တားမြစ်သည် ဆို၏ ။ အကျိုးအကြောင်းကို မေးမြန်းရာ ထိုသူမှာ လူ့ဘဝက အကုသိုလ်များခဲ့သော်လည်း ခွေးတစ်ကောင်ကို လိုက်မောင်းရင် ဗုဒ္ဓနတ်သ် စေတီတော်ကြီးကို တစ်ပတ်ပြည့်အောင် ပတ်မိဖူးထားကြောင်း ပြန်လည် မိန့်ကြားသည်ဆို၏ ။ ထို့ကြောင့် ထိုသူမှာ အပယ်မကျတော့ပဲ ကောင်းကင်ဘုံသို့ ရောက်ကြောင်းဆိုသည် ။ စိတ်ဝင်စားစရာပင် ။ ထို့ကြောင့် တိဗက်များသည် ထိုစေတီသို့ အရောက်လာကြကာ တစ်ပတ်ပြည့်တဲ့အထိ တကူးတက လာရောက် လှည့်ပတ်ဖူးမြှော်ကြသည်အား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည် ။
တိဗက်များ၏ အဆိုအရ ဤစေတီတော်ကြီးမှာ ယခင်က တောင်ကုန်းကြီးတစ်ခုသာဖြစ်ပြီး ၁၅ ရာစု ၊ သို့မဟုတ် ၁၆ ရာစုလောက်မှ ကုန်းအောက်ရှိစေတီတော်ကြီးကို တူးဖေါ်တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည် ။ မည်သို့ပင်ဆိုစေ ၁၉၅၀ တွင် တိဗက်ပြည် မငြိမ်မသပ်မှုကြောင့် တိဗက် ဒုက္ခသည်များ နီပေါ နိုင်ငံထဲသို့ ပြေးဝင်ခိုလုံကြရာတွင် ဤစေတီတော်ကြီး အနီးတစ်ဝှိုက်တွင် မြို့ရွာတည်ကာ အခြေချခဲ့ကြသည် ။ ထို့ကြောင့် ဤစေတီကြီးဘေးတွင် တိဗက်ရပ်ကွက် ဖြစ်နေပေသည် ။ တိဗက်ရိုးရာ ဈေးဆိုင်များ ၊ တိဗက် ဘုန်းတော်ကြီးကျောင်း ၊ တိဗက် စားသောက်ဆိုင်များကိုလည်း များစွာ တွေ့ရသည် ။
ဗုဒ္ဓဟူသည်မှာ နီပေါဘာသာဖြင့် စေတီပုထိုးကို ခေါ်ခြင်းဖြစ်ပြီး နတ်သ် Nath မှာ ကြီးမြတ်ခြင်း ဖြစ်သဖြင့် မဟာစေတီဟု အနက်ထွက်မည်ဖြစ်သည် ။ ထိုစေတီကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၁၉၇၉ တွင် အသိအမှတ် ပြုခဲ့ပါသည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၄၀ မှ ၄၅ )
#htoohtoolay
ချစ်တဝမ် အမျိုးသား ဥယျာဉ်သို့ . . .
------
ကျွန်တော်တို့သည် ချစ်တဝမ်အမျိုးသားဥယျာဉ်သို့ ထွက်ခွါလာခဲ့ပါသည် ။ သူတို့ဆီမှ နိုင်ငံခြားသားစီးသော tour bus မှာ မြန်မာပြည်မှ Tour Bus များလောက် မသားနားပါ ။ အသင့်အတင့် အဆင့်ပဲ ရှိလေသည် ။ ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို ကား ခေါင်မိုးပေါ်သို့ တင်ကြသည် ။ ကားသည် ၁၉ ယောက်စီး အလတ်စား ကားလေးတာ ဖြစ်သည် ။
ခတ္တမန္ဒူမှ ချစ်တဝမ်ခရိုင် သဘာဝဘေးမဲ့ ဥယျာဉ်ကို ၁၇၂ ကီလိုသာ ရှိသော်လည်း တောင်ပေါ်လမ်းဖြစ်သဖြင့် ခပ်ဖြေးဖြေး မောင်းရသောကြောင့် ခုနှစ်နာရီခန့် မောင်းရပါသည် ။ လမ်း၏ ညာဘက်တွင် တောင်ရှိ၍ လမ်း၏ လက်ဝဲဘက်တွင် မြေနှိမ့်ပိုင်းဖြစ်ကာ ထရွှေလီမြစ်ကို တွေ့မြင်ရသည် ။
နံနက် ခြောက်နာရီမှ စတင်ထွက်လာကြရာ နေ့လယ် တစ်နာရီခွဲဝန်းကျင်မှ ခရီးဆုံးသို့ ရောက်ကြသည် ။ ထို့နောက် ကျွန်တော်တို့ အဖွဲ့ကို ရှစ်ယောက်တစ်ဖွဲ့ ခြောက်ယောက် တစ်ဖွဲ့ ခွဲကာ ဟိုတယ်တစ်ခုစီတွင် တည်းခိုကြရသည် ။ ဟိုတယ်နားသို့ ရောက်ကြသော အခါ ဂျစ်ကားနှစ်စီးဖြင့် ကျွန်တော်တို့ကို လာကြိုပါသည် ။ ဟိုတယ်မှာ မဝေးသဖြင့် လမ်းလျှောက်သွားကြရာ Machan Country Villa ဟုခေါ်သော ဟိုတယ်မှ ဆင်တစ်ကောင်နှင့် ထွက်ကြိုနေတာ တွေ့ရ၏ ။
ထို့နောက် နေ့လည် ၃ နာရီခွဲလောက်တွင် ကျွန်တော်တို့ ဂျစ်ကားနှင့် တောထဲသို့ ထွက်လာခဲ့ကြသည် ။ချောင်းကလေးတစ်ခုကို ကားဖြတ်မောင်းလိုက်ပြီး မိနစ်အနည်းငယ်အကြာလောက် ဆက်လက် ထွက်ခွါလာကြသောအခါ ကျယ်ပြောသော မြက်ခင်းများနှင့် စိမ်းစိုနေသော လွင်ပြင်ကို တွေ့ရပါသည် ။ ဆယ်မိနစ်လောက် ဆက်မောင်းသော် တောစပ်သို့ ရောက်၏ တောအုပ်ကြီးမှာ တော်တော်လေး ကြီးမားထူထပ်သည် ။ သို့သော် ကံဆိုးသည်မှာ ချိန်ကြာမြင့်စွာ လျှောက်ပတ် မောင်းနှင်ရှာကြည့်ကြသော်လည်း ဂျိုမပေါက်သေးသော ကြံ့တစ်ကောင်နှင့် ကျားခြေရာ တစ်ခုကိုသာ တွေ့ခဲ့ကြရသည် ။
ညရောက်သော် ဟိုတယ်မှ ဘူဖေးညစာဖြင့်ဧည့်မခံမီ သူတို့ဒေသမှ Stick Dance ဖြင့် ဖျော်ဖြေပါသည် ။ ကပုံကနည်းမှာ ယောက်ကျားလေးများက တစ်လံလောက်ရှည်သော ဝါးကျစ်တုတ်များကို ကိုင်ထားကြသည် ။ မိန်းကလေးများက တစ်ပေလောက်ရှည်သော ဝါးကျစ်တုတ် နှစ်ချောင်းစီကို ကိုင်ထားကြပါသည် ။ တူညီဝတ်စုံများ ဝတ်ထားကြပြီး လက်ထဲတွင် ကိုင်ထားသော တုတ်များကို စင်္ကြာပုံစံ ဝှေ့ယမ်းကြသည် ။ ထို့နောက် သိချင်းဆိုလိုက် ၊ တစ်ယောက်က အနောက်ကနေ တုတ်နဲ့ ရိုက်သည်ကို ရှေ့ကတစ်ယောက်က နောက်လှည့်မကြည့်ပဲ တုတ်နဲ့ ကာလိုက်ဖြင့် အကကို ကကြသည် ။ မြန်မာနိုင်မှ ကချင်အကမျိုးနှင့်တော့ မတူပေ ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၅၄ မှ ၇၂ )
#htoohtoolay
လုမ္ဗိနီ သို့ . . .
---
ကျွန်တော်တို့သည် ချစ်တဝမ်မှ ထွက်ခွါလာခဲ့ကြပြီး တစ်မနက်လုံး ကားမောင်းလာခဲ့ကြသည် ။ ချစ်တဝမ်နှင့် လုမ္ဗိနီမှာ ၁၅၈ ကီလိုမီတာသာ ဝေးသော်လည်း တောင်လမ်းများ ဖြစ်သဖြင့် လေးနာရီခန့် ကားစီးရပါသည် ။ တစ်ဖက်မှာ တောင်တန်း ၊ တစ်ဖက်မှာတော့ ချောက်ကမ်းပါးပင် ။
လုမ္ဗိနီနှင့်ပတ်သတ်ကာ ဦးသန့်၏ ဂုဏ်ကျေးဇူးများကို ပြန်အမှတ်ရသဖြင့် အနည်းငယ်ပင် ဖေါ်ပြချင်ပါသေးသည် ။ မြန်မာနိုင်ငံသားဖြစ်သူ ကမ္ဘာ့ကုလသမ္မဂ္ဂကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်သည် ၁၉၆၇ ခုနှစ်တွင် ဗုဒ္ဓမြတ် ဖွားတော်မူရာ ဒီနေရာသို့ ရောက်ခဲ့သည် ။ ဘာသာတရားကို အလွန်ရိုသေကိုင်းရှိင်းသော ဗုဒ္ဓဘာသာဝင်ဖြစ်သည့် ဦးသန့်၏ နှလုံးသားဝယ် ယုံကြည်မှုတစ်ခု ဖြစ်ပေါ်ခဲ့၏ ။ ထိုယုံကြည်ချက်မှာ မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနီတွင် ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာမဟုတ်သော အသိုင်းအဝိုင်းမှ ခေါင်းဆောင်တို့ ညီညွှတ်စွာ လက်တွဲ၍သာယာဝပြောပြီး ခိုက်ရန်ဒေါသအပေါင်းတို့မှ ကင်းဝေးသော ကမ္ဘာတစ်ခု ဖန်တီးနိုင်ကြလိမ့်မည်ဆိုသော ယုံကြည်ချက်ပင် ဖြစ်သည် ။
ထိုယုံကြည်ချက်နှင့်အတူ လုမ္ဗိနီ၏ တည်ငြိမ်လေးနက်မှုအပေါ် လွန်စွာ သဘောကျသည့်အတွက် ဦးသန့်သည် ထိုအချိန်က နီပေါနိုင်ငံ အစိုးရနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည် ။ ထိုဆွေးနွေးခဲ့သည့် အကြောင်းအရာကား လုမိ္ဗနီကို နိုင်ငံတကာမှ ဘုရားဖူး ခရီးသည်များ လှည့်လည်ဖူးမြှော်ရာ ဌာနနှင့် ကမ္ဘာလှည့် ခရီးသည်တို့၏ ဗဟိုဌာနအဖြင့် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်ပါသည် ။
ဦးသန့်သည် မိမိရုံးစိုက်ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ကြီးသို့ ပြန်ရောက်သည်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လုမ္ဗိနီ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် အရေးတကြီး မေတ္တာရပ်ခံခဲ့ပါသည် ။ ထိုအဖွဲ့အစည်း၏ တုံ့ပြန်မှုသည် အားတက်ဖွယ်ရာဖြစ်သည် ။
စုစုပေင်း ၁၃ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာ လုမ္ဗိနီဖွံ့ဖြိုးရေးကော်မတီ ကို ၁၉၇၀ ပြည်နှစ်တွင် ကမ္ဘာ့ကုလသမ္မဂ္ဂဆိုင်ရာ နီပေါနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်ကို ဥက္ကဌနေရာထား၍ ဖွဲ့စည်း ခဲ့ပါသည် ။ ထို့နောက်မှတစ်ဖန် နောက်ထပ် နှစ်နိုင်ငံ ထပ်တိုးလာကာ စုစုပေါင်း ၁၅ နိုင်ငံဖြင့် လုမ္ဗိနီစီမံကိန်းကို အကောင်အထည် ဖေါ်ခဲ့လေခြင်း ဖြစ်ပါသည် ။
ထို ဦးသန့်၏ ကျေးဇူးကြောင့်ပင် ယခုလို လုမိနီ ကို တင့်တင့်တယ်တယ်ဖြင့် တွေ့မြင်နေရခြင်းဖြစ်သည် ။ ထိုကျေးဇူးကြောင့်မျှ မရှိပါက လုမ္ဗိနီသည် အိမ်ကျိုအိမ်ကြားထဲ၌အမြင်တော်စရာ မကောင်းလှအောင်ပင် ပျောက်ကွယ်သွားရမည်မှာ မလွဲနိုင်ပါပေ ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၇၃ မှ ၈၁ )
#htoohtoolay
နိုင်ငံခြားတိုင်းပြည်များတွင် Home Stay ခေတ်စားနေခဲ့သည်မှာ အတော်ပင် ကြာနေပါပြီ ။ အထူးသဖြင့် ခရီးသွား လုပ်ငန်းကို အဓိကအားထားသော နိုင်ငံများတွင် ထိုအလေ့အထသည် အင်မတန်မှ ခရီးပေါက်သော လုပ်ငန်းတစ်ခုဖြစ်ပါသည် ။ သို့သော် မြန်မာနိုင်ငံတွင်တော့ ထိုအလေ့အထမှာ နယ်စပ် တစ်ချို့နေရာများတွင်သာ အနည်းငယ် တွေ့ရတက်ပါသည် ။
Home Stay ဆိုသည်မှာ အခြားမဟုတ် ၊ နိုင်ငံခြား ဧည့်သည်များ ရန်ကုန်တွင် လာရောက် လည်ပတ်ပါက Hotel ကြီးများတွင် တည်းခိုနေထိုင်သကဲ့သို့ နယ်စပ်များတွင်လည်း ဟိုတယ်များနှင့် အလှမ်းဝေးကွာသော နေရာများတွင် နယ်ခံအိမ်ပိုင်ရှင်များမှ နိုင်ငံခြား ဧည့်သည်များကို နားလည်မှုဖြင့် လက်ခံ တည်းခိုခွင့်ပေးထားခြင်းကို ဆိုသည် ။ တစ်နည်းပြောရသော် Home Stay မှာ အိမ်ရှင်က ဧည့်သည်ကို နှစ်ရက်တန်သည် ၊ သုံးရက်တန်သည် လက်ခံ ထားခြင်းပင်ဖြစ်သည် ။ တည်းခိုခန်းနှင့်တော့ မတူပေ ။
အဘယ်ကြောင့်ဆိုသော် Home Stay တွင် ဧည့်သည်အတွက် တကူးတက service မပေးဘဲ မိမိတို့ စားသလိုစားရပြီး မိမိတို့ အိပ့်သလိုသာ အိပ့်ရသော တကယ့် သဘာ၀ စတိုင်ဖြစ်သည် ။ အထူးသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စရိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာလိုသော သူများအဖို့ အထူးကို ကောင်းမွန်သော ပုံစံဖြစ်သည် ။ သူတို့ စားသလိုစားပြီး သူတို့ အိပ့်သလို အိပ့်ရသော သဘာဝစတိုင်အပြည့်ပင် ။
Home Stay တွင် တစ်ရက်ကို တည်းခိုခအဖြင့် နားလည်မှု ငွေတန်ဖိုးသာ ပေးရပါသည် ။ ကျွန်တော်သည် မိမိတည်းခိုသော အိမ်တွင် တစ်ယောက်တည်းခိုနှုန်း ဘယ်လောက်ယူကြောင်းကို မိမိ၏ မိတ်ဆွေအား မေးကြည့်လေရာ တည်းရုံသက်သက်ဆိုလျှင် နီပေါရူပီ ၇၀၀ (မြန်မာငွေကျပ် ၈၀၀၀ )လောက်ကျသင့်ပြီး ထမင်းစားမယ်ဆို မြန်မာငွေ ၁၀၀၀ ကျပ် နှင့် လက်ဖက်ရည် သောက်မည်ဆိုပါက နောက်ထပ် ၁၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။ ထို Home Stay သည် နိုင်ငံခြား ခရီးသွားတွေအတွက် ငွေကျေးအနည်းငယ်ဖြင့် တည်းခိုနေထိုင်ခွင့် ရသလို ဒေသခံ ပြည်သူများအတွက်လည်း အိမ်ဝင်ငွေကို တစ်မျိုးတစ်ဖုံ တိုးစေပါသည် ။ ထို လုပ်ငန်းအတွက် သူတို့တွင် အစိုးရက တရားဝင် ခွင့်ပြုပေးထားသည် ။ မြန်မာနိုင်ငံတွင်တော့ ထိုသို့ အလွယ်တကူ အခွင့်ရမည်မဟုတ်ပေ ။
ကျွန်တော်တို့သည် ထို Home Stay ဖြင့် တည်းခိုခဲ့ရကာ ဆက်လက် ခရီးဆက်ကြသော် ပိုကရာ ရေကန်ကြီးသို့ ရောက်ရှိခဲ့ကြပါသည် ။ ထိုနေရာ၌ ထွေထွေထူးထူးတော့ မတွေ့ခဲ့ပါ ။ သတိထားမိသလောက်ပြောရသော် ရေကန်ကြီးအတွင်း၌ အရောင်အသွေးစုံလင်သော လှေများကိုသာ တွေ့ရှိခဲ့ရသည် ။ ထိုနေရာတွင် စက်ဘီးများလည်း ငှားရမ်းကြောင်း သိရှိရ၏ ။
နီပေါနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များထံမှ ငွေဝင်လာစေရန် အဖက်ဖက်မှ ဆွဲဆောင်နိုင်သော စီမံရှာကြံမှုမှာ အတုယူစရာကောင်းလှသည် ။ ထိုနိုင်ငံလေးသည် မြစ်ချောင်း အင်းအိုင် တောင်တန်းဒေသများ ပေါများသည့်တိုင် ထိုအရာများကို စနစ်တကျ ကောင်းကောင်း အသုံးချနိုင်သော အရည်အချင်းသည် အားကျအတုယူစရာ ကောင်းလှသည် ။ ထိုအထဲမှ အသက်နဲ့ရင်းကာ ပျော်ချင်ကြသော ခရီးသည်များအတွက်ပင် အတော်စုံအောင် ဆွဲဆောင်ထားနိုင်လေ၏ ။
ထိုထဲတွင် တကူးတက ဖေါ်ပြလိုသည်မှာ ပါရာဂလိုက်ဒင်းခေါ် လေဟုန်စီးခြင်းနှင့် Bungee Jumping ခေါ်သည့် ပေ ၅၀၀ ခန့်မြင့်သော ချောက်ထဲသို့ မိမိကိုယ်ကို ကြိုးဖြင့်ချည်ကာ ကြိုးတံတားပေါ်မှ အလွတ်ခုန်ချခြင်း ၊ Ultralight Flight ခေါ် နှစ်ယောက်စီးသော လေယဉ်ငယ် ၊ Zip Line ခေါ် ကြိုးလျှောစီးခြင်း ၊ Rafting ခေါ် အပျော်တမ်း ဖေါင်စီးခြင်းများကို တွေ့မြင်ခဲ့ရပါသည် ။
ထို့နောက် Mountain Museum သို့ ထွက်ခွါလာခဲ့၏ ။ ထိုတောင်ကြီးများပြတိုက်တွင် ပြသထားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည် ။ အဓိက ပြသသည်မှာ တောင်ကြီးများ၏ ပုံနှင့်တကွ အမြင့်ပေနှင့် ဧဝရတ်တောင်တက်သမားတို့ အသုံးပြုခဲ့သော အောက်ဆီဂျင်ဗူးများကို ထိုပြတိုက်တွင် အမှတ်တရ ပြသထားသည် ။ ကျွန်တော်တို့သည် ပိုကရာတွင် နောက်ဆုံး ကြည့်ခဲ့သော နေရာမှာ ဤပြတိုက်ပင် ဖြစ်လေသည် ။ မနက်ဖြန် ကျွန်တော်တို့ ခတ္တမန္ဒူသို့ ပြန်ကြမည်ဖြစ်သည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၁၀၆ မှ ၁၃၁ )
#htoohtoolay
အလာတုန်းက ဒီခရီးကို ကားဖြင့် လာခဲ့ကြသော်လည်း အပြန်တွင်တော့ လေယဉ်ဖြင့် ပြန်ရန် စီစဉ်ကြသည် ။ နီပေါတွင် နိုင်ငံတကာလေဆိပ်မှာ ခတ္တမန္ဒူ မြို့တစ်မြို့မှာပဲ ရှိသည် ။ ကုန်းပိတ်နိုင်ငံမို့ နိုင်ငံတကာနှင့် ဆက်သွယ်ရန် ရေလမ်းကြောင်းလည်း မရှိပေ ။ လေဆိပ်ကို ကျွန်တော်တို့ ရောက်ကြသော် မိုးဖွဲဖွဲ ရွာနေသဖြင့် အားလုံး ခပ်သုတ်သုတ် ပြေးရပါသေးသည် ။
ပြည်တွင်း လေကြောင်းလိုင်းဖြစ်သော်လည်း လေကြောင်းလမ်းကောင်တာတွင် ပတ်စ်ပို့ပြရသည် ။ လေကြောင်းကောင်တာ ငါးခုရှိသော်လည်း သိပ့်ပြီး စည်းကမ်းတင်းကြပ်မှုမရှိ ၊ စည်းစနစ်ကျမှု အားနည်းကြောင်းကို တွေ့ရသည် ။ လူတို့မှာ တန်းစီနေရာမှ မိမိအလှည့်ရောက်သော အခါ ကောင်တာခြင်းတူသော်လည်း ဒီဖလိုက်က ဒီဘက်မဟုတ် ဟိုဘက်ဟုဆိုကာ ဘေးကလူကို လွဲချသည် ။ ထိုအခါ ခရီးသည်များမှာ လူတန်းပြောင်းကာ စီရခြင်း ၊ သည်ဘက်မှ ဟိုဘက်သို့ ကြားဖြတ်ဝင်ခြင်းများ လုပ်ကြသည် ။
ခရီးဆောင်အိတ်များမှာလည်း လေကြောင်းလိုင်း ကောင်တာနောက်တွင် စုပုံနေကာ စက်ခါးပတ်ထဲသို့ တော်တော်နှင့် မတင်ပေ ။ ခရီးဆောင်အိတ်များကို စစ်ဆေးရာတွင်လည်း လေဆိပ်ဝင်ဝင်ချင်း အိပ်စ်ရေးစက်ဖြင့် စစ်ရမည်ဖြစ်သော်လည်း Check In ဝင်ပြီးမှ အိတ်များကို စစ်သည် ။ တစ်ဖန် စက်ကို ဖြတ်ပြီးသားအိတ်ကိုပင် ခရီးသည်က စက်နောက်ဝင်၍အိတ်ကိုတစ်ဖန်ဖွင့်ကာ ပစ္စည်းထပ်ထည့်ခြင်း ၊ စသည်များ ဖြစ်ချင်တိုင်း ဖြစ်နေသည် ။
လံုံခြုံရေး လျော့နည်းသည်ကို တွေ့မြင်ရ၏ ။ လူများကလည်း ကောင်တာသို့ ဝင်ချင်တိုင်းဝင် ၊ လုံခြုံရေးစစ်သည့်စက်မှ ကျော်ကာ သွားချင်ရာသွား ဖြစ်နေကြသည် ။ လေဆိပ် စီမံခန့်ခွဲမှုတွင် မြန်မာနိုင်ငံကတော့ များစွာ သာလေ၏ ။ ကျွန်တော်တို့ စီးရသော လေယဉ်အမည်မှာ Yeti ဖြစ်သည် ။ ရတီဆိုသည်မှာ နှင်းတောင်ပေါ်တွင် တွေ့ရသည်ဆိုသော ဒဏ္ဍာရီလာ Big Foot ခေါ် နှင်းလူကို ခေါ်သည့်အမည်ဖြစ်သည် ။ နှင်းလူ လေကြောင်းလိုင်းဖြစ် နေ့လည် တစ်နာရီသာသာတွင် ခတ္တမန္ဒူမြို့သို့ ချောချောမောမော ပြန်ရောက်ခဲ့ကြသည် ။ မူလတည်းခိုသော Traditional Comfort ဟိုတယ်တွင်ပင် ပြန်လည် တည်းခိုကြပေသည် ။
ထို့နောက် ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် ဧဝရတ်တောင်ထိပ့်သို့ တက်ကြသည် ။ ခြေလျင်တော့မဟုတ် ။ လေယဉ်ဖြင့် ပတ်ကြည့်ခြင်းကို ဆိုခြင်းဖြစ်၏ ။ လေယဉ်စီးခမှာ တစ်ယောက်လျှင် ၁၉၂ ဒေါ်လာဖြစ်သည် ။ မြန်မာငွေနှင့် တွက်ကြည့်သော် တစ်ယောက်ကို နှစ်သိန်းခွဲဝန်းကျင်ဖြစ်နေသဖြင့် တော်ရုံအခြေနေဖြင့် စီးနင်းပတ်ကြည့်နိုင်ရန် မဖြစ်ပေ ။ သို့သော် လေ့လာရေးခေါ်သော မိတ်ဆွေမှ အစစအရာရာ တာဝန်ယူသဖြင့် ကျွန်တော်သည် ဧဝရတ်တောင်အား ပတ်ကြည့်ခွင့်ကို ရရှိခဲ့ပါသည် ။ ကျွန်တော်စီးရသော လေယဉ်အမည်မှာ Buddha Air ဖြစ်၏ ။
ကျွန်တော် စီးသော လေယဉ်တွင် ခရီးသည် ၃၆ ယောက် ပါပါသည် ။ နိုင်ငံတကာ လေကြောင်းလိုင်းမဟုတ်သည့်အတွက် ခုံများကို ရှုခင်း မြင်နိုင်သော တံတွင်းပေါက်ဘက်အခြမ်းကိုသာ ရောင်းချသည် ။ ထူးခြားသည်မှာ တောင်တန်းများပေါ် ပတ်ပျံ စီးနင်းသော အခါ လေယဉ်မှူးအခန်းထဲသို့ တစ်ယောက်ချင်းစီ အလှည့်ကျ ဝင်ရောက်ကာ လေယဉ်စက်ခန်းမှနေ အပြင်ကို ကြည့်ရှုခွင့် ရလေသည် ။ ထိုမြင်ကွင်းမှာ ပထမဆုံးအကြိမ် မြင်တွေ့ရသဖြင့် အတော်လေး ကြည့်လို့ ကောင်းလှသည် ။ မြင်ရသော မြင်ကွင်းမှာ တောင်တန်းအများစုသည် တိမ်များအကြားမှ အပေါ်သို့ ထိုးတက်နေသော အလွန်လှပသည့် ရှုမျှော်ခင်းပင် ဖြစ်၏ ။ ဧဝရတ်တောင်သည် မီတာအားဖြင့် ၈၈၄၈ မီတာ ၊ ပေအားဖြင့် ၂၉၀၂၉ ပေ ရှိသည် ။ အသွင်အားဖြင့် မုန့်စိမ်းပေါင်းတုံးကြီးတစ်ခုလို တြိဂံ ပုံသဏ္ဍာန် ဖြစ်သည် ။ အောက်ခြေတွင် ကျောက်သားများနှင့် ဖွဲ့စည်းထား၍မွဲခြောက်ခြောက် ဖြစ်နေပြီး ထိုအပေါ်မှ နှင်းများ ဖုံးအုပ်ထားသဖြင့် အပေါ်ပိုင်းမှာ ဖြူဖြူဖွေးဖွေး ဖြစ်နေပါသည် ။ နီပေါတွင် အလည်အပတ် သွားရောက်စဉ် နောက်ဆုံး ကြည်ရှုခဲ့သော မြင်ကွင်းလည်း ဖြစ်၏ ။ နောက်တစ်နေ့တွင် ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွါလာခဲ့ကြတော့သည် ။
( နီပေါခရီး ဆက်ရန် ---->>> ပြီးပါပြီ )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၁၃၂ မှ ၁၅၈ )

အေဖၚရၿပီ !
----
ကြ်န္ေတာ့္ကို ေလ့လာရန္ နီေပါကို
လႊတ္လိုက္သူမွာ ---------- ၿဖစ္သည္ ။ သူ၏ အဆက္သြယ္ၿဖင့္ အဆင္ေၿပ ေခ်ာေမြ႔စြာ နီေပါသို႕
ေၿခခ်နိုင္ၿပီး ခတၲမႏၵဴ ၿမိဳ႕လယ္ေကာင္မွာရွိသည့္ Traditional
Comfort Bou-tique ဟိုတယ္မွာ တည္းခိုခဲ႕ရ၏ ။
မနက္ေရာက္ေသာအခါ စေနေန႕ ၿဖစ္ေနသည္
။ နီေပါနိုင္ငံ၏ ဓေလ႕ထံုးစံအတိုင္း စေနသည္ တစ္နိုင္ငံလံုး အားလပ္ရက္အၿဖင့္ သတ္မွတ္ထားသည့္အတြက္
ထိုေန႕သည္ မိတ္ေဆြသစ္ တစ္ဦးႏွင့္ ေတြ႕ဆံုနိုင္စရာ အေကာင္းဆံုး အခ်ိန္ၿဖစ္သည္ ။
ထို႕ေနာက္ ကြ်န္ေတာ့္ မိတ္ေဆြေပးထားေသာ
ဖုန္းနံပါတ္မ်ားကို ဆက္သြယ္ေသာအခါ တစ္ဖက္မွ နီေပါသံ ၀ဲ၀ဲၿဖင့္ ၿမန္မာလို ၿပန္ေၿဖတာကို
ၾကားရ၏ ။ ခဏအၾကာတြင္ လူတစ္ေယာက္ ကြ်န္ေတာ္ရွိေသာ ဟိုတယ္သို႕ ဆိုင္ကယ္တစ္စီးၿဖင့္ ေရာက္လာသည္
။ ထိုသူမွာ မိတ္ေဆြ၏ အသိၿဖင့္ကာ သူ၏အမည္မွာ --------- ၿဖစ္သည္ ။ သူကပင္ ဦးေဆာင္၍ ခတၲမႏၵဴၿမိဳ႕အၿပင္တြင္
ရွိေသာ ေရွးေဟာင္းယဥ္ေက်းမႈၿမိဳ႕ေတာ္ ဘက္တာပူရ္နန္းေတာ္ရာသို႕
လိုက္ပို႕ပါသည္ ။
ထုိၿမိဳ႕သည္ မႏၲေလး ၿမိဳ႕ေတာ္လိုပင္ ဆိုင္ကယ္ၿမိဳ႕ေတာ္ ၿဖစ္သည္
။ ကြ်န္ေတာ့္ကို စိတ္ထိတ္လန္႕ေစသည္မွာ သူတို႕သည္ အဂၤလန္နိုင္ငံလို လမ္းဘယ္ဘက္ ကပ္ေမာင္းရေသာ
စနစ္ၿဖစ္သည္ ။ လက္ယာကပ္ေမာင္းေသာ ၿမန္မာၿပည္သား အတြက္ေတာ့ သူတို႕ဆီက ဆိုင္ကယ္စီးရတာေရာ
၊ လမ္းၿဖတ္ကူးရတာေရာ အသည္း ယားစရာၿဖစ္သည္ ။ လမ္းေၿပာင္းၿပန္ေမာင္းေနသလို ခံစားရသည္
။
သူတို႕ၿမိဳ႕ထဲမွ ေရွးေဟာင္းၿမိဳ႕ေတာ္
ဘက္တာပူရ္နန္းေတာ္ရာသို႕ သြားရာလမ္းမွာ ေလးလမ္းသြား လမ္းမၾကီးၿဖစ္ၿပီး ဂ်ပန္အစိုးရမွ
ခင္းေပးထားေသာ လမ္းၿဖစ္၍
လမ္း
အလြန္ ေကာင္းပါသည္ ။ ယာဥ္ေၾကာ ပိတ္ဆို႕မႈလည္း မရွိေပ ။ ရန္ကုန္ - ပဲခူး အၿမန္ လမ္းေဟာင္းလိုပင္ၿဖစ္သည္
။ ထို လမ္းမေပၚတြင္ ႏြားမ်ားမွာ စိတ္ေၿပနေၿပ တံုးလံုး လွဲေနၾကသည္ ။ နီေပါတြင္ ဟိႏၵဴ အမ်ားစုၿဖစ္ပါသည္။ ဗုဒၶဘာသာမွာ ဒုတိယလိုက္သည္ ။ ၂၀၁၁ သန္ေခါင္စာရင္းအရ
လူဦးေရ စုစုေပါင္း၏ ၈၁.၃ ရာခိုင္ႏႈန္းမွာ ဟိႏၵဴဘာသာ၀င္မ်ားၿဖစ္ၿပီး ဗုဒၶဘာသာမွာ ၉ ရာခိုင္ႏႈန္း ၊ မြတ္စလင္ ၃ ရာခိုင္ႏႈန္း
၊ ခရစ္ယာန္ ၁.၄ ရာခိုင္ႏႈန္း ရွိသည္ ။ ယခု ကြ်န္ေတာ့္ကို လိုက္ပို႕ေနေသာ မိတ္ေဆြမွာ
ဟိႏၵဴဘာသာ၀င္ ၿဖစ္သည္
။
ထိုသူမွာ သူသည္ မ်ိဳးရိုးစဥ္ဆက္အရ
ေဂါတမ မ်ိဳးရိုးၿဖစ္ေၾကာင္း (ဇာတ္ၿမင့္) ၿဖစ္သည္ဟု ေၿပာေသာေၾကာင့္ ကြ်န္ေတာ္သည္ သူ၏မ်က္ႏွာကို
အကဲခက္ၾကည့္ေလရာ အသားၿဖဴၿပီး ဦးပတိရုပ္ ေကာင္းတာကို သတိထားမိသည္ ။ နီေပါတြင္ လူ ေတာ္ေတာ္မ်ားမ်ားသည္
အားလံုး ေခ်ာေမာလွပသည္ဟု မဆိုေစကာမူ အမ်ားစုမွာ ၾကည့္ေပ်ာ္ ရႈေပ်ာ္ ရွိၾက၏ ။ အသားမွာလည္း
မမည္းေပ ။ ဇာတ္ၿမင့္ ဇာန္ႏွိမ့္ဟု ေၿပာဆိုသံုးႏႈန္းေသာ္လည္း
ေနာက္ပိုင္လူငယ္မ်ားမွာ ထို အမ်ိဳးဇာတ္ခြဲၿခားၿခင္းကို လက္မခံေတာ့ေၾကာင္းႏွင့္ သူ၏
အဘိုးလက္ထက္က ဇာတ္ၿမင့္တို႕ ခ်က္ေသာ ထမင္းမ်ားမွတစ္ပါး က်န္တာ မစားေၾကာင္း ေျပာၿပသည္
။
ယခုတြင္မူ ထိုအရာမ်ားကို
အေလးမထားၾကေတာ့ေပ ။ သို႕ေသာ္ လမ္းေဘး လက္ဖက္ရည္ဆိုင္မ်ားတြင္ေတာ့ တစ္ခါသံုး ဖက္ခြက္ၿဖင့္သာ
ေရာင္းခ်ၾကၿပီး ေသာက္သံုးၿပီးပါက လႊတ္ပစ္လိုက္ရံုသာ ရွိသည္ ။ ထိုသို႕ လုပ္ရၿခင္းမွာ
ဇာတ္ႏွိမ့္ ဇာတ္ၿမင့္ ၿပသနာ မရွိေစရန္ၿဖစ္ေၾကာင္း ေၿပာျပပါသည္ ။
ဒီေန႕၌ ကြ်န္ေတာ္တို႕သည္
ခတၲမႏၵဴၿမိဳ႕အၿပင္တြင္ ရွိေသာ ေရွးေဟာင္းယဥ္ေက်းမႈၿမိဳ႕ေတာ္ ဘက္တာပူရ္နန္းေတာ္ရာသို႕ သြားေရာက္ ေလ့လာခဲ႕ၾကၿပီး
လမ္းေဘး လက္ဖက္ရည္ဆိုင္တြင္ လက္ဖက္ရည္ ကိုယ္စီေသာက္သံုးကာ ၿပန္လာခဲ႕ၾကသည္ ။
သို႕ေသာ္ တစ္ခုေၿပာၿပစရာ
ရွိေနေသးသည္မွာ လမ္းေဘးလက္ဖက္ရည္ဆိုင္ဟု ဆိုေသာ္လည္း ၿမန္မာနိုင္ငံကလို အက်အန ကိုယ့္၀ိုင္းႏွင့္ကိုယ္
စိတ္ေၿပနေၿပ ထိုင္ေသာက္ရေသာ စာပြဲပင္ မရွိ ။ ေကာ္ခုံတစ္လံုးေပၚ၌ သူတို႕ေပးေသာ ခ်ိဳစိပ့္
က်စိပ့္ ေၿပာလို႕ မရတဲ႕ လက္ဖက္ရည္ အရသာ တစ္မ်ိဳးတည္းကို ကိုင္ေဆာင္ရင္း ေသာက္သံုးရၿခင္း
ၿဖစ္၏ ။ သို႕ေသာ္ ထိုလက္ဖက္ရည္သည္ အရသာ ေကာင္းမြန္သည္ ။ လက္ဆတ္ေသာ ႏြားနို႕အစစ္ၿဖင့္
ေဖ်ာ္ထားၿခင္းေၾကာင္ ့စိမ့္ၿပီး ေမႊးေနသည္ ။
( နီေပါခရီး ဆက္ရန္ ---->>>
မနက္ၿဖန္ )
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၁၅ မွ ၁၈ )
#htoohtoolay
ကြ်န္ေတာ္ႏွင့္ မိုမို ေတြ႕ဆံုၿခင္း
!
----
နီေပါနိုင္ငံ အႏွံ႕အၿပားတြင္
MO MO ဆိုေသာ စကားလံုးကို အႏွံ႕အၿပား ေတြ႕ရ၏ ။ အထူးသၿဖင့္ စားေသာက္နိုင္မ်ား၏ ေရွ႔တြင္
ေရးသားထားၿခင္း ၿဖစ္သည္ ။ ကြ်န္ေတာ္ထင္သည္မွာ ၿမန္မာနိုင္ငံမွ သန္းၾကြယ္ကဖီတို႕ သေၿပရိပ့္တို႕
၊ လပ္ကီးဆဲဗင္း လက္ဖက္ရည္ဆိုင္တို႕လို ေနရာအႏွံ႕ ဆိုင္ခြဲေတြရွိေသာ မိုမိုဆိုသည့္ ေကာင္မေလး
ဖြင့္ထားသည့္ ဆိုင္မ်ားဟု ထင္မိသည္ ။ မိုမိုကို မိန္းကေလး ထင္ေနရာ ၿမိဳ႕ခံ ကို-----
က ကိုညီ႕ကို မိုမိုနဲ႕ ဧည့္ခံရအုန္းမယ္ဟု
ေၿပာေသာအခါ ကြ်န္ေတာ္ အေတာ္ ေပ်ာ္သြား၏ ။ ဒီေလာက္ အမည္ၾကီးတဲ႕ မိန္းကေလးကိုလဲ ေတြ႕ရၿပီေပါ့ဟုလည္း
ေတြးမိသည္ ။
နီေပါသူေတြ အလြန္ ေခ်ာေၾကာင္း
လွေၾကာင္းကိုလည္း လက္ေတြ႕ ၿမင္ထားရသၿဖင့္ မိုမိုကို ေမွ်ာ္မိသည္ ။ ----- က နီေပါဘာသာစကားၿဖင့္
စားပြဲထိုးအား ဘာေတြမွန္းမသိ ေၿပာေနသည္ ။ ခဏအၾကာေတာ့ ပန္ကန္ၿပား တစ္ခ်ပ္ၿဖင့္ မုန္႕မ်ား
လာခ်သည္ ။ မုန္႕မွာ ဒင္ဆမ္းဆိုင္မ်ားတြင္ ေရာင္းေသာ ကေလးလက္သီးဆုပ္ခန္႕ ေပါက္စီအေသးေလးေတြ
ေၿခာက္လံုးခန္႕ ၿဖစ္သည္ ။ ----- က သက္သတ္လြတ္ေပါက္စီ ၊ ကြ်န္ေတာ္က ၾကက္သားေပါက္စီ ။
( အခုမွ သတိတရ ေၿပာစရာရွိေသးသည္မွာ နီေပါတြင္ လူတိုင္းက သက္သတ္လြတ္ခ်ည္း စားၾကသည္ဟု
ယခင္တုန္းက မွတ္သားထားဖူးသည္ ။ သို႕ေသာ္ ထိုစကားမွာ အလံုးစံု မွန္ကန္ၿခင္းေတာ့ မရွိေပ
။ အသားစားေသာ သူမ်ားကိုလည္း ေတြ႕ၿမင္ခဲ႕ရ၏ )
။ ဒါနဲ႕ စကားကို ဆက္ရေသာ္ ကြ်န္ေတာတို႕ႏွစ္ေယာက္ ဆာဆာၿဖင့္ ေကာက္ေလြးေနစဥ္ ဘယ္သူမွ
ေရာက္မလာသၿဖင့္ မိုမိုေရာ ေရာက္မလာေသးဘူးလားဟု ေမးရာ ကို ----- က ကြ်န္ေတာ္ စားေနေသာ
ေပါက္စီကို လက္ညိွဳးထိုးညပသည္ ။ ဟိုက္ ရွာလပတ္ရည္ . . . မိုမိုဆိုသည္မွာ ေပါက္စီ ၿဖစ္ေနသၿဖင့္
အင္း . . . သိပ့္ေတာ့ မလြဲပါဘူး ၊ တူေတာ့ တူသားပဲဟု ကိုယ့္ဘာသာ ေၿဖယူရေတာ့သည္ ။ ဤမွာ မိုမိုႏွင့္ ကြ်န္ေတာ္ ေတြ႕ဆံုၿခင္းေပတည္း
။
( နီေပါခရီး ဆက္ရန္
---->>> ခဏေန )
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၂၅ မွ ၂၆ )
#htoohtoolay
ဗုဒၶနတ္သ္
သို႕ . . .
-----
ကြ်န္ေတာ္တို႕သည္ ဗုဒနတ္သ္သို႕
ထြက္လာခဲ႕ၾကသည္ ။ ဗုဒၶနတ္သ္ဆိုေသာ
စကားလံုးကို မၾကာခဏ ၾကားဖူးသည္ ။ စာထဲတြင္လည္း ဖတ္ဖူးေသာ္လည္း ဘာဆိုတာ ရွင္းရွင္းလင္းလင္း
မသိ ။ ဘုရား လိုလို ၊ ဘုန္းၾကီးေက်ာင္းလိုလို
၊ ေရွးေဟာင္း အေဆာက္အအံုလိုလို ၀ိုးတိုး၀ါးတားၿဖစ္ေနသည္ ။ ထိုေၾကာင့္ လမ္းတစ္ေလွ်ာက္လံုး
မိမိ၏ စိတ္ကူးယဥ္ အေတြးၿဖင့္ ဆိုင္ကယ္ေနာက္မွ ေအးေအးသာသာ လိုက္ပါလာခဲ႕ပါသည္ ။ ထံုးစံအတိုင္း
လမ္းမ်ားသည္ အေကြ႕အေကာက္မ်ားႏွင့္ ရႈပ္ေထြးလြန္းလွ၏ ။
လမ္းၿဖတ္ကူးၿပီး ၀င္ေပါက္ငယ္ေလးမွ
၀င္သြားေသာအခါ ၿမင္ရေသာ ၿမင္ကြင္းမွာ လူေတြ
အမ်ားခ်ည္း ဘုရားပြဲေတာ္မ်ားတြင္ သြားလာေနၾကသလို ဘုရားၾကီးကို လက္ယာရစ္ ပတ္ေနၾကေၾကာင္း
ေတြ႕ရသည္ ။ ထိုထဲတြင္ တိဗက္ ဘုန္ၾကီးမ်ားလည္း ပါ၏ ။ ထိုအရာကို သတိထားမိသည့္ အခ်ိန္မွစ၍ ေဒသခံ မိတ္ေဆြအား
ဘုရားဖူးမ်ား အဘယ္ေၾကာင့္ ထိုသို႕ ၿပဳမူၾကေၾကာင္းကို ေမးၿမန္းေလရာ ထိုသူမွ ဤသို႕ ရွင္းၿပပါသည္ ။
ဘုရားေပၚတြင္ လူအမ်ား ထိုကဲ႕သို႕
လက္ယာရစ္ ေလွ်ာက္သြားေနၿခင္းမွာ ဘုရားၾကီးအား တစ္ပတ္ပတ္ေနၿခင္း ၿဖစ္ေၾကာင္း ႏွင့္ ထိုသို႕
တစ္ပတ္ၿပည့္ပါက မည္မွ်ပင္ အကုသိုလ္မ်ားေစကာမူ ထို အကုသိုလ္မ်ား ပယ္ပ်က္ေၾကာင္း ယံုၾကည္ၾကေသာေၾကာင့္
ၿဖစ္ပါသည္ဟု ဆိုသည္ ။
ယံုၾကည္မႈ ေကာက္ေၾကာင္းကို
ေဖၚၿပရေသာ္ ေရွးတစ္ေရာအခါက နီေပါၿပည္တြင္ လူတစ္ေယာက္ ရွိသည္ ။ သူသည္ တစ္သက္လံုး ဘာေကာင္းမႈမွ်
မလုပ္ ။ ေစ်းဆိုင္ဖြင့္၍
ေစ်းေရာင္းရာတြင္လည္း
အေပါက္ဆိုးလြန္းေသာေၾကာင့္ သူ႕ဆိုင္သို႕ ဘယ္သူမွ လာမ၀ယ္ ။ သူကြယ္လြန္ေသာအခါ အပယ္ငရဲသို႕
က်၏။ ငရဲၿပည္အ၀၀ယ္ ယမမင္းက အမႈ စစ္ေနစဥ္ ဘုရားရွင္ ၾကြလာေတာ္မူၿပီး ထိုလူသားကို ငရဲမပို႕ရန္
တားၿမစ္သည္ ဆို၏ ။ အက်ိဳးအေၾကာင္းကို ေမးၿမန္းရာ
ထိုသူမွာ လူ႕ဘ၀က အကုသိုလ္မ်ားခဲ႕ေသာ္လည္း ေခြးတစ္ေကာင္ကို လိုက္ေမာင္းရင္ ဗုဒၶနတ္သ္ ေစတီေတာ္ၾကီးကို တစ္ပတ္ၿပည့္ေအာင္ ပတ္မိဖူးထားေၾကာင္း
ၿပန္လည္ မိန္႕ၾကားသည္ဆို၏ ။ ထို႕ေၾကာင့္ ထိုသူမွာ အပယ္မက်ေတာ့ပဲ ေကာင္းကင္ဘံုသို႕ ေရာက္ေၾကာင္းဆိုသည္
။ စိတ္၀င္စားစရာပင္ ။ ထို႕ေၾကာင့္ တိဗက္မ်ားသည္ ထိုေစတီသို႕ အေရာက္လာၾကကာ တစ္ပတ္ၿပည့္တဲ႕အထိ
တကူးတက လာေရာက္ လွည့္ပတ္ဖူးေၿမွာ္ၾကသည္အား မ်က္၀ါးထင္ထင္ ေတြ႕ၿမင္ခဲ႕ရပါသည္ ။
တိဗက္မ်ား၏ အဆိုအရ ဤေစတီေတာ္ၾကီးမွာ ယခင္က ေတာင္ကုန္းၾကီးတစ္ခုသာၿဖစ္ၿပီး
၁၅ ရာစု ၊ သို႕မဟုတ္ ၁၆ ရာစုေလာက္မွ ကုန္းေအာက္ရွိေစတီေတာ္ၾကီးကို တူးေဖၚေတြ႕ရွိၿခင္း
ၿဖစ္သည္ဟု ဆိုသည္ ။ မည္သို႕ပင္ဆိုေစ ၁၉၅၀ တြင္ တိဗက္ၿပည္ မၿငိမ္မသပ္မႈေၾကာင့္ တိဗက္
ဒုကၡသည္မ်ား နီေပါ နိုင္ငံထဲသို႕
ေၿပး၀င္ခိုလံုၾကရာတြင္ ဤေစတီေတာ္ၾကီး
အနီးတစ္၀ႈိက္တြင္ ၿမိဳ႕ရြာတည္ကာ အေၿခခ်ခဲ႕ၾကသည္ ။ ထို႕ေၾကာင့္ ဤေစတီၾကီးေဘးတြင္ တိဗက္ရပ္ကြက္ ၿဖစ္ေနေပသည္
။ တိဗက္ရိုးရာ ေစ်းဆိုင္မ်ား ၊ တိဗက္ ဘုန္းေတာ္ၾကီးေက်ာင္း ၊ တိဗက္ စားေသာက္ဆိုင္မ်ားကိုလည္း မ်ားစြာ ေတြ႕ရသည္
။
ဗုဒၶဟူသည္မွာ နီေပါဘာသာၿဖင့္ ေစတီပုထိုးကို ေခၚၿခင္းၿဖစ္ၿပီး
နတ္သ္ Nath မွာ ၾကီးၿမတ္ၿခင္း ၿဖစ္သၿဖင့္ မဟာေစတီဟု အနက္ထြက္မည္ၿဖစ္သည္ ။ ထိုေစတီကို
ယူနက္စကိုက ကမၻာ႕ယဥ္ေက်းမႈ
အေမြအႏွစ္အၿဖစ္ ၁၉၇၉ တြင္ အသိအမွတ္ ၿပဳခဲ႕ပါသည္ ။
( နီေပါခရီး ဆက္ရန္
---->>> မနက္ၿဖန္ )
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၄၀ မွ ၄၅ )
#htoohtoolay
ခ်စ္တ၀မ္ အမ်ိဳးသား ဥယ်ာဥ္သို႕
. . .
------
ကြ်န္ေတာ္တို႕သည္ ခ်စ္တ၀မ္အမ်ိဳးသားဥယ်ာဥ္သို႕
ထြက္ခြါလာခဲ႕ပါသည္ ။ သူတို႕ဆီမွ နိုင္ငံၿခားသားစီးေသာ tour bus မွာ ၿမန္မာၿပည္မွ
Tour Bus မ်ားေလာက္ မသားနားပါ ။ အသင့္အတင့္ အဆင့္ပဲ ရွိေလသည္ ။ ကြ်န္ေတာ္တို႕၏ ခရီးေဆာင္အိတ္မ်ားကို
ကား ေခါင္မိုးေပၚသို႕ တင္ၾကသည္ ။ ကားသည္ ၁၉ ေယာက္စီး အလတ္စား ကားေလးတာ ၿဖစ္သည္ ။
ခတၲမႏၵဴမွ
ခ်စ္တ၀မ္ခရိုင္ သဘာ၀ေဘးမဲ႕ ဥယ်ာဥ္ကို ၁၇၂ ကီလိုသာ ရွိေသာ္လည္း ေတာင္ေပၚလမ္းၿဖစ္သၿဖင့္
ခပ္ေၿဖးေၿဖး ေမာင္းရေသာေၾကာင့္ ခုႏွစ္နာရီခန္႕ ေမာင္းရပါသည္ ။ လမ္း၏ ညာဘက္တြင္ ေတာင္ရွိ၍ လမ္း၏ လက္၀ဲဘက္တြင္
ေၿမႏွိမ့္ပိုင္းၿဖစ္ကာ ထေရႊလီၿမစ္ကို ေတြ႕ၿမင္ရသည္ ။
နံနက္ ေၿခာက္နာရီမွ စတင္ထြက္လာၾကရာ
ေန႕လယ္ တစ္နာရီခြဲ၀န္းက်င္မွ ခရီးဆံုးသို႕ ေရာက္ၾကသည္ ။ ထို႕ေနာက္ ကြ်န္ေတာ္တို႕ အဖြဲ႔ကို
ရွစ္ေယာက္တစ္ဖြဲ႕ ေၿခာက္ေယာက္ တစ္ဖြဲ႕ ခြဲကာ ဟိုတယ္တစ္ခုစီတြင္ တည္းခိုၾကရသည္ ။ ဟိုတယ္နားသို႕
ေရာက္ၾကေသာ အခါ ဂ်စ္ကားႏွစ္စီးၿဖင့္ ကြ်န္ေတာ္တို႕ကို လာၾကိဳပါသည္ ။ ဟိုတယ္မွာ မေ၀းသၿဖင့္
လမ္းေလွ်ာက္သြားၾကရာ Machan Country Villa ဟုေခၚေသာ ဟိုတယ္မွ ဆင္တစ္ေကာင္ႏွင့္ ထြက္ၾကိဳေနတာ
ေတြ႕ရ၏ ။
ထို႕ေနာက္ ေန႕လည္ ၃ နာရီခြဲေလာက္တြင္
ကြ်န္ေတာ္တို႕ ဂ်စ္ကားႏွင့္ ေတာထဲသို႕ ထြက္လာခဲ႕ၾကသည္ ။ေခ်ာင္းကေလးတစ္ခုကို ကားၿဖတ္ေမာင္းလိုက္ၿပီး
မိနစ္အနည္းငယ္အၾကာေလာက္ ဆက္လက္ ထြက္ခြါလာၾကေသာအခါ က်ယ္ေၿပာေသာ ၿမက္ခင္းမ်ားႏွင့္ စိမ္းစိုေနေသာ
လြင္ၿပင္ကို ေတြ႕ရပါသည္ ။ ဆယ္မိနစ္ေလာက္ ဆက္ေမာင္းေသာ္ ေတာစပ္သို႕ ေရာက္၏ ေတာအုပ္ၾကီးမွာ ေတာ္ေတာ္ေလး ၾကီးမားထူထပ္သည္ ။ သို႕ေသာ္
ကံဆိုးသည္မွာ ခ်ိန္ၾကာၿမင့္စြာ ေလွ်ာက္ပတ္ ေမာင္းႏွင္ရွာၾကည့္ၾကေသာ္လည္း ဂ်ိဳမေပါက္ေသးေသာ
ၾကံ႕တစ္ေကာင္ႏွင့္ က်ားေၿခရာ တစ္ခုကိုသာ ေတြ႕ခဲ႕ၾကရသည္ ။
ညေရာက္ေသာ္ ဟိုတယ္မွ ဘူေဖးညစာၿဖင့္ဧည့္မခံမီ
သူတို႕ေဒသမွ Stick Dance ၿဖင့္ ေဖ်ာ္ေၿဖပါသည္ ။ ကပံုကနည္းမွာ ေယာက္က်ားေလးမ်ားက တစ္လံေလာက္ရွည္ေသာ
၀ါးက်စ္တုတ္မ်ားကို ကိုင္ထားၾကသည္ ။ မိန္းကေလးမ်ားက တစ္ေပေလာက္ရွည္ေသာ ၀ါးက်စ္တုတ္
ႏွစ္ေခ်ာင္းစီကို ကိုင္ထားၾကပါသည္ ။ တူညီ၀တ္စံုမ်ား ၀တ္ထားၾကၿပီး လက္ထဲတြင္ ကိုင္ထားေသာ
တုတ္မ်ားကို စၾကၤာပံုစံ ေ၀ွ႕ယမ္းၾကသည္ ။ ထို႕ေနာက္ သိခ်င္းဆိုလိုက္ ၊ တစ္ေယာက္က အေနာက္ကေန
တုတ္နဲ႕ ရိုက္သည္ကို ေရွ႕ကတစ္ေယာက္က ေနာက္လွည္႕မၾကည့္ပဲ တုတ္နဲ႕ ကာလိုက္ၿဖင့္ အကကို
ကၾကသည္ ။ ၿမန္မာနိုင္မွ ကခ်င္အကမ်ိဳးႏွင့္ေတာ့ မတူေပ ။
( နီေပါခရီး ဆက္ရန္
---->>> မနက္ၿဖန္ )
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၅၄ မွ ၇၂ )
#htoohtoolay
လုမၺိနီ သို႕ . . .
---
ကြ်န္ေတာ္တို႕သည္ ခ်စ္တ၀မ္မွ
ထြက္ခြါလာခဲ႕ၾကၿပီး တစ္မနက္လံုး ကားေမာင္းလာခဲ႕ၾကသည္ ။ ခ်စ္တ၀မ္ႏွင့္ လုမၺိနီမွာ ၁၅၈ ကီလိုမီတာသာ ေ၀းေသာ္လည္း ေတာင္လမ္းမ်ား
ၿဖစ္သၿဖင့္ ေလးနာရီခန္႕ ကားစီးရပါသည္ ။ တစ္ဖက္မွာ ေတာင္တန္း ၊ တစ္ဖက္မွာေတာ့ ေခ်ာက္ကမ္းပါးပင္
။
လုမၺိနီႏွင့္ပတ္သတ္ကာ ဦးသန္႕၏ ဂုဏ္ေက်းဇူးမ်ားကို
ၿပန္အမွတ္ရသၿဖင့္ အနည္းငယ္ပင္ ေဖၚၿပခ်င္ပါေသးသည္ ။ ၿမန္မာနိုင္ငံသားၿဖစ္သူ ကမၻာ႔ကုလသမၼဂၢၾကီး၏
အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ဦးသန္႕သည္ ၁၉၆၇ ခုႏွစ္တြင္ ဗုဒၶၿမတ္ ဖြားေတာ္မူရာ ဒီေနရာသို႕ ေရာက္ခဲ႕သည္
။ ဘာသာတရားကို အလြန္ရိုေသကိုင္းရွိင္းေသာ ဗုဒၶဘာသာ၀င္ၿဖစ္သည့္ ဦးသန္႕၏ ႏွလံုးသား၀ယ္ ယံုၾကည္မႈတစ္ခု
ၿဖစ္ေပၚခဲ႕၏ ။ ထိုယံုၾကည္ခ်က္မွာ ၿမတ္စြာဘုရား ဖြားေတာ္မူရာ လုမၺိနီတြင္ ဗုဒၶဘာသာေခါင္းေဆာင္မ်ားႏွင့္ ဗုဒၶဘာသာမဟုတ္ေသာ အသိုင္းအ၀ိုင္းမွ ေခါင္းေဆာင္တို႕
ညီညႊတ္စြာ လက္တြဲ၍
သာယာ၀ေၿပာၿပီး
ခိုက္ရန္ေဒါသအေပါင္းတို႕မွ ကင္းေ၀းေသာ ကမၻာတစ္ခု
ဖန္တီးနိုင္ၾကလိမ့္မည္ဆိုေသာ ယံုၾကည္ခ်က္ပင္ ၿဖစ္သည္ ။
ထိုယံုၾကည္ခ်က္ႏွင့္အတူ လုမၺိနီ၏ တည္ၿငိမ္ေလးနက္မႈအေပၚ လြန္စြာ သေဘာက်သည့္အတြက္
ဦးသန္႕သည္ ထိုအခ်ိန္က နီေပါနိုင္ငံ အစိုးရႏွင့္ ေဆြးေႏြးတိုင္ပင္မႈမ်ား ၿပဳလုပ္ခဲ႕သည္
။ ထိုေဆြးေႏြးခဲ႕သည့္ အေၾကာင္းအရာကား လုမိၺနီကို
နိုင္ငံတကာမွ ဘုရားဖူး ခရီးသည္မ်ား လွည့္လည္ဖူးေၿမွာ္ရာ ဌာနႏွင့္ ကမၻာလွည့္ ခရီးသည္တို႕၏ ဗဟိုဌာနအၿဖင့္ အေကာင္းဆံုး ဖြံ႔ၿဖိဳးတိုးတက္ေစရန္ပင္
ၿဖစ္ပါသည္ ။
ဦးသန္႕သည္ မိမိရံုးစိုက္ရာ
အေမရိကန္ၿပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကမၻာ႕ကုလသမၼဂၢအဖြဲ႕ၾကီးသို႕
ၿပန္ေရာက္သည္ႏွင့္ နိုင္ငံတကာ အဖြဲ႕အစည္းမ်ားကို လုမၺိနီ ဖြံ႕ၿဖိဳးေရးအတြက္ ၀ိုင္း၀န္းၾကိဳးပမ္းၾကရန္
အေရးတၾကီး ေမတၲာရပ္ခံခဲ႕ပါသည္
။ ထိုအဖြဲ႕အစည္း၏ တုံ႕ၿပန္မႈသည္ အားတက္ဖြယ္ရာၿဖစ္သည္ ။
စုစုေပင္း ၁၃ နိုင္ငံပါ၀င္ေသာ
အၿပည္ၿပည္ဆိုင္ရာ လုမၺိနီဖြံ႕ၿဖိဳးေရးေကာ္မတီ
ကို ၁၉၇၀ ၿပည္ႏွစ္တြင္ ကမၻာ႕ကုလသမၼဂၢဆိုင္ရာ
နီေပါနိုင္ငံ၏ အၿမဲတမ္းကိုယ္စားလွယ္ကို ဥကၠဌေနရာထား၍ ဖြဲ႕စည္း ခဲ႕ပါသည္
။ ထို႕ေနာက္မွတစ္ဖန္ ေနာက္ထပ္ ႏွစ္နိုင္ငံ ထပ္တိုးလာကာ စုစုေပါင္း ၁၅ နိုင္ငံၿဖင့္
လုမၺိနီစီမံကိန္းကို အေကာင္အထည္
ေဖၚခဲ႕ေလၿခင္း ၿဖစ္ပါသည္ ။
ထို ဦးသန္႕၏ ေက်းဇူးေၾကာင့္ပင္
ယခုလို လုမိနီ ကို တင့္တင့္တယ္တယ္ၿဖင့္ ေတြ႕ၿမင္ေနရၿခင္းၿဖစ္သည္ ။ ထိုေက်းဇူးေၾကာင့္မွ်
မရွိပါက လုမၺိနီသည္
အိမ္က်ိဳအိမ္ၾကားထဲ၌
အၿမင္ေတာ္စရာ
မေကာင္းလွေအာင္ပင္ ေပ်ာက္ကြယ္သြားရမည္မွာ မလြဲနိုင္ပါေပ ။
( နီေပါခရီး ဆက္ရန္
---->>> မနက္ၿဖန္ )
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၇၃ မွ ၈၁ )
#htoohtoolay
နိုင္ငံၿခားတိုင္းၿပည္မ်ားတြင္
Home Stay ေခတ္စားေနခဲ႕သည္မွာ အေတာ္ပင္ ၾကာေနပါၿပီ ။ အထူးသၿဖင့္ ခရီးသြား လုပ္ငန္းကို
အဓိကအားထားေသာ နိုင္ငံမ်ားတြင္ ထိုအေလ့အထသည္ အင္မတန္မွ ခရီးေပါက္ေသာ လုပ္ငန္းတစ္ခုၿဖစ္ပါသည္
။ သို႕ေသာ္ ၿမန္မာနိုင္ငံတြင္ေတာ့ ထိုအေလ့အထမွာ နယ္စပ္ တစ္ခ်ိဳ႕ေနရာမ်ားတြင္သာ အနည္းငယ္
ေတြ႕ရတက္ပါသည္ ။
Home Stay ဆိုသည္မွာ အၿခားမဟုတ္
၊ နိုင္ငံၿခား ဧည့္သည္မ်ား ရန္ကုန္တြင္ လာေရာက္ လည္ပတ္ပါက Hotel ၾကီးမ်ားတြင္ တည္းခိုေနထိုင္သကဲ႕သို႕
နယ္စပ္မ်ားတြင္လည္း ဟိုတယ္မ်ားႏွင့္ အလွမ္းေ၀းကြာေသာ ေနရာမ်ားတြင္ နယ္ခံအိမ္ပိုင္ရွင္မ်ားမွ
နိုင္ငံၿခား ဧည့္သည္မ်ားကို နားလည္မႈၿဖင့္ လက္ခံ တည္းခိုခြင့္ေပးထားၿခင္းကို ဆိုသည္
။ တစ္နည္းေၿပာရေသာ္ Home Stay မွာ အိမ္ရွင္က ဧည့္သည္ကို ႏွစ္ရက္တန္သည္ ၊ သံုးရက္တန္သည္
လက္ခံ ထားၿခင္းပင္ၿဖစ္သည္ ။ တည္းခိုခန္းႏွင့္ေတာ့ မတူေပ ။
အဘယ္ေၾကာင့္ဆိုေသာ္ Home
Stay တြင္ ဧည့္သည္အတြက္ တကူးတက service မေပးဘဲ မိမိတို႕ စားသလိုစားရၿပီး မိမိတို႕ အိပ့္သလိုသာ
အိပ့္ရေသာ တကယ့္ သဘာ၀ စတိုင္ၿဖစ္သည္ ။ အထူးသၿဖင့္ သက္ဆိုင္ရာ မ်ိဳးႏြယ္စရိုက္ ယဥ္ေက်းမႈဓေလ့ထံုးစံမ်ားကို
ေလ့လာလိုေသာ သူမ်ားအဖို႕ အထူးကို ေကာင္းမြန္ေသာ ပံုစံၿဖစ္သည္ ။ သူတို႕ စားသလိုစားၿပီး
သူတို႕ အိပ့္သလို အိပ့္ရေသာ သဘာ၀စတိုင္အၿပည့္ပင္ ။
Home Stay တြင္ တစ္ရက္ကို
တည္းခိုခအၿဖင့္ နားလည္မႈ ေငြတန္ဖိုးသာ ေပးရပါသည္ ။ ကြ်န္ေတာ္သည္ မိမိတည္းခိုေသာ အိမ္တြင္
တစ္ေယာက္တည္းခိုနႈန္း ဘယ္ေလာက္ယူေၾကာင္းကို မိမိ၏ မိတ္ေဆြအား ေမးၾကည့္ေလရာ တည္းရံုသက္သက္ဆိုလွ်င္
နီေပါရူပီ ၇၀၀ (ၿမန္မာေငြက်ပ္ ၈၀၀၀ )ေလာက္က်သင့္ၿပီး ထမင္းစားမယ္ဆို ၿမန္မာေငြ ၁၀၀၀
က်ပ္ ႏွင့္ လက္ဖက္ရည္ ေသာက္မည္ဆိုပါက ေနာက္ထပ္ ၁၀၀၀ က်သင့္မည္ၿဖစ္ေၾကာင္း သိရသည္ ။
ထို Home Stay သည္ နိုင္ငံၿခား ခရီးသြားေတြအတြက္ ေငြေက်းအနည္းငယ္ၿဖင့္ တည္းခိုေနထိုင္ခြင့္
ရသလို ေဒသခံ ၿပည္သူမ်ားအတြက္လည္း အိမ္၀င္ေငြကို တစ္မ်ိဳးတစ္ဖံု တိုးေစပါသည္ ။ ထို လုပ္ငန္းအတြက္
သူတို႕တြင္ အစိုးရက တရား၀င္ ခြင့္ၿပဳေပးထားသည္ ။ ၿမန္မာနိုင္ငံတြင္ေတာ့ ထိုသို႕ အလြယ္တကူ
အခြင့္ရမည္မဟုတ္ေပ ။
ကြ်န္ေတာ္တို႕သည္ ထို
Home Stay ၿဖင့္ တည္းခုိခဲ႕ရကာ ဆက္လက္ ခရီးဆက္ၾကေသာ္ ပိုကရာ ေရကန္ၾကီးသို႕ ေရာက္ရွိခဲ႕ၾကပါသည္
။ ထိုေနရာ၌ ေထြေထြထူးထူးေတာ့
မေတြ႕ခဲ႕ပါ ။ သတိထားမိသေလာက္ေၿပာရေသာ္ ေရကန္ၾကီးအတြင္း၌ အေရာင္အေသြးစံုလင္ေသာ
ေလွမ်ားကိုသာ ေတြ႕ရွိခဲ႔ရသည္ ။ ထိုေနရာတြင္ စက္ဘီးမ်ားလည္း ငွားရမ္းေၾကာင္း
သိရွိရ၏ ။
နီေပါနိုင္ငံတြင္ ကမၻာလွည့္ခရီးသည္မ်ားထံမွ ေငြ၀င္လာေစရန္ အဖက္ဖက္မွ
ဆြဲေဆာင္နိုင္ေသာ စီမံရွာၾကံမႈမွာ အတုယူစရာေကာင္းလွသည္ ။ ထိုနိုင္ငံေလးသည္
ၿမစ္ေခ်ာင္း အင္းအိုင္ ေတာင္တန္းေဒသမ်ား ေပါမ်ားသည့္တိုင္ ထိုအရာမ်ားကို စနစ္တက်
ေကာင္းေကာင္း အသံုးခ်နိုင္ေသာ အရည္အခ်င္းသည္ အားက်အတုယူစရာ ေကာင္းလွသည္ ။ ထိုအထဲမွ
အသက္နဲ႕ရင္းကာ ေပ်ာ္ခ်င္ၾကေသာ ခရီးသည္မ်ားအတြက္ပင္ အေတာ္စံုေအာင္ ဆြဲေဆာင္ထားနိုင္ေလ၏
။
ထိုထဲတြင္ တကူးတက ေဖၚၿပလိုသည္မွာ ပါရာဂလိုက္ဒင္းေခၚ ေလဟုန္စီးၿခင္းႏွင့္
Bungee Jumping ေခၚသည့္ ေပ ၅၀၀ ခန္႕ၿမင့္ေသာ ေခ်ာက္ထဲသို႕ မိမိကိုယ္ကို ၾကိဳးၿဖင့္ခ်ည္ကာ
ၾကိဳးတံတားေပၚမွ အလြတ္ခုန္ခ်ၿခင္း ၊ Ultralight Flight ေခၚ ႏွစ္ေယာက္စီးေသာ
ေလယဥ္ငယ္ ၊ Zip Line ေခၚ ၾကိဳးေလွ်ာစီးၿခင္း ၊ Rafting ေခၚ အေပ်ာ္တမ္း
ေဖါင္စီးၿခင္းမ်ားကို ေတြ႕ၿမင္ခဲ႕ရပါသည္ ။
ထို႕ေနာက္ Mountain Museum သို႕ ထြက္ခြါလာခဲ႕၏
။ ထိုေတာင္ၾကီးမ်ားၿပတိုက္တြင္ ၿပသထားသည္မွာ စိတ္၀င္စားစရာ ေကာင္းလွပါသည္ ။ အဓိက ၿပသသည္မွာ
ေတာင္ၾကီးမ်ား၏ ပံုႏွင့္တကြ အၿမင့္ေပႏွင့္ ဧ၀ရတ္ေတာင္တက္သမားတို႕ အသံုးၿပဳခဲ႔ေသာ ေအာက္ဆီဂ်င္ဗူးမ်ားကို
ထိုၿပတိုက္တြင္ အမွတ္တရ ၿပသထားသည္ ။ ကြ်န္ေတာ္တို႕သည္ ပိုကရာတြင္ ေနာက္ဆံုး ၾကည့္ခဲ႕ေသာ
ေနရာမွာ ဤၿပတိုက္ပင္ ၿဖစ္ေလသည္ ။ မနက္ၿဖန္ ကြ်န္ေတာ္တို႕ ခတၲမႏၵဴသို႕ ၿပန္ၾကမည္ၿဖစ္သည္ ။
( နီေပါခရီး ဆက္ရန္
---->>> မနက္ၿဖန္ )
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၁၀၆ မွ ၁၃၁
)
#htoohtoolay
အလာတုန္းက ဒီခရီးကို ကားၿဖင့္
လာခဲ႕ၾကေသာ္လည္း အၿပန္တြင္ေတာ့ ေလယဥ္ၿဖင့္ ၿပန္ရန္ စီစဥ္ၾကသည္ ။ နီေပါတြင္ နိုင္ငံတကာေလဆိပ္မွာ
ခတၲမႏၵဴ ၿမိဳ႕တစ္ၿမိဳ႕မွာပဲ ရွိသည္ ။ ကုန္းပိတ္နိုင္ငံမို႕
နိုင္ငံတကာႏွင့္ ဆက္သြယ္ရန္ ေရလမ္းေၾကာင္းလည္း မရွိေပ ။ ေလဆိပ္ကို ကြ်န္ေတာ္တို႕ ေရာက္ၾကေသာ္
မိုးဖြဲဖြဲ ရြာေနသၿဖင့္ အားလံုး ခပ္သုတ္သုတ္ ေၿပးရပါေသးသည္ ။
ၿပည္တြင္း ေလေၾကာင္းလိုင္းၿဖစ္ေသာ္လည္း
ေလေၾကာင္းလမ္းေကာင္တာတြင္ ပတ္စ္ပို႕ၿပရသည္ ။ ေလေၾကာင္းေကာင္တာ ငါးခုရွိေသာ္လည္း သိပ္႕ၿပီး
စည္းကမ္းတင္းၾကပ္မႈမရွိ ၊ စည္းစနစ္က်မႈ အားနည္းေၾကာင္းကို ေတြ႕ရသည္ ။ လူတို႕မွာ တန္းစီေနရာမွ
မိမိအလွည့္ေရာက္ေသာ အခါ ေကာင္တာၿခင္းတူေသာ္လည္း ဒီဖလိုက္က ဒီဘက္မဟုတ္ ဟိုဘက္ဟုဆိုကာ
ေဘးကလူကို လြဲခ်သည္ ။ ထိုအခါ ခရီးသည္မ်ားမွာ လူတန္းေၿပာင္းကာ စီရၿခင္း ၊ သည္ဘက္မွ ဟိုဘက္သို႕
ၾကားၿဖတ္၀င္ၿခင္းမ်ား လုပ္ၾကသည္ ။
ခရီးေဆာင္အိတ္မ်ားမွာလည္း
ေလေၾကာင္းလိုင္း ေကာင္တာေနာက္တြင္ စုပံုေနကာ စက္ခါးပတ္ထဲသို႕ ေတာ္ေတာ္ႏွင့္ မတင္ေပ
။ ခရီးေဆာင္အိတ္မ်ားကို စစ္ေဆးရာတြင္လည္း ေလဆိပ္၀င္၀င္ခ်င္း အိပ္စ္ေရးစက္ၿဖင့္ စစ္ရမည္ၿဖစ္ေသာ္လည္း
Check In ၀င္ၿပီးမွ အိတ္မ်ားကို စစ္သည္ ။ တစ္ဖန္ စက္ကို ၿဖတ္ၿပီးသားအိတ္ကိုပင္ ခရီးသည္က
စက္ေနာက္၀င္၍
အိတ္ကိုတစ္ဖန္ဖြင့္ကာ
ပစၥည္းထပ္ထည့္ၿခင္း ၊
စသည္မ်ား ၿဖစ္ခ်င္တိုင္း ၿဖစ္ေနသည္ ။
လံံုၿခံဳေရး ေလ်ာ့နည္းသည္ကို
ေတြ႕ၿမင္ရ၏ ။ လူမ်ားကလည္း ေကာင္တာသို႕ ၀င္ခ်င္တိုင္း၀င္
၊ လံုၿခံဳေရးစစ္သည့္စက္မွ ေက်ာ္ကာ သြားခ်င္ရာသြား ၿဖစ္ေနၾကသည္ ။ ေလဆိပ္ စီမံခန္႕ခြဲမႈတြင္
ၿမန္မာနိုင္ငံကေတာ့ မ်ားစြာ သာေလ၏ ။ ကြ်န္ေတာ္တို႕ စီးရေသာ ေလယဥ္အမည္မွာ Yeti ၿဖစ္သည္
။ ရတီဆိုသည္မွာ ႏွင္းေတာင္ေပၚတြင္ ေတြ႕ရသည္ဆိုေသာ ဒ႑ာရီလာ Big Foot ေခၚ ႏွင္းလူကို ေခၚသည့္အမည္ၿဖစ္သည္
။ ႏွင္းလူ ေလေၾကာင္းလိုင္းၿဖစ္ ေန႕လည္ တစ္နာရီသာသာတြင္
ခတၲမႏၵဴၿမိဳ႕သို႕ ေခ်ာေခ်ာေမာေမာ ၿပန္ေရာက္ခဲ႕ၾကသည္
။ မူလတည္းခိုေသာ Traditional Comfort ဟိုတယ္တြင္ပင္ ၿပန္လည္ တည္းခိုၾကေပသည္ ။
ထို႕ေနာက္ ကြ်န္ေတာ္တို႕သည္ ကမၻာေပၚတြင္ အၿမင့္ဆံုးၿဖစ္သည့္ ဧ၀ရတ္ေတာင္ထိပ့္သို႕ တက္ၾကသည္ ။ ေၿခလ်င္ေတာ့မဟုတ္ ။ ေလယဥ္ၿဖင့္ ပတ္ၾကည့္ၿခင္းကို ဆိုၿခင္းၿဖစ္၏ ။ ေလယဥ္စီးခမွာ တစ္ေယာက္လွ်င္ ၁၉၂ ေဒၚလာၿဖစ္သည္ ။ ၿမန္မာေငြႏွင့္ တြက္ၾကည့္ေသာ္ တစ္ေယာက္ကို ႏွစ္သိန္းခြဲ၀န္းက်င္ၿဖစ္ေနသၿဖင့္ ေတာ္ရံုအေၿခေနၿဖင့္ စီးနင္းပတ္ၾကည့္နိုင္ရန္ မၿဖစ္ေပ ။ သို႕ေသာ္ ေလ့လာေရးေခၚေသာ မိတ္ေဆြမွ အစစအရာရာ တာ၀န္ယူသၿဖင့္ ကြ်န္ေတာ္သည္ ဧ၀ရတ္ေတာင္အား ပတ္ၾကည့္ခြင့္ကို ရရွိခဲ႕ပါသည္ ။ ကြ်န္ေတာ္စီးရေသာ ေလယဥ္အမည္မွာ Buddha Air ၿဖစ္၏ ။
ကြ်န္ေတာ္ စီးေသာ ေလယဥ္တြင္
ခရီးသည္ ၃၆ ေယာက္ ပါပါသည္ ။ နိုင္ငံတကာ ေလေၾကာင္းလိုင္းမဟုတ္သည့္အတြက္ ခံုမ်ားကို ရႈခင္း
ၿမင္နိုင္ေသာ တံတြင္းေပါက္ဘက္အၿခမ္းကိုသာ ေရာင္းခ်သည္ ။ ထူးၿခားသည္မွာ ေတာင္တန္းမ်ားေပၚ
ပတ္ပ်ံ စီးနင္းေသာ အခါ ေလယဥ္မွဴးအခန္းထဲသို႔ တစ္ေယာက္ခ်င္းစီ အလွည့္က် ၀င္ေရာက္ကာ ေလယဥ္စက္ခန္းမွေန
အၿပင္ကို ၾကည့္ရႈခြင့္ ရေလသည္ ။ ထိုၿမင္ကြင္းမွာ ပထမဆံုးအၾကိမ္ ၿမင္ေတြ႕ရသၿဖင့္ အေတာ္ေလး
ၾကည့္လို႔ ေကာင္းလွသည္ ။ ၿမင္ရေသာ ၿမင္ကြင္းမွာ
ေတာင္တန္းအမ်ားစုသည္ တိမ္မ်ားအၾကားမွ အေပၚသို႕ ထိုးတက္ေနေသာ အလြန္လွပသည့္ ရႈေမွ်ာ္ခင္းပင္
ၿဖစ္၏ ။ ဧ၀ရတ္ေတာင္သည္ မီတာအားၿဖင့္ ၈၈၄၈ မီတာ ၊ ေပအားၿဖင့္ ၂၉၀၂၉ ေပ ရွိသည္ ။ အသြင္အားၿဖင့္
မုန္႕စိမ္းေပါင္းတံုးၾကီးတစ္ခုလို ၾတိဂံ ပံုသ႑ာန္ ၿဖစ္သည္ ။ ေအာက္ေၿခတြင္ ေက်ာက္သားမ်ားႏွင့္
ဖြဲ႕စည္းထား၍
မြဲေၿခာက္ေၿခာက္
ၿဖစ္ေနၿပီး ထိုအေပၚမွ ႏွင္းမ်ား ဖံုးအုပ္ထားသၿဖင့္ အေပၚပိုင္းမွာ ၿဖဴၿဖဴေဖြးေဖြး ၿဖစ္ေနပါသည္
။ နီေပါတြင္ အလည္အပတ္ သြားေရာက္စဥ္ ေနာက္ဆံုး ၾကည္ရႈခဲ႕ေသာ ၿမင္ကြင္းလည္း ၿဖစ္၏ ။ ေနာက္တစ္ေန႕တြင္
ကြ်န္ေတာ္တို႔ ၿမန္မာနိုင္ငံသို႕ ၿပန္လည္ထြက္ခြါလာခဲ႔ၾကေတာ့သည္ ။
( နီေပါခရီး ဆက္ရန္ ---->>> ၿပီးပါၿပီ
)
မွီၿငမ္း - ( နီေပါၿပည္ေရာက္ ၿမန္မာတစ္ေယာက္ - စာ ၁၃၂ မွ ၁၅၈
)
#htoohtoolay
unicode -
နီပေါ ခရီးစဉ် စတင်ပြီ !
----
နီပေါသို့ အလည်ခရီးသွားရန် ဗီဇာ လျှောက်ရသည် ။ အဲ့ဒီ့အတွက် ရန်ကုန်မြို့ နတ်မောက်ရိပ့်သာလမ်းမှာရှိတဲ့ နီပေါသံရုံးသို့သွားကာ ၁၅ ရက် သက်တမ်းဗီဇာကို USD 25 ( မြန်မာငွေကျပ် ၂၆၀၀၀ ဝန်းကျင် ) ဖြင့် လျှောက်ထားလိုက်သည် ။
ခရီးစဉ် စတင်သောအခါ စီးရမည့်လေယဉ်သည် ည သန်ခေါင်ပင်ဖြစ်သည် ။ တိတိကျကျဆိုရသော် ည ၁၂ နာရီ ၂၀ မိနစ်၌ ထွက်ခွါသည် ။ ကျွန်တော့်၏ စိတ်ကူးထဲတွင် ကမ္ဘာလှည့် တင်တင်စိန် ရေးသားသည့် " ပြောပြစမ်းချင် နီပေါတစ်ခွင် " စာအုပ်မှ ဧဝရတ်တောင်အား လေဆိပ့်ကို မဆင်းသက်ခင် ကွေ့ဝိုက်ပျံသန်းရပုံကို ဖတ်ဖူးထားသဖြင့် ထိုမြင်ကွင်းကို ကြည့်ရှုခံစားရန် အားတင်းထားခဲ့သော်လည်း နီပေါသို့ ဆင်းသက်ချိန်တွင် သန်ခေါင်ကျော် ၂ နာရီအချိန် ဖြစ်နေသောကြောင့် ထိုအခွင့်အရေးများ ဆုံးရှုံးခဲ့ရသည် ။ သို့သော် ထိုမျှော်လင့်ချက်ကို ပစ်ပယ်မထားပေ ။ မြန်မာပြည်သို့ အပြန်ခရီးစဉ်တွင်တော့ တွေ့မြင်ရ ကောင်းပေအံ့ ။
နီပေါသို့ ရောက်ရှိ !
-----
လေယဉ်ကွင်းသို့ ဆင်းတက်ရောက်ရှိသောအခါ နီပေါလေယဉ်ကွင်းသည် မြန်မာနိုင်ငံ လေယဉ်ကွင်းလောက် မသားနားပါ ။ ထိုလေယဉ်ကွင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၂၀ လောက် နောက်ကျပြီးမှ ပြန်လည်ရောက်ရှိသွားသလို ထင်မှတ်ရသည် ။
လေယဉ်ကွင်း တစ်ကွင်းလုံး တိတ်ဆိတ်နေသည် ။ အချိန်မှာ သန်းခေါင်ကျော် ၂ ချက်တီး ဖြစ်နေသည်မို့ လာကြိုမည့်သူပင် ရှိပါတော့မလားဟု ထင်မှတ်လိုက်မိ၏ ။ ထိုအချိန်၌ လူတစ်ယောက် ကျွန်တော့်အမည်ဖြင့် ဆိုင်းဘုတ်တစ်ခု ကိုင်၍ မက်တပ်ရပ်နေခြင်းအား တွေ့လိုက်ရပေ၏ ။ တော်ပေသေးတော့သည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် :))
မှီငြမ်း - နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၉ မှ ၁၄ )
#htoohtoolay
အဖေါ်ရပြီ !
----
ကျွန်တော့်ကို လေ့လာရန် နီပေါကို လွှတ်လိုက်သူမှာ ---------- ဖြစ်သည် ။ သူ၏ အဆက်သွယ်ဖြင့် အဆင်ပြေ ချောမွေ့စွာ နီပေါသို့ ခြေချနိုင်ပြီး ခတ္တမန္ဒူ မြို့လယ်ကောင်မှာရှိသည့် Traditional Comfort Bou-tique ဟိုတယ်မှာ တည်းခိုခဲ့ရ၏ ။
မနက်ရောက်သောအခါ စနေနေ့ ဖြစ်နေသည် ။ နီပေါနိုင်ငံ၏ ဓလေ့ထုံးစံအတိုင်း စနေသည် တစ်နိုင်ငံလုံး အားလပ်ရက်အဖြင့် သတ်မှတ်ထားသည့်အတွက် ထိုနေ့သည် မိတ်ဆွေသစ် တစ်ဦးနှင့် တွေ့ဆုံနိုင်စရာ အကောင်းဆုံး အချိန်ဖြစ်သည် ။
ထို့နောက် ကျွန်တော့် မိတ်ဆွေပေးထားသော ဖုန်းနံပါတ်များကို ဆက်သွယ်သောအခါ တစ်ဖက်မှ နီပေါသံ ဝဲ၀ဲဖြင့် မြန်မာလို ပြန်ဖြေတာကို ကြားရ၏ ။ ခဏအကြာတွင် လူတစ်ယောက် ကျွန်တော်ရှိသော ဟိုတယ်သို့ ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည် ။ ထိုသူမှာ မိတ်ဆွေ၏ အသိဖြင့်ကာ သူ၏အမည်မှာ --------- ဖြစ်သည် ။ သူကပင် ဦးဆောင်၍ ခတ္တမန္ဒူမြို့အပြင်တွင် ရှိသော ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ဘက်တာပူရ်နန်းတော်ရာသို့ လိုက်ပို့ပါသည် ။
ထိုမြို့သည် မန္တလေး မြို့တော်လိုပင် ဆိုင်ကယ်မြို့တော် ဖြစ်သည် ။ ကျွန်တော့်ကို စိတ်ထိတ်လန့်စေသည်မှာ သူတို့သည် အင်္ဂလန်နိုင်ငံလို လမ်းဘယ်ဘက် ကပ်မောင်းရသော စနစ်ဖြစ်သည် ။ လက်ယာကပ်မောင်းသော မြန်မာပြည်သား အတွက်တော့ သူတို့ဆီက ဆိုင်ကယ်စီးရတာရော ၊ လမ်းဖြတ်ကူးရတာရော အသည်း ယားစရာဖြစ်သည် ။ လမ်းပြောင်းပြန်မောင်းနေသလို ခံစားရသည် ။
သူတို့မြို့ထဲမှ ရှေးဟောင်းမြို့တော် ဘက်တာပူရ်နန်းတော်ရာသို့ သွားရာလမ်းမှာ လေးလမ်းသွား လမ်းမကြီးဖြစ်ပြီး ဂျပန်အစိုးရမှ ခင်းပေးထားသော လမ်းဖြစ်၍လမ်း အလွန် ကောင်းပါသည် ။ ယာဉ်ကြော ပိတ်ဆို့မှုလည်း မရှိပေ ။ ရန်ကုန် - ပဲခူး အမြန် လမ်းဟောင်းလိုပင်ဖြစ်သည် ။ ထို လမ်းမပေါ်တွင် နွားများမှာ စိတ်ပြေနပြေ တုံးလုံး လှဲနေကြသည် ။ နီပေါတွင် ဟိန္ဒူ အများစုဖြစ်ပါသည်။ ဗုဒ္ဓဘာသာမှာ ဒုတိယလိုက်သည် ။ ၂၀၁၁ သန်ခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း၏ ၈၁.၃ ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာဝင်များဖြစ်ပြီး ဗုဒ္ဓဘာသာမှာ ၉ ရာခိုင်နှုန်း ၊ မွတ်စလင် ၃ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၁.၄ ရာခိုင်နှုန်း ရှိသည် ။ ယခု ကျွန်တော့်ကို လိုက်ပို့နေသော မိတ်ဆွေမှာ ဟိန္ဒူဘာသာဝင် ဖြစ်သည် ။
ထိုသူမှာ သူသည် မျိုးရိုးစဉ်ဆက်အရ ဂေါတမ မျိုးရိုးဖြစ်ကြောင်း (ဇာတ်မြင့်) ဖြစ်သည်ဟု ပြောသောကြောင့် ကျွန်တော်သည် သူ၏မျက်နှာကို အကဲခက်ကြည့်လေရာ အသားဖြူပြီး ဦးပတိရုပ် ကောင်းတာကို သတိထားမိသည် ။ နီပေါတွင် လူ တော်တော်များများသည် အားလုံး ချောမောလှပသည်ဟု မဆိုစေကာမူ အများစုမှာ ကြည့်ပျော် ရှုပျော် ရှိကြ၏ ။ အသားမှာလည်း မမည်းပေ ။ ဇာတ်မြင့် ဇာန်နှိမ့်ဟု ပြောဆိုသုံးနှုန်းသော်လည်း နောက်ပိုင်လူငယ်များမှာ ထို အမျိုးဇာတ်ခွဲခြားခြင်းကို လက်မခံတော့ကြောင်းနှင့် သူ၏ အဘိုးလက်ထက်က ဇာတ်မြင့်တို့ ချက်သော ထမင်းများမှတစ်ပါး ကျန်တာ မစားကြောင်း ပြောပြသည် ။
ယခုတွင်မူ ထိုအရာများကို အလေးမထားကြတော့ပေ ။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင်တော့ တစ်ခါသုံး ဖက်ခွက်ဖြင့်သာ ရောင်းချကြပြီး သောက်သုံးပြီးပါက လွှတ်ပစ်လိုက်ရုံသာ ရှိသည် ။ ထိုသို့ လုပ်ရခြင်းမှာ ဇာတ်နှိမ့် ဇာတ်မြင့် ပြသနာ မရှိစေရန်ဖြစ်ကြောင်း ပြောပြပါသည် ။
ဒီနေ့၌ ကျွန်တော်တို့သည် ခတ္တမန္ဒူမြို့အပြင်တွင် ရှိသော ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ဘက်တာပူရ်နန်းတော်ရာသို့ သွားရောက် လေ့လာခဲ့ကြပြီး လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ကိုယ်စီသောက်သုံးကာ ပြန်လာခဲ့ကြသည် ။
သို့သော် တစ်ခုပြောပြစရာ ရှိနေသေးသည်မှာ လမ်းဘေးလက်ဖက်ရည်ဆိုင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံကလို အကျအန ကိုယ့်ဝိုင်းနှင့်ကိုယ် စိတ်ပြေနပြေ ထိုင်သောက်ရသော စာပွဲပင် မရှိ ။ ကော်ခုံတစ်လုံးပေါ်၌ သူတို့ပေးသော ချိုစိပ့် ကျစိပ့် ပြောလို့ မရတဲ့ လက်ဖက်ရည် အရသာ တစ်မျိုးတည်းကို ကိုင်ဆောင်ရင်း သောက်သုံးရခြင်း ဖြစ်၏ ။ သို့သော် ထိုလက်ဖက်ရည်သည် အရသာ ကောင်းမွန်သည် ။ လက်ဆတ်သော နွားနို့အစစ်ဖြင့် ဖျော်ထားခြင်းကြောင့်စိမ့်ပြီး မွှေးနေသည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၁၅ မှ ၁၈ )
#htoohtoolay
ကျွန်တော်နှင့် မိုမို တွေ့ဆုံခြင်း !
----
နီပေါနိုင်ငံ အနှံ့အပြားတွင် MO MO ဆိုသော စကားလုံးကို အနှံ့အပြား တွေ့ရ၏ ။ အထူးသဖြင့် စားသောက်နိုင်များ၏ ရှေ့တွင် ရေးသားထားခြင်း ဖြစ်သည် ။ ကျွန်တော်ထင်သည်မှာ မြန်မာနိုင်ငံမှ သန်းကြွယ်ကဖီတို့ သပြေရိပ့်တို့ ၊ လပ်ကီးဆဲဗင်း လက်ဖက်ရည်ဆိုင်တို့လို နေရာအနှံ့ ဆိုင်ခွဲတွေရှိသော မိုမိုဆိုသည့် ကောင်မလေး ဖွင့်ထားသည့် ဆိုင်များဟု ထင်မိသည် ။ မိုမိုကို မိန်းကလေး ထင်နေရာ မြို့ခံ ကို----- က ကိုညီ့ကို မိုမိုနဲ့ ဧည့်ခံရအုန်းမယ်ဟု ပြောသောအခါ ကျွန်တော် အတော် ပျော်သွား၏ ။ ဒီလောက် အမည်ကြီးတဲ့ မိန်းကလေးကိုလဲ တွေ့ရပြီပေါ့ဟုလည်း တွေးမိသည် ။
နီပေါသူတွေ အလွန် ချောကြောင်း လှကြောင်းကိုလည်း လက်တွေ့ မြင်ထားရသဖြင့် မိုမိုကို မျှော်မိသည် ။ ----- က နီပေါဘာသာစကားဖြင့် စားပွဲထိုးအား ဘာတွေမှန်းမသိ ပြောနေသည် ။ ခဏအကြာတော့ ပန်ကန်ပြား တစ်ချပ်ဖြင့် မုန့်များ လာချသည် ။ မုန့်မှာ ဒင်ဆမ်းဆိုင်များတွင် ရောင်းသော ကလေးလက်သီးဆုပ်ခန့် ပေါက်စီအသေးလေးတွေ ခြောက်လုံးခန့် ဖြစ်သည် ။ ----- က သက်သတ်လွတ်ပေါက်စီ ၊ ကျွန်တော်က ကြက်သားပေါက်စီ ။ ( အခုမှ သတိတရ ပြောစရာရှိသေးသည်မှာ နီပေါတွင် လူတိုင်းက သက်သတ်လွတ်ချည်း စားကြသည်ဟု ယခင်တုန်းက မှတ်သားထားဖူးသည် ။ သို့သော် ထိုစကားမှာ အလုံးစုံ မှန်ကန်ခြင်းတော့ မရှိပေ ။ အသားစားသော သူများကိုလည်း တွေ့မြင်ခဲ့ရ၏ ) ။ ဒါနဲ့ စကားကို ဆက်ရသော် ကျွန်တောတို့နှစ်ယောက် ဆာဆာဖြင့် ကောက်လွေးနေစဉ် ဘယ်သူမှ ရောက်မလာသဖြင့် မိုမိုရော ရောက်မလာသေးဘူးလားဟု မေးရာ ကို ----- က ကျွန်တော် စားနေသော ပေါက်စီကို လက်ညှိုးထိုးညပသည် ။ ဟိုက် ရှာလပတ်ရည် . . . မိုမိုဆိုသည်မှာ ပေါက်စီ ဖြစ်နေသဖြင့် အင်း . . . သိပ့်တော့ မလွဲပါဘူး ၊ တူတော့ တူသားပဲဟု ကိုယ့်ဘာသာ ဖြေယူရတော့သည် ။ ဤမှာ မိုမိုနှင့် ကျွန်တော် တွေ့ဆုံခြင်းပေတည်း ။
( နီပေါခရီး ဆက်ရန် ---->>> ခဏနေ )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၂၅ မှ ၂၆ )
#htoohtoolay
ဗုဒ္ဓနတ်သ် သို့ . . .
-----
ကျွန်တော်တို့သည် ဗုဒနတ်သ်သို့ ထွက်လာခဲ့ကြသည် ။ ဗုဒ္ဓနတ်သ်ဆိုသော စကားလုံးကို မကြာခဏ ကြားဖူးသည် ။ စာထဲတွင်လည်း ဖတ်ဖူးသော်လည်း ဘာဆိုတာ ရှင်းရှင်းလင်းလင်း မသိ ။ ဘုရား လိုလို ၊ ဘုန်းကြီးကျောင်းလိုလို ၊ ရှေးဟောင်း အဆောက်အအုံလိုလို ဝိုးတိုးဝါးတားဖြစ်နေသည် ။ ထိုကြောင့် လမ်းတစ်လျှောက်လုံး မိမိ၏ စိတ်ကူးယဉ် အတွေးဖြင့် ဆိုင်ကယ်နောက်မှ အေးအေးသာသာ လိုက်ပါလာခဲ့ပါသည် ။ ထုံးစံအတိုင်း လမ်းများသည် အကွေ့အကောက်များနှင့် ရှုပ်ထွေးလွန်းလှ၏ ။
လမ်းဖြတ်ကူးပြီး ဝင်ပေါက်ငယ်လေးမှ ဝင်သွားသောအခါ မြင်ရသော မြင်ကွင်းမှာ လူတွေ အများချည်း ဘုရားပွဲတော်များတွင် သွားလာနေကြသလို ဘုရားကြီးကို လက်ယာရစ် ပတ်နေကြကြောင်း တွေ့ရသည် ။ ထိုထဲတွင် တိဗက် ဘုန်ကြီးများလည်း ပါ၏ ။ ထိုအရာကို သတိထားမိသည့် အချိန်မှစ၍ ဒေသခံ မိတ်ဆွေအား ဘုရားဖူးများ အဘယ်ကြောင့် ထိုသို့ ပြုမူကြကြောင်းကို မေးမြန်းလေရာ ထိုသူမှ ဤသို့ ရှင်းပြပါသည် ။
ဘုရားပေါ်တွင် လူအများ ထိုကဲ့သို့ လက်ယာရစ် လျှောက်သွားနေခြင်းမှာ ဘုရားကြီးအား တစ်ပတ်ပတ်နေခြင်း ဖြစ်ကြောင်း နှင့် ထိုသို့ တစ်ပတ်ပြည့်ပါက မည်မျှပင် အကုသိုလ်များစေကာမူ ထို အကုသိုလ်များ ပယ်ပျက်ကြောင်း ယုံကြည်ကြသောကြောင့် ဖြစ်ပါသည်ဟု ဆိုသည် ။
ယုံကြည်မှု ကောက်ကြောင်းကို ဖေါ်ပြရသော် ရှေးတစ်ရောအခါက နီပေါပြည်တွင် လူတစ်ယောက် ရှိသည် ။ သူသည် တစ်သက်လုံး ဘာကောင်းမှုမျှ မလုပ် ။ ဈေးဆိုင်ဖွင့်၍ဈေးရောင်းရာတွင်လည်း အပေါက်ဆိုးလွန်းသောကြောင့် သူ့ဆိုင်သို့ ဘယ်သူမှ လာမဝယ် ။ သူကွယ်လွန်သောအခါ အပယ်ငရဲသို့ ကျ၏။ ငရဲပြည်အ၀၀ယ် ယမမင်းက အမှု စစ်နေစဉ် ဘုရားရှင် ကြွလာတော်မူပြီး ထိုလူသားကို ငရဲမပို့ရန် တားမြစ်သည် ဆို၏ ။ အကျိုးအကြောင်းကို မေးမြန်းရာ ထိုသူမှာ လူ့ဘဝက အကုသိုလ်များခဲ့သော်လည်း ခွေးတစ်ကောင်ကို လိုက်မောင်းရင် ဗုဒ္ဓနတ်သ် စေတီတော်ကြီးကို တစ်ပတ်ပြည့်အောင် ပတ်မိဖူးထားကြောင်း ပြန်လည် မိန့်ကြားသည်ဆို၏ ။ ထို့ကြောင့် ထိုသူမှာ အပယ်မကျတော့ပဲ ကောင်းကင်ဘုံသို့ ရောက်ကြောင်းဆိုသည် ။ စိတ်ဝင်စားစရာပင် ။ ထို့ကြောင့် တိဗက်များသည် ထိုစေတီသို့ အရောက်လာကြကာ တစ်ပတ်ပြည့်တဲ့အထိ တကူးတက လာရောက် လှည့်ပတ်ဖူးမြှော်ကြသည်အား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါသည် ။
တိဗက်များ၏ အဆိုအရ ဤစေတီတော်ကြီးမှာ ယခင်က တောင်ကုန်းကြီးတစ်ခုသာဖြစ်ပြီး ၁၅ ရာစု ၊ သို့မဟုတ် ၁၆ ရာစုလောက်မှ ကုန်းအောက်ရှိစေတီတော်ကြီးကို တူးဖေါ်တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည် ။ မည်သို့ပင်ဆိုစေ ၁၉၅၀ တွင် တိဗက်ပြည် မငြိမ်မသပ်မှုကြောင့် တိဗက် ဒုက္ခသည်များ နီပေါ နိုင်ငံထဲသို့ ပြေးဝင်ခိုလုံကြရာတွင် ဤစေတီတော်ကြီး အနီးတစ်ဝှိုက်တွင် မြို့ရွာတည်ကာ အခြေချခဲ့ကြသည် ။ ထို့ကြောင့် ဤစေတီကြီးဘေးတွင် တိဗက်ရပ်ကွက် ဖြစ်နေပေသည် ။ တိဗက်ရိုးရာ ဈေးဆိုင်များ ၊ တိဗက် ဘုန်းတော်ကြီးကျောင်း ၊ တိဗက် စားသောက်ဆိုင်များကိုလည်း များစွာ တွေ့ရသည် ။
ဗုဒ္ဓဟူသည်မှာ နီပေါဘာသာဖြင့် စေတီပုထိုးကို ခေါ်ခြင်းဖြစ်ပြီး နတ်သ် Nath မှာ ကြီးမြတ်ခြင်း ဖြစ်သဖြင့် မဟာစေတီဟု အနက်ထွက်မည်ဖြစ်သည် ။ ထိုစေတီကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၁၉၇၉ တွင် အသိအမှတ် ပြုခဲ့ပါသည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၄၀ မှ ၄၅ )
#htoohtoolay
ချစ်တဝမ် အမျိုးသား ဥယျာဉ်သို့ . . .
------
ကျွန်တော်တို့သည် ချစ်တဝမ်အမျိုးသားဥယျာဉ်သို့ ထွက်ခွါလာခဲ့ပါသည် ။ သူတို့ဆီမှ နိုင်ငံခြားသားစီးသော tour bus မှာ မြန်မာပြည်မှ Tour Bus များလောက် မသားနားပါ ။ အသင့်အတင့် အဆင့်ပဲ ရှိလေသည် ။ ကျွန်တော်တို့၏ ခရီးဆောင်အိတ်များကို ကား ခေါင်မိုးပေါ်သို့ တင်ကြသည် ။ ကားသည် ၁၉ ယောက်စီး အလတ်စား ကားလေးတာ ဖြစ်သည် ။
ခတ္တမန္ဒူမှ ချစ်တဝမ်ခရိုင် သဘာဝဘေးမဲ့ ဥယျာဉ်ကို ၁၇၂ ကီလိုသာ ရှိသော်လည်း တောင်ပေါ်လမ်းဖြစ်သဖြင့် ခပ်ဖြေးဖြေး မောင်းရသောကြောင့် ခုနှစ်နာရီခန့် မောင်းရပါသည် ။ လမ်း၏ ညာဘက်တွင် တောင်ရှိ၍ လမ်း၏ လက်ဝဲဘက်တွင် မြေနှိမ့်ပိုင်းဖြစ်ကာ ထရွှေလီမြစ်ကို တွေ့မြင်ရသည် ။
နံနက် ခြောက်နာရီမှ စတင်ထွက်လာကြရာ နေ့လယ် တစ်နာရီခွဲဝန်းကျင်မှ ခရီးဆုံးသို့ ရောက်ကြသည် ။ ထို့နောက် ကျွန်တော်တို့ အဖွဲ့ကို ရှစ်ယောက်တစ်ဖွဲ့ ခြောက်ယောက် တစ်ဖွဲ့ ခွဲကာ ဟိုတယ်တစ်ခုစီတွင် တည်းခိုကြရသည် ။ ဟိုတယ်နားသို့ ရောက်ကြသော အခါ ဂျစ်ကားနှစ်စီးဖြင့် ကျွန်တော်တို့ကို လာကြိုပါသည် ။ ဟိုတယ်မှာ မဝေးသဖြင့် လမ်းလျှောက်သွားကြရာ Machan Country Villa ဟုခေါ်သော ဟိုတယ်မှ ဆင်တစ်ကောင်နှင့် ထွက်ကြိုနေတာ တွေ့ရ၏ ။
ထို့နောက် နေ့လည် ၃ နာရီခွဲလောက်တွင် ကျွန်တော်တို့ ဂျစ်ကားနှင့် တောထဲသို့ ထွက်လာခဲ့ကြသည် ။ချောင်းကလေးတစ်ခုကို ကားဖြတ်မောင်းလိုက်ပြီး မိနစ်အနည်းငယ်အကြာလောက် ဆက်လက် ထွက်ခွါလာကြသောအခါ ကျယ်ပြောသော မြက်ခင်းများနှင့် စိမ်းစိုနေသော လွင်ပြင်ကို တွေ့ရပါသည် ။ ဆယ်မိနစ်လောက် ဆက်မောင်းသော် တောစပ်သို့ ရောက်၏ တောအုပ်ကြီးမှာ တော်တော်လေး ကြီးမားထူထပ်သည် ။ သို့သော် ကံဆိုးသည်မှာ ချိန်ကြာမြင့်စွာ လျှောက်ပတ် မောင်းနှင်ရှာကြည့်ကြသော်လည်း ဂျိုမပေါက်သေးသော ကြံ့တစ်ကောင်နှင့် ကျားခြေရာ တစ်ခုကိုသာ တွေ့ခဲ့ကြရသည် ။
ညရောက်သော် ဟိုတယ်မှ ဘူဖေးညစာဖြင့်ဧည့်မခံမီ သူတို့ဒေသမှ Stick Dance ဖြင့် ဖျော်ဖြေပါသည် ။ ကပုံကနည်းမှာ ယောက်ကျားလေးများက တစ်လံလောက်ရှည်သော ဝါးကျစ်တုတ်များကို ကိုင်ထားကြသည် ။ မိန်းကလေးများက တစ်ပေလောက်ရှည်သော ဝါးကျစ်တုတ် နှစ်ချောင်းစီကို ကိုင်ထားကြပါသည် ။ တူညီဝတ်စုံများ ဝတ်ထားကြပြီး လက်ထဲတွင် ကိုင်ထားသော တုတ်များကို စင်္ကြာပုံစံ ဝှေ့ယမ်းကြသည် ။ ထို့နောက် သိချင်းဆိုလိုက် ၊ တစ်ယောက်က အနောက်ကနေ တုတ်နဲ့ ရိုက်သည်ကို ရှေ့ကတစ်ယောက်က နောက်လှည့်မကြည့်ပဲ တုတ်နဲ့ ကာလိုက်ဖြင့် အကကို ကကြသည် ။ မြန်မာနိုင်မှ ကချင်အကမျိုးနှင့်တော့ မတူပေ ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၅၄ မှ ၇၂ )
#htoohtoolay
လုမ္ဗိနီ သို့ . . .
---
ကျွန်တော်တို့သည် ချစ်တဝမ်မှ ထွက်ခွါလာခဲ့ကြပြီး တစ်မနက်လုံး ကားမောင်းလာခဲ့ကြသည် ။ ချစ်တဝမ်နှင့် လုမ္ဗိနီမှာ ၁၅၈ ကီလိုမီတာသာ ဝေးသော်လည်း တောင်လမ်းများ ဖြစ်သဖြင့် လေးနာရီခန့် ကားစီးရပါသည် ။ တစ်ဖက်မှာ တောင်တန်း ၊ တစ်ဖက်မှာတော့ ချောက်ကမ်းပါးပင် ။
လုမ္ဗိနီနှင့်ပတ်သတ်ကာ ဦးသန့်၏ ဂုဏ်ကျေးဇူးများကို ပြန်အမှတ်ရသဖြင့် အနည်းငယ်ပင် ဖေါ်ပြချင်ပါသေးသည် ။ မြန်မာနိုင်ငံသားဖြစ်သူ ကမ္ဘာ့ကုလသမ္မဂ္ဂကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်သည် ၁၉၆၇ ခုနှစ်တွင် ဗုဒ္ဓမြတ် ဖွားတော်မူရာ ဒီနေရာသို့ ရောက်ခဲ့သည် ။ ဘာသာတရားကို အလွန်ရိုသေကိုင်းရှိင်းသော ဗုဒ္ဓဘာသာဝင်ဖြစ်သည့် ဦးသန့်၏ နှလုံးသားဝယ် ယုံကြည်မှုတစ်ခု ဖြစ်ပေါ်ခဲ့၏ ။ ထိုယုံကြည်ချက်မှာ မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနီတွင် ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာမဟုတ်သော အသိုင်းအဝိုင်းမှ ခေါင်းဆောင်တို့ ညီညွှတ်စွာ လက်တွဲ၍သာယာဝပြောပြီး ခိုက်ရန်ဒေါသအပေါင်းတို့မှ ကင်းဝေးသော ကမ္ဘာတစ်ခု ဖန်တီးနိုင်ကြလိမ့်မည်ဆိုသော ယုံကြည်ချက်ပင် ဖြစ်သည် ။
ထိုယုံကြည်ချက်နှင့်အတူ လုမ္ဗိနီ၏ တည်ငြိမ်လေးနက်မှုအပေါ် လွန်စွာ သဘောကျသည့်အတွက် ဦးသန့်သည် ထိုအချိန်က နီပေါနိုင်ငံ အစိုးရနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည် ။ ထိုဆွေးနွေးခဲ့သည့် အကြောင်းအရာကား လုမိ္ဗနီကို နိုင်ငံတကာမှ ဘုရားဖူး ခရီးသည်များ လှည့်လည်ဖူးမြှော်ရာ ဌာနနှင့် ကမ္ဘာလှည့် ခရီးသည်တို့၏ ဗဟိုဌာနအဖြင့် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်ပါသည် ။
ဦးသန့်သည် မိမိရုံးစိုက်ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ကြီးသို့ ပြန်ရောက်သည်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လုမ္ဗိနီ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် အရေးတကြီး မေတ္တာရပ်ခံခဲ့ပါသည် ။ ထိုအဖွဲ့အစည်း၏ တုံ့ပြန်မှုသည် အားတက်ဖွယ်ရာဖြစ်သည် ။
စုစုပေင်း ၁၃ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာ လုမ္ဗိနီဖွံ့ဖြိုးရေးကော်မတီ ကို ၁၉၇၀ ပြည်နှစ်တွင် ကမ္ဘာ့ကုလသမ္မဂ္ဂဆိုင်ရာ နီပေါနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်ကို ဥက္ကဌနေရာထား၍ ဖွဲ့စည်း ခဲ့ပါသည် ။ ထို့နောက်မှတစ်ဖန် နောက်ထပ် နှစ်နိုင်ငံ ထပ်တိုးလာကာ စုစုပေါင်း ၁၅ နိုင်ငံဖြင့် လုမ္ဗိနီစီမံကိန်းကို အကောင်အထည် ဖေါ်ခဲ့လေခြင်း ဖြစ်ပါသည် ။
ထို ဦးသန့်၏ ကျေးဇူးကြောင့်ပင် ယခုလို လုမိနီ ကို တင့်တင့်တယ်တယ်ဖြင့် တွေ့မြင်နေရခြင်းဖြစ်သည် ။ ထိုကျေးဇူးကြောင့်မျှ မရှိပါက လုမ္ဗိနီသည် အိမ်ကျိုအိမ်ကြားထဲ၌အမြင်တော်စရာ မကောင်းလှအောင်ပင် ပျောက်ကွယ်သွားရမည်မှာ မလွဲနိုင်ပါပေ ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၇၃ မှ ၈၁ )
#htoohtoolay
နိုင်ငံခြားတိုင်းပြည်များတွင် Home Stay ခေတ်စားနေခဲ့သည်မှာ အတော်ပင် ကြာနေပါပြီ ။ အထူးသဖြင့် ခရီးသွား လုပ်ငန်းကို အဓိကအားထားသော နိုင်ငံများတွင် ထိုအလေ့အထသည် အင်မတန်မှ ခရီးပေါက်သော လုပ်ငန်းတစ်ခုဖြစ်ပါသည် ။ သို့သော် မြန်မာနိုင်ငံတွင်တော့ ထိုအလေ့အထမှာ နယ်စပ် တစ်ချို့နေရာများတွင်သာ အနည်းငယ် တွေ့ရတက်ပါသည် ။
Home Stay ဆိုသည်မှာ အခြားမဟုတ် ၊ နိုင်ငံခြား ဧည့်သည်များ ရန်ကုန်တွင် လာရောက် လည်ပတ်ပါက Hotel ကြီးများတွင် တည်းခိုနေထိုင်သကဲ့သို့ နယ်စပ်များတွင်လည်း ဟိုတယ်များနှင့် အလှမ်းဝေးကွာသော နေရာများတွင် နယ်ခံအိမ်ပိုင်ရှင်များမှ နိုင်ငံခြား ဧည့်သည်များကို နားလည်မှုဖြင့် လက်ခံ တည်းခိုခွင့်ပေးထားခြင်းကို ဆိုသည် ။ တစ်နည်းပြောရသော် Home Stay မှာ အိမ်ရှင်က ဧည့်သည်ကို နှစ်ရက်တန်သည် ၊ သုံးရက်တန်သည် လက်ခံ ထားခြင်းပင်ဖြစ်သည် ။ တည်းခိုခန်းနှင့်တော့ မတူပေ ။
အဘယ်ကြောင့်ဆိုသော် Home Stay တွင် ဧည့်သည်အတွက် တကူးတက service မပေးဘဲ မိမိတို့ စားသလိုစားရပြီး မိမိတို့ အိပ့်သလိုသာ အိပ့်ရသော တကယ့် သဘာ၀ စတိုင်ဖြစ်သည် ။ အထူးသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စရိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာလိုသော သူများအဖို့ အထူးကို ကောင်းမွန်သော ပုံစံဖြစ်သည် ။ သူတို့ စားသလိုစားပြီး သူတို့ အိပ့်သလို အိပ့်ရသော သဘာဝစတိုင်အပြည့်ပင် ။
Home Stay တွင် တစ်ရက်ကို တည်းခိုခအဖြင့် နားလည်မှု ငွေတန်ဖိုးသာ ပေးရပါသည် ။ ကျွန်တော်သည် မိမိတည်းခိုသော အိမ်တွင် တစ်ယောက်တည်းခိုနှုန်း ဘယ်လောက်ယူကြောင်းကို မိမိ၏ မိတ်ဆွေအား မေးကြည့်လေရာ တည်းရုံသက်သက်ဆိုလျှင် နီပေါရူပီ ၇၀၀ (မြန်မာငွေကျပ် ၈၀၀၀ )လောက်ကျသင့်ပြီး ထမင်းစားမယ်ဆို မြန်မာငွေ ၁၀၀၀ ကျပ် နှင့် လက်ဖက်ရည် သောက်မည်ဆိုပါက နောက်ထပ် ၁၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။ ထို Home Stay သည် နိုင်ငံခြား ခရီးသွားတွေအတွက် ငွေကျေးအနည်းငယ်ဖြင့် တည်းခိုနေထိုင်ခွင့် ရသလို ဒေသခံ ပြည်သူများအတွက်လည်း အိမ်ဝင်ငွေကို တစ်မျိုးတစ်ဖုံ တိုးစေပါသည် ။ ထို လုပ်ငန်းအတွက် သူတို့တွင် အစိုးရက တရားဝင် ခွင့်ပြုပေးထားသည် ။ မြန်မာနိုင်ငံတွင်တော့ ထိုသို့ အလွယ်တကူ အခွင့်ရမည်မဟုတ်ပေ ။
ကျွန်တော်တို့သည် ထို Home Stay ဖြင့် တည်းခိုခဲ့ရကာ ဆက်လက် ခရီးဆက်ကြသော် ပိုကရာ ရေကန်ကြီးသို့ ရောက်ရှိခဲ့ကြပါသည် ။ ထိုနေရာ၌ ထွေထွေထူးထူးတော့ မတွေ့ခဲ့ပါ ။ သတိထားမိသလောက်ပြောရသော် ရေကန်ကြီးအတွင်း၌ အရောင်အသွေးစုံလင်သော လှေများကိုသာ တွေ့ရှိခဲ့ရသည် ။ ထိုနေရာတွင် စက်ဘီးများလည်း ငှားရမ်းကြောင်း သိရှိရ၏ ။
နီပေါနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များထံမှ ငွေဝင်လာစေရန် အဖက်ဖက်မှ ဆွဲဆောင်နိုင်သော စီမံရှာကြံမှုမှာ အတုယူစရာကောင်းလှသည် ။ ထိုနိုင်ငံလေးသည် မြစ်ချောင်း အင်းအိုင် တောင်တန်းဒေသများ ပေါများသည့်တိုင် ထိုအရာများကို စနစ်တကျ ကောင်းကောင်း အသုံးချနိုင်သော အရည်အချင်းသည် အားကျအတုယူစရာ ကောင်းလှသည် ။ ထိုအထဲမှ အသက်နဲ့ရင်းကာ ပျော်ချင်ကြသော ခရီးသည်များအတွက်ပင် အတော်စုံအောင် ဆွဲဆောင်ထားနိုင်လေ၏ ။
ထိုထဲတွင် တကူးတက ဖေါ်ပြလိုသည်မှာ ပါရာဂလိုက်ဒင်းခေါ် လေဟုန်စီးခြင်းနှင့် Bungee Jumping ခေါ်သည့် ပေ ၅၀၀ ခန့်မြင့်သော ချောက်ထဲသို့ မိမိကိုယ်ကို ကြိုးဖြင့်ချည်ကာ ကြိုးတံတားပေါ်မှ အလွတ်ခုန်ချခြင်း ၊ Ultralight Flight ခေါ် နှစ်ယောက်စီးသော လေယဉ်ငယ် ၊ Zip Line ခေါ် ကြိုးလျှောစီးခြင်း ၊ Rafting ခေါ် အပျော်တမ်း ဖေါင်စီးခြင်းများကို တွေ့မြင်ခဲ့ရပါသည် ။
ထို့နောက် Mountain Museum သို့ ထွက်ခွါလာခဲ့၏ ။ ထိုတောင်ကြီးများပြတိုက်တွင် ပြသထားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည် ။ အဓိက ပြသသည်မှာ တောင်ကြီးများ၏ ပုံနှင့်တကွ အမြင့်ပေနှင့် ဧဝရတ်တောင်တက်သမားတို့ အသုံးပြုခဲ့သော အောက်ဆီဂျင်ဗူးများကို ထိုပြတိုက်တွင် အမှတ်တရ ပြသထားသည် ။ ကျွန်တော်တို့သည် ပိုကရာတွင် နောက်ဆုံး ကြည့်ခဲ့သော နေရာမှာ ဤပြတိုက်ပင် ဖြစ်လေသည် ။ မနက်ဖြန် ကျွန်တော်တို့ ခတ္တမန္ဒူသို့ ပြန်ကြမည်ဖြစ်သည် ။
( နီပေါခရီး ဆက်ရန် ---->>> မနက်ဖြန် )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၁၀၆ မှ ၁၃၁ )
#htoohtoolay
အလာတုန်းက ဒီခရီးကို ကားဖြင့် လာခဲ့ကြသော်လည်း အပြန်တွင်တော့ လေယဉ်ဖြင့် ပြန်ရန် စီစဉ်ကြသည် ။ နီပေါတွင် နိုင်ငံတကာလေဆိပ်မှာ ခတ္တမန္ဒူ မြို့တစ်မြို့မှာပဲ ရှိသည် ။ ကုန်းပိတ်နိုင်ငံမို့ နိုင်ငံတကာနှင့် ဆက်သွယ်ရန် ရေလမ်းကြောင်းလည်း မရှိပေ ။ လေဆိပ်ကို ကျွန်တော်တို့ ရောက်ကြသော် မိုးဖွဲဖွဲ ရွာနေသဖြင့် အားလုံး ခပ်သုတ်သုတ် ပြေးရပါသေးသည် ။
ပြည်တွင်း လေကြောင်းလိုင်းဖြစ်သော်လည်း လေကြောင်းလမ်းကောင်တာတွင် ပတ်စ်ပို့ပြရသည် ။ လေကြောင်းကောင်တာ ငါးခုရှိသော်လည်း သိပ့်ပြီး စည်းကမ်းတင်းကြပ်မှုမရှိ ၊ စည်းစနစ်ကျမှု အားနည်းကြောင်းကို တွေ့ရသည် ။ လူတို့မှာ တန်းစီနေရာမှ မိမိအလှည့်ရောက်သော အခါ ကောင်တာခြင်းတူသော်လည်း ဒီဖလိုက်က ဒီဘက်မဟုတ် ဟိုဘက်ဟုဆိုကာ ဘေးကလူကို လွဲချသည် ။ ထိုအခါ ခရီးသည်များမှာ လူတန်းပြောင်းကာ စီရခြင်း ၊ သည်ဘက်မှ ဟိုဘက်သို့ ကြားဖြတ်ဝင်ခြင်းများ လုပ်ကြသည် ။
ခရီးဆောင်အိတ်များမှာလည်း လေကြောင်းလိုင်း ကောင်တာနောက်တွင် စုပုံနေကာ စက်ခါးပတ်ထဲသို့ တော်တော်နှင့် မတင်ပေ ။ ခရီးဆောင်အိတ်များကို စစ်ဆေးရာတွင်လည်း လေဆိပ်ဝင်ဝင်ချင်း အိပ်စ်ရေးစက်ဖြင့် စစ်ရမည်ဖြစ်သော်လည်း Check In ဝင်ပြီးမှ အိတ်များကို စစ်သည် ။ တစ်ဖန် စက်ကို ဖြတ်ပြီးသားအိတ်ကိုပင် ခရီးသည်က စက်နောက်ဝင်၍အိတ်ကိုတစ်ဖန်ဖွင့်ကာ ပစ္စည်းထပ်ထည့်ခြင်း ၊ စသည်များ ဖြစ်ချင်တိုင်း ဖြစ်နေသည် ။
လံုံခြုံရေး လျော့နည်းသည်ကို တွေ့မြင်ရ၏ ။ လူများကလည်း ကောင်တာသို့ ဝင်ချင်တိုင်းဝင် ၊ လုံခြုံရေးစစ်သည့်စက်မှ ကျော်ကာ သွားချင်ရာသွား ဖြစ်နေကြသည် ။ လေဆိပ် စီမံခန့်ခွဲမှုတွင် မြန်မာနိုင်ငံကတော့ များစွာ သာလေ၏ ။ ကျွန်တော်တို့ စီးရသော လေယဉ်အမည်မှာ Yeti ဖြစ်သည် ။ ရတီဆိုသည်မှာ နှင်းတောင်ပေါ်တွင် တွေ့ရသည်ဆိုသော ဒဏ္ဍာရီလာ Big Foot ခေါ် နှင်းလူကို ခေါ်သည့်အမည်ဖြစ်သည် ။ နှင်းလူ လေကြောင်းလိုင်းဖြစ် နေ့လည် တစ်နာရီသာသာတွင် ခတ္တမန္ဒူမြို့သို့ ချောချောမောမော ပြန်ရောက်ခဲ့ကြသည် ။ မူလတည်းခိုသော Traditional Comfort ဟိုတယ်တွင်ပင် ပြန်လည် တည်းခိုကြပေသည် ။
ထို့နောက် ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် ဧဝရတ်တောင်ထိပ့်သို့ တက်ကြသည် ။ ခြေလျင်တော့မဟုတ် ။ လေယဉ်ဖြင့် ပတ်ကြည့်ခြင်းကို ဆိုခြင်းဖြစ်၏ ။ လေယဉ်စီးခမှာ တစ်ယောက်လျှင် ၁၉၂ ဒေါ်လာဖြစ်သည် ။ မြန်မာငွေနှင့် တွက်ကြည့်သော် တစ်ယောက်ကို နှစ်သိန်းခွဲဝန်းကျင်ဖြစ်နေသဖြင့် တော်ရုံအခြေနေဖြင့် စီးနင်းပတ်ကြည့်နိုင်ရန် မဖြစ်ပေ ။ သို့သော် လေ့လာရေးခေါ်သော မိတ်ဆွေမှ အစစအရာရာ တာဝန်ယူသဖြင့် ကျွန်တော်သည် ဧဝရတ်တောင်အား ပတ်ကြည့်ခွင့်ကို ရရှိခဲ့ပါသည် ။ ကျွန်တော်စီးရသော လေယဉ်အမည်မှာ Buddha Air ဖြစ်၏ ။
ကျွန်တော် စီးသော လေယဉ်တွင် ခရီးသည် ၃၆ ယောက် ပါပါသည် ။ နိုင်ငံတကာ လေကြောင်းလိုင်းမဟုတ်သည့်အတွက် ခုံများကို ရှုခင်း မြင်နိုင်သော တံတွင်းပေါက်ဘက်အခြမ်းကိုသာ ရောင်းချသည် ။ ထူးခြားသည်မှာ တောင်တန်းများပေါ် ပတ်ပျံ စီးနင်းသော အခါ လေယဉ်မှူးအခန်းထဲသို့ တစ်ယောက်ချင်းစီ အလှည့်ကျ ဝင်ရောက်ကာ လေယဉ်စက်ခန်းမှနေ အပြင်ကို ကြည့်ရှုခွင့် ရလေသည် ။ ထိုမြင်ကွင်းမှာ ပထမဆုံးအကြိမ် မြင်တွေ့ရသဖြင့် အတော်လေး ကြည့်လို့ ကောင်းလှသည် ။ မြင်ရသော မြင်ကွင်းမှာ တောင်တန်းအများစုသည် တိမ်များအကြားမှ အပေါ်သို့ ထိုးတက်နေသော အလွန်လှပသည့် ရှုမျှော်ခင်းပင် ဖြစ်၏ ။ ဧဝရတ်တောင်သည် မီတာအားဖြင့် ၈၈၄၈ မီတာ ၊ ပေအားဖြင့် ၂၉၀၂၉ ပေ ရှိသည် ။ အသွင်အားဖြင့် မုန့်စိမ်းပေါင်းတုံးကြီးတစ်ခုလို တြိဂံ ပုံသဏ္ဍာန် ဖြစ်သည် ။ အောက်ခြေတွင် ကျောက်သားများနှင့် ဖွဲ့စည်းထား၍မွဲခြောက်ခြောက် ဖြစ်နေပြီး ထိုအပေါ်မှ နှင်းများ ဖုံးအုပ်ထားသဖြင့် အပေါ်ပိုင်းမှာ ဖြူဖြူဖွေးဖွေး ဖြစ်နေပါသည် ။ နီပေါတွင် အလည်အပတ် သွားရောက်စဉ် နောက်ဆုံး ကြည်ရှုခဲ့သော မြင်ကွင်းလည်း ဖြစ်၏ ။ နောက်တစ်နေ့တွင် ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွါလာခဲ့ကြတော့သည် ။
( နီပေါခရီး ဆက်ရန် ---->>> ပြီးပါပြီ )
မှီငြမ်း - ( နီပေါပြည်ရောက် မြန်မာတစ်ယောက် - စာ ၁၃၂ မှ ၁၅၈ )
#htoohtoolay

Comments
Post a Comment