zawgyi -
အၾကားအၿမင္ဆိုတာ ယံုတမ္းစကား မဟုတ္ပါ
-----
ထိုအေၾကာင္းအရာႏွင့္ပတ္သတ္၍ ကြ်န္ပ္တို႕သည္ ေရွ႕အယူအဆမ်ားအရ အၾကားအၿမင္ဆိုသည့္အသံုးအႏႈန္းႏွင့္
သိပ့္စိမ္းလွသည္မဟုတ္ေပ ။ သို႕ေသာ္ ထိုအခ်က္မ်ားအား
ယေန႕ေခတ္ နည္းပညာမ်ားတိုးတက္လာေသာအခါ ေရွ႕က သိခြင့္မရခဲ႕ေသာ ထူးၿခားသည့္ အခ်က္အလက္တစ္ခ်ိဳ႕အား
ေဖၚထုတ္နိုင္လာခဲ႕သည္ၿဖစ္သည့္အေလ်ာက္ လူသားမ်ားသည္ ေခတ္ဦးလူသားမ်ား၏ ယံုၾကည္မႈဓေလ့ပညာရပ္မ်ားအေပၚ
အထင္အၿမင္ ေသးသိမ္လာခဲ႕ေပသည္ ။ မၿဖစ္နိုင္သည့္ စိတ္ကူးယဥ္ဇာတ္လမ္းမ်ားသဖြယ္ သတ္မွတ္လာၾကရံုသာမက
ထိုပညာရပ္မ်ားအေပၚတြင္လည္း မ်ားစြာ ေလွာင္ေၿပာင္မႈမ်ား တိုးပြားလာခဲ႕ေတာ့၏ ။ ထိုသို႕ဆိုလွ်င္
အမွန္ပင္ အတိတ္အေၾကာင္းအရာမ်ားအား ၿပန္လည္ၾကားၿမင္နိုင္သည့္စြမ္းအင္မွာ လူသားမ်ားအၾကား
ရွိေနၿခင္းမဟုတ္သည္အား ေသၿခာလက္ခံနိုင္ပါ၏ေလာ ။ ထိုအရာကို ကြ်န္ပ္တို႕ ေမးခြန္းထုတ္ေမးရန္
အလြန္ပင္ သင့္ေလွ်ာ္လွေပ၏ ။
ထိုအေၾကာင္းအရာႏွင့္ပတ္သတ္၍ ကြ်န္ပ္တို႕ ေမးခြန္းထုတ္မည္ဆိုလွ်င္မူ
ေသၿခာသည့္အေၿဖမွာ သင့္အား အံ႕အားသင့္ေစလိမ့္မည္ၿဖစ္၏ ။ အဘယ္ေၾကာင့္ဆိုေသာ္ အတိတ္က မိမိမသိေသာ
အေၾကာင္းအရာမ်ားအား ရွာေဖြနိုင္သည့္ ဒိဗၺစကၡဳအဘိဥာဏ္သည္
အမွန္ပင္ တည္ရွိေနေပသည္ ။
အေနာက္တိုင္းတြင္ ထိုအယူအဆႏွင့္ ပတ္သတ္၍ ေလ့လာမႈမ်ား မ်ားစြာ ရွိေလသည္ ။ ထိုအေၾကာင္းအရာအား
အေနာက္တိုင္းတြင္ ဆိုက္ကိုမက္ထရီ(Psychommetry) ဟု ေခၚၾကသည္ ။ အဓိပၸါယ္မွာ ၀ိညာဥ္ သို႔မဟုတ္ စိတ္ကို တိုင္းတာၿခင္းဟု
အနက္ၿပန္၏ ။
ထိုအရာႏွင့္ပတ္သတ္ကာ ထူးၿခားေသာ သီအိုရီမ်ားကို
ထုတ္ေဖၚခဲ႕ၾကသည္ ။ အဘယ္နည္းဆိုေသာ္ ဆိုက္ကိုမက္ထရီညာဏ္ရွိေသာသူတစ္ဦးသည္ အရာ၀တၴဳတစ္ခုအား ထိေတြ႕မိရံုၿဖင့္ ထိုအရာ၀တၴဳႏွင့္ပတ္သတ္၍ ၿဖစ္ေၾကာင္းကုန္စင္သမိုင္းအား တစ္ခုမက်န္
သိၿမင္နိုင္သည္ဆို၏ ။ ထိုအတူ အရာ၀တၴဳတိုင္းတြင္ပင္လွ်င္ ကိုယ္ပိုင္ မွတ္ညာဏ္မ်ား
တည္ရွိေနေၾကာင္းအား ယူဆၾကသည္ ။ အတိတ္ကာလသည္ ပ်က္ပယ္သြားၿခင္းမရွိပဲ ပံုစံတစ္မ်ိဳးၿဖစ္
ဤစၾကာ၀ဠာတုန္ခါၾကိမ္ႏႈန္းမ်ားအၾကား
တည္ရွိေနၾကေၾကာင္း ထုတ္ေဖၚေၿပာၾကားလာသည္ ။
ထိုအယူအဆမွာ လက္ေတြ႕စမ္းသပ္ခ်က္မ်ားအေပၚ
မွီတည္၍
ေၿပာဆိုလာၿခင္းၿဖစ္၏ ။
ေလ့လာမႈမ်ားအား အနည္းငယ္ ထုတ္ေဖၚရလွ်င္မူ စတီဖင္ေအာဆို၀ီကီအေၾကာင္း တင္ၿပလွ်င္ ၿပည့္စံုလံုေလာက္မည္ထင္၏
။
စတီဖင္ေအာဆို၀ီကီသည္ ရွရွားနိုင္ငံဖြား
စိတ္စြမ္းအားရွင္ တစ္ေယာက္ၿဖစ္ၿပီး ဆိုက္ကိုမက္ထရီညာဏ္ရွိသူၿဖစ္ေၾကာင္းဆိုသည္ ။ သူသည္
မနုတေရာင္ရွိန္ကို ၿမင္နိုင္စြမ္းရွိသူၿဖစ္သည့္အၿပင္ အရာ၀တၴဳကို စိတ္စြမ္းအားၿဖင့္ ေနရာေရြ႕ေၿပာင္းၿခင္းကို
ၿပဳလုပ္နိုင္ၿခင္းၿဖင့္ အမည္ၾကီးသူတစ္ေယာက္ၿဖစ္၏ ။ စိတ္စြမ္းအင္ကို အသံုးၿပဳကာ ရာဇ၀တ္မႈမ်ားစြာကိုလည္း
ေဖၚထုတ္နိုင္ခဲ႕သည္ ။ ထိုသူအား တစ္ေန႕တြင္ ထူးၿခားေသာ စမ္းသပ္မႈတစ္ခုကို ၿပဳလုပ္ခဲ႕ၾကသည္
။ ထိုစမ္းသပ္မႈအား ၁၉၃၅ ခုႏွစ္တြင္ ၾကြယ္၀ခ်မ္းသာေသာ ဟန္ေဂရီလူမ်ိဳးၿဖစ္သူ ဒီယြန္နီဇီ
ဂြ်န္ကီက သူ၏ စမ္းသပ္ခ်က္ကို သူေသၿပီးေနာက္ ၈ ႏွစ္အၾကာတြင္ ၿပဳလုပ္ရန္ စီစဥ္ခဲ့သည္
။ အမွန္စင္စစ္ စမ္းသပ္မႈတြင္ စမ္းသပ္ခံ စတီဖင္ႏွင့္ စမ္းသပ္မႈကို စီစဥ္ခဲ႕သူ ဂြ်န္ကီတို႕သည္
တစ္ဦးႏွင့္တစ္ဦး သိကြ်မ္းၿခင္း မရွိခဲ႕ေပ ။ ဂြ်န္ကီေသဆံုးၿပီးေနာက္ ၈ ႏွစ္အၾကာတြင္
၀ါေဆာတကၠသိုလ္
မွ ပေရာ္ဖက္ဆာ စတန္နီစေလာ ပိုနီအာေတာ္စကီ က ဂြ်န္ကီမွာခဲ႕သည့္အတိုင္း စတီဖင္အား စမ္းသပ္မႈ
ၿပဳလုပ္ခဲ႕ေလသည္ ။
ပထမစမ္းသပ္မႈမွာ ဓါတ္ပံု ၁၄ ပံုအား
စတီဖင္ေရွ႕တြင္ ေမွာက္လ်က္ ခ်ထားသည္ ။ ယင္းသို႕အထဲမွ ကြယ္လြန္သူ ဂြ်န္ကီ၏ ပံုအား မွန္ကန္စြာ
ရွာေဖြရန္ၿဖစ္သည္ ။ စတီဖင္သည္ မွန္ကန္စြာ ေရြးခ်ယ္ခဲ႕သည္ ။ ေရြးခ်ယ္ၿပီးေနာက္ စတီဖင္သည္
သူတစ္ခါမွ် ေတြ႕ဖူးၿခင္းမရွိသည့္ ဂြ်န္ကီ၏ ဘ၀ဇာတ္ေၾကာင္းအစံုအား ဓါတ္ပံုကိုကိုင္တြယ္လ်က္
အေသးစိတ္ ထုတ္ေဖၚေၿပာဆိုခဲ႕သည္ ။ ယင္းေၿပာဆိုခ်က္မွာလည္း မွန္ကန္လွသည္ ။ ထို႕ၿပင္ ယင္းဓါတ္ပံုအား
၈ ႏွစ္ၾကာထိန္းသိမ္းကိုင္တြယ္ခဲ႕သူ ပေရာ္ဖက္ဆာ စတန္နီစေလာ ၏ ကိုယ္ေရးအခ်က္အလက္မ်ားကိုလည္း
တိက်စြာ ေဟာေၿပာခဲ႕သည္ ။
စမ္းသပ္ခ်က္ေနာက္တစ္ခုမွာ ဂြ်န္ကီက
စတီဖင္သို႕ ေပးအပ္ခဲ့ေသာ လက္ေဆာင္အထုတ္တစ္ထုတ္ၿဖစ္၏ ။ ယင္းလက္ေဆာင္ထုတ္အား ကိုင္တြယ္လ်က္
အထဲတြင္ ပါ၀င္သည့္ပစၥည္းအား
ထုတ္ေဖၚရန္ၿဖစ္သည္ ။ စတီဖင္သည္ ယင္းအထုတ္အား ကိုင္တြယ္လ်က္ -
“ မီးေတာင္ေပါက္ကြဲၿခင္းက ထြက္ေပၚလာတဲ႕
တြင္းထြက္ပစၥည္းပဲ
။ ဒီအထဲမွ ပါတဲ႕တစ္ခုခုက ကြ်န္ေတာ့္ကို အၿခားကမၻာကို ဆြဲေခၚသြားတယ္ ။ ေနာက္ သၾကားနဲ႕ပတ္သတ္တာ
တစ္ခုခုရွိေနတယ္ ” ဟု ဆိုခဲ႕သည္ ။ အထုပ္အား ဖြင့္ေဖါက္ၾကည့္ေသာအခါ သၾကားလံုးပတ္သည့္
စကၠဴႏွင့္ပတ္ထားသည့္
ဥကၠာခဲတစ္ခု ၿဖစ္ေနခဲ႕သည္
။
ေနာက္စမ္းသပ္ခ်က္တစ္ခုမွာကား ေရွးေဟာင္း
သုေတသနစမ္းသပ္ခ်က္တစ္ခုၿဖစ္သည္ ။ သည္တစ္ၾကိမ္တြင္ စတီဖင္အား လြန္ခဲ႕သည့္ ႏွစ္ ၁၀၀၀၀
ေက်ာ္က ေရွးဦးလူသားတို႕ အသံုးၿပဳခဲ႕ေသာ မီးခက္ေက်ာက္တစ္ခုကို ကိုင္တြယ္ကာ အၿမင္မ်ားကို
ေၿပာၾကားေစခဲ႕သည္ ။ ထိုအခါ ပီတာက ေက်ာက္တံုးအား ၾကိဳတင္သိရွိထားၿခင္းမရွိပဲ သမိုင္းမတင္မီေခတ္က
ေနထိုင္ခဲ႕ၿပီး ယင္း မီးခတ္ေက်ာက္ကို ဖန္တီးခဲ႕သည့္ ေရွးေဟာင္းလူသားမ်ားအေၾကာင္း ထုတ္ေဖၚေၿပာဆိုခဲ႕သည္
။
ပီတာက သူသည္ အၿမင္မ်ား ရရာတြင္ ရုပ္ရွင္တစ္ခုကဲ႕သို႕
ၿမင္ေတြ႕ရၿပီး ရပ္တန္႕ထား၍ေသာ္လည္းေကာင္း
၊ ေရွ႕ေနာက္ ေရြ႕လ်ားေစၿခင္းၿဖစ္ေသာ္လည္းေကာင္း DVD တစ္ခ်ပ္ကို ၾကည့္ေနရသကဲ႕သို႕ပင္
ၿဖစ္ေၾကာင္း ေၿပာၾကားခဲ႕သည္ ။
#htoohtoolay
unicode -
အကြားအမြင်ဆိုတာ ယုံတမ်းစကားတော့ မဟုတ်ပါ
-----
ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ကျွန်ပ်တို့သည် ရှေ့အယူအဆများအရ အကြားအမြင်ဆိုသည့်အသုံးအနှုန်းနှင့် သိပ့်စိမ်းလှသည်မဟုတ်ပေ ။ သို့သော် ထိုအချက်များအား ယနေ့ခေတ် နည်းပညာများတိုးတက်လာသောအခါ ရှေ့က သိခွင့်မရခဲ့သော ထူးခြားသည့် အချက်အလက်တစ်ချို့အား ဖေါ်ထုတ်နိုင်လာခဲ့သည်ဖြစ်သည့်အလျောက် လူသားများသည် ခေတ်ဦးလူသားများ၏ ယုံကြည်မှုဓလေ့ပညာရပ်များအပေါ် အထင်အမြင် သေးသိမ်လာခဲ့ပေသည် ။ မဖြစ်နိုင်သည့် စိတ်ကူးယဉ်ဇာတ်လမ်းများသဖွယ် သတ်မှတ်လာကြရုံသာမက ထိုပညာရပ်များအပေါ်တွင်လည်း များစွာ လှောင်ပြောင်မှုများ တိုးပွားလာခဲ့တော့၏ ။ ထိုသို့ဆိုလျှင် အမှန်ပင် အတိတ်အကြောင်းအရာများအား ပြန်လည်ကြားမြင်နိုင်သည့်စွမ်းအင်မှာ လူသားများအကြား ရှိနေခြင်းမဟုတ်သည်အား သေခြာလက်ခံနိုင်ပါ၏လော ။ ထိုအရာကို ကျွန်ပ်တို့ မေးခွန်းထုတ်မေးရန် အလွန်ပင် သင့်လျှော်လှပေ၏ ။
ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ကျွန်ပ်တို့ မေးခွန်းထုတ်မည်ဆိုလျှင်မူ သေခြာသည့်အဖြေမှာ သင့်အား အံ့အားသင့်စေလိမ့်မည်ဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် အတိတ်က မိမိမသိသော အကြောင်းအရာများအား ရှာဖွေနိုင်သည့် ဒိဗ္ဗစက္ခုအဘိဉာဏ်သည် အမှန်ပင် တည်ရှိနေပေသည် ။
အနောက်တိုင်းတွင် ထိုအယူအဆနှင့် ပတ်သတ်၍ လေ့လာမှုများ များစွာ ရှိလေသည် ။ ထိုအကြောင်းအရာအား အနောက်တိုင်းတွင် ဆိုက်ကိုမက်ထရီ(Psychommetry) ဟု ခေါ်ကြသည် ။ အဓိပ္ပါယ်မှာ ဝိညာဉ် သို့မဟုတ် စိတ်ကို တိုင်းတာခြင်းဟု အနက်ပြန်၏ ။
ထိုအရာနှင့်ပတ်သတ်ကာ ထူးခြားသော သီအိုရီများကို ထုတ်ဖေါ်ခဲ့ကြသည် ။ အဘယ်နည်းဆိုသော် ဆိုက်ကိုမက်ထရီညာဏ်ရှိသောသူတစ်ဦးသည် အရာဝတ္ထုတစ်ခုအား ထိတွေ့မိရုံဖြင့် ထိုအရာဝတ္ထုနှင့်ပတ်သတ်၍ ဖြစ်ကြောင်းကုန်စင်သမိုင်းအား တစ်ခုမကျန် သိမြင်နိုင်သည်ဆို၏ ။ ထိုအတူ အရာဝတ္ထုတိုင်းတွင်ပင်လျှင် ကိုယ်ပိုင် မှတ်ညာဏ်များ တည်ရှိနေကြောင်းအား ယူဆကြသည် ။ အတိတ်ကာလသည် ပျက်ပယ်သွားခြင်းမရှိပဲ ပုံစံတစ်မျိုးဖြစ် ဤစကြာဝဠာတုန်ခါကြိမ်နှုန်းများအကြား တည်ရှိနေကြကြောင်း ထုတ်ဖေါ်ပြောကြားလာသည် ။
ထိုအယူအဆမှာ လက်တွေ့စမ်းသပ်ချက်များအပေါ် မှီတည်၍ ပြောဆိုလာခြင်းဖြစ်၏ ။ လေ့လာမှုများအား အနည်းငယ် ထုတ်ဖေါ်ရလျှင်မူ စတီဖင်အောဆိုဝီကီအကြောင်း တင်ပြလျှင် ပြည့်စုံလုံလောက်မည်ထင်၏ ။
စတီဖင်အောဆိုဝီကီသည် ရှရှားနိုင်ငံဖွား စိတ်စွမ်းအားရှင် တစ်ယောက်ဖြစ်ပြီး ဆိုက်ကိုမက်ထရီညာဏ်ရှိသူဖြစ်ကြောင်းဆိုသည် ။ သူသည် မနုတရောင်ရှိန်ကို မြင်နိုင်စွမ်းရှိသူဖြစ်သည့်အပြင် အရာဝတ္ထုကို စိတ်စွမ်းအားဖြင့် နေရာရွေ့ပြောင်းခြင်းကို ပြုလုပ်နိုင်ခြင်းဖြင့် အမည်ကြီးသူတစ်ယောက်ဖြစ်၏ ။ စိတ်စွမ်းအင်ကို အသုံးပြုကာ ရာဇဝတ်မှုများစွာကိုလည်း ဖေါ်ထုတ်နိုင်ခဲ့သည် ။ ထိုသူအား တစ်နေ့တွင် ထူးခြားသော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည် ။ ထိုစမ်းသပ်မှုအား ၁၉၃၅ ခုနှစ်တွင် ကြွယ်ဝချမ်းသာသော ဟန်ဂေရီလူမျိုးဖြစ်သူ ဒီယွန်နီဇီ ဂျွန်ကီက သူ၏ စမ်းသပ်ချက်ကို သူသေပြီးနောက် ၈ နှစ်အကြာတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည် ။ အမှန်စင်စစ် စမ်းသပ်မှုတွင် စမ်းသပ်ခံ စတီဖင်နှင့် စမ်းသပ်မှုကို စီစဉ်ခဲ့သူ ဂျွန်ကီတို့သည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခြင်း မရှိခဲ့ပေ ။ ဂျွန်ကီသေဆုံးပြီးနောက် ၈ နှစ်အကြာတွင် ဝါဆောတက္ကသိုလ် မှ ပရော်ဖက်ဆာ စတန်နီစလော ပိုနီအာတော်စကီ က ဂျွန်ကီမှာခဲ့သည့်အတိုင်း စတီဖင်အား စမ်းသပ်မှု ပြုလုပ်ခဲ့လေသည် ။
ပထမစမ်းသပ်မှုမှာ ဓါတ်ပုံ ၁၄ ပုံအား စတီဖင်ရှေ့တွင် မှောက်လျက် ချထားသည် ။ ယင်းသို့အထဲမှ ကွယ်လွန်သူ ဂျွန်ကီ၏ ပုံအား မှန်ကန်စွာ ရှာဖွေရန်ဖြစ်သည် ။ စတီဖင်သည် မှန်ကန်စွာ ရွေးချယ်ခဲ့သည် ။ ရွေးချယ်ပြီးနောက် စတီဖင်သည် သူတစ်ခါမျှ တွေ့ဖူးခြင်းမရှိသည့် ဂျွန်ကီ၏ ဘဝဇာတ်ကြောင်းအစုံအား ဓါတ်ပုံကိုကိုင်တွယ်လျက် အသေးစိတ် ထုတ်ဖေါ်ပြောဆိုခဲ့သည် ။ ယင်းပြောဆိုချက်မှာလည်း မှန်ကန်လှသည် ။ ထို့ပြင် ယင်းဓါတ်ပုံအား ၈ နှစ်ကြာထိန်းသိမ်းကိုင်တွယ်ခဲ့သူ ပရော်ဖက်ဆာ စတန်နီစလော ၏ ကိုယ်ရေးအချက်အလက်များကိုလည်း တိကျစွာ ဟောပြောခဲ့သည် ။
စမ်းသပ်ချက်နောက်တစ်ခုမှာ ဂျွန်ကီက စတီဖင်သို့ ပေးအပ်ခဲ့သော လက်ဆောင်အထုတ်တစ်ထုတ်ဖြစ်၏ ။ ယင်းလက်ဆောင်ထုတ်အား ကိုင်တွယ်လျက် အထဲတွင် ပါဝင်သည့်ပစ္စည်းအား ထုတ်ဖေါ်ရန်ဖြစ်သည် ။ စတီဖင်သည် ယင်းအထုတ်အား ကိုင်တွယ်လျက် -
“ မီးတောင်ပေါက်ကွဲခြင်းက ထွက်ပေါ်လာတဲ့ တွင်းထွက်ပစ္စည်းပဲ ။ ဒီအထဲမှ ပါတဲ့တစ်ခုခုက ကျွန်တော့်ကို အခြားကမ္ဘာကို ဆွဲခေါ်သွားတယ် ။ နောက် သကြားနဲ့ပတ်သတ်တာ တစ်ခုခုရှိနေတယ် ” ဟု ဆိုခဲ့သည် ။ အထုပ်အား ဖွင့်ဖေါက်ကြည့်သောအခါ သကြားလုံးပတ်သည့် စက္ကူနှင့်ပတ်ထားသည့် ဥက္ကာခဲတစ်ခု ဖြစ်နေခဲ့သည် ။
နောက်စမ်းသပ်ချက်တစ်ခုမှာကား ရှေးဟောင်း သုတေသနစမ်းသပ်ချက်တစ်ခုဖြစ်သည် ။ သည်တစ်ကြိမ်တွင် စတီဖင်အား လွန်ခဲ့သည့် နှစ် ၁၀၀၀၀ ကျော်က ရှေးဦးလူသားတို့ အသုံးပြုခဲ့သော မီးခက်ကျောက်တစ်ခုကို ကိုင်တွယ်ကာ အမြင်များကို ပြောကြားစေခဲ့သည် ။ ထိုအခါ ပီတာက ကျောက်တုံးအား ကြိုတင်သိရှိထားခြင်းမရှိပဲ သမိုင်းမတင်မီခေတ်က နေထိုင်ခဲ့ပြီး ယင်း မီးခတ်ကျောက်ကို ဖန်တီးခဲ့သည့် ရှေးဟောင်းလူသားများအကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည် ။
ပီတာက သူသည် အမြင်များ ရရာတွင် ရုပ်ရှင်တစ်ခုကဲ့သို့ မြင်တွေ့ရပြီး ရပ်တန့်ထား၍သော်လည်းကောင်း ၊ ရှေ့နောက် ရွေ့လျားစေခြင်းဖြစ်သော်လည်းကောင်း DVD တစ်ချပ်ကို ကြည့်နေရသကဲ့သို့ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည် ။
#htoohtoolay



Comments
Post a Comment