zawgyi -
ထူးၿခားေသာ သတ္ၿဖတ္မႈမ်ား
-----
ကမၻာေပၚတြင္ မႈခင္းေရးရာအေၾကာင္းအရာမ်ားႏွင့္ပတ္သတ္၍ ထူးၿခားၿဖစ္စဥ္မ်ား ၿဖစ္ေပၚခဲ႕သည္ ။
ထိုထူးၿခားၿဖစ္စဥ္မ်ားမွာ သတ္ၿဖတ္မႈၿဖစ္သည္ ။ ထင္ရွားေက်ာ္ၾကားသည့္ စိတၲဇဆန္ဆန္ သတ္ၿဖတ္မႈမ်ားအတြင္း ကြ်န္ပ္တို႕
အေၿဖရွာမရသည့္ တိုင္တန္းမႈမ်ားလည္း ယေန႕အခ်ိန္ထိတိုင္ ၿဖစ္ပြားလ်က္ရွိရာ ပံုစံတူ သတ္ၿဖတ္မႈမ်ား၏
ဇစ္ၿမစ္အေၾကာင္းၿခင္းရာမ်ားအား ေၿဖရွင္းနိုင္ၿခင္း မရွိၾကေသးေပ ။ ထိုသတ္ၿဖတ္မႈသည္ တိရိစၧာန္တို႕၏ အဂၤါအစိတ္အပိုင္းမ်ားကို ယူေဆာင္ၿခင္းပင္
ၿဖစ္္၏ ။
ယင္းၿဖစ္စဥ္မွာ ကြ်ဲႏြား စသည့္ တိရိစၧာန္မ်ားအား ေသြးမထြက္ေစပဲ တစ္မူထူးၿခားစြာ
သတ္ၿဖတ္ၿခင္းမ်ားၿဖစ္သည္ ။ ကမၻာတစ္၀ွမ္းလံုးတြင္လည္း
သိုးမ်ား ၊ ၿမင္းမ်ား ၊ ဆိတ္မ်ား ၊ ၀က္ ၊ ယုန္ ၊ ေၾကာင္ ၊ ေခြးမ်ား ၊ သမင္မ်ားႏွင့္
သမင္ၾကီးမ်ိဳးမ်ား စသည့္ သတၲ၀ါ
အမ်ားအၿပား အထက္ေဖၚၿပပါအတိုင္း သတ္ၿဖတ္ၿခင္းခံရေၾကာင္း သတင္းပို႕မႈ အေၿမာက္အမ်ား လက္ခံရရွိခဲ႕သည္
။ ယင္း အသတ္ခံရေသာ ၿဖစ္စဥ္မ်ားတြင္ ေသြးတစ္စက္ မထြက္ေစပဲ နားရြက္မ်ား ၊ ေမးရိုးေဘးမွ
အသားမ်ား ၊ လွ်ာမ်ား ၊ လိင္အဂၤါႏွင့္ သတ္ဆိုင္ေသာ အရာမ်ား ၊ စအိုလမ္းေၾကာင္းမ်ားကို
ၿဖတ္ထုတ္ယူၿခင္း ခံရသကဲ႕သို႕ မ်က္လံုးမ်ားကိုလည္း ေဖါက္ထုတ္ယူၿခင္းမ်ား ၿဖစ္ေပၚလ်က္
ရွိသည္ ။
ယင္းၿဖစ္စဥ္သည္ ၁၉၆၇ ခုႏွစ္ေရာက္သည့္တိုင္
ကြ်ဲႏြား ေမြးၿမဴေရးၿခံၾကီးမ်ားမွလႊဲ၍ က်န္ေနရာမ်ားတြင္ သတင္းပ်ံ႕ႏွံ႕မႈမ်ား မရွိခဲ႕ေသးေပ ။ အသတ္ခံရေသာ
ၿဖစ္စဥ္မ်ားကို ေလ့လာၾကည့္ရာတြင္ ထူးဆန္းစြာ အသတ္ခံရေသာ တိရိစၧာန္တို႕တြင္ လွီးၿဖတ္ၿခင္းခံရေသာ အနာတို႕သည္
သန္႕ရွင္းလ်က္ လွီးၿဖတ္ၿခင္းမဟုတ္ပဲ ခြဲစိတ္ၿဖတ္ေတာက္ကာ ရယူခဲ႕ၿခင္းၿဖစ္ေၾကာင္း ေတြ႕ရွိရ၏
။ ေနာက္တစ္ခ်က္မွာ အခင္းၿဖစ္ပြားေသာေနရာႏွင့္ ခြဲစိတ္ၿဖတ္ေတာက္ခံရေသာ အနာတို႕တြင္ ေသြးထြက္သည့္
လကၡဏာမ်ား မေတြ႕ခဲ႕ရၿခင္းၿဖစ္သည္
။ ထိုအၿပင္ ထိုသတ္ၿဖတ္ခံထားရေသာ တိရိစၧာန္တိုင္းကိုလဲ မည္သည့္သားေကာင္မ်ားမွ လာေရာက္စားေသာက္ၿခင္းလည္း
မေတြ႕ရေပ ။ ထိုေသဆံုးေနေသာ အေသေကာင္မ်ားအား အိမ္ေမြးတိရိစၧာန္မ်ားအေရွ႕ေရာက္ေသာအခါ အိမ္ေမြးတိရိစၧာန္တို႕သည္ ေဒါသထြက္သည့္ပံုစံႏွင့္ ေၾကာက္လန္႕သည့္ပံုစံမ်ား
ၿဖစ္ေပၚလာခဲ႕သည္ကို ေတြ႕ရွိရသည္ ။ ေသဆံုးေသာ အေသေကာင္မ်ား၏ ၉၀ ရာခိုင္ႏႈန္းမွာ ၄ ႏွစ္မွ
၅ ႏွစ္အရြယ္ တိရိစၧာန္မ်ား
ၿဖစ္ေနသည္ ။
ထိုအၿပင္ တစ္ခ်ိဳ႕သတ္ၿဖတ္ခံရေသာအရာမ်ားမွာ
တိုေတာင္းေသာ အခ်ိန္အတြင္း ၿဖစ္ပ်က္ခဲ႕ေၾကာင္းလည္း ေတြ႕ရွိရ၏ ။ (A2002NIDS) ဟု သတ္မွတ္ထားေသာ
သတင္းပို႕ခ်က္တစ္ခုတြင္ ဥတခ်္(Utah)ၿပည္နယ္မွ အၿဖစ္အပ်က္တစ္ခုကို ေဖၚၿပထားသည္ ။ ထိုေန႕က
ေမြးၿမဴေရးၿခံၾကီးႏွစ္ခုအတြင္းရွိ အလုပ္သမားမ်ားသည္ ႏြားမ်ားကို အမွတ္အသားၿပဳလုပ္ရန္
စာရြက္မ်ား ခ်ိတ္ဆြဲေပးလ်က္ရွိသည္ ။ ႏြားငယ္ကေလးတစ္ေကာင္အား အမွတ္အသား ၿပဳလုပ္လိုက္သည္
။ ထို႕ေနာက္ အၿခားႏြားမ်ားသို႕ ဆက္လက္အမွတ္အသားမ်ား ၿပဳလုပ္လ်က္ရွိသည္ ။ ႏြားငယ္ေလး
တည္ရွိေနရာႏွင့္ ေမြးၿမဴေရးၿခံၾကီးသည္ ကိုက္ ၃၀၀ ခန္႔သာ ကြာေ၀းေနခဲ႕သည္ ။ ေနာက္ နာရီ၀က္ခန္႕အၾကာတြင္ကား
မူလအမွတ္အသားၿပဳလုပ္ခဲ႕ေသာ ႏြားငယ္ေလးမွာ လံုး၀နီးပါး ကလီဇာမ်ား ထုတ္ထားၿခင္း ခံရသည္ကို
ေတြ႕ရွိရေတာ့သည္ ။ ႏြားငယ္ကေလး၏ ၾကြက္သားအမ်ားစုႏွင့္ ကိုယ္တြင္းရိွ အဂၤါအစိတ္အပိုင္းတို႕
အားလံုးနီးပါး ထုတ္ယူၿခင္း ခံလိုက္ရသည္ ။ ေသြးလံုး၀မထြက္ ၊ အၾကမ္းဖက္ၿခင္း ခံရပံုကို
လံုး၀မေတြ႕ရေပ ။
ဆက္လက္စစ္ေဆးခ်က္မ်ားအရ အသတ္ခံရေသာ
တိရိစၧာန္ေဘးတြင္
ေၿခရာလက္ရာ လံုး၀မရွိ ။ ယင္းသို႕ မရွိၿခင္းသည္ပင္ ထူးဆန္းစြာ သတ္ၿဖတ္ခံရၿခင္း၏ လကၡဏာၿဖစ္ေနသည္ ။ သို႕ေသာ္ အခ်ိဳ႕ ၿဖစ္ရပ္မ်ားတြင္ေတာ့
အမွတ္အသားမ်ား ေတြ႕ၾကရသည္ ။
ေက်ာ္ၾကားေသာ ၿမင္းမေလး စနစ္ဖီ ၿဖစ္ရပ္တြင္
ၿမင္းမေလး အေလာင္းေကာင္မွ ေပ ၁၀၀ အတြင္း မည္သည့္ေၿခရာ တစ္စံုတစ္ရာမွ် မေတြ႕ရေပ ။ ထူးၿခားလြန္းေသာအၿဖစ္မွာ
ယင္း ေပတစ္ရာ ပတ္လည္အတြင္း ၿမင္းမေလး၏ ေၿခရာပင္ ေပ်ာက္ဆံုးေနၿခင္းၿဖစ္သည္ ။ သို႕ေသာ္
ယင္းအ၀န္းအ၀ိုင္းအတြင္း ေသးငယ္ေသာ တြင္းေပါက္ကေလးမ်ားကို ေတြ႕ရွိရၿပီး ေၿမၿပင္အား ထြင္းေဖါက္ထားသကဲ႕သို႕
ရွိသည္ ။ ထို႕အၿပင္ ေပတစ္ရာ ပတ္လည္အတြင္းရွိ ၿခံဳပုတ္ပင္ႏွစ္ခုမွာ တစ္ခုခုၿဖင့္ ဖိထားသကဲ႕သို႕
ပိၿပားေနခဲ႕သည္ ။
ထိုကဲ႕သို႕ပင္ မက္ဆီကိုနိုင္ငံရွိ ရီအိုအာရီဘ
စီရင္စု တြင္ ၁၉၇၆ ခုႏွစ္က သံုးႏွစ္အရြယ္ရွိေသာ ႏြားမေလးတစ္ေကာင္ အသတ္ခံရမႈတြင္ ေလစုပ္ထားသည့္
ခြက္ပံုစံအရာမ်ားကို ေတြ႕ရသည္ ။ ယင္းအရာမ်ားသည္ သံုးေခ်ာင္းေထာက္ပံုစံရွိေနၿပီး အခ်င္းအားၿဖင့္
၄ လက္မ ရွိကာ တစ္ခြက္ႏွစ္ တစ္ခြက္ ၂၈လက္မ အကြာ ရွိေနသည္ ။ ယင္းတို႕သည္ စြတ္ေၾကာင္းပံုစံံၿဖစ္ေနၿပီး
ေသဆံုးေနေသာ ႏြားမေလးမွ ေပကိုက္ ၅၀၀ အကြာတြင္ ေပ်ာက္ကြယ္သြားေတာ့သည္ ။ တစ္ခ်ိဳ႕မွာ
အသတ္ခံရေသာ ေနရာတြင္ အလင္းေရာင္မ်ား ထြက္ေပၚေနသည္အား ေတြ႕ရွိရေၾကာင္း ေၿပာဆိုၾက၏ ။
#htoohtoolay
unicode -
ထူးခြားသော သတ်ဖြတ်မှုများ
-----
ကမ္ဘာပေါ်တွင် မှုခင်းရေးရာအကြောင်းအရာများနှင့်ပတ်သတ်၍ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည် ။ ထိုထူးခြားဖြစ်စဉ်များမှာ သတ်ဖြတ်မှုဖြစ်သည် ။ ထင်ရှားကျော်ကြားသည့် စိတ္တဇဆန်ဆန် သတ်ဖြတ်မှုများအတွင်း ကျွန်ပ်တို့ အဖြေရှာမရသည့် တိုင်တန်းမှုများလည်း ယနေ့အချိန်ထိတိုင် ဖြစ်ပွားလျက်ရှိရာ ပုံစံတူ သတ်ဖြတ်မှုများ၏ ဇစ်မြစ်အကြောင်းခြင်းရာများအား ဖြေရှင်းနိုင်ခြင်း မရှိကြသေးပေ ။ ထိုသတ်ဖြတ်မှုသည် တိရိစ္ဆာန်တို့၏ အင်္ဂါအစိတ်အပိုင်းများကို ယူဆောင်ခြင်းပင် ဖြစ်၏ ။
ယင်းဖြစ်စဉ်မှာ ကျွဲနွား စသည့် တိရိစ္ဆာန်များအား သွေးမထွက်စေပဲ တစ်မူထူးခြားစွာ သတ်ဖြတ်ခြင်းများဖြစ်သည် ။ ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်း သိုးများ ၊ မြင်းများ ၊ ဆိတ်များ ၊ ဝက် ၊ ယုန် ၊ ကြောင် ၊ ခွေးများ ၊ သမင်များနှင့် သမင်ကြီးမျိုးများ စသည့် သတ္တဝါ အများအပြား အထက်ဖေါ်ပြပါအတိုင်း သတ်ဖြတ်ခြင်းခံရကြောင်း သတင်းပို့မှု အမြောက်အများ လက်ခံရရှိခဲ့သည် ။ ယင်း အသတ်ခံရသော ဖြစ်စဉ်များတွင် သွေးတစ်စက် မထွက်စေပဲ နားရွက်များ ၊ မေးရိုးဘေးမှ အသားများ ၊ လျှာများ ၊ လိင်အင်္ဂါနှင့် သတ်ဆိုင်သော အရာများ ၊ စအိုလမ်းကြောင်းများကို ဖြတ်ထုတ်ယူခြင်း ခံရသကဲ့သို့ မျက်လုံးများကိုလည်း ဖေါက်ထုတ်ယူခြင်းများ ဖြစ်ပေါ်လျက် ရှိသည် ။
ယင်းဖြစ်စဉ်သည် ၁၉၆၇ ခုနှစ်ရောက်သည့်တိုင် ကျွဲနွား မွေးမြူရေးခြံကြီးများမှလွှဲ၍ ကျန်နေရာများတွင် သတင်းပျံ့နှံ့မှုများ မရှိခဲ့သေးပေ ။ အသတ်ခံရသော ဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် ထူးဆန်းစွာ အသတ်ခံရသော တိရိစ္ဆာန်တို့တွင် လှီးဖြတ်ခြင်းခံရသော အနာတို့သည် သန့်ရှင်းလျက် လှီးဖြတ်ခြင်းမဟုတ်ပဲ ခွဲစိတ်ဖြတ်တောက်ကာ ရယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရ၏ ။ နောက်တစ်ချက်မှာ အခင်းဖြစ်ပွားသောနေရာနှင့် ခွဲစိတ်ဖြတ်တောက်ခံရသော အနာတို့တွင် သွေးထွက်သည့် လက္ခဏာများ မတွေ့ခဲ့ရခြင်းဖြစ်သည် ။ ထိုအပြင် ထိုသတ်ဖြတ်ခံထားရသော တိရိစ္ဆာန်တိုင်းကိုလဲ မည်သည့်သားကောင်များမှ လာရောက်စားသောက်ခြင်းလည်း မတွေ့ရပေ ။ ထိုသေဆုံးနေသော အသေကောင်များအား အိမ်မွေးတိရိစ္ဆာန်များအရှေ့ရောက်သောအခါ အိမ်မွေးတိရိစ္ဆာန်တို့သည် ဒေါသထွက်သည့်ပုံစံနှင့် ကြောက်လန့်သည့်ပုံစံများ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည် ။ သေဆုံးသော အသေကောင်များ၏ ၉၀ ရာခိုင်နှုန်းမှာ ၄ နှစ်မှ ၅ နှစ်အရွယ် တိရိစ္ဆာန်များ ဖြစ်နေသည် ။
ထိုအပြင် တစ်ချို့သတ်ဖြတ်ခံရသောအရာများမှာ တိုတောင်းသော အချိန်အတွင်း ဖြစ်ပျက်ခဲ့ကြောင်းလည်း တွေ့ရှိရ၏ ။ (A2002NIDS) ဟု သတ်မှတ်ထားသော သတင်းပို့ချက်တစ်ခုတွင် ဥတချ်(Utah)ပြည်နယ်မှ အဖြစ်အပျက်တစ်ခုကို ဖေါ်ပြထားသည် ။ ထိုနေ့က မွေးမြူရေးခြံကြီးနှစ်ခုအတွင်းရှိ အလုပ်သမားများသည် နွားများကို အမှတ်အသားပြုလုပ်ရန် စာရွက်များ ချိတ်ဆွဲပေးလျက်ရှိသည် ။ နွားငယ်ကလေးတစ်ကောင်အား အမှတ်အသား ပြုလုပ်လိုက်သည် ။ ထို့နောက် အခြားနွားများသို့ ဆက်လက်အမှတ်အသားများ ပြုလုပ်လျက်ရှိသည် ။ နွားငယ်လေး တည်ရှိနေရာနှင့် မွေးမြူရေးခြံကြီးသည် ကိုက် ၃၀၀ ခန့်သာ ကွာဝေးနေခဲ့သည် ။ နောက် နာရီဝက်ခန့်အကြာတွင်ကား မူလအမှတ်အသားပြုလုပ်ခဲ့သော နွားငယ်လေးမှာ လုံးဝနီးပါး ကလီဇာများ ထုတ်ထားခြင်း ခံရသည်ကို တွေ့ရှိရတော့သည် ။ နွားငယ်ကလေး၏ ကြွက်သားအများစုနှင့် ကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတို့ အားလုံးနီးပါး ထုတ်ယူခြင်း ခံလိုက်ရသည် ။ သွေးလုံးဝမထွက် ၊ အကြမ်းဖက်ခြင်း ခံရပုံကို လုံးဝမတွေ့ရပေ ။
ဆက်လက်စစ်ဆေးချက်များအရ အသတ်ခံရသော တိရိစ္ဆာန်ဘေးတွင် ခြေရာလက်ရာ လုံးဝမရှိ ။ ယင်းသို့ မရှိခြင်းသည်ပင် ထူးဆန်းစွာ သတ်ဖြတ်ခံရခြင်း၏ လက္ခဏာဖြစ်နေသည် ။ သို့သော် အချို့ ဖြစ်ရပ်များတွင်တော့ အမှတ်အသားများ တွေ့ကြရသည် ။
ကျော်ကြားသော မြင်းမလေး စနစ်ဖီ ဖြစ်ရပ်တွင် မြင်းမလေး အလောင်းကောင်မှ ပေ ၁၀၀ အတွင်း မည်သည့်ခြေရာ တစ်စုံတစ်ရာမျှ မတွေ့ရပေ ။ ထူးခြားလွန်းသောအဖြစ်မှာ ယင်း ပေတစ်ရာ ပတ်လည်အတွင်း မြင်းမလေး၏ ခြေရာပင် ပျောက်ဆုံးနေခြင်းဖြစ်သည် ။ သို့သော် ယင်းအဝန်းအဝိုင်းအတွင်း သေးငယ်သော တွင်းပေါက်ကလေးများကို တွေ့ရှိရပြီး မြေပြင်အား ထွင်းဖေါက်ထားသကဲ့သို့ ရှိသည် ။ ထို့အပြင် ပေတစ်ရာ ပတ်လည်အတွင်းရှိ ခြုံပုတ်ပင်နှစ်ခုမှာ တစ်ခုခုဖြင့် ဖိထားသကဲ့သို့ ပိပြားနေခဲ့သည် ။
ထိုကဲ့သို့ပင် မက်ဆီကိုနိုင်ငံရှိ ရီအိုအာရီဘ စီရင်စု တွင် ၁၉၇၆ ခုနှစ်က သုံးနှစ်အရွယ်ရှိသော နွားမလေးတစ်ကောင် အသတ်ခံရမှုတွင် လေစုပ်ထားသည့် ခွက်ပုံစံအရာများကို တွေ့ရသည် ။ ယင်းအရာများသည် သုံးချောင်းထောက်ပုံစံရှိနေပြီး အချင်းအားဖြင့် ၄ လက်မ ရှိကာ တစ်ခွက်နှစ် တစ်ခွက် ၂၈လက်မ အကွာ ရှိနေသည် ။ ယင်းတို့သည် စွတ်ကြောင်းပုံစံံဖြစ်နေပြီး သေဆုံးနေသော နွားမလေးမှ ပေကိုက် ၅၀၀ အကွာတွင် ပျောက်ကွယ်သွားတော့သည် ။ တစ်ချို့မှာ အသတ်ခံရသော နေရာတွင် အလင်းရောင်များ ထွက်ပေါ်နေသည်အား တွေ့ရှိရကြောင်း ပြောဆိုကြ၏ ။

Comments
Post a Comment