Skip to main content

ေခါင္းကိုက္တယ္ဆိုတာ

zawgyi -

ေခါင္းကိုက္တယ္ဆိုတာ
-----
ေခါင္းကိုက္တယ္ဆိုတာ ခႏာကိုယ္ ဒါမွမဟုတ္ အာရံုေၾကာဖြဲ႕စည္းမႈစနစ္ ကေမာက္ကမ ၿဖစ္တဲ႕ လကဏာပါပဲ ။ ဦးေခါင္းခြံအတြင္းမွာရွိတဲ႕ အခ်ိဳ႕ဖြဲ႕စည္းမႈေတြကေန နာက်င္ကိုက္ခဲမႈက လာတာၿဖစ္ပါတယ္ ။ ဦးေႏွာက္အတြင္းမွာရွိတဲ႕ ေသြးၿပန္ေၾကာၾကီးေတြဟာ နာက်င္မႈအာရံုကို ခံစားလြယ္ပါတယ္ ။


ဦးေႏွာက္ကိုယ္တိုင္ကေတာ့ နာက်င္မႈအာရံုကို ခံစားလြယ္မႈ မရွိပါဘူး ။ ဒါေပမယ့္ ဦးေႏွာက္ကို ဖံုးအုပ္ထားတဲ့အလႊာေတြ ၊ ေသြးၿပန္ေၾကာေတြ ၊ ေသြးလႊတ္ေၾကာေတြကေတာ့ ခံစားလြယ္ပါတယ္ ။ ေခါင္းကိုက္တယ္ဆိုတာ အဲ႕ဒီ႕အရာေတြ နာက်င္မႈရဲ႕ အက်ိဳးသက္ေရာက္မႈပါပဲ ။

ႏွာေခါင္းရိုးေတြ ၊ ၾကြက္သားေတြ ထိခိုက္နာက်င္တဲ႕ အခါမွာလည္း ေခါင္းကိုက္တယ္ဆိုတာ ၿဖစ္လာတာပါပဲ ။ ေခါင္းကိုက္ရတဲ႕ အၿခား , အၿခားေသာ အေၾကာင္းအရင္းေတြ . . . ေခါင္းကိုက္ပံု ေခါင္းကိုက္နည္း အမ်ိဳးမ်ိဳးေတြြလည္း ရွိပါေသးတယ္ ။ ေခါင္းကိုက္တယ္ဆိုတာ ဖ်ားနာမႈ မဟုတ္သလို မ်ားေသာအားၿဖင့္က ေရာဂါလည္း မဟုတ္ပါ ။

#htoohtoolay


unicode -

ခေါင်းကိုက်တယ်ဆိုတာ
-----
ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ် ဒါမှမဟုတ် အာရုံကြောဖွဲ့စည်းမှုစနစ် ကမောက်ကမ ဖြစ်တဲ့ လက္ခဏာပါပဲ ။ ဦးခေါင်းခွံအတွင်းမှာရှိတဲ့ အချို့ဖွဲ့စည်းမှုတွေကနေ နာကျင်ကိုက်ခဲမှုက လာတာဖြစ်ပါတယ် ။ ဦးနှောက်အတွင်းမှာရှိတဲ့ သွေးပြန်ကြောကြီးတွေဟာ နာကျင်မှုအာရုံကို ခံစားလွယ်ပါတယ် ။

ဦးနှောက်ကိုယ်တိုင်ကတော့ နာကျင်မှုအာရုံကို ခံစားလွယ်မှု မရှိပါဘူး ။ ဒါပေမယ့် ဦးနှောက်ကို ဖုံးအုပ်ထားတဲ့အလွှာတွေ ၊ သွေးပြန်ကြောတွေ ၊ သွေးလွှတ်ကြောတွေကတော့ ခံစားလွယ်ပါတယ် ။ ခေါင်းကိုက်တယ်ဆိုတာ အဲ့ဒီ့အရာတွေ နာကျင်မှုရဲ့ အကျိုးသက်ရောက်မှုပါပဲ ။

နှာခေါင်းရိုးတွေ ၊ ကြွက်သားတွေ ထိခိုက်နာကျင်တဲ့ အခါမှာလည်း ခေါင်းကိုက်တယ်ဆိုတာ ဖြစ်လာတာပါပဲ ။ ခေါင်းကိုက်ရတဲ့ အခြား , အခြားသော အကြောင်းအရင်းတွေ . . . ခေါင်းကိုက်ပုံ ခေါင်းကိုက်နည်း အမျိုးမျိုးတွွေလည်း ရှိပါသေးတယ် ။ ခေါင်းကိုက်တယ်ဆိုတာ ဖျားနာမှု မဟုတ်သလို များသောအားဖြင့်က ရောဂါလည်း မဟုတ်ပါ ။

#htoohtoolay

Comments