Zawgyi -
ကမၻာ႕ထြက္ရပ္ေပါက္
ကမၻာ႕ထြက္ရပ္ေပါက္
-----
ကြ်န္ေတာ္တို႕ ၿမန္မာနိုင္ငံတြင္ တြင္တြင္က်ယ္က်ယ္သိၿမင္ၾကသည့္
အေၾကာင္းအရာတစ္ခုရွိသည္ ။ ထိုအရာမွာ ၀ိဇၨာအတက္ပညာၿဖစ္ၿပီး ထိုပညာရပ္မွသည္ ထြက္ရပ္ေပါက္ပုဂၢိဳလ္မ်ား မ်ားစြာ ေလွ်ာက္လွမ္းသြားၾကသည္ဟု
ဆိုသည့္ ထြက္ရပ္ေပါက္လမ္းစဥ္တစ္ခုရွိေၾကာင္းသိရသည္ ။ ထိုအယူအဆမ်ားႏွင့္ဆက္လ်င္း၍ ေလ့လာၾကည့္ေသာအခါ ၿမန္မာနိုင္ငံတစ္ခုတြင္သာ
မဟုတ္ပဲ ကမၻာအရပ္ရပ္မွာပင္
ထိုအယူအဆႏွင့္ ဆက္လ်င္းသည့္ ကိစၥအေတာ္မ်ားမ်ားကို
ေတြ႕ရွိလာခဲ့ရ၏ ။ ယခုတင္ၿပမည့္အခ်က္မွာလဲ ထိုအေၾကာင္းအရာမ်ားထဲမွ တစ္ခုၿဖစ္သည္ ။
ကမၻာေၿမေပၚတြင္ ေရွးယခင္အခ်ိန္အခါမ်ားအတြင္း
ထူးၿခားဆန္းၿပားသည့္ ေနရပ္တစ္ခုရွိခဲ႕သည္ဆို၏ ။ ထိုေနရာသည္ ယခုအခ်ိန္ထိတိုင္ တည္ရွိေနေသာ္လည္း
လူအမ်ား၏ ၿမင္ကြင္းမ်ားထဲမွ ကြယ္၀ွက္ကာ ေလ့လာသူအမ်ားအၿပားကိုလည္း ေပ်ာက္ဆံုးသြားေစခဲ႕သည္
။ ၄င္းေနရာအား ကမၻာအရပ္ရပ္မွ အမည္ေပးထားသည္မွာ ရွမ္ဗဲလား
ၿဖစ္၏ ။
ထိုရွမ္ဗဲလားႏွင့္ ပတ္သတ္ကာ ကမၻာအရပ္ရပ္က ကိုင္လက္ရွ္ အမည္ရွိ ေတာင္ၾကီးတစ္ခုကို
ရည္ညႊန္းထားၾကသည္ ။ ထိုေတာင္ၾကီးသည္ ထူးၿခားဆန္းက်ယ္သည့္ ေရွးအေၿပာမ်ားႏွင့္သာမက ယခုအခါတြင္လည္း
သီအိုရီမ်ားစြာ ထြက္ေပၚေနခဲ႕သည့္ ေတာင္ၾကီးၿဖစ္သည္ ။ ထိုေတာင္သည္ တိဘက္ တရုတ္ၿပည္နယ္စပ္တြင္
တည္ရွိေနေသာ ထရန္ရွင္း မေလးရွားေတာင္တန္းၾကီး၏ အစိတ္အပိုင္းတစ္ခုၿဖစ္ေသာ ကိုင္လက္ရွ္ေတာင္တန္းၾကီးမွ
ေတာင္ထြဋ္တစ္ခုၿဖစ္သည္ ။ ထို႔အၿပင္ ယင္းေတာင္ထြဋ္ၾကီးသည္ အာရွတိုက္အတြင္းရွိ အရွည္လ်ားဆံုး
ၿမစ္ၾကီးေလးၿမစ္အစၿပဳရာ အနီးအနားတြင္ တည္ရွိေနသည္ ။
ထိုေတာင္သည္ ထူးၿခားသည့္ဖြဲ႕စည္းပံုေၾကာင့္
လူအမ်ား၏ စိတ္၀င္စားၿခင္းကို ခံေနရသည့္အၿပင္ ေရွးယံုၾကည္ခ်က္မ်ားေၾကာင့္လည္း အမည္ေက်ာ္ေဇာလ်က္ရွိသည္
။ ယံုၾကည္မႈအရ ကိုင္လက္ရွ္ေတာင္သည္ ကမၻာ႕၀င္ရိုးကို ကိုယ္စားၿပဳေသာ ေနရာၿဖစ္ၿပီး ယင္းေတာင္ေတာ္သည္
နိဗၺာန္ဘံုသို႕
သြားေရာက္သည့္ တံခါးေပါက္ဟု ဆိုၾက၏ ။
ကိုင္လက္ရွ္ေတာင္၏ တည္ရွိေနေသာ ပံုသ႑ာန္အရ
လူလုပ္ေတာင္ ၿဖစ္ေၾကာင္း အေထာက္အထားမ်ား တစ္ပိုင္းတစ္ဆ ေပၚထြက္လ်က္ရွိကာ ထိုေတာင္သည္
အကယ္စင္စစ္ လူလုပ္ေတာင္ ၿဖစ္ပါက ကမၻာ႕အၾကီးဆံုး
ပိရိမစ္ၾကီးတစ္ခုအၿဖစ္ စာရင္း၀င္သြားမည္ၿဖစ္ေတာ့သည္ ။ ထိုေတာင္သည္ ပိရိမစ္ႏွင့္ တူရံုသာမက
ေဘးပတ္ပတ္လည္တြင္လည္း ေသးငယ္ေသာ ပိရိမစ္ေလးမ်ား ၀ိုင္းရံထားၿခင္းကို ေတြ႕ရွိရသည္ ။
ရွရွားသိပၸံပညာရွင္မ်ားက
ကိုင္လက္ရွ္ေတာင္ထြဋ္သည္ သဘာ၀ေတာင္ထြဋ္တစ္ခုမဟုတ္ပဲ အလြန္ေရွးက်ေသာကာလက လူလုပ္ပိရိမစ္တစ္ခုၿဖစ္ေၾကာင္း
အတည္ၿပဳေၿပာၾကား၏ ။
ထိုေတာင္ထြဋ္ႏွင့္ပတ္သတ္၍ ေနာက္ထပ္စိတ္၀င္စားစရာတစ္ခုမွာ အိုမင္းရင့္ေရာ္ၿခင္းမ်ား
လွ်င္ၿမန္ေနၿခင္းပင္ၿဖစ္သည္ ။ ယင္းေဒသသို႕ သြားေရာက္လည္ပတ္ခဲ႕သူ ခရီးသြားဧည့္သည္မ်ားမွ
ထူးၿခားေသာ သတင္းပို႕ခ်က္မ်ားကို ယခုထက္တိုင္ ၾကားသိေနရေသး၏ ။ ထိုအရာမွာ ယင္းေတာင္ဧရိယာတြင္
၁၂ နာရီ အခ်ိန္ကုန္လြန္ေစမည္ဆိုပါက အၿပင္ေလာကတြင္ ၂ ပတ္ၾကာအခ်ိန္ကဲ႕သို႕ ဆံပင္မ်ား
ရွည္လာၿခင္း ၊ လက္သည္းမ်ား ရွည္ထြက္လာၿခင္းတို႕ ေတြ႕ၾကံဳရသည္ဟု ၿပန္လည္ေၿပာဆိုလာၾက၏
။ ထိုေနရာသည္ ရွမ္ဗဲလား နယ္ေၿမတစ္ခုၿဖစ္သည္ဟုလည္း လူအမ်ား လက္ခံထားၾကေသာ ေနရာတစ္ခုၿဖစ္သည္ ။
#htoohtoolay
unicode -
ကမ္ဘာ့ထွက်ရပ်ပေါက်
-----
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ်သိမြင်ကြသည့် အကြောင်းအရာတစ်ခုရှိသည် ။ ထိုအရာမှာ ဝိဇ္ဇာအတက်ပညာဖြစ်ပြီး ထိုပညာရပ်မှသည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ များစွာ လျှောက်လှမ်းသွားကြသည်ဟု ဆိုသည့် ထွက်ရပ်ပေါက်လမ်းစဉ်တစ်ခုရှိကြောင်းသိရသည် ။ ထိုအယူအဆများနှင့်ဆက်လျင်း၍ လေ့လာကြည့်သောအခါ မြန်မာနိုင်ငံတစ်ခုတွင်သာ မဟုတ်ပဲ ကမ္ဘာအရပ်ရပ်မှာပင် ထိုအယူအဆနှင့် ဆက်လျင်းသည့် ကိစ္စအတော်များများကို တွေ့ရှိလာခဲ့ရ၏ ။ ယခုတင်ပြမည့်အချက်မှာလဲ ထိုအကြောင်းအရာများထဲမှ တစ်ခုဖြစ်သည် ။
ကမ္ဘာမြေပေါ်တွင် ရှေးယခင်အချိန်အခါများအတွင်း ထူးခြားဆန်းပြားသည့် နေရပ်တစ်ခုရှိခဲ့သည်ဆို၏ ။ ထိုနေရာသည် ယခုအချိန်ထိတိုင် တည်ရှိနေသော်လည်း လူအများ၏ မြင်ကွင်းများထဲမှ ကွယ်ဝှက်ကာ လေ့လာသူအများအပြားကိုလည်း ပျောက်ဆုံးသွားစေခဲ့သည် ။ ၎င်းနေရာအား ကမ္ဘာအရပ်ရပ်မှ အမည်ပေးထားသည်မှာ ရှမ်ဗဲလား ဖြစ်၏ ။
ထိုရှမ်ဗဲလားနှင့် ပတ်သတ်ကာ ကမ္ဘာအရပ်ရပ်က ကိုင်လက်ရှ် အမည်ရှိ တောင်ကြီးတစ်ခုကို ရည်ညွှန်းထားကြသည် ။ ထိုတောင်ကြီးသည် ထူးခြားဆန်းကျယ်သည့် ရှေးအပြောများနှင့်သာမက ယခုအခါတွင်လည်း သီအိုရီများစွာ ထွက်ပေါ်နေခဲ့သည့် တောင်ကြီးဖြစ်သည် ။ ထိုတောင်သည် တိဘက် တရုတ်ပြည်နယ်စပ်တွင် တည်ရှိနေသော ထရန်ရှင်း မလေးရှားတောင်တန်းကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကိုင်လက်ရှ်တောင်တန်းကြီးမှ တောင်ထွဋ်တစ်ခုဖြစ်သည် ။ ထို့အပြင် ယင်းတောင်ထွဋ်ကြီးသည် အာရှတိုက်အတွင်းရှိ အရှည်လျားဆုံး မြစ်ကြီးလေးမြစ်အစပြုရာ အနီးအနားတွင် တည်ရှိနေသည် ။
ထိုတောင်သည် ထူးခြားသည့်ဖွဲ့စည်းပုံကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့်အပြင် ရှေးယုံကြည်ချက်များကြောင့်လည်း အမည်ကျော်ဇောလျက်ရှိသည် ။ ယုံကြည်မှုအရ ကိုင်လက်ရှ်တောင်သည် ကမ္ဘာ့ဝင်ရိုးကို ကိုယ်စားပြုသော နေရာဖြစ်ပြီး ယင်းတောင်တော်သည် နိဗ္ဗာန်ဘုံသို့ သွားရောက်သည့် တံခါးပေါက်ဟု ဆိုကြ၏ ။
ကိုင်လက်ရှ်တောင်၏ တည်ရှိနေသော ပုံသဏ္ဍာန်အရ လူလုပ်တောင် ဖြစ်ကြောင်း အထောက်အထားများ တစ်ပိုင်းတစ်ဆ ပေါ်ထွက်လျက်ရှိကာ ထိုတောင်သည် အကယ်စင်စစ် လူလုပ်တောင် ဖြစ်ပါက ကမ္ဘာ့အကြီးဆုံး ပိရိမစ်ကြီးတစ်ခုအဖြစ် စာရင်းဝင်သွားမည်ဖြစ်တော့သည် ။ ထိုတောင်သည် ပိရိမစ်နှင့် တူရုံသာမက ဘေးပတ်ပတ်လည်တွင်လည်း သေးငယ်သော ပိရိမစ်လေးများ ဝိုင်းရံထားခြင်းကို တွေ့ရှိရသည် ။ ရှရှားသိပ္ပံပညာရှင်များက ကိုင်လက်ရှ်တောင်ထွဋ်သည် သဘာဝတောင်ထွဋ်တစ်ခုမဟုတ်ပဲ အလွန်ရှေးကျသောကာလက လူလုပ်ပိရိမစ်တစ်ခုဖြစ်ကြောင်း အတည်ပြုပြောကြား၏ ။
ထိုတောင်ထွဋ်နှင့်ပတ်သတ်၍ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုမှာ အိုမင်းရင့်ရော်ခြင်းများ လျှင်မြန်နေခြင်းပင်ဖြစ်သည် ။ ယင်းဒေသသို့ သွားရောက်လည်ပတ်ခဲ့သူ ခရီးသွားဧည့်သည်များမှ ထူးခြားသော သတင်းပို့ချက်များကို ယခုထက်တိုင် ကြားသိနေရသေး၏ ။ ထိုအရာမှာ ယင်းတောင်ဧရိယာတွင် ၁၂ နာရီ အချိန်ကုန်လွန်စေမည်ဆိုပါက အပြင်လောကတွင် ၂ ပတ်ကြာအချိန်ကဲ့သို့ ဆံပင်များ ရှည်လာခြင်း ၊ လက်သည်းများ ရှည်ထွက်လာခြင်းတို့ တွေ့ကြုံရသည်ဟု ပြန်လည်ပြောဆိုလာကြ၏ ။ ထိုနေရာသည် ရှမ်ဗဲလား နယ်မြေတစ်ခုဖြစ်သည်ဟုလည်း လူအများ လက်ခံထားကြသော နေရာတစ်ခုဖြစ်သည် ။

Comments
Post a Comment