Skip to main content

လူရဲ႕ခႏၶာကိုယ္မွာ အရိုးေပါင္း ဘယ္ေလာက္ရွိမလဲ !

zawgyi -

လူရဲ႕ခႏာကိုယ္မွာ အရိုးေပါင္း ဘယ္ေလာက္ရွိမလဲ . . .
-----
ကြ်န္ေတာ္တို႕ရဲ႕ ခႏာကိုယ္ခုမွာ အရိုးေပါင္း ဘယ္ႏွစ္ရိုးေလာက္ရွိမလဲလို႕ ေလ့လာၾကည့္မယ္ဆိုရင္ ေမြးၿပီးကာစအခ်ိန္တုန္းက ကေလးတစ္ေယာက္ရဲ႕ ခႏာကိုယ္ထဲမွာ အရိုးေပါင္း ၃၅၀ ေက်ာ္ ရွိေနပါတယ္ ။ အခ်ိန္ကာလ ၾကာၿမင့္ကုန္လြန္လာၿပီး လူတစ္ေယာက္ ၾကီးထြားလာတဲ႕အခါ အခ်ိ္ဳ႕အရိုးေတြက အတူတူ ဆက္ကုန္ၾကပါတယ္ ။

လံုးလံုးလ်ားလ်ား အရြယ္ေရာက္ၿပီးတဲ႕ လူၾကီးတစ္ေယာက္မွာ ခန္႕မွန္းေၿခအားၿဖင့္ အရိုးေပါင္း ႏွစ္ရာ့ရွစ္ေခ်ာင္း ရွိေနပါတယ္ ။ လူတစ္ေယာက္ရဲ႕ ခႏာကိုယ္အတြင္းမွာရွိတဲ႕ အရိုးအေရအတြက္ စုစုေပါင္းရဲ႕ ထက္၀က္နီးပါးဟာ လက္ေတြ ၊ လက္ေကာက္၀တ္ေတြ ၊ ေၿခေထာက္ေတြနဲ႕ ေၿခမ်က္စိေနရာေတြမွာ တည္ရွိတယ္ ။

“ ဖီမာ ” လို႕ေခၚတဲ႕ ေပါင္ရိုးဟာ အၾကီးဆံုးအရိုးၿဖစ္ၿပီးေတာ့ “ စတားရပ္ ” ဆိုတဲ႕ အရိုးက အေသးဆံုးၿဖစ္ပါတယ္ ။ သူက နားရြက္ႏွစ္ခုအနက္ တစ္ခုစီမွာရွိတဲ႕ အရိုးၿဖစ္တယ္ ။

#htoohtoolay


unicode -


လူရဲ့ခန္ဓာကိုယ်မှာ အရိုးပေါင်း ဘယ်လောက်ရှိမလဲ . . .
-----
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ခုမှာ အရိုးပေါင်း ဘယ်နှစ်ရိုးလောက်ရှိမလဲလို့ လေ့လာကြည့်မယ်ဆိုရင် မွေးပြီးကာစအချိန်တုန်းက ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အရိုးပေါင်း ၃၅၀ ကျော် ရှိနေပါတယ် ။ အချိန်ကာလ ကြာမြင့်ကုန်လွန်လာပြီး လူတစ်ယောက် ကြီးထွားလာတဲ့အခါ အချို့အရိုးတွေက အတူတူ ဆက်ကုန်ကြပါတယ် ။

လုံးလုံးလျားလျား အရွယ်ရောက်ပြီးတဲ့ လူကြီးတစ်ယောက်မှာ ခန့်မှန်းခြေအားဖြင့် အရိုးပေါင်း နှစ်ရာ့ရှစ်ချောင်း ရှိနေပါတယ် ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရိုးအရေအတွက် စုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ လက်တွေ ၊ လက်ကောက်ဝတ်တွေ ၊ ခြေထောက်တွေနဲ့ ခြေမျက်စိနေရာတွေမှာ တည်ရှိတယ် ။

“ ဖီမာ ” လို့ခေါ်တဲ့ ပေါင်ရိုးဟာ အကြီးဆုံးအရိုးဖြစ်ပြီးတော့ “ စတားရပ် ” ဆိုတဲ့ အရိုးက အသေးဆုံးဖြစ်ပါတယ် ။ သူက နားရွက်နှစ်ခုအနက် တစ်ခုစီမှာရှိတဲ့ အရိုးဖြစ်တယ် ။

#htoohtoolay

Comments