Skip to main content

အသဲ(အသည္း)ကို တန္ဖိုးထားပါ

zawgyi -

အသဲ(အသည္း)ကို တန္ဖိုးထားပါ
----
ကြ်န္ေတာ္တို႕ေတြဟာ မိမိရဲ႕ ခ်စ္ခင္ရတဲ႕သူေတြကုိ အသည္းႏွလံုးနဲ႕ တင္စားေၿပာဆိုတက္ပါတယ္ ။ သို႕ေသာ္ ဘာေၾကာင့္ ထိုအရာမ်ားၿဖင့္ တင္စားေခၚေ၀ၚၾကလဲဆိုတာေတာ့ အတိအက် သိရွိၾကသူမ်ား အင္မတန္ ရွားပါးလွပါတယ္ ။ ဒါဆို အသဲရဲ႕ အလုပ္ လုပ္ပံုမ်ားကို ေလ့လာၾကည့္သင့္ၿပီမဟုတ္ပါလား . . .

အသဲဆိုတာ ကြ်န္ေတာ္တို႕ခႏာကိုယ္ထဲက အၾကီးမားဆံုးေသာ ဂလင္း( ခႏာကိုယ္ တစ္ေနရာရာမွာ သံုးမည့္ ဓါတုပစည္းတစ္မ်ိဳးမ်ိဳးကို ထုတ္လုပ္ေပးေသာအဂၤါ ) ၾကီးၿဖစ္ပါတယ္ ။ အသဲဟာ အစာအိမ္ထက္ ပိုမိုၾကီးမားတယ္ ။ ကေလးငယ္တစ္ေယာက္မွာဆိုရင္ အသဲဟာ ခႏာကိုယ္တစ္ခုလံုး စုစုေပါင္း အေလးခ်ိန္ရဲ႕ ေလးရာခိုင္ႏႈန္းရွိေနပါတယ္ ။ ဒါေၾကာင့္ ဘယ္သူမွ အသဲမရွိပဲ မရွင္သန္နိုင္ပါဘူး ။

သူဟာ လုပ္ငန္းတာ၀န္အမ်ားၾကီးကို ထမ္းေဆာင္ေနရပါတယ္ ။ အစာအဟာရကို ေသြးေၾကာထဲသို႕ စုပ္ယူေရာက္ရွိၿပီးတဲ႕အခါ ၾကီးမားေသာ ေသြးၿပန္ေၾကာၾကီးတစ္ခုထဲသို႔ ၀င္သြားတယ္ ။ အဲ႕ဒီ႕အေၾကာက ေသြးအားလံုးကို အစာနဲ႕အတူ အသဲဆီသို႕ သယ္ေဆာင္သြားတယ္ ။ အသဲက အဲ႕ဒီ႕အထဲမွာ ပါ၀င္တဲ႕ အရာေတြကို စစ္ေဆးေပးတယ္ ။ အကယ္လို႕ သၾကားပမာဏပါ၀င္မႈက မ်ားေနရင္ ၊ ပိုေနရင္ ပိုေနတဲ႕ပမာဏကို အသည္းက ဖယ္ရွားၿပီး သိမ္းဆည္းသိုေလွာင္ထားတယ္ (သို႕မဟုတ္) ခႏာကိုယ္ရဲ႕ အၿခားေနရာအခ်ိဳ႕မွာ အဆီအၿဖစ္နဲ႕ သိမ္းထားတယ္ ။

အဆိပ့္အေတာက္ေတြဆိုရင္လည္း ဖယ္ထုတ္ၿပီး သူတို႕ကို ေက်ာက္ကပ္ဆီသို႕ ဆက္လက္ပို႕ေဆာင္တယ္ ။ ေက်ာက္ကပ္က ေသြးေၾကာထဲမွ စြန္႕ထုတ္တဲ႕ပစည္းနဲ႕ ေရ ကို ဖယ္ရွားၿပီး ဆီးအၿဖစ္ ထုတ္ပစ္လိုက္ပါေတာ့တယ္ ။

#htoohtoolay


unicode -

အသဲ(အသည်း)ကို တန်ဖိုးထားပါ 
----
ကျွန်တော်တို့တွေဟာ မိမိရဲ့ ချစ်ခင်ရတဲ့သူတွေကို အသည်းနှလုံးနဲ့ တင်စားပြောဆိုတက်ပါတယ် ။ သို့သော် ဘာကြောင့် ထိုအရာများဖြင့် တင်စားခေါ်ဝေါ်ကြလဲဆိုတာတော့ အတိအကျ သိရှိကြသူများ အင်မတန် ရှားပါးလှပါတယ် ။ ဒါဆို အသဲရဲ့ အလုပ် လုပ်ပုံများကို လေ့လာကြည့်သင့်ပြီမဟုတ်ပါလား . . . 

အသဲဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အကြီးမားဆုံးသော ဂလင်း( ခန္ဓာကိုယ် တစ်နေရာရာမှာ သုံးမည့် ဓါတုပစ္စည်းတစ်မျိုးမျိုးကို ထုတ်လုပ်ပေးသောအင်္ဂါ ) ကြီးဖြစ်ပါတယ် ။ အသဲဟာ အစာအိမ်ထက် ပိုမိုကြီးမားတယ် ။ ကလေးငယ်တစ်ယောက်မှာဆိုရင် အသဲဟာ ခန္ဓာကိုယ်တစ်ခုလုံး စုစုပေါင်း အလေးချိန်ရဲ့ လေးရာခိုင်နှုန်းရှိနေပါတယ် ။ ဒါကြောင့် ဘယ်သူမှ အသဲမရှိပဲ မရှင်သန်နိုင်ပါဘူး ။

သူဟာ လုပ်ငန်းတာဝန်အများကြီးကို ထမ်းဆောင်နေရပါတယ် ။ အစာအဟာရကို သွေးကြောထဲသို့ စုပ်ယူရောက်ရှိပြီးတဲ့အခါ ကြီးမားသော သွေးပြန်ကြောကြီးတစ်ခုထဲသို့ ဝင်သွားတယ် ။ အဲ့ဒီ့အကြောက သွေးအားလုံးကို အစာနဲ့အတူ အသဲဆီသို့ သယ်ဆောင်သွားတယ် ။ အသဲက အဲ့ဒီ့အထဲမှာ ပါဝင်တဲ့ အရာတွေကို စစ်ဆေးပေးတယ် ။ အကယ်လို့ သကြားပမာဏပါဝင်မှုက များနေရင် ၊ ပိုနေရင် ပိုနေတဲ့ပမာဏကို အသည်းက ဖယ်ရှားပြီး သိမ်းဆည်းသိုလှောင်ထားတယ် (သို့မဟုတ်) ခန္ဓာကိုယ်ရဲ့ အခြားနေရာအချို့မှာ အဆီအဖြစ်နဲ့ သိမ်းထားတယ် ။ 

အဆိပ့်အတောက်တွေဆိုရင်လည်း ဖယ်ထုတ်ပြီး သူတို့ကို ကျောက်ကပ်ဆီသို့ ဆက်လက်ပို့ဆောင်တယ် ။ ကျောက်ကပ်က သွေးကြောထဲမှ စွန့်ထုတ်တဲ့ပစ္စည်းနဲ့ ရေ ကို ဖယ်ရှားပြီး ဆီးအဖြစ် ထုတ်ပစ်လိုက်ပါတော့တယ် ။


#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...