zawgyi -
-----
![]() |
| ဆာဟာရ သဲကန္တာရ |
အတာကမာကန္တာရ
အတာကမာ သံကန္တာရကတော့
![]() |
| အတာကမာကန္တာရ |
![]() |
| အန္တာတိကဒေသ တစ်နေရာ |
#htoohtoolay
unicode -
ကမ္ဘာ့အပူဆုံး , အအေးဆုံးနှင့် ခြောက်သွေ့ဆုံးနေရာ !
-----
ကမ္ဘာပေါ်မှာ အပူဆုံးနေရာဟာ ၁၉၂၂ ခုနှစ် စက်တင်ဘာလက လစ်ဗျားနိုင်ငံ ဆာဟာရ သဲကန္တာရ . . . အလ် အဇီးဇီးယား ဒေသမှာ တိုင်းတာမှတ်တမ်းတင်ချက်အရ အမြင့်ဆုံးအပူချိန်ဒီဂရီ ၅၈.C ဖြစ်ပါတယ် ။ အဲ့ဒီလောက်နီးပါး ပူတဲ့အပူချိန်ဒီဂရီ မှတ်တမ်းတင်ချက်လည်း ရှိပါတယ် ။ ၁၉၁၃ ခုနှစ် ဇူလိုင်လက အမေရီကန်နိုင်ငံ ဒက်သ်ဗယ်လီ မှာ တိုင်းတာချက်မှတ်တမ်းအရ အမြင့်ဆုံးဒီဂရီ ၅၆.၇.C ဖြစ်ပါတယ် ။
ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အရပ်ဒေသမဆိုထက် . . . နေရောင်ကို အရှေ့ဆာဟာရ အရပ်က ပိုမိုရရှိပါတယ် ။ တစ်နှစ်အတွင်း နေရောင်ခြည်ရရှိတဲ့ နာရီပေါင်း ၄၃၀၀ ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ် ။ ပျမ်းမျှခြင်းအားဖြင့် တစ်နေ့ကို (၁၁)နာရီနဲ့ (၄၇)မိနစ် ရရှိခြင်း ဖြစ်ပါတယ် ။
ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံးနေရာဟာ ချီလီနိုင်ငံမြောက်ပိုင်း အတာကမာကန္တာရ မှာ နှစ်ပေါင်း ၄၀၀ အတွင်း ၁၉၇၁ ခုနှစ်ကမှ ပထမဆုံးအကြိမ် မိုးရွာခဲ့ပါတယ် ။ သဲကန္တာရအားလုံးဟာ ခြောက်သွေ့ပါတယ် ။ ဒါပေမယ့် အတာကမာ သံကန္တာရကတော့ အခြောက်သွေ့ဆုံးဖြစ်တယ် ။
အရှေ့ ဆာဟာရမှာရှိတဲ့ ကိုင်ရိုဟာ တစ်နှစ်မှာ မိုးရေချိန် ပျမ်းမျှ ၂၈ မီလီမီတာ ရရှိတယ် ။ အာရေဗျ သဲကန္တာရရဲ့ အစွန်မှာရှိတဲ့ ဘာရိန်း ဟာ ၈၁ မီလီမီတာ ရရှိပါတယ် ။ ကမ္ဘာ့ခြောက်သွေ့တဲ့ဒေသ အားလုံးဟာ ပူတယ်လို့တော့ မဆိုနိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ဝင်ရိုစွန်းဒေသတွေဟာလည်း အလွန်ခြောက်သွေ့တဲ့အတွက် ဖြစ်ပါတယ် ။
ကမ္ဘာ့အအေးဆုံးနေရာကတော့ အန္တာတိကဒေသ ဆောင်းတွင်း ရဲ့ အအေးပမာဏဟာ အမြင့်ဆုံးပဲလို့ မှတ်တမ်းတင်ထားတာ လေ့လာတွေ့ရှိရပါတယ် ။ ၁၉၈၃ ခု ဇူလိုင်လမှာ ရုရှားသိပ္ပံပညာရှင်များက ၈၉.၂.C ထက် နိမ့်တဲ့ စံချိန်သစ်တစ်ခုကို တိုင်းတာပြီး မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်တယ် ။
အလွန်အေးတဲ့ပမာဏဟာ ဆိုက်ဗေးရီးယားက ဗာကိုယန့်မှာ ၆၈.C ဖြစ်တယ်လို့ ၁၈၉၂ ခုနှစ်က မှတ်တမ်းတင်ခဲ့တယ် ။ အဲ့ဒီ့နေရာဟာ အပူချိန်ဒီဂရီ အပိုင်းအခြား ပြောင်းလဲမှု အများဆုံးဆိုတဲ့ စံချိန်ကို အတင်ခံရတဲ့နေရာလည်း ဖြစ်တယ် ။ အအေးဆုံးကာလဆောင်းတွင်းမှာ အပူချိန် ၆၈.C ကနေ ၊ အပူဆုံးကာလ နွေရာသီမှာ အပူချိန် ၃၆.၇.C အထိ အပြောင်းအလဲ ရှိပါတယ် ။
Comments
Post a Comment