zawgyi -
ေၿမပံု တစ္ခု၏ ေကာက္ေၾကာင္း
---
ကြ်န္ေတာ္တို႕ေတြဟာ ေရွးလူမ်ိဳးမ်ားထားရစ္ခဲ႕ၾကတဲ႕
အပိုင္းအဆတစ္ခ်ိဳ႕တစ္ေလေတြေၾကာင့္ ေခါင္းရႈပ္ၿခင္း ၊ ညာဏ္ရည္မွီဖို႕ မနည္းၾကိဳးစားေနရၿခင္း
၊ လက္ရွိအေၿခအေနမ်ား၏ ေခတ္စနစ္ကို ပ်က္ရယ္ၿပဳေနၿခင္းမ်ားႏွင့္ သဲလြန္ဆ တို႕၏တစ္ပိုင္းတစ္ဆ
ေကာက္ေၾကာင္းမ်ားအေနာက္သို႕ တစ္ေၿဖးေၿဖး ခ်ဥ္းကပ္မိလာေလ လက္ခံဖို႕အခြင့္အေရးမ်ား ဆုတ္ေလ်ာ့လာေလႏွင့္အတူ
အံ႕ၾသထိတ္လန္႕ၿခင္းမ်ားနည္းတူ မွတ္ခ်က္အၿဖစ္ ထားရွိခဲ႕ရေသာ ေရွးေဟာင္း တူးေဖၚမႈမ်ား
တိုးၿပီးရင္ တိုးတက္လာလ်က္ပင္ ၿဖစ္ေန၏ ။ ထိုအထဲမွ အေၾကာင္းအရာတစ္ခ်ိဳ႕ကို စိတ္ကူးယဥ္ဆန္ဆန္မွတ္ခ်က္မ်ား
ခ်က္မွတ္ခဲ႕ၾကသလို တစ္ခ်ိဳ႕ကိုလဲ လိမ္လည္မႈမ်ားအေနၿဖင့္ ပယ္ဖ်က္ခဲ႕ၾကသည္ ။ သို႕ေသာ္
ထိုသို႕ေသာ အေၾကာင္းအရာမ်ားအတြက္ ခိုင္လံုသည့္ ဆင္ၿခင္မ်ား မရွိခဲ႕ပါ ။ ထို႕ေၾကာင့္
လက္ခံနိုင္ဖို႕ရန္ မၿဖစ္နိုင္သည့္အခ်က္ႏွင့္ပင္ အဆံုးသတ္ခဲ႕ရေပါင္း မ်ားခဲ႕ေလၿပီၿဖစ္သည္
။
ယခု ကြ်န္ပ္ေဖၚၿပလိုေသာ အေၾကာင္းအရာတစ္ခုမွာလဲ
ထိုအထဲမွ အခ်က္တစ္ခ်ိဳ႕ပင္ၿဖစ္သည္ ။ ယခု ကမၻာေပၚတြင္ လူတိုင္းနီးပါး သိထားၾကသည့္ အခ်က္တစ္ခုမွာ အႏၲာတိကတိုက္ၿဖစ္သည္ ။ ထိုတိုက္သည္ ေရခဲမ်ား
အခ်ိန္ၿပည့္ဖံုးလႊမ္းေနၿခင္းေၾကာင့္ ေရခဲထုၾကီးသည္ တစ္မိုင္အထူမွ် တည္ရွိေနသည္ ။ ဘူမိဆိုင္ရာ
ေတြ႕ရွိခ်က္မ်ားအရ ထိုတိုက္သည္ လြန္ခဲ႕ေသာ ဘီစီ ၄၀၀၀ ခန္႕က ေရခဲကင္စင္ရာ နယ္ေၿမတစ္ခုၿဖစ္ခဲ႕ၿပီး
ႏွစ္အတန္ၾကာ တည္ရွိခဲ႕သည္ကို ေတြ႕ရွိရသည္ ။ ထိုတိုက္ၾကီး ေရခဲတစ္ခုလံုး ဖံုးလႊမ္းသည့္အခ်ိန္က
လြန္ခဲ႕ေသာ ႏွစ္သန္းေပါင္းမ်ားစြာ ၾကာၿမင့္ခဲ႕ၿပီၿဖစ္၏ ။ ထို႕ေၾကာင့္ပင္ ထိုတိုက္၏
ေၿမအေနအထားကို ကြ်န္ပ္တို႕ ေတြ႕ရွိမွတ္သားနိုင္ရန္ မၿဖစ္နိုင္ေပ ။
သို႕ေသာ္ . . . ထိုဆံုးၿဖတ္မ်ား မွားယြန္းေနၿပီၿဖစ္ေၾကာင္းအား
ေရွးေဟာင္းေၿမပံုတစ္ခုက ညႊန္ၿပေနေတာ့သည္ ။ ထိုေၿမပံုသည္ ယခုလက္ရွိ ေရခဲထုၾကီး တစ္မိုင္ခန္႕
ဖံုးလႊမ္းေနေသာ အႏၲာတိကတိုက္၏
ပထ၀ီအေနအထားကို အတိအက် အေသးစိတ္ ေဖၚၿပထားေသာေၾကာင့္ ၿဖစ္၏ ။ ထိုအခ်က္မ်ား မွန္ကန္ေၾကာင္းကိုလဲ
ၿဗိတိသွ် ႏွင့္ ဆြီဒင္ ပူးတြဲလ်က္ အႏၲာတိကသို႕ သြားေရာက္ခဲ႕ေသာ တိုင္းတာေရးအဖြဲ႕၀င္တို႕က အတည္ၿပဳၿပီးၿဖစ္သည္
။ ထိုသို႕ဆိုလွ်င္ ၄င္းေၿမပံုမွာ ေရခဲမ်ား ကင္းစင္ကာလအေၿခအေနတြင္ ေရးဆြဲထားေလသလားဟု
ေတြးေတာစရာၿဖစ္ေနေသာ္လည္း ထိုအခ်က္မွာ လက္ခံနိုင္ဖို႕ရန္ အင္မတန္မွပင္ ခက္ခဲလွ၏ ။
![]() |
| အခ်ိန္ကာလႏွင့္ ကိုက္ညီမႈမရွိေအာင္ အေသးစိတ္ေရးဆြဲထားေသာ ပီးရီးရစ္ ေၿမပံု (ထိုေၿမပံုမွာ သံုးပံုတစ္ပံုတာ ရွိေတာ့သည္) |
အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ႕ေသာ ဘီစီ
၄၀၀၀ ခန္႕က အေၿခအေနတြင္ လူသားမ်ား အဘယ္ကဲ႕သို႕ ေရးဆြဲနိုင္ပါမည္နည္း ။
ထိုေၿမပံုသည္ ေရွးေဟာင္းေၿမပံုႏွစ္ဆယ္မွ
အခ်က္အလက္မ်ားကို ၿပန္လည္ကူးယူထားၿခင္းၿဖစ္ၿပီး ေရွ႕ေဟာင္းေၿမပံုပါ အခ်က္အလက္မ်ားက
အဓိကပိုမို က်ေန၏ ။ ယခု ၿပန္လည္ကူးယူေဖၚၿပထားေသာ ေၿမပံုသည္ ၁၅၁၃ ခုႏွစ္က ၿဖစ္သည္ ။
ထိုေၿမပံုသည္လည္း သံုးပံုပံု တစ္ပံုခန္႕သာ က်န္ေတာ့သည္ ။ ၄င္း ေၿမပံုပါအခ်က္အလက္မ်ားႏွင့္ပတ္သတ္၍ ၁၉၈၃ ခုႏွစ္တြင္ တူရကီလူမ်ိဳး ေရေၾကာင္းအင္ဂ်င္နီယာတစ္ဦးက
အေမရီကန္ၿပည္ေထာင္စု ေရတပ္ တိုင္းတာေရးအဖြဲ႕သို႕ စစ္ေဆးရန္ ေပးပို႕ခဲ႕သည္ ။
စစ္ေဆးရန္အတြက္ အဖြဲ႕၏ အင္ဂ်င္နီယာခ်ဳပ္ M.I.Walters ႏွင့္အတူ ေခတ္ေဟာင္းေၿမပံုမ်ားကိစၥရပ္တြင္ တာ၀န္ရွိသူ Arlington H.
Mallery တို႕ ပူးေပါင္းေလ့လာမႈမ်ား ၿပဳလုပ္ခဲ႕ၾကသည္ ။ ထိုမွ ရလဒ္မ်ားက အံ႕ၾသစရာ ထပ္မံ
ေပၚထြက္လာၿပန္၏ ။ အေၾကာင္းမွာ ထိုေၿမပံုသည္ ဘူမိအရ အမွားအယြန္းလံုး၀မရွိတဲ႕အၿပင္ ေကာင္းကင္ေပၚမွ
ၾကည့္ၿမင္၍
ေရးဆြဲခဲ႕ေသာ အေနအထားၿဖစ္ေၾကာင္း
ေတြ႕ရွိရေတာ့သည္ ။ ေၿမပံုအား ကမၻာလံုးပမာ
ဖံုးအုပ္လိုက္လွ်င္မူ ထြက္ေပၚလာေသာ ေၿမၿပင္အေနအထားမ်ားက အတိအက် မွန္ကန္ေနေတာ့သည္ ။
#htoohtoolay
unicode -
မြေပုံ တစ်ခု၏ ကောက်ကြောင်း
---
ကျွန်တော်တို့တွေဟာ ရှေးလူမျိုးများထားရစ်ခဲ့ကြတဲ့ အပိုင်းအဆတစ်ချို့တစ်လေတွေကြောင့် ခေါင်းရှုပ်ခြင်း ၊ ညာဏ်ရည်မှီဖို့ မနည်းကြိုးစားနေရခြင်း ၊ လက်ရှိအခြေအနေများ၏ ခေတ်စနစ်ကို ပျက်ရယ်ပြုနေခြင်းများနှင့် သဲလွန်ဆ တို့၏တစ်ပိုင်းတစ်ဆ ကောက်ကြောင်းများအနောက်သို့ တစ်ဖြေးဖြေး ချဉ်းကပ်မိလာလေ လက်ခံဖို့အခွင့်အရေးများ ဆုတ်လျော့လာလေနှင့်အတူ အံ့သြထိတ်လန့်ခြင်းများနည်းတူ မှတ်ချက်အဖြစ် ထားရှိခဲ့ရသော ရှေးဟောင်း တူးဖေါ်မှုများ တိုးပြီးရင် တိုးတက်လာလျက်ပင် ဖြစ်နေ၏ ။ ထိုအထဲမှ အကြောင်းအရာတစ်ချို့ကို စိတ်ကူးယဉ်ဆန်ဆန်မှတ်ချက်များ ချက်မှတ်ခဲ့ကြသလို တစ်ချို့ကိုလဲ လိမ်လည်မှုများအနေဖြင့် ပယ်ဖျက်ခဲ့ကြသည် ။ သို့သော် ထိုသို့သော အကြောင်းအရာများအတွက် ခိုင်လုံသည့် ဆင်ခြင်များ မရှိခဲ့ပါ ။ ထို့ကြောင့် လက်ခံနိုင်ဖို့ရန် မဖြစ်နိုင်သည့်အချက်နှင့်ပင် အဆုံးသတ်ခဲ့ရပေါင်း များခဲ့လေပြီဖြစ်သည် ။
ယခု ကျွန်ပ်ဖေါ်ပြလိုသော အကြောင်းအရာတစ်ခုမှာလဲ ထိုအထဲမှ အချက်တစ်ချို့ပင်ဖြစ်သည် ။ ယခု ကမ္ဘာပေါ်တွင် လူတိုင်းနီးပါး သိထားကြသည့် အချက်တစ်ခုမှာ အန္တာတိကတိုက်ဖြစ်သည် ။ ထိုတိုက်သည် ရေခဲများ အချိန်ပြည့်ဖုံးလွှမ်းနေခြင်းကြောင့် ရေခဲထုကြီးသည် တစ်မိုင်အထူမျှ တည်ရှိနေသည် ။ ဘူမိဆိုင်ရာ တွေ့ရှိချက်များအရ ထိုတိုက်သည် လွန်ခဲ့သော ဘီစီ ၄၀၀၀ ခန့်က ရေခဲကင်စင်ရာ နယ်မြေတစ်ခုဖြစ်ခဲ့ပြီး နှစ်အတန်ကြာ တည်ရှိခဲ့သည်ကို တွေ့ရှိရသည် ။ ထိုတိုက်ကြီး ရေခဲတစ်ခုလုံး ဖုံးလွှမ်းသည့်အချိန်က လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏ ။ ထို့ကြောင့်ပင် ထိုတိုက်၏ မြေအနေအထားကို ကျွန်ပ်တို့ တွေ့ရှိမှတ်သားနိုင်ရန် မဖြစ်နိုင်ပေ ။
သို့သော် . . . ထိုဆုံးဖြတ်များ မှားယွန်းနေပြီဖြစ်ကြောင်းအား ရှေးဟောင်းမြေပုံတစ်ခုက ညွှန်ပြနေတော့သည် ။ ထိုမြေပုံသည် ယခုလက်ရှိ ရေခဲထုကြီး တစ်မိုင်ခန့် ဖုံးလွှမ်းနေသော အန္တာတိကတိုက်၏ ပထဝီအနေအထားကို အတိအကျ အသေးစိတ် ဖေါ်ပြထားသောကြောင့် ဖြစ်၏ ။ ထိုအချက်များ မှန်ကန်ကြောင်းကိုလဲ ဗြိတိသျှ နှင့် ဆွီဒင် ပူးတွဲလျက် အန္တာတိကသို့ သွားရောက်ခဲ့သော တိုင်းတာရေးအဖွဲ့ဝင်တို့က အတည်ပြုပြီးဖြစ်သည် ။ ထိုသို့ဆိုလျှင် ၎င်းမြေပုံမှာ ရေခဲများ ကင်းစင်ကာလအခြေအနေတွင် ရေးဆွဲထားလေသလားဟု တွေးတောစရာဖြစ်နေသော်လည်း ထိုအချက်မှာ လက်ခံနိုင်ဖို့ရန် အင်မတန်မှပင် ခက်ခဲလှ၏ ။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ဘီစီ ၄၀၀၀ ခန့်က အခြေအနေတွင် လူသားများ အဘယ်ကဲ့သို့ ရေးဆွဲနိုင်ပါမည်နည်း ။
ထိုမြေပုံသည် ရှေးဟောင်းမြေပုံနှစ်ဆယ်မှ အချက်အလက်များကို ပြန်လည်ကူးယူထားခြင်းဖြစ်ပြီး ရှေ့ဟောင်းမြေပုံပါ အချက်အလက်များက အဓိကပိုမို ကျနေ၏ ။ ယခု ပြန်လည်ကူးယူဖေါ်ပြထားသော မြေပုံသည် ၁၅၁၃ ခုနှစ်က ဖြစ်သည် ။ ထိုမြေပုံသည်လည်း သုံးပုံပုံ တစ်ပုံခန့်သာ ကျန်တော့သည် ။ ၎င်း မြေပုံပါအချက်အလက်များနှင့်ပတ်သတ်၍ ၁၉၈၃ ခုနှစ်တွင် တူရကီလူမျိုး ရေကြောင်းအင်ဂျင်နီယာတစ်ဦးက အမေရီကန်ပြည်ထောင်စု ရေတပ် တိုင်းတာရေးအဖွဲ့သို့ စစ်ဆေးရန် ပေးပို့ခဲ့သည် ။
စစ်ဆေးရန်အတွက် အဖွဲ့၏ အင်ဂျင်နီယာချုပ် M.I.Walters နှင့်အတူ ခေတ်ဟောင်းမြေပုံများကိစ္စရပ်တွင် တာဝန်ရှိသူ Arlington H. Mallery တို့ ပူးပေါင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြသည် ။ ထိုမှ ရလဒ်များက အံ့သြစရာ ထပ်မံ ပေါ်ထွက်လာပြန်၏ ။ အကြောင်းမှာ ထိုမြေပုံသည် ဘူမိအရ အမှားအယွန်းလုံးဝမရှိတဲ့အပြင် ကောင်းကင်ပေါ်မှ ကြည့်မြင်၍ ရေးဆွဲခဲ့သော အနေအထားဖြစ်ကြောင်း တွေ့ရှိရတော့သည် ။ မြေပုံအား ကမ္ဘာလုံးပမာ ဖုံးအုပ်လိုက်လျှင်မူ ထွက်ပေါ်လာသော မြေပြင်အနေအထားများက အတိအကျ မှန်ကန်နေတော့သည် ။

Comments
Post a Comment