Skip to main content

ေၿမေအာက္ၿမိဳ႕ေတာ္ တကယ္ရွိရဲ႕လား

zawgyi - 

ေၿမေအာက္ၿမိဳ႕ေတာ္ တကယ္ရွိရဲ႕လား
-----
ကြ်န္ေတာ္တို႕ ကမာေၿမေပၚမွာ ထူးၿခားဆန္းၿပားတဲ႕ ဒ႑ာရီပံုၿပင္မ်ားနဲ႕အတူ မေ၀ခြဲနိုင္တဲ႕ ေကာက္ေၾကာင္းေလးေတြ ရွိလို႕ေနပါတယ္ ။ ေရွးေဟာင္းက်မ္းစာမ်ားကေန ရရွိလာတဲ႕ အေထာက္အထားေတြအရ နားလည္ရန္ခက္ခဲလွေသာ စစ္ပြဲေတြလဲ မ်ားစြာ ပါ၀င္လာခဲ႕ပါတယ္ ။ လြန္ခဲ႕တဲ႕ ႏွစ္ေပါင္းမ်ားစြာက အနူၿမဴစစ္ပြဲမ်ားၿဖစ္ခဲ႕တယ္ဆိုတဲ႕ သီအိုရီတစ္ရပ္လည္း ေရခဲၿပင္ေအာက္ကေတြ႕ရွိတဲ႕ ဖန္ခ်ပ္ေတြအရ လက္ခံလာၾကတယ္ ။ သဘာ၀မဟုတ္တဲ႕ ဖ်က္အားၿပင္းလက္နက္မ်ားနဲ႕အတူ ညီမွ်တဲ႕ ေပါက္ကြဲအားရလဒ္မ်ားကိုလည္း ကြ်န္ေတာ္တို႕ တူးေဖၚေတြ႕ရွိ လာခဲ႕ၾကတယ္ ။ အဲ႕ဒီ့အတြက္ ယခုအခါမွာ ကမာ႕ေခါင္းေတြဦးစီးစီမံထားတဲ႕ အနူၿမဴရန္ေရွာင္ ေၿမေနရာတစ္ရပ္ကိုလည္း တည္ေဆာက္ၿပီးစီးခဲ႕ပါၿပီ ။ ဒါက ယခုလက္ရွိအေၿခေနမ်ားအရ စစ္ေဘးေရွာင္ေနရာမ်ား ၿဖစ္လာၿပီး မ်ိဳးစိတ္ဗီဇကအစ ႏွစ္ေပါင္းမ်ားစြာ ခံနိုင္ရည္ရွိေအာင္ အထူးကို စီမံထားတယ္လို႕ သိရွိရပါတယ္ ။ လူသားသမိုင္းမွာ ေနာက္ဆံုးေသာ ရလဒ္အၿဖစ္ ေမွ်ာ္လင့္စရာ အရင္းအၿမစ္ေလးတစ္ခုကို ခ်န္ခဲ႕တဲ႕ သေဘာသဘာ၀ပါပဲ ။

ထို႕အတူ ေရွးလူသားမ်ားလည္း စစ္ေဘးေရွာင္ ေၿမေနရာေတြ ရွိေနခဲ႕တယ္လို႕ ဆိုလာတယ္ ။ ထိုေနရာမ်ားကေတာ့ ဒ႑ာရီလာအရ ေၿမေအာက္ကမာမ်ားသာ ၿဖစ္ေလေတာ့သတည္း ။
 
ကက္ပါဒိုးစီးရား ေၿမေအာက္ခန္းမ်ား
ကြ်န္ေတာ္တို႕ကမာေၿမၾကီးေအာက္မွာ ေနာက္ထပ္ ကမာတစ္ခုရွိတယ္လို႕ ေရွ႕လူမ်ား ယံုၾကည္ထားၾကသလို တစ္ခ်ိဳ႕ေသာ သုေတသီမ်ားကလည္း ထိုအခ်က္ မွန္မမွန္ကို ေလ့လာလိုက္စားမႈေတြ ရွိလို႕ လာပါတယ္ ။ တစ္ခ်ိဳ႕က မီးေတာင္၀မ်ားဟာ ကမာ႕ဗဟိုခ်က္ဆီ ေရာက္ေအာင္ သြားေရာက္နိုင္တယ္လို႕ ယူဆၾကသလို တစ္ခ်ိဳ႕ကေတာ့ ထိုအခ်က္ဟာ စိတ္ကူးယဥ္ဆန္လြန္းတဲ႕ အေၾကာင္းတရားတစ္ခုမွ်တာၿဖစ္တယ္လို႕ ဒီလိုဆိုၾကၿပန္ပါတယ္ ။ ထိုေၿမေအာက္ကမာနဲ႕ ဆက္သြယ္ထားတဲ႕ လမ္းေတြဟာ ကမာအရပ္ရပ္က လက္ခံထားၾကသည့္ ေၿမေနရာမ်ားအတြင္း ၿမန္မာနိုင္ငံမွ ပင္းတယဥမင္ကလည္း တစ္ခုအပါ၀င္ၿဖစ္ေနပါတယ္ ။

ယင္း ဥမင္ဟာ ေတာင္နဲ႕ေၿမာက္ တန္းလ်က္ တည္ရွိေနတဲ႕ ဥမင္ၾကီးသံုးခုရွိၿပီး ေၿမာက္ဘက္အက်ဆံုးဥမင္ကိုသာ ၀င္ေရာက္ေလ့လာနိုင္ၾကပါတယ္ ။ အၿခားဥမင္ႏွစ္ခုမွာ ေတာင္တန္းမ်ားတြင္းသို႕ မည္သည့္ေနရာသို႕ေရာက္ေအာင္ ထိုးေဖါက္၀င္ေရာက္နိုင္ၿခင္း ရွိမရွိကို မည္သူမွ်အတိအက် မသိနိုင္ေသးေပ ။
ပင္းတယဥမင္အတြင္းရွိ ဆင္းတုေတာ္မ်ား

ထိုအခ်က္မ်ားအရ ေၿမေအာက္ကမာႏွင့္ဆက္လ်င္းၿပီး သုေတသီတို႕ ဆံုးၿဖတ္ၾကတာမွာ ေရွးအခါက ကမာ့ေၿမၾကီးေအာက္အတြင္း လူသားမ်ား ေနထိုင္ခဲ႕လိမ့္မယ္လို႕ လက္ခံလာၾကပါေတာ့တယ္ ။ ထိုလက္ခံမႈကို အတည္ၿပဳေပးတဲ႕ အခ်က္မ်ားလည္း ကမာၾကီးအတြင္း ေပၚထြက္လာၿပန္ေတာ့တယ္ ။ ထိုေနရာကေတာ့ ကက္ပါးဒိုးစီးယား ေၿမေအာက္ၿမိဳ႕ေတာ္ပဲ ၿဖစ္ပါေတာ့တယ္ ။ ထိုေၿမေအာက္ၿမိဳ႕ေတာ္ကို ၂၀၁၇ မွာ ဖြင့္လွစ္္လိမ့္မယ္လို႕ ဒီလို သိရွိထားပါတယ္ ။

အဲ႕ဒီ႕ ေၿမေအာက္ၿမိဳ႕ေတာ္နဲ႕ပတ္သတ္ၿပီး Central Anatolian Nevsehir စီရင္စုက ၿမိဳ႕ေတာ္၀န္ ဟတ္ဆန္ အန္ဘာက ေအာက္ပါအတိုင္း မွတ္ခ်က္ၿပဳခဲ႕တယ္ ။
 
ကက္ပါဒိုးစီးရား ေၿမေအာက္ၿမိဳ႕ေတာ္ၾကီး
“ ကြ်န္ေတာ္တို႕ ဒီၿမိဳ႕ေတာ္ကို ေတြ႕ရွိတာနဲ႕ ပတ္သတ္ၿပီး ေၿပာရမယ္ဆိုရင္ သမိုင္းေၾကာင္းမွာ လူသားေတြရဲ႕ ေနထိုင္ပံုမ်ား ဘယ္လိုေၿပာင္းလဲလာခဲ႕သလဲဆိုတာနဲ႕ ကမာေပၚမွာ ယေန႕ၿဖစ္တည္ေနတဲ႕ ၿမိဳ႕ေတာ္ၾကီးေတြရဲ႕ သမိုင္းေၾကာင္းကို ၿပန္ေရးရမွာၿဖစ္ပါတယ္ ”  လို႕ ဆိုခဲ႕တယ္ ။ အဲ႕ဒါအၿပင္ ထပ္ေၿပာတာက “ ကြ်န္ေတာ္တို႕ေတြဟာ အရမ္းအေရးၾကီးတဲ႕ ေတြ႕ရွိမႈတစ္ခုကို ေတြ႕ေနရတာ ၿဖစ္ပါတယ္ ။ အဲ့ဒါကေတာ့ ရွည္လ်ားလွတဲ႕ လိုဏ္ေခါင္းလမ္းၾကီးေတြ ၊ ေၿမကြပ္လပ္ေတြ ၊ ဘုရားရွစ္ခိုးေက်ာင္းေတြ ၊ လူေနခန္းေတြကို တစ္ခုနဲ႕တစ္ခု ဆက္သြယ္ထားတဲ႕ လိုဏ္ေခါင္းေတြနဲ႕ၿပီးတဲ႕ လူေတြ တစ္စုတစ္ေ၀းၾကီး ေနထိုင္ခဲ႕ၾကတဲ႕ ၿမိဳ႕ေတာ္ၾကီးကို ေတြ႕ရွိခဲ႕ရလို႕ပါပဲ ” တဲ႕ ။ ထိုၿမိဳ႕ေတာ္ဟာ ၁၆၀၀ ဘီစီေလာက္က တည္ေထာင္ခဲ့တဲ႕ ဟစ္တီးတက္စ္အင္ပါယာထက္ပင္ ပိုမိုေရွးက်တဲ႕ ၿမိဳ႕ေတာ္ၾကီးၿဖစ္ေၾကာင္း  သိရွိရပါတယ္ ။
 
ေၿမေအာက္ဂူအတြင္းရွိ တစ္ေနရာ
#htoohtoolay


unicode -

မြေအောက်မြို့တော် တကယ်ရှိရဲ့လား
-----
ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ထူးခြားဆန်းပြားတဲ့ ဒဏ္ဍာရီပုံပြင်များနဲ့အတူ မဝေခွဲနိုင်တဲ့ ကောက်ကြောင်းလေးတွေ ရှိလို့နေပါတယ် ။ ရှေးဟောင်းကျမ်းစာများကနေ ရရှိလာတဲ့ အထောက်အထားတွေအရ နားလည်ရန်ခက်ခဲလှသော စစ်ပွဲတွေလဲ များစွာ ပါဝင်လာခဲ့ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အနူမြူစစ်ပွဲများဖြစ်ခဲ့တယ်ဆိုတဲ့ သီအိုရီတစ်ရပ်လည်း ရေခဲပြင်အောက်ကတွေ့ရှိတဲ့ ဖန်ချပ်တွေအရ လက်ခံလာကြတယ် ။ သဘာဝမဟုတ်တဲ့ ဖျက်အားပြင်းလက်နက်များနဲ့အတူ ညီမျှတဲ့ ပေါက်ကွဲအားရလဒ်များကိုလည်း ကျွန်တော်တို့ တူးဖေါ်တွေ့ရှိ လာခဲ့ကြတယ် ။ အဲ့ဒီ့အတွက် ယခုအခါမှာ ကမ္ဘာ့ခေါင်းတွေဦးစီးစီမံထားတဲ့ အနူမြူရန်ရှောင် မြေနေရာတစ်ရပ်ကိုလည်း တည်ဆောက်ပြီးစီးခဲ့ပါပြီ ။ ဒါက ယခုလက်ရှိအခြေနေများအရ စစ်ဘေးရှောင်နေရာများ ဖြစ်လာပြီး မျိုးစိတ်ဗီဇကအစ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိအောင် အထူးကို စီမံထားတယ်လို့ သိရှိရပါတယ် ။ လူသားသမိုင်းမှာ နောက်ဆုံးသော ရလဒ်အဖြစ် မျှော်လင့်စရာ အရင်းအမြစ်လေးတစ်ခုကို ချန်ခဲ့တဲ့ သဘောသဘာဝပါပဲ ။

ထို့အတူ ရှေးလူသားများလည်း စစ်ဘေးရှောင် မြေနေရာတွေ ရှိနေခဲ့တယ်လို့ ဆိုလာတယ် ။ ထိုနေရာများကတော့ ဒဏ္ဍာရီလာအရ မြေအောက်ကမ္ဘာများသာ ဖြစ်လေတော့သတည်း ။

ကျွန်တော်တို့ကမ္ဘာမြေကြီးအောက်မှာ နောက်ထပ် ကမ္ဘာတစ်ခုရှိတယ်လို့ ရှေ့လူများ ယုံကြည်ထားကြသလို တစ်ချို့သော သုတေသီများကလည်း ထိုအချက် မှန်မမှန်ကို လေ့လာလိုက်စားမှုတွေ ရှိလို့ လာပါတယ် ။ တစ်ချို့က မီးတောင်ဝများဟာ ကမ္ဘာ့ဗဟိုချက်ဆီ ရောက်အောင် သွားရောက်နိုင်တယ်လို့ ယူဆကြသလို တစ်ချို့ကတော့ ထိုအချက်ဟာ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အကြောင်းတရားတစ်ခုမျှတာဖြစ်တယ်လို့ ဒီလိုဆိုကြပြန်ပါတယ် ။ ထိုမြေအောက်ကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေဟာ ကမ္ဘာအရပ်ရပ်က လက်ခံထားကြသည့် မြေနေရာများအတွင်း မြန်မာနိုင်ငံမှ ပင်းတယဥမင်ကလည်း တစ်ခုအပါဝင်ဖြစ်နေပါတယ် ။

ယင်း ဥမင်ဟာ တောင်နဲ့မြောက် တန်းလျက် တည်ရှိနေတဲ့ ဥမင်ကြီးသုံးခုရှိပြီး မြောက်ဘက်အကျဆုံးဥမင်ကိုသာ ဝင်ရောက်လေ့လာနိုင်ကြပါတယ် ။ အခြားဥမင်နှစ်ခုမှာ တောင်တန်းများတွင်းသို့ မည်သည့်နေရာသို့ရောက်အောင် ထိုးဖေါက်ဝင်ရောက်နိုင်ခြင်း ရှိမရှိကို မည်သူမျှအတိအကျ မသိနိုင်သေးပေ ။
ထိုအချက်များအရ မြေအောက်ကမ္ဘာနှင့်ဆက်လျင်းပြီး သုတေသီတို့ ဆုံးဖြတ်ကြတာမှာ ရှေးအခါက ကမ္ဘာ့မြေကြီးအောက်အတွင်း လူသားများ နေထိုင်ခဲ့လိမ့်မယ်လို့ လက်ခံလာကြပါတော့တယ် ။ ထိုလက်ခံမှုကို အတည်ပြုပေးတဲ့ အချက်များလည်း ကမ္ဘာကြီးအတွင်း ပေါ်ထွက်လာပြန်တော့တယ် ။ ထိုနေရာကတော့ ကက်ပါးဒိုးစီးယား မြေအောက်မြို့တော်ပဲ ဖြစ်ပါတော့တယ် ။ ထိုမြေအောက်မြို့တော်ကို ၂၀၁၇ မှာ ဖွင့်လှစ်လိမ့်မယ်လို့ ဒီလို သိရှိထားပါတယ် ။

အဲ့ဒီ့ မြေအောက်မြို့တော်နဲ့ပတ်သတ်ပြီး Central Anatolian Nevsehir စီရင်စုက မြို့တော်ဝန် ဟတ်ဆန် အန်ဘာက အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့တယ် ။

“ ကျွန်တော်တို့ ဒီမြို့တော်ကို တွေ့ရှိတာနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် သမိုင်းကြောင်းမှာ လူသားတွေရဲ့ နေထိုင်ပုံများ ဘယ်လိုပြောင်းလဲလာခဲ့သလဲဆိုတာနဲ့ ကမ္ဘာပေါ်မှာ ယနေ့ဖြစ်တည်နေတဲ့ မြို့တော်ကြီးတွေရဲ့ သမိုင်းကြောင်းကို ပြန်ရေးရမှာဖြစ်ပါတယ် ”  လို့ ဆိုခဲ့တယ် ။ အဲ့ဒါအပြင် ထပ်ပြောတာက “ ကျွန်တော်တို့တွေဟာ အရမ်းအရေးကြီးတဲ့ တွေ့ရှိမှုတစ်ခုကို တွေ့နေရတာ ဖြစ်ပါတယ် ။ အဲ့ဒါကတော့ ရှည်လျားလှတဲ့ လိုဏ်ခေါင်းလမ်းကြီးတွေ ၊ မြေကွပ်လပ်တွေ ၊ ဘုရားရှစ်ခိုးကျောင်းတွေ ၊ လူနေခန်းတွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ လိုဏ်ခေါင်းတွေနဲ့ပြီးတဲ့ လူတွေ တစ်စုတစ်ဝေးကြီး နေထိုင်ခဲ့ကြတဲ့ မြို့တော်ကြီးကို တွေ့ရှိခဲ့ရလို့ပါပဲ ” တဲ့ ။ ထိုမြို့တော်ဟာ ၁၆၀၀ ဘီစီလောက်က တည်ထောင်ခဲ့တဲ့ ဟစ်တီးတက်စ်အင်ပါယာထက်ပင် ပိုမိုရှေးကျတဲ့ မြို့တော်ကြီးဖြစ်ကြောင်း  သိရှိရပါတယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...